အလောင်းတစ်ခု မြေကျဖို့တောင် အရမ်းခက်ခဲနေတဲ့ ရန်ကုန်မြို့နေ ပြည်သူများ ဦးကျော်သူ နှင့် ဒေါ်ဇီးကွက် ကို လွမ်းနေကြသူများအာဇာနည်သူရဲကောင်း ပရဟိတသမားလေးကျိုက်ထိုသား မောင်ဇင်လင်းထက်၏ အိမ်ပြန်လမ်း။ ရန်ကုန်မြို့ ၊ လှည်းတန်းဈေးအနီးတွင်ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့သူ မောင်ဇင်လင်းထက် အသက် (၂၁) နှစ်သည် ရဲရင့်စွန့်စားကာ ဆန္ဒထုတ်ဖော်ခဲ့စဉ် ရဲတပ်ဖွဲ့မှကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာမှဦးခေါင်း ထုတ်ချင်းပေါက် မျက်လုံးတစ်ဖက်ကျွတ်ထွက်ကာ နေရာတွင် ကျဆုံးသွားခဲ့ရပါသည် ။ ထိုကွယ်လွန်သွားခဲ့သော အာဇာနည်သူရဲကောင်းမောင်ဇင်လင်းထက် သည်ကျိုက်ထိုဇာတိသားဖြစ်ပြီး ရန်ကုန်မြို့သို့လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရပါသည် မတ်လ ၁ ရက်နေ့မှာတော့ အာဇာနည် သူရဲကောင်း၊ ပရဟိတသမားလေး၊“တောင်ကလေးကျေးရွာ နာရေးကူညီမှုအသင်းဝင်” မောင်ဇင်လင်းထက်ရဲ့ မွေးရပ်မြေ ကျိုက်ထိုမြို့နယ်၊ ကွင်းကလေး ကျေးရွာအုပ်စု၊ အင်းဝကျေးရွာရှိ သုသာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှအတွင်းရေးမှူး၊ သရုပ်ဆောင် ထွန်းကိုကိုဟာ နိဗ္ဗာန်ယာဉ် […]
Month: July 2021
ကြိတ်ခိုက်နေတဲ့ ကောင်မလေးက အကွက်ကျကျအသုံးချတာကို ခံလိုက်ရတဲ့ကောင်လေး
တရုတ်နိုင်ငံမှာ ကောင်လေးတစ်ယောက်ဟာ သူ တစ်ဖက်သက် ကြိတ်ခိုက်နေတဲ့ ကောင်မလေးက အကွက်ကျကျ အသုံးချသွားတာကို ခံခဲ့ရတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသုံးချခံရတဲ့ ကောင်လေးဟာ ကောင်မလေးခိုင်းသမျှ လုပ်ပေးရင် သူမနဲ့ တွဲရမယ်လို့ အထင်ရှိနေပါတယ်။ တကယ်တမ်းက ကောင်မလေးဟာ သူမရဲ့ချစ်သူက လမ်းခွဲခြင်းခံလိုက်ရလို့ နာကျည်းနေသူပါ။ ဒီအတွက် စွန့်ပစ်သွားတဲ့ ချစ်သူကို သူမက လက်စားချေလိုပါတယ်။ အဲဒီအတွက် သူမကို တစ်ဖက်သက်ကြိတ်ကြိုက်နေတဲ့ ကောင်လေးကို အသုံးချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Zhejiang မှာ ဖြစ်ခဲ့တာပါ။ Illustration purpose only (Photo Credit) နားလှည့်ပါးလှည့်နဲ့ အသုံးချခံလိုက်ရသူအမည်ကတော့ Zhu လို့ သိရပါတယ်။ သူ့ကို အသုံးချသွားတဲ့ ကောင်မလေးအမည်ကတော့ Lou လို့ […]
လေးစားစရာကောင်းတဲ့အောက်ဆီဂျင်စက်ရုံအလှူရှင်
ကျွန်တော်တို့ 29 ရတနာ အနေနဲ့ အောက်ဆီဂျင် စက်ရုံ လှုဒါန်းမယ့်နေရာ ရွေးချယ်ရာမှာလည်း အတော်လေး ခေါင်းစားရပါတယ်.. ရန်ကုန် မန္တလေး တို့လို မြို့ကြီးတွေမှာ အလှူရှင်များနိင်တာ သတိထားမိသလို.. ကျွန်တော်တို့ ဇာတိ ရေစကြိုမြို့မှာ ဆို ပုံမှန် အချိန်တောင် မိုင် 50 ကျော် ဝေးတဲ့ မုံရွာတို့ မိုင် ၁၀၀ကျော် ဝေးတဲ့ မန္တလေးမြို့ တို့မှာ သွားယူရတာမို့ အခုလို အရေးအကြောင်းဆို စဉ်းစားကြည့်ရင် အတော် ရင်မော ရပါတယ်.. ရေစကြို မြို့အတွက် လှှူမယ်ဆို ကိုယ်ပိုင် မြေနေရာရှိသလို အဲ့နေရာမှာ အဆင်မပြေရင်လည်း ဖြူစင် လူမှုကူညီရေးအသင်းက နေရာ စီစဉ်ပေးမယ်ဆိုတော့ အတော်လေး ဟန်ကျတာပေါ့ဗျာ… အထိုင်စက်နဲ့ နေရာ တစ်ခါတည်း […]
အရေးကြီးပါတယ် မပေါ့ကြပါနဲ့
အရေးကြီးပါတယ် မပေါ့ကြပါနဲ့ အောက်ဆီဂျင် အရေးပေါ်လိုလို့ မရခဲ.ရင်ရေနွေးအိတ်ကို ကျောမှာ ကပ်ပေးပါချက်ချင်း သိသာတယ်နော် အရေးကြီးလူနာ အောက်ဆီဂျင် ကျလို့အောက်ဆီဂျင် ရှူဖို့လိုတဲ့အခါ ဘယ်မှာမှ ရှာလို့မရပါဘူး။အဲ့ဒီတော့ ဘယ်လိုလုပ်ကြမလဲ? 1-ရေနွေးငွေ့ ရှူပါ 2မှောက်ပြီး နေပါ အရမ်း အရေးကြီးပါတယ် အရမ်း အရေးကြီးပါတယ် အရမ်း အရေးကြီးပါတယ်ဒီနေ့ လူနာတစ်ယောက် အောက်ဆီဂျင် Spo2-87_88 ပဲရှိတယ် အောက်ဆီဂျင် ရှာမရရေနွေးငွေ့ ရှူပြီး မှောက်နေခိုင်းလိုက်တယ် အောက်ဆီဂျင် ပြန်တိုင်းတော့ 94_95 ဖြစ်လာတယ် လူတွေက ရေနွေးငွေ့ရှူပါ၊မှောက်နေ ပါ ဆိုတာကို ပေါ့သေးသေးထင်ကြတယ် တကယ် အသက်ကယ်တဲ့ နည်းပါနော် အနံ့ မရတော့ဘူး ဖြစ်လာပြီဆိုရင် ရေနွေးငွေ့ကို တစ်နေ့သုံးကြိမ် ရှူပါလို့ စေတနာ ရှေ့ထားပြီး ပြောချင်ပါတယ်။ […]
ကိုရင်လေးတွေရဲ့ ကှိုဗစ်ကို ကာကွယ်ဟန်
ကိုရင်လေးတွေရဲ့ ကှိုဗစ်ကို ကာကွယ်ဟန် ကိုရင်လေးတွေရဲ့ ကှိုဗစ်ရောဂါ ကာကွယ်ဟန် ကိုရင်လေးတွေလည်း ကှိုဗစ်ကိုသူ့နည်းသူ့ဟန်နဲ့ ကာကွယ်နေကြပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ် မြင်သူတိုင်း ချစ်စရာကောင်းပီး ပြုံးပြော်မိကြတာမို့ ကိုရင်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် Photo -CJ ကိုရင်လေးတွေရဲ့ ကှိုဗစ်ကို ကာကွယ်ဟန် ကိုရင်လေးတွေရဲ့ ကှိုဗစ်ရောဂါ ကာကွယ်ဟန် ကိုရင်လေးတွေလည်း ကှိုဗစ်ကိုသူ့နည်းသူ့ဟန်နဲ့ ကာကွယ်နေကြပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ် မြင်သူတိုင်း ချစ်စရာကောင်းပီး ပြုံးပြော်မိကြတာမို့ ကိုရင်လေးတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် Photo -CJ
တောင်ဥက္ကလာပရှိ အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ
တောင်ဥက္ကလာပရှိ အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်စျေးအနီး အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်က ဓားပြတိုက်ခံရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။ တောင်ဥက္ကလာ ၅/၇ ဗြဟ္မစိုရ် လမ်းမပေါ် နန္ဒာဝန်ဈေး အနီးရှိ ကမ္ဘာ့ရတနာဘဏ်ကို ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် လူ ၃ ဦးက Taxi ဖြင့် လာရောက်ပြီး ဓားပြတိုက်သွားကြောင်း၊ သေနတ် ၃ ချက်ဖောက်သွားသည်ဟု သိရှိရသည်။ “စစ်သားနဲ့ ရဲတွေအများကြီးရှိနေတော့ ဘဏ်အနားတော့ကပ်လို့မရဘူး။ လမ်း ပိတ်ပြီး အခု ရဲတွေစစ်နေတာတွေ့ရတယ်” ဟု ယင်းဘဏ်အနီးရောက်ရှိခဲ့သူ တစ်ဦးက ပြောဆိုသည်။ […]
10 မိနစ် အချိန်ပေးရုံနဲ့ လက်ကလေးတွေ ဖယောင်းသားလေးလို နူးညံ့လာစေမယ့်နည်းလမ်း
10 မိနစ် အချိန်ပေးရုံနဲ့ လက်ကလေးတွေ ဖယောင်းသားလေးလို နူးညံ့လာစေမယ့်နည်းလမ်း အသက်အရွယ်ရလာတာနဲ့အမျှ သင့်မျက်နှာပေါ်က အသားအရေသာမက လက်ချောင်းလေးတွေကလည်း ပြောင်းလဲလာပါတယ်။ သင်ကသာ သတိမထားမိတာပါ။ လက်ဆိုတော့လည်း မျက်နှာအသားအရေလို ပုံမှန်ဂရုမစိုက်နိုင်တော့လည်း ဘယ်သတိထားမိမလဲနော်။ တကယ်တော့ မျက်နှာလိုပဲ သင့်ရဲ့ လက်ကလေးတွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ သင်ဓာတ်ပုံရိုက်တဲ့အချိန် သင့်ကောင်လေးက သင့်လက်ကလေးကို ကိုင်တဲ့အချိန်တွေမှာလည်း နူးညံ့တဲ့လက်ကလေးတွေက သင့်ကို ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဒါကြောင့် ၁၀ မိနစ်အချိန်ပေးလိုက်တာနဲ့ လက်ကလေးတွေ ချောမွေ့နူးညံ့လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြက်ဥ ကျွမ်းကျင်ပညာရှင်တွေက ကြက်ဥက အသားအရေရဲ့ တင်းရင်းမှုကို ပြန်သိုလှောင်ပေးပါတယ်လို့ ပြောထားပါတယ်။ ကြက်ဥအကာကို ပျားရည်တစ်ဇွန်းနဲ့ ရောပေးပါ။ ဒီအရောကို သင့်လက်ပေါ်မှာလိမ်းပေးပြီး ခြောက်သွေ့တဲ့အထိထားပါ။ ပြီးတာနဲ့ ဆပ်ပြာကို သုံးပြီး ရေဆေးချပေးပါ။ အာလူး အာလူးက […]
ခိုးယူရောင်းစားခံရတဲ့ ရင်သွေးကို ၂၄ နှစ်အကြာ မိဘ ပြန်တွေ့
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရတဲ့ ကလေးငယ်တယောက်ဟာ အခုအသက် ၂၆နှစ်အရွယ်ရောက်တဲ့အခါကြမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။ မိဘနှစ်ပါးဟာပျောက်ဆုံးခဲ့တဲ့ သူတို့ရဲ့ သားငယ်လေးကို တောက်လျှောက်ရှာဖွေနေခဲ့ရာမှာ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က မျက်ရည်စက်လက်နဲ့ ပြန်လည်ပွေ့ ဖက်ဆုံစည်း ခွင့်ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် Liaocheng မြို့က Guo Gangtang နဲ့ ဇနီး Zhang Wenge တို့ရဲ့ အသက် ၂နှစ်ခွဲအရွယ်သားငယ်လေးဟာ အိမ်ရှေ့မှာ ကစားနေစဉ် အမျိုးသမီးတဦး နဲ့ သူရဲ့ချစ်သူအမျိုးသားတို့ က ခိုးယူပြီး နိုင်ငံအလယ်ပိုင်းက ဇနီးမောင်နှံဆီကို ရောင်းစားခဲ့ပါတယ်။ အဲဒီနောက်ဖခင်ဖြစ်သူ Guo ဟာ သားငယ်လေးကို ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် နိုင်ငံအနှံ ဆိုင်ကယ်စီးပြီး လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။သူရဲ့ […]
နေရာအနှံ့အပြား မိုးကြီးမည် သတိပေးချက်
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် […]
မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့ ဂန္ဓမာပန်းစိုက်ပျိုးနည်
မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့ ဂန္ဓမာပန်းစိုက်ပျိုးနည်း ဂန္ဓမာပန်းအမျိုးမျိုးရှိပြီး စိုက်ပျိုးတဲ့အခါမှာတော့ အကိုင်းကို စိုက်ပျိုးလေ့ရှိပါတယ်။ ဂန္ဓမာပန်းပျိုးပင် တွေကို တစ် လခန့်ပျိုးထားပေးဖို့လိုပါတယ်။ ပျိုးမယ့်နေရာကလည်း လေဝင််လေထွက်ကောင်းပြီး နေရောင်ခြည်ကိို သင့်တင့် မျှတစွာရရှိဖို့လည်း လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာပူလွန်း၊ အေးလွန်း တဲ့ရာသီဥတုကို မနှစ်သက်ပါ။ မြေဆီ သြဇာထက်သန်တဲ့မြေတွေမှာ ပိုပြီး ဖြစ်ထွန်းပါတယ်။ ရေဝပ်် တာကို မကြိုက်တဲ့အတွက် ရေဝပ်တဲ့မြေတွေမှာ စိုက်ဘောင်ဖော်ပြီး စို်က်ပျိုးဖို့လိုပါတယ်။တစ်ပင်နဲ့ တစ်ပင် (၆)လက်မကွာ စိုက်ပျိုးပေးရပါတယ်။ ဂန္ဓမာပန်း စိုက်ပျိုးတဲ့အခါမှာလည်း အရမ်ကြီးစိုက်စရာ မလိုပဲ တစ်လက်မလောက် မြေကြီးထဲကို ဝင်အောင် စိုက်ရင်အ ဆင်ပြေနိုင်ပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရေလောင်းပေးရ ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ ရေလောင်းတဲ့ အရှိန်အရမ်းပြင်းရင် အရှိိန်ကြောင့် မြေအောက်အနက်ကိိုရောက်သွားရင် အပင်ကောင်းကောင်းမရှင်သန်နိုင်ပါ။ […]









