ဗေဒင်

21.10.2021 မှ 27.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

21.10.2021 မှ 27.10.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း တနင်္ဂနွေ အရာရာအဆင်ပြေချောမွေ့မဲ့ကာလတစ်ခုပါပဲ။ လိုအပ်သည်ထက် ပိုမိုကြိုးစားလေ အောင်မြင်မှုပိုလေပါပဲ။ အမိအဘတွေဆီကနေအကူအညီတွေအထောက်အပံ့တွေရလာတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လို့ ရပိုင်ခွင့်တွေ ရလွယ်မဲ့အချိန်ပါပဲ။အလုပ်သစ်စချင်တာ၊ဆိုင်အသစ်ဖွင့်ချင်တာ၊ခဏနားထားတဲ့အလုပ်တွေပြန်စချင်တာ မျိုးတွေ က ဒီကာလမှာသင့်တော်ပါတယ်။ အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီးအကောင်းဆုံးရှေ့ဆက်သွား နိုင်မဲ့ အချိန်တစ်ခုပါပဲ။အလုပ်ပိုတွေကို ကောင်းစွာလျော့ချသွားနိုင်မှာပါ။ စာရွက်စာတမ်းကိစ္စ၊မင်းအစိုးရ ဌာနဆိုင်ရာနဲ့ ဆက်နွယ်သောအလုပ်များအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။အလုပ်နဲ့ပတ်သက်ပြီး အပိုကုန်တာတွေ လျော့သွားပါလိမ့်မယ်။ ကျန်းမာရေးကဆိုးရာကနေ နလန်ပြန်ထလာဖွယ်ရှိတဲ့ကာလပါပဲ။ကျန်းမာရေးအညံ့အဆိုး တွေကို စတင်ပြီး ကိုယ်ခံအားက ခုခံသွားနိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာ လူကြီးမိဘတွေကို အသိပေးပြီးမှ ဆောင်ရွက်မယ်ဆိုရင်ပိုမိုကောင်းမွန်ပါတယ်။ အရာရာကို ကိုယ့်သဘောဆန္ဒတစ်ခုထဲနဲ့မလုပ်ပါနဲ့ အမှားများနိုင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စာနာမှု၊နားလည်မှုတွေပိုမိုလိုအပ်နေချိန်ပါ။ အိမ်ထောင်ဘက်အချင်းချင်းအမြင်မကြည် တာတွေဖြစ်နေတတ်ပါတယ်။ပညာရေးမှာတော့ မိဘတွေရဲ့ဆန္ဒအတိုင်းလိုက်လုပ်ပေးနေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၂/၆/၁ အထူးဟော ကောင်းသောကံများ အကျိုးပေးနေမယ် ယတြာ ဆွမ်းကိုသကြားဖြူးပြီးဘုရားကပ်လှူပါ တနင်္လာ အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေထက် မိသားစုကိစ္စတွေကိုပိုမိုအရေးပေးသင့်တဲ့ကာလပါပဲ။ချစ်ခြင်းတရားတွေကို […]

ၾကားသိရသမွ်

ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေတဲ့ရွာ

zawgyi ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေတဲ့ရွာ အဲဒီ ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။ အမျိုးသမီးတွေအတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့ အရာပါ။ အမျိုးသမီးအများစုအနေနဲ့ ဆံပင်ရှည်ထားရခြင်းကို နှစ်သက်မြတ်နိုးလေ့ ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲဖြစ်ပါတယ်။ အဲဒီရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည်ထားခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည်ထားလေ့ ရှိကြပါတယ်။ အဲဒီ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ […]

အလှပရေးရာ

ဝိတ်ချနည်းများထဲကမှ နာမည်ကြီး လူကြိုက်များတဲ့ လှဲလှောင်းကာ အကြောဆန့်ရင်း ဝိတ်ချနည်း

ဟို ဒိန်ချဉ်ဗူးကြော်ငြာထဲကလိုပေါ့ မျက်နှာလေးက ဘယ်လောက်လှလှ ခါးမှာ အဆီတွေ အတစ်လိုက်တွေ့ရသောအခါ ခရက်ရှ်လေးက ခါးသွယ်သွယ်နဲ့ ကောင်မလေးနောက် ပါသွားတာ ကြည့်ဖူးကြမှာပါ။ တစ်ကယ်လည်း ခါးအဆီတွေက အဝတ်အစား ဝတ်တဲ့အခါ အရမ်းဒုက္ခပေးပါတယ်- မတ်တပ်ရပ်လမ်းလျှောက်စဉ် ပြဿနာမဟုတ် ဖုံးကွယ်ထားနိုင်ပေမယ့် ထိုင်လိုက်တဲ့အခါမှာတော့ အရစ်လိုက်အခေါက်လိုက်နဲ့ အတော်ရုပ်ဆိုးပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းကတော့ ငွေကြေးလည်းမကုန် လူလည်းအရမ်းမပင်ပန်းပဲနဲ့ တစ်ရက်မှာ ၁၅ မိနစ်လောက် လုပ်ရုံနဲ့ ခါးပတ်လည်က အဆီတွေကို သိသိသာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီနည်းက နယ်နယ်ရရ နည်းလမ်းတော့မဟုတ်ပါဘူး ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းနည်းတွေကို ၁၀ နှစ်ကျော်ကြာ အစဉ်တစိုက်လေ့လာနေတဲ့ ဂျပန်လူမျိုး ဒေါက်တာ ဖူးကုရှုဒီ ရဲ့ နည်းလမ်းဖြစ်ပြီး အရိုးအဆစ်ရောဂါတွေကိုပါ သက်သာလျော့ပါးစေပါတယ်။ ရှင်းလင်းချက်အရ ခန္ဓာကိုယ်က အဆီတွေဟာ ထိုင်တဲ့ပုံစံ-လဲလျောင်းတဲ့ ပုံစံ […]

အလွပေရးရာ

သင့်ကို အဖွားကြီးလို့ ထင်ရစေတဲ့ ဖက်ရှင်များ

ဈေးကြီးပေးဝယ်ရပြီး ရှုပ်ယှက်ခတ်နေတဲ့ အဝတ်အစားတွေလောက် အမျိုးသမီးတွေကို အိုစာစေတာ မရှိဘူး” လို့ fashion icon တစ်ယောက်ဖြစ်တဲ့ Coco Chanel က ပြောပါတယ်။ သင့်ကို လက်ရှိအသက်ထက် ကြီးတယ်လို့ ထင်ရစေတဲ့ fashion တွေ အများကြီးပါပဲ။ ၁။ ဆံပင်အလွန်မည်းခြင်း သို့မဟုတ် အဝါရောင် တောက်လွန်းခြင်း=ဆံပင်ကလည်း ရုပ်ရည်ကို လွှမ်းမိုးမှုရှိပါတယ်။ ဆံပင်ကို နှစ်ရောင်စပ်ပြီးဆိုးတာ- အရောင်ဖျော့ဖျော့လေး ဆိုးတာက သင့်ကို ရှိရင်းစွဲ အသက်ထက် နုပျိုသွားစေမှာပါ။ ၂။ အလွန်အမင်း ပြင်ဆင်ထားခြင်း=တစ်ခါတလေမှာ ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစားတွေ-အိတ်တွေ- ဖိနပ်တွေကို တစ်ပြိုင်နက်တည်း ဝတ်ဆင်တတ်ကြပါတယ်။ အဲဒီလို စုပြုံပြီး ဝတ်ဆင်ခြင်းက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ၃။ အရောင်အလွန်တောက်သော သားရေဖိနပ်=အရောင်တောက်တောက် အသုံးအဆောင် ပစ္စည်းတွေဟာ […]

က်မၼာေရး ဗဟုသုတ

တင်ပါးရိုး အာရုံကြော နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ နည်းလမ်း

တင်ပါးရိုး အာရုံကြော နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ နည်းလမ်း တင်ပါးရိုးမှ ပေါင်အောက်ပိုင်းတစ်လျှောက် ခြေသလုံးအထိ နာကျင်ရောင်ရမ်းတဲ့ ဝေဒနာကလည်း တကယ့်ကို ခံရခက် တဲ့ ဝေဒနာပါ။အကြောတွေ ရောင်ရမ်းနာကျင်ပြီဆိုရင် နောက်ကျော၊နံရိုး၊ဒူးအောက်ပိုင်းမှာတွေမှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရတတ်ပါတယ်။တစ်ချို့ဆိုရင် ခြေထောက်မှ တဆစ်ဆစ်နာကျင်ခံစားရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီ လို နာကျင်မှုမျိုးဟာ ဖြစ်ဖြစ်ချင်း ကုသမယ်ဆိုရင်တော့ အမြန်ဆုံးပျောက်ကင်းနိုင်ပါတယ်။ရောင်ရမ်းနာကျင်မှုတွေကို အိမ်မှာပဲ သက်သာအောင်လုပ်လို့ရတဲ့ နည်းရှိပါတယ်။ခြေထောက်ကို ဆေးစိမ်ကုသရမှာပါ။ဒီနည်းကတော့ ခဏတာ ယာယီနာကျင်မှုကို သက်သာစေတဲ့ နည်းသာဖြစ်ပြီး တက်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသတာကတော့ အကောင်းဆုံးပါ။ ခြေထောက်ကို ဆေးစိမ်ဖို့ အချိန်(၁၀)မိနစ်လောက်ပဲ လိုတာမို့ အရမ်းကြီးလည်း အချိန်ပေးစရာ မလိုသလို လုပ်ရတာ လည်း အရမ်းလွယ်ပါတယ်။အရင်ဆုံး ခြေထောက်စိမ်ဖို့ အဆင်ပြေတဲ့ ရေဇလုံတစ်ခုကို ယူပါ။ပြီးရင်တော့ […]

ၾကားသိရသမွ်

ဖလမ်းမြို့က ဒုဗိုလ်တစ်ယောက် တပ်ရံပုံငွေသိန်း (၂၀၀) နဲ့အတူ မိန်းမပါ ခိုးပြေး ….

ဖလမ်းမြို့က ဒုဗိုလ်တစ်ယောက် တပ်ရံပုံငွေသိန်း (၂၀၀) နဲ့အတူ မိန်းမပါ ခိုးပြေး ချင်းပြည်နယ်၊ ဖလမ်းမြို့ ခလရ (၂၆၈)တပ်ရင်းက တပ်ရင်းရေးရာမှူး ဒုဗိုလ် ရဲရင့်သူဟာ မနေ့အောက်တိုဘာ ၁၉ ရက်နေ့လည် ၁၂ လောက်က မြို့နယ်ရဲစခန်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က တပ်ရံပုံငွေ သိန်း (၂၀၀)ကျော်ကိုထုတ်ပြီးနောက် မိန်းမကိုတခါထဲခိုးပြေးကာ ထွက်ပြေးကြတယ်လို့သတင်းရရှိပါတယ်။ ဖလမ်းမြို့ ဒေသခံတစ်ဦးက “ဘဏ်က ရဲစခန်းမှာပြောင်းရွေ့လာတာကြာပြီ။ အဲ့မှာသွားထုတ်တာ။ တပ်ရံပုံငွေ သိန်း (၈၀၀)လောက်ရှိတယ်။ အဲ့ထဲက သိန်း ၂၀၀ ကျော်နဲ့ထွက်ပြေးတာ။ သူ့ဆိုင်ကယ်ကို ဖလမ်းအထွက် ကျင်မွှာလ်ရပ်ကွက်မှာတွေ့ကြတယ်။ ကျနော်ထင်တာကတော့ သူ့မိန်းမရဲ့ ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ပြေးကြတာနေမယ်။ လက်နက်တော့မပါဘူးလို့သိရတယ်” လို့ပြောပါတယ်။ တပ်ကထွက်ပြေးလာတဲ့ ဒုဗိုလ်ဟာ နယ်စပ်မှာရှိတဲ့ ချင်းကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်လာတာမရှိသေးဘူးလို့လည်းသိရတယ်။ Unicode ဖလမျးမွို့က […]

ၾကားသိရသမွ်

အခုလိုသီတင်းကျွတ်မှာ အဖေနဲ့အမေကိုကန်တော့ချင်တယ်ဆိုပြီး စိတ်မကောင်းစွာပြောလာတဲ့ ထားထက်ထက်

အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ် နေ့စဉ်ကန်တော့တယ် ဆိုပေမယ့် ဒီလိုနေ့မျိုးမှာ နှစ်စဉ် မောင်နှမတွေ စုံစုံညီညီ နဲ့ မိဘ နှစ်ပါး စုံ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်တော့ကြ ၊ မုန့်တွေ လုပ်စားကြ ၊ မီးပန်းတွေ ဖောက်ကြ နဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့ မှတ်မှတ်ရရ အမအကြီးဆုံးနဲ့ အတူတူ အိမ် ဆောက်လက်စ ရဲ့ အပေါ်ဆုံးထပ်မှာ မီးရှူးမီးပန်းအကြီးကြီးတွေကို ဖောက်ကြလို့ ရုံးခန်းရောက်ခဲ့ရတာတွေ ၊ ခြံထဲ မှာ အဖေ အမေတို့နဲ့ အတူတူ မီးထွန်း ၊ ငရဲမီးဆော့ခဲ့တာတွေ မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲနောက် ဘယ်တော့မှ ပြန်မရနိုင်မယ့် အမှတ်တရတွေ […]

ၾကားသိရသမွ်

စူပါမန်းလို ဆိုင်ကယ်မောင်းတဲ့သူရဲ့ အဖြစ်ဆိုး (ရုပ်သံ)

စူပါမန်းလို ဆိုင်ကယ်မောင်းတဲ့သူရဲ့ အဖြစ်ဆိုး (ရုပ်သံ) ဘယ်နေရာမှာမဆို လုံခြုံရေးကို ဦးစားပေးတာက အကောင်းဆုံးပါပဲ။ မိမိအသက်လောက်လဲ ဘယ်အရာမှ အရေးမကြီးပါဘူး။ နေရာတကာမှာ လူထင်ကြီးခံရဖို့ထက် မိမိအသက် လုံခြုံရေးကိုသာ ဦးစားပေးသင့်ပါတယ်။မလေးရှားနိုင်ငံက လူငယ်တစ်ယောက်ဟာ stunt ထွင်စီးရင်း ဂငယ်ကွေ့ ကွေ့လာတဲ့ ကားတစ်စီးနဲ့ Pasir Tumboh လမ်းဆုံမှာ တိုက်မိသွားပါတယ်။ သူဟာ အရှိန်မထိန်းနိုင်တော့ပဲ ကားနဲ့တိုက်မိသွားတာပါ။ စိတ်မကောင်းစွာနဲ့ပဲ လူငယ်ဟာ တိုက်မိတဲ့အရှိန် ပြင်းလွန်းတာကြောင့် သေဆုံးသွားပါတယ်။ ဒါကိုလဲ အမှတ်မထင် ရိုက်ကူးမိသွားတဲ့ လူလဲရှိပါတယ်။ဆိုင်ကယ်စီးရင် ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ ဦးထုပ်ဟာ သင့်အသက်နဲ့ ခေါင်းကို အများကြီး အကာအကွယ်ပေးနိုင်ပါတယ်။ Pasir Tumboh မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနအကြီးအကဲ Taraff Mohd Bin Zachariah ရဲ့ ပြောဆိုချက်အရကတော့ […]

ၾကားသိရသမွ်

ဗဟိုဘဏ်က မသိချင်ယောင်ဆောင်ထားတဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ လူပါးဝအမြတ်ကြီးစားနေမှုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ဖွင့်ချ

ပုဂ္ဂလိက (AD) ဘဏ်တွေမှာ မြန်မာကျပ်ငွေဘီလီယံနဲ့ချီပြီး ငွေသားတွေလက်ခံရရှိနေပေမဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည်သူတွေ အပ်နှံ ထားတဲ့ငွေတွေကို အလွယ် တကူပြန်ထုတ်မပေးဘဲ လူထုဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကိုင်နေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာ ဏာသိမ်းပြီးနောက် လူထုက ဘဏ်တွေမှာ စုဆောင်းထားတဲ့ မိမိပိုင်ငွေကြေးတွေ ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် ငွေထုတ်ယူမှုရှိလာတာကို အကြောင်းပြုပြီး ဘဏ်ပိုင်ရှင် တွေက နည်းမျိုးစုံဖြင့် ကန့်သတ်မှုတွေ လုပ်လာခဲ့ပါ တယ်။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ဘဏ်တွေမှာ ပြည်သူပိုင်ငွေကြေးတွေ အလွယ် တကူထုတ်ယူခွင့်မရရှိအောင် ဘဏ် ပိုင်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး ထိန်းချုပ်ထားတာ အချိန်အားဖြင့် ၈ လတာ ကြာပြီဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိလို့ ပြည်သူပိုင်ငွေကြေးတွေ ထုတ်မပေးနိုင်ဘူးဆိုတဲ့ […]

ၾကားသိရသမွ်

လက်မရှိတဲ့ အမျိုးသားကို ရိုးသားတဲ့ ခံစားချက်နဲ့ လက်တွဲပြီး ဘဝကို ပျော်ရွှင်စွာတူတူဖြတ်သန်းခဲ့တဲ့ အမျိုးသမီး

ဘဝမှာ စုံတွဲတစ်တွဲဖြစ်လာဖို့ အသက်၊ အခြေအနေ၊ အသွင်အပြင်အကြောင်း စတဲ့မလိုမုန်းထားတွေကို စွန့်ပစ်ကြတဲ့ လူတွေအများကြီးရှိပါတယ် ။ အသက် ၃၅ နှစ်အရွယ်ရဲရင့်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြောင်းအရာက တစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ရိုးသားတဲ့ ခံစားချက်တွေကြောင့် netizen တော်တော်များများက နွေးထွေးနေဆဲပါ ။ အဆိုပါ အမျိုးသမီးဟာ အသက် ၃၀ အရွယ် ခင်ပွန်းသည်က မွေးရာပါချို့ယွင်းချက်နဲ့ မွေးဖွားလာပြီး ငယ်ရွယ်စဉ်လက် ၂ ချောင်းဆုံးရှုံးခဲ့ရပါတယ် ။ သို့သော် ထိုအမျိုးသားက အမြဲတမ်းအကောင်းမြင်စိတ်၊ ကြံ့ခိုင်သူ၊ ခြေဖဝါးဖြင့် အရာရာကိုကြိုးစားပြီး လုပ်ကိုင်နိုင်သု လွယ်ကူတဲ့ အိမ်လုပ်ကားကိုမောင်းနှင်ရန် သင်ယူနိုင်ခဲ့ပါတယ် ။ သူ့ကို မဆိုင်းမတွဖြစ်စေတဲ့တစ်ခုတည်းသော အရာက မေတ္တာဖြစ်ပါတယ် ။ အဆိုပါအမျိုးသားက သူ့ဟာ မသန်စွမ်းသဖြင့် အချစ်ကို အလွန်မျှော်လင့်ဝံ့ခြင်း မရှိပါ […]