ၾကားသိရသမွ်
သားလေးရယ်… ဖမ်းသွားတာ 25….27ပြန်တွေ့ရတာငါ့သားအလာင်းတဲ့လားပေးဆပ်ရတာ များလိုက်တာ သားရယ်
သားလေးရယ်… ဖမ်းသွားတာ 25….27ပြန်တွေ့ရတာငါ့သားအလာင်းတဲ့လားပေးဆပ်ရတာ များလိုက်တာ သားရယ် သားလေးရေ…လက်ကလေးကသိပ်လှတာပဲ ရှည်ရှည်တွယ်တွယ်လေးနဲ့…အနုပညာရှင်လက်လို့… အမေ…ဂုဏ်ယူစွာနဲ့ပြောခဲ့ဖူးတယ်ငါ့သားက..အနုပညာဆန်လိုက်တာနော်… လက်ကောက်ဝတ်လေးမှာတောင်….အသဲပုံလက်ပတ်လေးနဲ့.. သိပ်လှတာပဲ…သား အရှေ့ကျိုဆကျလြှောကျရမယျ..အားတင်းပြီးလျှောက်ကြနော်လို့ မပြောခဲ့ရုံလေးပဲ…သားရဲ့လက်ညိုးလေးက..အရှေ့ကိုညွန်ပြထားတာ အမေ…သိပ်ဝမ်းသာတယ်…သားဟော်…သားရဲ့လက်ကောက်ဝတ်လေးအောက်မှာ.. မြက်ရိုင်းလို့ထင်ထားတဲ့…ပန်းလေးတွေက.. သားရဲ့လက်ကို..ပိုလှစေတယ်…ပိုပြီးအသက်ဝင်စေတယ် အမေဂုဏ်ယူတယ်…သားသားရဲ့လက်ကလေးကို…အမေကိုင်လိုက်တိုင်း.. နုဖတ်နေတာပဲ…သားရယ်…အမေ အလုပ်ကြမ်းလုပ်ခိုင်းရမှာတောင်သားကို..သနားတယ်…ဒါပေမယ့်…သားကအမေ့ကိုပြုံးပြီးကြည့်နေတဲ့အချိန်…အမေလွမ်းတယ်…သား လက်ကလေးကိုင်တိုင်း…နူးညံ့တဲ့ သားရဲ့လက်ကလေး… အနုပညာဆန်ပါတယ်..ဆိုတဲ့..သားရဲ့လက်ကလေး… နွေးထွေးမူမရှိပဲ..ဒီနေ့…အေးစက်နေတာပဲသား သားသိပ်ကြိုက်တဲ့…လက်ကောက်ဝတ်နားမှာ ဝတ်ထားတဲ့.. အသဲပုံးလေးရဲ့..ဟမ်းချိန်းလေး…အမေ..မဖြုတ်ခဲ့ဘူး သားသိပ်ကြိုက်တာ…အမေသိလို့လေ…. သားရေ…သားရဲ့လက်ကလေး..အမေကိုင်ခွင့်မရတော့ဘူး.. နူးညံတဲ့သားရဲ့…လက်ဖမိုးလေး..အမေ နမ်းခွင့်မရတော့ဘူး.. ဒါပေမယ့်…သားရဲ့အငွေ့သက်လေး..အမေ့မှာရှိတုန်းပဲ သားရေ…ကောင်းစွာအိပ်စက်တော့နော်… အမေ…သားအတွက်ဆုတောင်းပေးတယ်… အရမ်းလည်းချစ်တယ်..သား (လက်ကလေးပုံကိုကြည့်ပြီး…ရင်ထဲကခံစားချက်နဲ့ရေးမိတာပါ အမှားပါသွားရင် ခွင့်လွှတ်ပေးပါ..) loikaw သားလေးရယျ… ဖမျးသှားတာ 25….27ပွနျတှေ့ရတာငါ့သားအလာငျးတဲ့လားပေးဆပျရတာ မြားလိုကျတာ သားရယျ သားလေးရေ…လကျကလေးကသိပျလှတာပဲ ရှညျရှညျတှယျတှယျလေးနဲ့…အနုပညာရှငျလကျလို့… အမေ…ဂုဏျယူစှာနဲ့ပွောခဲ့ဖူးတယျငါ့သားက..အနုပညာဆနျလိုကျတာနောျ… လကျကောကျဝတျလေးမှာတောငျ….အသဲပုံလကျပတျလေးနဲ့.. သိပျလှတာပဲ…သား အရှေ့ကြိုဆကလြွှောကရြမယြ..အားတငျးပွီးလြှောကျကွနောျလို့ မပွောခဲ့ရုံလေးပဲ…သားရဲ့လကျညိုးလေးက..အရှေ့ကိုညှနျပွထားတာ အမေ…သိပျဝမျးသာတယျ…သားဟောျ…သားရဲ့လကျကောကျဝတျလေးအောကျမှာ.. မွကျရိုငျးလို့ထငျထားတဲ့…ပနျးလေးတှကေ.. သားရဲ့လကျကို..ပိုလှစတေယျ…ပိုပွီးအသကျဝငျစတေယျ အမဂေုဏျယူတယျ…သားသားရဲ့လကျကလေးကို…အမကေိုငျလိုကျတိုငျး.. နုဖတျနတောပဲ…သားရယျ…အမေ အလုပျကွမျးလုပျခိုငျးရမှာတောငျသားကို..သနားတယျ…ဒါပမေယျ့…သားကအမေ့ကိုပွုံးပွီးကွညျ့နတေဲ့အခြိနျ…အမလှေမျးတယျ…သား […]
ၾကားသိရသမွ်
သူ့ရဲ့ မွေးနေ့လေးမှာ အကျဉ်း ထောင်ထဲ ရောက်ရှိနေတဲ့ အိန္ဒြာကျော်ဇင်ကို မွေးနေ့ ဆုတောင်းပေး ခဲ့ရတဲ့ အဖြစ်ကို သတိတရ ပြောပြလာတဲ့ ဇာဂနာ
လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်သလို စာရေးဆရာကြီးတစ်ယောက်လည်းဖြစ်တဲ့ ဇာဂနာကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သူ့ဘဝရဲ့အချိန်တော်တော်များများကို အကျဉ်းထောင်ထဲမှာပဲဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၂၇) ရက်နေ့ကတော့ ဇာဂနာရဲ့မွေးနေ့ဖြစ်ပြီး ဇာဂနာက သူ့ရဲ့မွေးနေ့မှာ လက်ရှိအကျဉ်းထောင်ထဲရောက်ရှိနေတဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကို ထူးထူးခြားခြားသတိရနေတဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။ “သည်နေ့အသက်၆၁နှစ်ပြည့်ပါတယ်။ ၂၇၊၂၉၊၃၀၊၃၁၊၃၂၊၃၃၊၃၄ နှစ်ပြည့်တွေတုန်းက ၊ထောင်ထဲ မှာတစ် ယောက်တည်းဖြတ်သန်းခဲ့ရတယ်။ ဘယ်သူကမှ Hbd မလုပ်ပါဘူး။ သည်လိုပဲ ၄၆နှစ်ကနေ ၅၁နှစ်ထိ မြစ်ကြီးနားထောင်ထဲမှာမွေးနေ့တွေစီးဆင်းခဲ့တယ်။သည်တုန်းကတော့ ထောင်နီးနားချင်းတွေ ရှိခဲ့တာပေါ့။ အခုလိုကပ်ဆိုးခေတ်ကျပ်ထဲ၊မွေးနေ့ပွဲလုပ်ရလောက်အောင်၊လိပ်ပြာမသန့်လေတော့၊မွေးနေ့ဆုတောင်းသူအားလုံးကို ကိုယ်စီကိုယ်ငှ ကျေးဇူးမျှလိုက်ပါရဲ့။ စကားမစပ် ပြီးခဲ့တဲ့ ဧပြီလ၂၄ရက်တုန်းက၊အချုပ်ခန်းထဲ မှာ၊အူဝဲ ကို ဟက်ပီးဘတ်သ်ဒေးလို့ပြောခဲ့ဖူးတယ်။သမီးအူဝဲ ကို၊အန်တီမာ့ရင်ခွင်ထဲမှာ ပျော်စရာမွေးနေ့ပါလို့ ပိုင်ပိုင်ကြီး ပြောခွင့်ရပါရစေ။” ဆိုပြီး ပြောလာပါတယ်။ ဇာဂနာကတော့ ဒီကနေ့မွေးနေ့မှာ သူ့ရဲ့အတိတ်ကနေ့ရက်တွေဆီကို ပြန်လည်သတိရနေပြီးသူ့လိုပဲမတရားအကျဉ်းကျခံနေရတဲ့သမီးငယ် အိန္ဒြာကျော်ဇင်ကို သတိတရရှိနေတဲ့အကြောင်းကို အ ကြောင်းတိုက်ဆိုင်စွာပြောလာတာပဲဖြစ်ပါတယ်။ […]
ၾကားသိရသမွ်
တင်ပါး မတရားကြီးတဲ့ မိန်းမတွေဟာ မိန်းမယုတ်စာရင်း ဝင်တယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားဟာ အမှန်လား မနာလို လို့ပြောတာလား
တင်ပါး မတရားကြီးတဲ့ မိန်းမတွေဟာ မိန်းမယုတ်စာရင်း ဝင်တယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားဟာ အမှန်လား မနာလို လို့ပြောတာလား.အလိုရမ္မက်ကြီးတယ်တဲ့ အဲ့သလိုမိန်းမအိမ် ယောကျာ်းကောင်းတွေ လူပျိူမလှည့်ဘူးတဲ့ ခါးသေးရင်ချီ ပဒုမ္မနီပဲ ကြားဖူးတယ် ခါးသေးဖင်ကြီး နို့ကြီးလို့ မိန်းမမြတ်စာရင်းဝင်တာ အဆိုပြုကျမ်းထဲ ရှာကိုမတွေ့ဘူးခုခေတ်တော့ လက်လန်တယ် ဖင်မရှိတဲ့သူက ကြီးဆေးထိုး ကြီးဆေးသောက် ဆီလီကွန်ထဲ့ ရွံစရာတွေ ကိုယ်တွေ အပျိူဖော် ဝင်ကာစမိန်းကလေးတွေ ဆိုရင်ပေါ့ ကျောပြည့်ရင်ပြည့် မြန်မာဘော်လီ နဲ့ လုံအောင် သိမ်းထုပ်ခဲ့ကြတယ် လက်နှစ်လုံးဘယာစီယာဆိုတာ ကလေးအမေပဲဝတ်တယ် လမ်းသွားလို့ ရင်သားလူပ်ရင် အသေရှက်တာ ဒီဘက်ခေတ်မှာတော့ ဘယ်သူမှ မကြည့်မှာစိုးလို့တစ်တော့ထဲဝင် နို့ဖြဲပြ ပေါင်ကားပြနဲ့ ဘုရားစူး အပျိူတွေဆိုပဲမြူဆွယ်ပြီး မဘုချင် ဘုချင်အောင်ကို တမင်လုပ်ယူကြတာ ကိုယ့်ရဲ့ နဂိုအရှိပင်ကိုယ်စရိုက်ကို လက်ခံပြီးမေတ္တာသက်ဝင်တာ မဟုတ်လေတော့ အိမ်ထောင်သက် […]
ၾကားသိရသမွ်
မနက်ခင်း လက်ဖက်ရည်လေးတစ်ခွက်သောက်ရလိုက်မှ ၎င်းရဲ့ တစ်နေ့တာတာဝန်အတွက် အဆင်သင့်ဖြစ်နေတတ်တဲ့ ရဲတပ်ဖွဲ့ရှိမြင်းတစ်ကောင်
အသက် 20 အရွယ် Jake လို့ခေါ်တဲ့မြင်းတစ်ကောင်ဟာ UK ရှိ Merseyside Police ရဲစခန်းမှာ 15 နှစ်ကြာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ Jake က မကြာခဏ ရဲတပ်ဖွဲ့ရဲ့ဘောလုံးပြိုင်ပွဲများနှင့် တခါတရံမှာ Aintree Racecourse မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Grand National အား ကြီးကြပ်ရန်အတွက် ရဲမြင်းအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အလုပ်မှာဝါရင့်နေပြီဖြစ်တဲ့ Jake ဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့အပြင် ၎င်းက အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့် ဇွဲရှိရှိ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းလည်း သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Jake ဟာ သူအလုပ်မသွားမီ မနက်ခင်းမှာ လက်ဖက်ရည်ခွက်ကြီးတစ်ခွက်မသောက်လိုက်ရဘဲ အလုပ်သွားဖို့ကို ငြင်းဆန်နေတတ်ပါတယ်။ Jake က မနက်ခင်းမှာ သကြားနွားနို့လက်ဖက်ရည်တစ်ခွက်မှလွဲပြီး ဘာကိုမှမနှစ်သက်ပါဘူး။ ၎င်း နွားနို့နဲ့ ရောစပ်ထားတဲ့လက်ဖက်ရည်က […]
ၾကားသိရသမွ်
ခရီးသည်တင်ယာဉ်လိုင်းတွေအားလုံး ရပ်နားခံလိုက်ရတဲ့ ကလေးမြို့
ကျမ္မာရေး ဗဟုသုတ
နှလုံးသွေးကြောမပိတ်မှီ တစ်လအတွင်း ပြသတဲ့ နိမိတ်လက္ခဏာ ၈ ချက်
နှလုံးသွေးကြောမပိတ်မှီ တစ်လအတွင်း ပြသတဲ့ နိမိတ်လက္ခဏာ (၈) ချက် ၁။ အလိုလိုနေရင်း နုန်းနေခြင်း – နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ် ခံစားရပါတယ်။ ၂။ မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေကျဉ်ခြင်း – နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။ ၃။ မောပန်းမယ် – အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခု လုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။ ၄။ ပျို့ချင်အန်ချင်တာတွေဖြစ်မယ် – ရင်ထဲမှာ နေလို့မကောင်းဘူး၊ […]
ၾကားသိရသမွ်
သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ပြန်လည်ဆုံဆည်းနိုင်ဖို့ ခံစားချက်တွေဖွင့်ဟလာတဲ့ ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေး…
သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ပြန်လည်ဆုံဆည်းနိုင်ဖို့ ခံစားချက်တွေဖွင့်ဟလာတဲ့ ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေး… သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ (၅၀၅) ကနဲ့ စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာတော့ အလုပ်ကြမ်းနဲ့ ထော င်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန်အတွက် ပရိသတ်တွေက စိတ်မကောင်းဝမ်းနည်းဖြစ်ကြသလို ပိုင်တံခွန်ရဲ့မိသားစုဝင်တွေနဲ့ သူ့ရဲ့ချစ်သူေ ကာင်မလေးတို့ကလည်း ပိုင်တံခွန်ပြန်လည်လွတ်မြောက်လာမယ့်နေ့ကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေးက သူမတို့စုံတွဲအမြဲစားသောက်ဖူးတဲ့ ဆိုင်လေးကိုရောက်ခိုက် ပိုင်တံခွန်ကိုသတိရနေကြောင်း “သိပ်မဝေးတော့ တဲ့ အချိန်မှာ မင်းလက်လေးကို ဆုပ်ကိုင်နိုင်ဖို့ ငါတကယ်ဆုတောင်းနေပါတယ်။ ငါဘယ်သွားသွားမင်းကိုသတိရတယ် Sweetheart လေးရေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ ပြောလာပါတယ်။ ပိုင်တံခွန်တို့ချစ်သူနှစ်ယောက်ကတော့ သူ တို့တွဲနေကြောင်း ပရိသတ်ကိုတိမ်ချန်ထားခြင်းမရှိသလို […]
ကြားသိရသမျှ
ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ပထုတ်မယ်
ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ် “မိန်းမမာယာ သဲကိုးဖြာ ဘုန်းကြီးအလည်နဲ့ တွေ့သောအခါ” တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ “နေမကောင်းလို့”၊ “ခေါင်းမူးလို့” ဆိုတာမျိုးနဲ့ အကြောင်းအမျိုးမျိုးပြပြီး ဒကာမအိမ်မှာ မကြာခဏဆွမ်းသွားစားတယ်။ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။တစ်ရက်တော့ ဘုန်းကြီးက “ဗိုက်နာလို့ဆွမ်းခံ မထွက်နိုင်ဘူး” ဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ်။ ဒီတစ်ခါတော့ ဒကာမက “ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ်” လို့ကြိမ်းဝါးပြီး အခုလို ပြောလိုက်တယ်။ “အရှင်ဘုရား။ တပည့်တော်မအိမ်မှာ ဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။ ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ပါဦးမယ်ဘုရား” ဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။ ဘုန်းကြီးကလည်း အလည်ဆိုတော့ “ဒါ ငါ့ကို ညာတာဖြစ်နိုင်တယ်” ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေးလုပ်တော့တာပေါ့။အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေ အိုးနဲ့အပြည့်တွေ့ရတယ်။ ပြီးတော့ ဆီ၊ ငါးရံ့ခြောက်ပြား နဲ့ […]
ဗဟုသုတ
ပယောဂဆရာ ဦးကိုနီနဲ့ ရွှေဘိုနယ်က သက်ရှည်ဖုတ်ကောင်ကြီး (ဖြစ်ရပ်မှန်)
ပယောဂဆရာ ဦးကိုနီနဲ့ ရွှေဘိုနယ်က သက်ရှည်ဖုတ်ကောင်ကြီး (ဖြစ်ရပ်မှန်) ထိုအချိန်က အထက်မြန်မာပြည်တည်ငြိမ်မှုမရှိ ၊သူခိုး၊ဓားပြတို့ကလည်း သောင်းကျန်း မင်းမူနေသည့်အချိန်ဖြစ်သည်။ ၁၂၇၄ သီပေါမင်းပါတော်မူပြီးစအချိန်ဖြစ်သည်။ အုပ်ချုပ်ရေးကလည်း ရှုတ်ထွေးနေပြီးမြို့ရွာအုပ်ချုပ်သည့်အမှုထမ်းအရာထမ်းတို့သည် လည်းလွန်စွာအလုပ်ရှုတ်နေချိန် ။ပြည်သူလူထုရပ်သူရွာသားတို့သည်လည်း အစဉ်အမြဲသတိနှင့်နေကြရပြီး အသက်ကိုဖက်နှင့်ထုတ်၍နေကြရချိန်။ နေရာက ရွှေဘိုနယ်က ရွာတစ်ရွာ။ ” ဒူ……..ဒူ….” သူကြီး ဦးထွန်းလူအိမ်မှမောင်းသံသည် အရာရာအားဖုံးအုပ်ကာ ကျယ်လောင်စွာပေါ်လာခဲ့သည်။ ရွာသူရွာသားတို့သည်မောင်းသံကြောင့်လုပ်လက်စအလုပ်များကိုပစ်ချထားခဲ့ကာ သူကြီးအိမ်သို့ စုရုံးရောက်ရှိလာကြသည်။ဤမောင်းသံသည် အရေးတစ်ကြီးကိစ္စရှိ၍သာ စုဝေး ရန် အချက်ပေးသောသူကြီး၏ မောင်းသံဖြစ်ကြောင်း ရွာသူရွာသားအားလုံး နားလည်ထားကြသောကြောင့် ဤကဲ့သို့ အလျင်အမြန်လာရောက်ကြခြင်းဖြစ်သည်။ ထိုသို့မောင်းသံကြားလျှင် ရွာသူရွာသားများနှင့်အတူ အရက်မူးပြီး အော်ဟစ်ဆဲဆို ရောက်ရှိလာတတ်သည်က ရွာကာလသားခေါင်း ဆယ်မောင်။ ယခုလည်း ထိုနည်း၎င်းပင် ဆယ်မောင် မူးယစ်ဆဲဆိုပြီး ရောက်ရှိလာလေသည်။ “ဆယ်မောင် တို့ကတော့ကွာ မမူးတဲ့နေ့မရှိပါလား အခုအရေးကြီးနေပြီ […]
ၾကားသိရသမွ်
သေဆုံးသွားတဲ့ ဇနီးကို မခွဲခွာနိုင်တာကြောင့် ရုပ်အလောင်းကို
အချစ်က လူတွေကို ထူးထူးခြားခြား လုပ်နိုင်စေတဲ့အရာဆိုတာ အမှန်လို့ ကျွန်တော် ယုံကြည့်ပါတယ် ။ ဗီယက်နမ်နိုင်ငံ Quang Nam မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ သေဆုံးသွားတဲ့ ဇနီးသည်ရဲ့အလောင်းနဲ့အတူ နှစ်ပေါင်းများစွာ အတူတူစားရင်း အတူတူအိပ်‌ခဲ့ပါတယ် ။ ဒီအဖြစ်လေးကို ကြားတော့ လူအများနှစ်သက်သဘောကျတဲ့ ဆွေးနွေးမှုတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ထိုလူရဲ့အမည်မှာ LVလို့ အမည်ရှိပြီး လင်မယားချင်း ပေါင်းဖော်ခြင်းတို့ဖြင့် အိမ်ထောင်ကျပြီး သားသမီး ၇ ဦးရှိပါတယ် ။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကြောင့် သားသမီးများကို ပြုစုစောင့်ရှောက်ရန် အိမ်ကနေ့ ထွက်ခွာပြီး အဝေးမှာ အလုပ်လုပ်ခဲ့ရပါတယ် ။ အလုပ်လုပ်နေစဉ် Mr.V. က သူ့မိန်းမရုတ်တရက် ဆုံးသွားကြောင်းကြားသဖြင့် Quang Nam သို့ ချက်ချင်းပြန်သွားသော်လည်း မိနစ်အနည်းငယ်မျှသာ သူမကိုတွေ့ခဲ့ရပါတယ် […]