အေထြအေထြဗဟုသုတ

ကိုယ်ဝယ်မယ့် အဝတ်အစား အသုံးအဆောင်တွေရဲ့ အရည်အသွေးကို စစ်နိုင်မယ့်နည်းလမ်းလေးတွေ

ဘယ်သူမဆို အဝတ်အစားအသစ်တွေဝယ်တဲ့အခါ လက်ကိုင်အိတ်အသစ်တွေဝယ်တဲ့အခါအရည်အသွေးကောင်းတာကိုပဲ လိုချင်ကြတာပေါ့။ တကယ့်တကယ်ကျတော့ အဝတ်အစားတွေက တစ်ခါပဲဝတ်ရသေးတယ် လျှော်လိုက်တော့…ပြဲသွားတာတွေဖြစ်တတ်ပါသေးတယ်။ အဲ့ဒီအခါကျ အဝတ်အစားဝယ်ဖို့ ကုန်သွားတဲ့ပိုက်ဆံက နှမြောစရာဖြစ်ကုန်တာပေါ့။ အဲ့ဒီလိုအရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို မဝယ် ဖို့ကို အခုဖော်ပြမယ့် နည်းလမ်းတွေကို လိုက်နာကြရအောင်။ ၁။ ချုပ်ရိုးကို ဆွဲဆန့်ကြည့်ပါ အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေက ချုပ်ရိုးချုပ်သား ထူထူထဲထဲရှိပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းတဲ့ ပစ္စည်းဆို အပ်ပေါက်ရာတွေ မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အားကြီးနဲ့ ဆွဲမဆန့်ဖို့ သတိထားပါနော်။ တော်ကြာနေ နဂိုကတည်းက အရည်အသွေးမကောင်းတဲ့ အင်္ကျီက ကိုယ်လုပ်လိုက်မှ ပြဲသွားတယ်ဆိုပြီး ပြန်လျော်နေရပါဦးမယ်။ ၂။ ဇစ်ပွင့်နေသော အဝတ်အစားနဲ့ အသုံးအဆောင်များ ဇစ်ပွင့်နေတဲ့ အဝတ်အစားက ဇစ်ပျက်နေတာပဲဖြစ်ဖြစ် ဝယ်ပြီးမှ ဇစ်ပျက်သွားတာတွေ ဖြစ်နိုင်တာမို့ တွေရှောင်ကြဉ်ပါ။ ၃။ ချည်သား […]

အထွေအထွေဗဟုသုတ

အပျိုပဲဖြစ်ဖြစ် အအိုပဲဖြစ်ဖြစ်ဖတ်ဖြစ်အောင်ဖတ်သွားပါ

ကျွန်မရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ၊ သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ရှိပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက် ရလာပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားရဲ့ အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။ ကျွန်မလည်း အလုပ်အသစ်တစ်ခု ပြောင်းလိုက်ပြီးတဲ့နောက် အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။ မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှ ရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ညဥ့်နက်နို့ဆာလို့ ထအော်လို့ ထထ တိုက်ရတာရယ် ၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ်ထလဲရတာရယ်၊ ကျွန်မရဲ့ အလုပ်အသစ်ကပေးတဲ့ […]

အထွေအထွေဗဟုသုတ

ကဒ်လေးတစ်ကဒ်က ပြောပြမယ့်သင့်ရဲ့အားနည်းချက်၊အားသာချက်များ …

ကဒ်လေးတစ်ကဒ်က ပြောပြမယ့်သင့်ရဲ့အားနည်းချက်၊အားသာချက်များ Card 1 ကဒ်နံပါတ် ၁ ကို ရွေးလိုက်တဲ့သင်က တော့ ငယ်စဉ်က စည်းကမ်းကြီးတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပြီး တစ်နေရာရာမှာ အောင်မြင်မှုရဖို့ အဘက်ဘက်က ကြိုးစားဖို့လိုတယ်၊ လွယ်လွယ်နဲ့ဘယ်အရာကိုမှမရနိုင်ဘူးလို့ခံယူထားတဲ့သူမျိုးပါ။ သင့်ကို အမြဲတမ်း စိတ်ဖိစီးမှုဖြစ်စေတဲ့ အ ကြောင်းအရာက တော့ သင်က အမြဲတမ်း..အတိတ်ကကိစ္စ တွေအတွက်ကိုယ့်ကိုယ်ကိုအပြစ်တင်နေပြီး တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်တိုင်းမကျဖြစ်နေတဲ့ အကျင့်လေးပါပဲ။ ဒီအကျင့်လေးကို ကြိုးစားပြုပြင်ပြီး လက်တွေ့ကျကျ နေတတ် အောင်၊ လက်ရှိအချိန်မှာ ပျော် ပျော်နေသင့်ပါတယ်။ သင်မှတ်ထားဖို့လိုတာက အခွင့်အ ရေးဆိုတာ နောက်တစ်ခေါက်ထပ်ရောက်လာလေ့ရှိတာမို့ ဆုံးရှုံးသွားပြီးသား အရာတွေအတွက် အချိန်တိုင်းစိုးရိမ်မ နေသင့်ပါဘူး ဆိုတာပါပဲ။ Card 2 ကဒ်နံပါတ် ၂ ကို ရွေးလိုက်တဲ့ သင်က တော့ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး.. […]

cele

Facebook အကောင့်ကို တရားဝင်ဖျက်သိမ်းကြောင်း အတိအလင်းပြောလာတဲ့ သရုပ်ဆောင်ပိုင်တံခွန်

Facebook အကောင့်ကို တရားဝင်ဖျက်သိမ်းကြောင်း အတိအလင်းပြောလာတဲ့ သရုပ်ဆောင်ပိုင်တံခွန် သရုပ်ဆောင်ပိုင်တံခွန်ကတော့အမိုက်စားသရုပ်ဆောက်ကွက်တွေနဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့ သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီး တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာ အပြည့်အဝရရှိထားပါတယ်နော်.. အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ပိုင်တံခွန်က Facebook အကောင့်ကို တရားဝင်ဖျက်သိမ်းကြောင်းကိုအခုလို အတိအလင်းပြောလာခဲ့ပါတယ်နော် ..။ သရုပ်ဆောင်ပိုင်တံခွန်ရဲ့အစ်မဖြစ်သူ မေချစ်သွေးက Paing Takhon Acc ကို လုံးဝပိတ်ပစ်လိုက်ပါပြီဗျ၊ ​ရှေ့လျှောက် Paing Takhon Page နဲ့ IG Acc ကိုပဲ သုံးပါတော့မယ်ဗျ ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ Zawgyi; Facebook အကောင့်ကို တရားဝင်ဖျက်သိမ်းကြောင်း အတိအလင်းပြောလာတဲ့ သရုပ်ဆောင်ပိုင်တံခွန် သရုပ်ဆောင်ပိုင်တံခွန်ကတော့အမိုက်စားသရုပ်ဆောက်ကွက်တွေနဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီး တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ပိုင်တံခွန်က Facebook အကောင့်ကို တရားဝင်ဖျက်သိမ်းကြောင်းကိုအခုလို အတိအလင်းပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင်ပိုင်တံခွန်ရဲ့အစ်မဖြစ်သူ မေချစ်သွေးက Paing Takhon Acc […]

အေထြအေထြဗဟုသုတ

ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းချုပ်ချွေတာစရာမလိုဘဲ ငွေစုနိုင်မယ့်နည်းလမ်း (၆) ခု

သင့်မှာ ငွေစုမယ်လို့ ကြံရွယ်လိုက်တိုင်း ငွေတွေပိုသုံးမိသွားတဲ့အချိန်တွေ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုယ်သင် အရမ်းကြီး ထိန်းချုပ်နေစရာမလိုဘဲ ငွေစုဖြစ်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။ ၁။ ကုန်ကျစရိတ်တွေကို အသေးစိတ် ရေးမှတ်ထားပါ။ ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်တယ် ဆိုတာကို သိထားရင် ငွေတွေကို အရမ်းမသုံးစေတော့ပါဘူး။ အဲဒါကြောင့် သင်သုံးလိုက်တဲ့ ငွေတွေကို စာအုပ်သို့မဟုတ် app တစ်ခုထဲမှာ ရေးမှတ်ထားပါ။ ထွက်ငွေကို ရေးမှတ်တတ်တဲ့အကျင့်က ငွေ့စုဖြစ်စေဖို့ အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။ လကုန်တဲ့အခါ ဝင်ငွေနဲ့ထွက်ငွေ ဘယ်အရာက ပိုများနေလဲဆိုတာကို ချင့်ချိန်သွားမိစေမှာပါ။ ၂။ တစ်လစာ သုံးမယ့်ငွေကို စီစဉ်ထားပါ။ သင့်ရဲ့တစ်လစာအသုံးစရိတ်ကို ခွဲတမ်းတွေချထားရင် အပိုငွေတွေ အရမ်းမကုန်တော့ပါဘူး။ သွားလာစရိတ်၊ အစားအစာ၊ ဘီလ်နဲ့ အခြားအသုံးစရိတ်တွေကို လျာထားလိုက်ပါ။ အထိရောက်ဆုံးနည်းကတော့ […]

အထွေအထွေဗဟုသုတ

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း.. Bosnia and Herzegovina နိုင်ငံမှာ နထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖစ်တယ် ။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆးနည်းကို ထပ်ဆင့် ဝမျှခဲ့တယ် ။ ဒီဝေဒနာ ရင်ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ယင်းဆေးနည်း ဖာ်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါတယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချမှုန်းပေးနိုင်တဲ့ တစ်ခုတည်းသော ဆးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။ သူမ endocrine ကင်ဆာရောဂါ ခံစားခဲ့ပြီး ဆးရုံမှာ အထူးစက်ကိရိယာ အပြည့်အစုံနဲ့ ၃ ပတ်ကြာ ကုသနေစဉ် ရာဂါအခြေအနေ ဆိုးဝါးလာခဲ့ပါတယ်။ ဒီဆေးနည်းက […]

အေထြအေထြဗဟုသုတ

လူပျိုကြီးကို ဖင်ထိုင်လဲကျသွားစေတဲ့ အပျိုကြီးရဲ့စကားတစ်ခွန်း..

တစ်ခါတုန်းက တစ်နယ်ရပ်ခြားဆီက အပျိုကြီးတစ်ယောက်နဲ့ လူပျိကြီးတစ်ယောက်ဟာ ခရီးသွားရင်း ရင်းနှီးခဲ့ကြတယ်။သွားရမယ့်ခရီးကလဲတူနေတော့ စကားပြောရင်း အတူနားရင်း ခရီးဆက်ခဲ့ကြသတဲ့ ညနေရီမိုးချုပ်တဲ့အခါ ရောက်တဲ့အရပ်ဒေသကနယ်မြို့လေးတစ်မြို့မှာ ခရီးတစ်ထောက်နားရင်း…အိပ် စက်ဖို့အတွက် တည်းခိုရမယ့်နေရာလိုက်ရှာတဲ့အခါ ရှားရှားပါးပါး တစ်ယောက်အိပ်ခန်းတစ်ခန်းသာကျန်တော့တဲ့ တည်းခိုခန်းတစ်ခုကိုပဲတွေသတဲ့..။ မတတ်နိုင်တဲ့အဆုံး အဲဒီ့အခန်းမှာပဲ နှစ်ယောက်အိပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြရတယ် ။ အခန်းကကျဉ်းပြီး ကုတင်မပါတဲ့တည်းခိုခန်းထဲမှာ စောင်ပါးလေးတစ်ထည်နဲ့ ခေါင်းအုံးတစ်လုံးကိုအလယ်မှာချပြီး လူပျိုကြီးနဲ့အပျိုကြီးဟာ ဘယ်လူးညာလှိမ့်နဲ့…ညဥ့်နက်တဲ့အထိအိပ်မပျော်ကြပါဘူး ။ လူပျိုကြီးရဲ့သက်ပြင်းချသံတွေကိုလဲ အပျိုကြီးတစ်ယောက် ရင်တုန်အောင်ကြားရလိမ့်မယ်ထင်ပါတယ်၊အဲဒီအချိန်မှာပဲ လူပျိုကြီးက အိပ်ရာကနေထလိုက်ပါတယ်။( အပျိုကြီး နဲနဲလန့်သွားတယ်ထင်ရဲ့ )စောင်ပါးလေးကိုအသာယူပြီး နှစ်ယောက်ကြားမှာ ခန်းစီး သဘောမျိုးကာထားလိုက်တယ် ၊ စည်းခြားလိုက်တဲ့သဘောမျိုးထင်ပါရဲ့..။ ဒီလိုနဲ့မိုးလင်းခဲ့ပါတယ်၊ သူတို့နှစ်ယောက်ဟာ စကားတစ်ခွန်းမှ မဆိုကြပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပီး ခရီးဆက်ခဲ့ကြပြန်ပါတယ်။ ခရီးအတော် အတန် ရောက်တဲ့အခါ ငါးပေလောက်အကျယ်ရှိတဲ့ ရေမြောင်းတစ်ခုဟာ သူတို့ရဲ့ခရီးကို ကန့်လန့်ဖြတ်ပီးတားထားတယ်၊ အနီးဝန်းကျင်မှာလဲ […]

cele

ပည်သူ့ အချစ်တော် စာရေးဆရာ အကြည်တော် ကွယ်လွန်

ပည်သူ့ အချစ်တော် စာရေးဆရာ အကြည်တော် ကွယ်လွန် ပင်လုံဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတဲ့ စာရေးဆရာအကြည်တော်ဟာ ဒီကနေ့ နိုဝင်ဘာ၉ရက် ညပိုင်း၈နာရီမိနစ်၂၀ကျော်အချိန်မှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်တွေထဲက တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။ စာရေးဆရာအကြည်တော်ဟာ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွားရော က်ဆေးကုသမှုခံယူခဲ့တဲ့နောက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လကပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီနောက်ပင်လုံဆေးရုံမှာ ရက်ရှည် တက်ရောက် ဆေးကုသမှုခံယူပြီးတဲ့‌နောက်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ အကြည်တော်ဟာ ဟာသစာပေတစ်ခေတ်မှာ အလွန်အောင်မြင်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲ ဇော်ကကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ ကဝေပျိုရဲ့နိဒါန်း စတဲ့ လက်ရာတွေက ထင်ရှားပြီး အဲဒီထဲက တချို့ကို ရုပ်ရှင် ဗီဒီယိုတွေအဖြစ် […]

အထွေအထွေဗဟုသုတ

သေတတ်သည် သတိထားပါ..

သေတတ်သည် သတိထားပါ ညနေကတောင်ဖြစ်သေးတယ တံတွေးခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်..” အယ်နီညိုမှာဒီရောဂါကြောင့်အများ ကြီးသေနိင်ပါတယ် ။ Heat Stroke အပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော်ဖြစ်ဖူးပါတယ်။ ကားစီးနေရင်းခန္ဓာကိုယ်တစ်ခုလုံးပူလာပါတယ်။ ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့။ ပြီးတော့ဒီလောက်ပူနေတာချွေးမထွက်ဘူး။ ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။ ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။ နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ် ။ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။ သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုင်္ပြီးအကူအညီတောင်းပါတယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။ ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေးပြန်ထွက်လာပါတယ်။ မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲသက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။ တိုက်ကြီးမှာဆင်းပြီးအနီးဆုံးဆေးခန်းကိုကျွန်တော်ပြေးပါတယ်။ ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။ သွေးချိန်တော့၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့..။ ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။ ဒါကြောင့်ချွေးမထွက်ပ ဲတကိုယ်လုံးပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။ ရေဖျော်ရည်ဓါတ်ဆားရေသောက်ပါ။ အ ချိန်မဆွဲပါနဲ့။ ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ […]

cele

ဦးဏှောက်အကျိတ်‌ဟာ ပိုမိုကြီးထွားလာတာကြောင့် အမြင်အာရုံတွေ ပိုမိုဝေဝါးလာတဲ့ ဆရာလေး အိအိချွန်

ဦးဏှောက်ကအကျိတ်‌ဟာ ပိုမိုကြီးထွားလာတာကြောင့် အမြင်အာရုံတွေ ပိုမိုဝေဝါးလာတဲ့ ဆရာလေး အိအိချွန် အဆိုတော် အိအိချွန် ကတော့ မြန်မာသံစဉ်တွေကို ငယ်စဉ်ကတည်းက သီဆိုလာခဲ့သူဖြစ်ပြီး မြန်မာ့သံစဉ်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။ ချိုလွင်တဲ့အသံလေးနဲ့ သီဆိုထားတဲ့ သူမရဲ့မြန်မာ့သံစဉ်သီချင်းလေးတွေက ကြားရသူအဖို့ စိတ်နှလုံးချမ်းမြေ့စေပါတယ်။ လက်ရှိမှာ အဆိုတော် အိအိချွန် ဟာ သာသနာ့ဘောင်ကို ရောက်ရှိနေပါတယ်။ အဆိုတော် အိအိချွန် ရဲ့ သာသနာ့ဘောင်ထဲက ဘွဲ့နာမည်ကတော့ တနင်္ဂနွေသမီးဖြစ်တာကြောင့် ဒေါ်အဂ္ဂညနီ ပဲ ဖြစ်ပါတယ်။ ဘွဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့ ကြီးကြယ်မြင့်မြတ်ခြင်းပဲ ဖြစ်ပါတယ်။ အဆိုတော် အိအိချွန် ကတော့ ဦးနှောက်မှာအကြိတ်တည်တဲ့ရောဂါကို ခံစားနေရပြီး ဆေးကုသမှု့ ခံယူနေရတာပဲ ဖြစ်ပါတယ် ..။ လက်ရှိမှာဆေးကုသမှု့ကို ပုံမှန်ကုသနေပြီး ရောဂါဆိုးဝါးလာရင်တော့ နောက်ဆုံးမှာ မျက်လုံးကွယ်သွားနိုင်တယ်လို့ […]