စမတ်ကျပြီး ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းကောင်းလေးများ ဒီနေ့လို အပြိုင်အဆိုင်များတဲ့ ခေတ်မှာ လူငယ်ဖြစ်လာပြီဆိုရင် ဘာမှ မသိတာမျိုးထက်စာရင် ဗဟုသုတလည်း ရှိပြီး သွက်လက်တဲ့သူဆိုရင် ပိုပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ရချေ များပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဘာမှ မသိဘူးဆိုတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို ထက်မြက်တဲ့သူ ဖြစ်ထားရင် အကောင်းဆုံးပါပဲ။ ဒီအတွက် ကိုယ့်ဘက်က ဒီအရာတွေကို ပြင်ဆင်ထားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်နော်။ (၁) လေ့လာပါ လူငယ်တစ်ယောက်အနေနဲ့ လေ့လာပြီး တတ်မြောက်ထားသင့်တာတွေ အများကြီးပါပဲ။ ကွန်ပျူတာ သုံးတတ်တာ၊ နည်းပညာတွေနဲ့ ပတ်သတ်ရင် ဗဟုသုတရှိတာ၊ အနုပညာ အမြင်ရှိတာတွေ အပြင် ဘာသာစကား တစ်ခုခု တတ်မြောက်ထားတာက သင့်ကို ပိုပြီး အမြင်ကျယ်စေပါတယ်။ ဒါ့အပြင် လူငယ်တွေကြားမှာ ဘယ်လိုမျိုး ဆက်ဆံရေးတွေ […]
Month: November 2020
ကိုယ့်ဝင်ငွေကိုယ် ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…
ကိုယ့်ဝင်ငွေကိုယ် ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား… မိန်းကလေးတွေဟာ သဘာဝအားဖြင့် အားနွဲ့တယ်၊ စိတ်ပျော့တယ် ဆိုပေမယ့် မှီခိုချင်တဲ့ သူတွေတော့ မဟုတ်ပါဘူး။ မိသားစုက ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲ သည်ဖြစ်စေ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကိုယ့်အား ကိုယ်ကိုးတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ ။ (၁) နှမြောတတ်တယ် ဒီလို မိန်းကလေးတွေဟာ အရမ်းနှမြောတတ်တဲ့ သူတွေပါ ။ ဈေးဝယ်တဲ့ အခါမှာလည်း အရမ်း ဈေးကြီးတာမျိုးဆိုရင် ကိုယ့်မှာရှိနေရင်တောင် မဝယ်ပါဘူး။ ဈေးကြီးတဲ့အဝတ်အစားတွေ၊ ဈေးကြီးတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးမှ ဝယ်တတ်၊ စားတတ်တဲ့သူတွေပါ။ အစားအသောက်ကျန်နေရင် အရမ်းနှမြောတတ်သလို၊ ကိုယ့်ပစ္စည်းလေးတစ်ခုခု ပျောက်သွားခဲ့ရင်တောင် အရမ်းနှမြောတတ်ပါတယ်။ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား… (၂) […]
ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့ လျှို့ဝှက်ချက် …
ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့ လျှို့ဝှက်ချက် လူတစ်ယောက်ဟာ အများအမြင်မှာ လှပနေတယ်၊ကြည့်ကောင်းနေတယ်ဆိုတာ မိတ်ကပ်တွေလိမ်းထားလို့၊ တန်ဖိုးကြီးအသုံးအဆောင်တွေဆင်မြန်းထားလို့လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အလှအပဆိုတာ အပြင်ပန်းအဆင်တန်ဆာတွေထက် ဒီအရာတွေကြောင့်သာ ပိုပြီးတောက်ပြောင်လာတာပါ။ (၁) တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးကြီးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ခန္ဓာကိုယ်နံ့ဆိုးတွေကင်းစင်နေခြင်းက လှပခြင်းပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့သူက အလိုလိုကြည့်ကောင်းနေတာပါပဲ။ (၂) အကောင်းမြင်တတ်တဲ့စိတ်ရှိခြင်း အဆိုးမြင်တတ်တဲ့စိတ်က ပြဿနာတွေကိုဖြစ်စေပြီး လူကိုလည်း စိတ်ကိုဖိစီးစေကာ ရုပ်ရည်ကိုလည်းမကြည်မလင်၊မလန်းမဆန်းဖြစ်စေပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့အခါ စိတ်ကလည်းအမြဲကြည်လင်နေပြီး မျက်နှာကအစ ကြည်လင်လှပနေပါတယ်။ (၃) မုဒိတာပွားတတ်တဲ့စိတ်ရှိခြင်း မုဒိတာပွားတဲ့စိတ်ရှိတဲ့သူတွေဟာ သူများအောင်မြင်မှုကိုမနာလိုတဲ့စိတ်မရှိဘဲ အောင်မြင်မှုကိုမုဒိတာပွားပေးတတ်ကြပါတယ်။ သူတစ်ပါးအောင်မြင်မှုကိုမုဒိတာပွားတတ်တဲ့သူက အမြဲလိုလိုကြည့်ကောင်းပါတယ်။ မနာလိုစိတ်မရှိခြင်းက လူကိုကြည့်ကောင်းစေပြီး ဘာဝတ်ဝတ်အရောင်ထွက်စေပါတယ်။ မနာလိုစိတ်ကြီးမားတဲ့သူတွေကတော့ ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့အဝတ်အစားတွေဝတ်ထားပါစေ ကြည့်လို့ဘယ်လိုမှမလှပါဘူး။ (၄) ကြင်နာတတ်တဲ့စိတ်ရှိခြင်း ကြင်နာတတ်ပြီး တစ်ဖက်သားကိုကိုယ်ချင်းစာတတ်တဲ့သူတွေက […]
ရည်းစား နဲ့ မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလား
ရည်းစား နဲ့ မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလား living together ရည်းစား နဲ့မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလားလို့ လာမေးခဲ့ဖူးသူရှိတယ်။ အဲဒီမေးခွန်းကိုမဖြေခင် ကျွန်မက သူမကိုပြန်မေးလိုက်တယ်။ ဘာရည်ရွယ်ချက်နဲ့ အတူနေချင်တာလဲလို့။ ရည်းစား ရဲ့ဆန္ဒဖြည့်ဖို့ အတူသွားအိပ်မှာလား။ ရည်းစား နဲ့ အတူအိပ်ရုံ (လိင်အာသာဖြေရုံ) အတူနေမှာလား။ အပျိုမဟုတ်တဲ့အတူတူ မထူးပါဘူးလေဆိုပြီး တွဲတဲ့သူနဲ့မြဲအောင် အတူသွားအိပ်မှာလား အဖော်စုံရုံ ၊ ပျော်ရုံလေး အခြေအနေဖန်လာရင် တွေ့တဲ့သူနဲ့ အိပ်လိုက်မှာလား။ အိမ်ထောင်ဘက်အဖြစ်ရည်ရွယ်ထားလို့ တယောက်အကြောင်း တယောက်ပိုသိလာအောင် တခါအိပ်ရုံမဟုတ် ရေရှည်သဘော နေသွားချင်တာလား။ ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် အရင်ပြန်မေးပြီးမှ လက်မထပ်ရသေးတဲ့ အမျိုးသားနဲ့ စပ်ယှက်ဖို့ကိုတွေးပါ။ တကယ်တော့ မြန်မာလူမှုဝန်းကျင်မှာ မိန်းမပျိုလေးမှန်ရင် ဘယ်အမျိုးသားနဲ့မှ လက်မထပ်သေးဘဲ အတူမနေရဘူး။ […]
အိမ်မပိုင်တဲ့ မိန်းကလေးကို ချစ်သူရွေးမယ်ဆိုရင် …
အိမ်မပိုင်တဲ့ မိန်းကလေးကို ချစ်သူရွေးမယ်ဆိုရင် မင်း ဒါလေး ခနလောက် နားထောင်ကြည့်လိုက်ပါအုးံ …၊ချစ်သူဖြစ်ပီး 1 လလောက်က အရမ်းကို အေးတိအေးဆက် နိုင်လွန်းတဲ့ ဂျိုသားမလေးတွေပေါ့အဲ့ ဒဏ်လေးကို မင်းခံနိုင်ပီလား …?တိုင်ပင်ရိုက်နေရင်းနဲ့ အဖေသို့မဟုတ် အမေခေါ်လို့ နုတ်မဆက်ပဲ လိုင်းပေါ်က ဆင်းသွာရင် မင်းစိတ်ထဲ ပေါက်ကွဲသံစဉ်တွေ ထွက်လာမှာ အသေချာပဲ အဲ့ဒါလေးရော သည်းခံနိုင်ပီလား …? အရမ်းလွမ်းလို့ ကိုက ဖုန်းခေါ်ရင်တောင် အဖေမေ ရှိလို့ မကိုင်ရဲတဲ့ အခိုက်တန့် အိမ်မပိုင်တဲ့ ဂျိုသားမလေးတိုင်းမှာ ရှိတယ် ။ ဖုန်းပြော ရပြီဆိုလဲ မဟုတ်တာ လုပ်ထားသလို ခိုးပြောရတာ မင်းချစ် နိုင်တာ သေချာတယ်ပေါ့ ။ သူများ အတွဲတွေ လူသိရှင်ကြား Anniversary တွေလုပ်လို့ […]
ကြားဖူးရဲ့လား…?တရွာလုံး ပိုက်ဆံကိုင်ခွင့် မရသည့်တံငါရွာ …
ကြားဖူးရဲ့လား…?တရွာလုံး ပိုက်ဆံကိုင်ခွင့် မရသည့်တံငါရွာ လူတစ်ဦး၊ မိသားစုတစ်စုတွင်မကတစ်ရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတစ်ရွာမှာ တနင်္သာရီတိုင်းအတွင်းရှိနေသည်။တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။အမည်က (ဒုံးဆွေသန်းကျေးရွာ) ဒုံးကျွန်းအုပ်စုအတွင်း ဒုံးပုလဲအော် ၊ ဒုံးညောင်မှိုင်း ၊ဒုံးဒဟွန်း စသည့်ကျေးရွာအမည်များရှိကြသည်ကို လူအများကသိကြသည်။သို့သော်( ဒုံးဆွေသန်းကျေးရွာ) ဟု ရွာလေဆိပ်တွင်ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများသိပ်မကြားဖူးကြ။ သည်ရွာကို ဦးဆွေသန်းဆိုသူကလွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင်ရှိလာနေပြီဖြစ်သည်။ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ တခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင်သူများဖြစ်ကြသည်။ သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ၄င်းအစား သမီးဖြစ်သူက အဖေ၏ လုပ်ငန်းများအား ဆက်လက်ဦးဆောင် လုပ်ကိုင်နေသည်။ရွာရှိ ၁၂ နှစ်အရွယ် ယောက်ကျားကလေးမှအစ လုပ်နိုင်ကိုင်နိုင်သည့် အမျိုးသားအားလုံးမှာ ပင်လယ်ပြင်ထွက်၍ ငါးပုစွန်ဖမ်းကာန့တဓူဝ လုပ်ကိုင်နေကြရသည် သို့သော်လည်း ၄င်းတို့ […]
ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ….
ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်ဘဲ ကိုဗစ်ကူးစက် အပေါ် မူတည်၍ ကျောင်းများ ပြန်ဖွင့်နိုင်ရန် စီစဉ် နေကြောင့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြော ကြားသည်။ စာသင်ကျောင်းများပြန်ဖွင့်ရန် လောလောဆယ်တွင် အစီအစဉ်များကို ရေးဆွဲနေပြီး ပညာရေးဝန်ကြီးဌာနက အသိပေးသွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ဆိုသည်။ “ဖွင့်နိုင် မဖွင့်နိုင်ဆိုတာ ချက်ချင်းကြီး ကောက်ပြောလို့ မရဘူးလေ။ ကိုဗစ်ကူးစက် မှုအပေါ် မူတည်တယ်။ အခု လောလော ဆယ်ကတော့ စောင့်ကြည့်ဆဲ ကာလလို့ပဲ ပြောလို့ရတယ်။ လောလောဆယ် အစီအစဉ် ဆွဲတာတွေတော့ လုပ်နေကြတယ်။အချိန် မှာတော့ မထုတ်ပြန်သေးဘူး။ ထုတ်ပြန်တဲ့ အချိန်အသိပေးလိုက်မယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ စာသင်ကျောင်းများ ပိတ်ထားရသော ကြောင့် ပညာရေးဝန်ကြီးဌာနဟာ […]
အသက်၁၃နှစ်နဲ့ ကိုယ်ဝန်(၅)လရှိခဲ့တဲ့ (၇)တန်းကျောင်းသူ မိန်းကလေးရဲ့ အဖြစ်…
မနေ့က ကျမဆေးခန်းကို ultrasound ကြည့်ဖို့သားအမိနှစ်ယောက်လာပါတယ် သူတို့သားအမိဝင်လာတုန်းကတော့..ရင်သားတဖက်မရှိ တဲ့ မိခင်ကို လှမ်းကြည့်ရင်း.လူနာလို့ထင်မိတာပါ။ နောက်တော့မှ..ကျမသမီးလေးရာသီ မလာတာ 3လလောက်ရှိပြီ..ဗိုက်မှာလည်း အလုံးပေါ်နေလို့ဆိုမှ ကလေးဗိုက်ကိုစပ်းသပ်ကြည့်လိုက်တော့..ဗိုက်ထဲမှာ ကိုယ်ဝန်က 5လပြည့်ခါနီးပါပြီ..း။ ကလေးရဲ့ အသက်ကိုသေချာသိချင် လို့မွေးနေ့မေးလိုက်မှ 13နှစ်နဲ့ တစ်လ..ဗိုက်ထဲက ကိုယ်ဝန်က 5လ.. .ရှင်းရှင်းပြောရရင်.အမွှေးတောင်သေချာမပေါက်သေးတဲ့ .မျက်နှာ အေးအေးလေးနဲ့ ကလေးကိုကြည့်ပြီး ကျမ ဘယ်ကနေ စပြောရမလည်းတောင်တွေးမရတော့ပါ မတတ်နိုင်အမေကိုရှင်းပြတော့ပြီး.သမီးရည်းစား ရှိသလားချော့မေးတော့..ရည်းစားတော့မရှိ… အပျိုမဟုတ်တဲ့ အဆောင်နေသူငယ်ချင်း ဆီကဘောင်းဘီယူဝတ်မိ သည်ဟုပြောသည်..လုံးဝ မဖြစ်နိုင်ဘူး..အမှန်အတိုင်းပြောဖို့နည်းနည်းလေး မာန်လိုက်တော့..မှ.တတန်းထဲနေ.သူငယ်ချင်း နှင့်. .ဟုဝန်ခံလာလေသည် fbပေါ်မှာ ဟိုတလောကေ ခတ်စားနေတဲ့ရေကူးကန်ထဲကိုယ်ဝန်ခုနှစ်ယောက်ရတဲ့. မဟုတ်တဲ့ post ကို ဖတ်ပြီး..အမေကို..ဘောင်းဘီ ကိစ္စနှင့်ဖြီးတော့ အူကြောင်ကြောင်အမေက သို့လောသို့လော ဖြစ်သည် ဒီအမေနှင့် လွှတ်ထားလို့မပြီး..ငါဝင်ပါမှ ဖြစ်မည် ဆိုပြီး ဆက်မေးမှ..ကျမ […]
လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ …
လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ စကား တစ်ခွန်းက ဒီလိုဆို ထားပါတယ်။ “သူငယ်ချင်း မိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်”တဲ့။ သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာ တစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့် ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာ ဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက် အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသ ထက်နည်းခဲ့ ကြတာကို တွေ့ ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။ လျင်သူစားစတမ်း၊ သာသူမြတ် ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက […]
အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ …
အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ အစပ်လေးပါ ကာမှ ထမင်းစားဝင် တတ်တဲ့လူတွေ ရှိကြလားမသိဘူး။ တကယ်တော့ အစပ်စားခြင်းဟာ အစာအိမ်အတွက် မကောင်းဘူး ဆိုပေမယ့်လို့ ပုံမှန်လေးစားပေးခြင်းအားဖြင့် လူတိုင်းမ ထင်ထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိနေတယ် ဆိုတာ သင်သိ ပါသလား။ မသိသေးဘူး ဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်ကြည့်လိုက် ရအောင်နော် ။ အသက်ရှည်စေတယ် Harvard and China National Center for Disease Control and PreventionTrusted Source ရဲ့ လေ့လာ ချက်အရ တစ်ပတ်ကို ၆ ရက်လောက် အစပ်ပါတာ စားပေးခြင်းဟာ မစားတဲ့ လူတွေထက် အသက်ရှည် မှုနှုန်းဟာ ၁၄% လောက်ပိုမြင့်နေပါတယ်လို့ […]









