ၾကားသိရသမွ်

အသက် 20 အရွယ် နာမည်ကြီးပြိုင်ဘီးဆိုင်ကယ်မောင်းနေတဲ့ကောင်မလေးက FaceApp သုံးထားတဲ့ အသက်50အရွယ်အမျိုးသားဖြစ်နေ

  မကြာသးခင်က ဂျပန်နိုင်ငံမှာ lady biker ဆိုပြီး နာမည်ကြီးနေခဲ့တဲ့ မိန်းမချောလေးဟာ အမှန်တကယ်မှာတော့ အသက် 50 အရွယ်အမျိုးသားတစ်ဦးဖြစ်နေခဲ့ပါတယ် ။ @azusagakuyuki အမည်ရှိတဲ့ Twitter အသုံးပြုသူမိန်းကလေးဟာ follower 17,000 ရှိသူဖြစ်ပြီး ဆိုင်ကယ်အမျိုးမျိုးကိုစီးပြီး မကြာခဏ pose တင်နေသူပါ ။ တစ်ရက်မှာတော့ မျက်စိလျင်လွန်းတဲ့သူတစ်ဦးက ဓာတ်ပုံထဲက Azusa ရဲ့ မှန်ပေါ်မှာရောင်ပြန်နေတဲ့ပုံစံကို သတိထားမိသွားခဲ့ချိန်မှာတော့ အသက် 20 အရွယ်ကောင်မလေးမဟုတ်နေဘဲ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်နေခဲ့တာပါ ။ ဂျပန်နိုင်ငံရဲ့ variety show တစ်ခုမှ producer တစ်ဦးဟာလည်း Azusa ရဲ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့ပါတယ် ။ နောက်ဆုံး Azusa ဆိုင်ကယ်ဦးထုပ်ချွတ်ခဲ့ချိန်မှာတော့ အသက် 50 အရွယ်အမျိုးသားတစ်ဦးဖြစ်နေမှန်း ထုတ်ဖော်နိုင်ခဲ့ပြီး ၊ […]

ဗဟုသုတ

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်း သေစေနိုင်တယ်ဆိုလဲ မမှားတဲ့ ကြက်ဟင်းခါးသီး

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်း သေစေနိုင်တယ်ဆိုလဲ မမှားတဲ့ ကြက်ဟင်းခါးသီး ကက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။ ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။ ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ ဖျက်ဆီးပေးပါတယ်။ ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့ ကင်ဆာဆဲလ်တွေကို ဖြေရှင်းပေးတဲ့ သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့ လမ်းကြောင်းတွေကိုလည်း ပြန်လည်အလုပ်လုပ်စေပါတယ်။ နောက်တနည်းပြောရမယ်ဆိုရင် ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။ […]

အခ်စ္နွင့္ဘဝ

မိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့ပူညံံံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ

မိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့ပူညံံံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ ပူညံံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူတို့ကမိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့ နှမျော တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူကသင့်ရဲ့ နောင်ရေးအတွက်တွေးပြီး ထိန်းသိမ်း ပေးနေရလို့ ဟင်းချက်ညံံ့တဲ့ ဇနီးကို တန်ဖိုး ထားပါ အရသာရော့ပေမဲ့ အပြင်စာတွေထက်တော့ သင့်ကျမ်းမာရေး စိတ်ချရလို့ ရုပ်မလှတဲ့ ဇနီးကို တန်ဖိုးထားပါ လမ်းပေါ်က မိန်းမတွေလို မလန်းပေမဲ့ သင့်ဘဝရဲ့ နေဝင်ချိန်တွေ မဂွမ်းဖို့တော့ စိတ်အေးရလို့ တကယ်တော့ မိန်းမတွေ ပူညံပူညံ လုပ်တယ်ဆိုတာကိုယ့်လင်သားကို အကောင်းဆုံးတွေပဲဖြစ်စေချင်လို့ နေရာတကာလိုက်ပြောရင် အချစ်တွေရော့မယ် ဆိုတာ သိရက်နဲ့အမုန်းခံပြောနေရတာ မေတ္တာစိတ်ကြောင့်ပါ လင်သားထက် ကိုယ့်ကိုကိုယ်ပဲ ပိုချစ်တဲ့မိန်းမမျိုးကတော့ အမုန်းမခံဘူး။ အရက်သောက်ရုံမကလို့ အစိပ်ပဲ သောက်သောက် ကိုယ့်အရေးလား မှောင်ခိုပဲ လုပ်လုပ် […]

ၾကားသိရသမွ်

The Lady မင်းသမီးကြီး Michelle Yeohက မြန်မာ ပြည် အတွက် အားပေးစကားပြော

The Lady မင်းသမီးကြီး Michelle Yeohက မြန်မာ ပြည် အတွက် အားပေးစကားပြော Crazy Rich Asian, Crouching Tiger; Hidden Dragon, The Lady – မင်းသမီးကြီး Michelle Yeoh က တော့ မြန်မြာ ပ ည် အတွ က် လက်သုံးချောင်းထောင် ဂုဏ်ပြုလိုက်ပါတယ်။အောက်ကတော့ သူတင်ထားတဲ့ status ဘာသာပြန်ချက်ပါ “Suu Foundation (suufoundation.org) ရဲ့ ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်သူလို မြန်မာပြည်ရဲ့ သူငယ်ချင်းဟောင်းတယော က်ြ ဖစ်တဲ့ အ လျောက်, မြန်မာပြည်ကြီးအခုလို ဝရုန်းသုန်းကားအခြေအနေရောက်နေတာကို မြင်ရတာ ရင်ကွဲအောင် ခံစားရ ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ရှေ့ရေးကိုဆုံးဖြတ်တဲ့အလုပ်ဟာ အလွန်အရေးကြီးတဲ့အလုပ်တခုဖြစ်လို့ ငြိမ်းချမ်းသောနည်းနဲ့သာပြုလု ပ်သင့်ပါတယ်။ […]

ဗဟုသုတ

ရန်ကုန်တက္ကသိုလ်နဖူးစည်းမှာတရုတ်နဂါးပုံဘာကြောင့်ဖြစ်နေတာလဲ

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်နှင့် တရုတ်နဂါးမကြာခင် ရက်ပိုင်းအတွင်း ‘ဖိုးလ’ (ဆရာမြသန်းတင့်သား)က ည ၁၁ နာရီလောက် တယ်လီဖုန်းဆက်လို့ ဖုန်းကိုင်လိုက်တယ်။ ဘာကိစ္စလဲမေးတော့ ဦးလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းပေါ်က နဂါး နှစ်ကောင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ တက္ကသိုလ်နဂါး ဖြစ်နေတာလဲလို့ အမေးရှိလာပါတယ်။ ပထမတော့ အတော် ကြောင်သွားတာကိုး။ ညကြီးအချိန်မတော် ဒီကောင်လေး ဘာတွေလာမေးနေသလဲပေါ့။ ဒီအချိန်ကြီးမေးရအောင် ပြဿနာမှလည်း မဟုတ်တာ။ စိတ်ထဲတမျိုးဖြစ်လို့ ပြန်မေးလိုက်တယ်။ ”ဟေ့ကောင် ဖိုးလ ညကြီးအချိန်မတော် ဘာတွေစာရင်းရှုပ်နေတာလဲ” ”စာရင်းရှုပ်တာ မဟုတ်ဘူး ဦးလေးရေ။ ကျွန်တော်တို့ ရှင်းမရတဲ့ ပြဿနာတခုရှိလို့ ဦးလေးတော့သိမှာပဲဆိုပြီး လှမ်းမေးတာ။ ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းမှာရှိတဲ့ နဂါးနှစ်ကောင် ဦးလေးသိပါတယ်။ အဲဒီနဂါးတွေဟာ ဗမာ နဂါးမဟုတ်ဘဲ ဘာဖြစ်လို့ တရုတ်နဂါး ဖြစ်နေရတာလဲဆိုတာ သိချင်လို့ပါ။ ပဟေဠိဖြစ်နေလို့ပါ””အေး […]

ၾကားသိရသမွ်

ရွှေတိဂုံဘုရား လက်ရှိအခြေအနေကို မျှဝေလာတဲ့ ပြည်သူတစ်ဦး

ရွှေတိဂုံဘုရား လက်ရှိအခြေအနေကို မျှဝေလာတဲ့ ပြည်သူတစ်ဦး ရွှေတိဂုံစေတီတော်အကြောင်းမြန်မာနိုင်ငံကိုလာရောက်လည်ပတ်သူတိုင်း ရွှေတိဂုံစေတီတော်သို့ အလည်တစ်ခေါက် မရောက် ခဲ့ပါလျှင် လည်ပတ်ရကျိုးမနပ်ဟု ပြောနိုင်ပေသည်။ ရွှေတိဂုံစေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က မြတ်စွာဘုရား၏ ဆံတော်နှင့် အခြားဓါတ်တော်များကိုဌာပနာ၍ တည်ထားကိုးကွယ်တော်မူခြင်းခဲ့ဖြစ်သည်။ ကန်တော်ကြီးပန်းခြံ၏ အနောက်ဘက် အကျယ် ၁၁၄ ဧက ရှိသော သိင်္ဂုတရကုန်းတော်ပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ စေတီတစ်ဆူဖြစ်သည်။ စေတီတော်မှာ အစပိုင်းတွင် ၈.၂ မီတာအမြင့်သာရှိခဲ့ပြီး ယနေ့အချိန်အခါတွင် ၁၁၀ မီတာအမြင့်ထိ တည်ထားကိုးကွယ် တော်မူခဲ့သည်။ စေတီတော်ကိုရွှေပြားများဖြင့် ရွှေချထားပြီးအပေါ်ဆုံးပိုင်း စိန်ဖူးတော်တွင် စိန်အလုံးပေါင်း ၄၅၃၁ လုံးဖြင့် မြုှပ်သွင်းစီခြယ်ကာပူဇော်ထားသည်။ အကြီးဆုံးစိန်မှာ ၇၂ ကာရတ် အလေးချိန်ရှိသည်။ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ […]

ၾကားသိရသမွ်

ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ပြည်သူတွေနဲ့အတူပူးပေါင်းပြီး လစဉ်တိုင်းလှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် G-Fatt

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တော်တော်တော်များများကလည်း လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ပြီး အားလုံးနဲ့အတူ ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်..။ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ပံ့ပိုးကူညီမှုတွေနဲ့ အားဖြည့်နေကြသလို ဂီအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် G-Fatt ကလည်း လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာ တွေ့ရပါတယ်..။ လှုပ်ရှားမှုတွေအပြင်လှူဒါန်းမှုတွေမှာလည်း အားတက်သရောပါဝင်နေတဲ့ G-Fatt ကတော့ ဒီကနေ့ရဲ့မနက်ခင်းလေးကို ကောင်းမှုကုသိုလ်အလှူတွေနဲ့စတင်လိုက်ပြီး အသက်စွန့်သွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်.. ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက် တစ်သက်တာလစဉ်ထောက်ပံ့ကြေးဖြင့် ဂုဏ်ပြုလှူဒါန်းသွားမယ့် Fallen Heroes Fund Myanmar ရဲ့ အစီအစဉ်လေးမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် G-Fatt က ပါဝင်လှူဒါန်းမှာ ဖြစ်ပါတယ်..။ “ဒီနေ့မနက်ကို အလှူလေးနဲ့စပါမယ် အမြဲတမ်းအဖွဲ့ဝင်အဖြစ် လှူဒါန်းသွားပါမယ် အာဇာနည်များ ကောင်းရာသုဂတိလားပါစေ ။..” ဆိုပြီး […]

ဗဟုသုတ

ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့ မင်းကွန်း ဆရာတော်ကြီး၏ မိန့်မှာချက်များ

ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့ မင်းကွန်း ဆရာတော်ကြီး၏ မိန့်မှာချက်များ ၁။ သူတကာတွေ လောဘကြီး သော်လည်း မိမိက လောဘမကြီးအောင် နေပါ။ ထိုသို့နေလျှင် သူတကာ ငတ်မွတ် ခေါင်းပါးခြင်း(ဒုဗိ ္ဘက္ခန္တရာယ်)ဘေးသင့် ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည် ၂။ သူတကာတွေ ဒေါသကြီး သော်လည်းမိမိက ဒေါသမကြီးအောင်နေပါ။ ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။ ၃။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ။ ထိုသို့နေလျှင် သူတကာ အနာ ရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။ ဤကားကျေးဇူးတော် ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသောသြဝါဒ ဖြစ်သည်။ ယနေ့ ယခု မျက်မှောက် အချိန်အခါ သည်ကား […]

အခ်စ္နွင့္ဘဝ

အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှအိမ်အလုပ် အိမ်ကမိန်းမအလုပ်လို့ သတ်မှတ်ထားတဲ့ ယောကျ်ားများဖတ်ရန်

အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှအိမ်အလုပ် အိမ်ကမိန်းမအလုပ်လို့ သတ်မှတ်ထားတဲ့ ယောကျ်ားများဖတ်ရန် လူတွေက ဘယ်လိုပဲ သတ်မှတ် သတ်မှတ်၊ ယောက်ျားတစ်ယောက် အိမ်အလုပ် လုပ်တယ်ဆိုတာနဲ့ မိန်းမကို ကူတယ်လို့ ယောကျ်ားအတော်များများက သတ်မှတ်ကြတာ… (၁) ပြန်တွေးကြည့် – တစ်အိမ်လုံး အလုပ်တွေ သူတစ်ယောက်ထဲ အကုန် လုပ်ရမယ်ဆို မျှတပါ့မလား.. (၂) ငါ့မိန်းမကို – အိမ်ရှင်းကူတာ မဟုတ်ဘူး။ ဒီအိမ်မှာ ငါလဲနေလို့ ငါလဲအိမ်ရှင်းသင့်လို့ ရှင်းတာ… (၃) ငါ့မိန်းမကို – ထမင်းဟင်းချက် ကူတာ မဟုတ်ဘူး။ ငါလဲစားချင်လို့ ချက်တာ.. (၄) ငါ့မိန်းမကို – ပန်းကန်ဆေး ကူတာ မဟုတ်ဘူး။ ငါလဲ ဒီပန်းကန်တွေ သုံးထားလို့ ဆေးတာ.. (၅) ငါ့မိန်းမကို – […]

ဗေဒင်

ဆိုင်သမားတွေအတွက် ငွေဝင်စေရန် ဧည့်သည်ဝင်စေရန်

ဆိုင်သမားတွေအတွက် ငွေဝင်စေရန် ဧည့်သည်ဝင်စေရန် ငွေဝင်စေရန်ဧည့်သည်ဝင်စေရန်…… ငွေပေးမည့် ဧည့်သည်ကောင်းလာစေရန် မည်သူမဆို လုပ်လို့ရပါသည် ပိုက်ဆံတန်ဖိုး (၉) ဂဏန်း ပေါ်မှာ… ဥပမာ။၉၀၀၊၉၀၀၀၊၁၈၀၀၀၊၂၇၀၀၀၊ စသဖြင့် (၉) ဂဏန်း ရသော ပိုက်ဆံတန်ဖိုး အရေအတွက်ပေါ်မှာ ထန်းလျှက်ခဲ (၁၁) ခဲ တင်ပြီး အိမ်ရှေ့ ၊ဆိုင်ရှေ့သို့မျက်နှာ မူပြီး ယပ်တောင် ဖြင့် အချက် (၁၀၈) ချက် (သို့မဟုတ်) လက်တစ်ညောင်း ယပ်ခတ်ပေးပါ။ ယပ်ခတ်နေရင်း… ငွေပေးမည့်သူလာစေရန် ဧည့်ကောင်းများလာစေရန် ဆုတောင်းပါ မုချရပါမည်။ မည်သည့်နေ့ မည်သည့်အချိန်မဆို လုပ်လို့ရပါတယ်။ အတိအကျလုပ်ချင်ရင်တော့…. တနလာငျ် နေ့မနက် ၉ နာရီ ၄၅ မိနစ်မှာလုပ်ပါ။ ဆပွတ်နေ့သားသမီးကို လုပ်ခိုင်းရင် ပိုကောင်းပါသည်။ အဆင်မပြေရင် မိမိကိုယ်တိုင်လုပ်ပါ။ ဆပွတ်နေ့သားသမီး […]