အိမ်မှာ အပင်စိုက်ဝါသနာပါတဲ့ သူတွေ သိထားသင့်တဲ့ အပင်နိမိတ် အပင်နိမိတ် ၁။ ကိုယ့်ခြံထဲက အပင်တွေ အလွယ်တကူ မခုတ်ပါနဲ့။ တချို့ အပင်တွေက အိမ်သား တစ်ယောက်ယောက်နဲ့ ဆက်နွယ် နေတတ်လို့ လူ သွားထိပါတယ်။ ၂။ အိမ်ပေါက်တည့်တည့် ဝါးပင် မစိုက်ပါနဲ့။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ်ပါတယ်။ ၃။ ပင်စိမ်းပင် ခြံထဲ စိုက်ပါ။ အိမ်သားတွေ တော်ရုံ မဖျားနာပါဘူး။ ၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပါ။ အပွင့်ပွင့်ရင် ငွေဝင်တတ်ပါတယ်။ ၅။ နှစ်တစ်ရာ ကျောက်စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါ။ အလုပ်အကိုင် အဆင်ပြေပါတယ်။ (အနံ့မရှိ ပန်းမရှိ အရွက်တွေ ဘုရား မကပ်ရပါဘူး။) ၆။ သရက်ပင် ခြံထဲ စိုက်ပါ။ အိမ် […]
Day: March 19, 2021
အတိုက်အခိုက်တွေများနေပြီး ကံတွေလာဘ်တွေပိတ်နေရင်
အတိုက်အခိုက်တွေများနေပြီး ကံတွေလာဘ်တွေပိတ်နေရင် ကျောက်ချဉ် ဆနွင်း ရန်တွေကင်း မင်္ဂလာပါ ခင်ဗျား….. အခုတင်ပေးမည့် အကာအကွယ်လေးဟာ မိမိကိုရန်မူ.. ပြသနာအမျိုးမျိုးရှာပြီး အတိုက်အခိုက်တွေလုပ်နေခြင်းများ…ကံတွေလာဘ်တွေပိတ်နေခြင်းများ… မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်ပြောင်းလဲနေခြင်းများ…..နေ့စဉ် ဝင်ငွေနဲ့ထွက်ငွေ မျှတမှု မရှိခြင်း…ငွေမစုမိခြင်း….မထင်မှတ်ပဲငွေထွက်ယိုပေါက်များခြင်း…. ခဏခဏ ပိုက်ဆံပြတ်တာတွေကြုံနေရသူမျာ းအောက်ပါ ကျောက်ချဉ် ဆနွင်း အကာကွယ်လေးကိုလုပ်ထားပေးပါ ခင်ဗျား…။ လုပ်မည့်နေ့ အိမ်ခြံဝင်းထဲ အမှိုက်များမရှိစေရပါ။ တနင်္လာနေ့ စ လုပ်ရပါမည်။နံနက်ပိုင်းလုပ်ရပါမည်။ ပထမဦးစွာ ကျောက်ချဉ်တုံးတစ်တုံးကို ကျောက်ပျဉ်မှာ ဆနွင်းမှုန့်နည်းနည်းရောပြီးသွေးယူထားပါ။ ဘုရားသောက်တော်ရေထဲရောပြီး အိမ်ခြံဝင်းတံခါး ပြတင်းပေါက် နေရာအနှံ့အောင်သပြေညွန့်နှင့်ဖြန်းပေးပါ။ အိမ် ခြံအဝင်တံခါး၏ဘေးအစွန်နှစ်ဖက်အောက်တွင် မန်ကျည်းစေ့တစ်စေ့စာရှိတဲ့ကျောက်ချဉ်တုံးတစ်တုံးဆီချထားပေးပါ…။ နောက်ထပ်တစ်တုံး ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာနေရာများမှာထည့်ထားပြီးဆောင်ထားပေးပါ ခင်ဗျား ။ ဤအကာအကွယ်နည်းကို လုပ်ထားခြင်းဖြင့် မိတ်ဆွေများ၏ ရန်တွေကင်းရှင်းသွားပြီး လာဘ်တွေပွင့်လာပါလိမ့်မည်…။ ကိုမင်းနိုင်နှင့်တကွသင်ဆရာမြင်ဆရာကြားဆရာအားလုံး ခြေရင်းဦးခိုက်လျက်… ဆရာတင်ထူး09 […]
ဖေဖေ့ကိုသတိရလို့ ဓာတ်ပုံကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်
ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ လူကြီးလူငယ်မရွေး တက်တက်ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားနေကြတဲ့ ပြည်သူတွေက နေ့ဘက်မှာရော ညဘက်မှာပါ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က “ဖေဖေကိုသတိရလို့တဲ့ ဖေဖေ့ပုံလေးကို အရုပ်လေးလုပ်ထားတယ် ဦးတဲ့ 😭😭😭😭 သမီးရယ်” ဆိုပြီး ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဒီပုံထဲမှာတော့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို သတိရလွမ်းဆွတ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးမလေးက ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံစံတူ အရုပ်လေးတစ်ရုပ်ပြုလုပ်ကာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ် ။ […]
သမီးလက်ကိုဆွဲပြီး သပိတ်ကိုလာတဲ့ အမေ
ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး Twitterမှာပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်
ကျဆုံးသွားပြီဖြစ်ပေမယ့်လည်း အမျှဝေခွေင့်တောင်မရဖြစ်နေတဲ့ လှိုင်သာယာက သူရဲကောင်း ကိုနေသူရဦး
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားလာခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း အသက်ပေးခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုနေသူရဦးရဲ့အကြောင်းကို လူတစ်ယောက်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ စာထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေသူရဦးအတွက် ကျန်ရစ်သူမိသားစုဝင်တွေက အမျှဝေပေးချင်ပေမယ့်လည်း အခက်အခဲတွေရှိနေကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့မတ်လ (၁၇) ရက်နေ့မှာ ကျဆုံးသွားတဲ့ ကိုနေသူရဦးကတော့ အသက် (၂၄) နှစ်သာရှိသေးတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ် ။ သူက လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ရင်ဘတ်နဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ကိုနေသူရဦးရဲ့ရုပ်အလောင်းကို ပြန်မရသေးတာကြောင့် သူ့ရဲ့ဇနီးသည်အပါအဝင် မိသားစုဝင်တွေအားလုံးက အရမ်းကို ဝမ်းနည်းကြေကွဲနေရတာပဲ ဖြစ်ပါတယ် […]
သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ဓာတ်ပုံ လေး ကြည့်ပြီး ရင်ခွဲရုံအရှေ့မှာထိုင်စောင့်ရင်း ငိုကြွေး နေတဲ့ မိခင်တစ်ဦးရဲ့ပုံရိပ်
အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်တစ်ခုကတော့ မြင်တွေ့ရသူတွေကို စိတ်မကောင်ြး ဖစ်စေခဲ့တာ ဖြစ်ပါ တ ယ် ။ ဒီပုံရိပ်ထဲမှာ မိခင်တစ်ဦးက သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ရင်ခွဲရုံအရှေ့မှာ ထို င်စောင့်နေတာပဲ ဖြစ်ပါတယ် ။ ရင်နဲ့ လွယ် မွေးခဲ့ရတဲ့ သားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကတော့ဝ မ်း နည်းပူဆွေးပြီး ရင်ထဲမှာ အတိုင်းမသိနာကျင်နေမယ်ဆိုတာကို ပုံမြင် လိုက်ရုံနဲ့တင် သိစေနိုင်တာ ဖြစ်ပါတယ် ။ ကြွေလွင့်သွားတဲ့ သူရဲကောင်းကတော့ တီးတိန်မြို့နယ်၊ထေးဇန်က ဒိုဆွမ်းကိမ်းဆိုတဲ့ ကောင်လေးပဲ ဖြစ်ပါတယ် ။ အသက် (၁၉) နှစ်အရွယ် သာရှိသေးတဲ့ ဒိုဆွမ်းကိမ်းက လူငယ်ပီပီ တက်တက်ကြွကြွရှိပြီး လူထုလှုပ်ရှားမှုတွေကို ကြိုး စားပမ်းစား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် […]
ရန်ကုန်မြို့ တနေရာက ရဲရဲတောက်GenZများရဲ့ Defense
ရန်ကုန်မြို့ တနေရာက ရဲရဲတောက်GenZများရဲ့ Defense GenZလူငယ်တွေ ညီချက်ကတော့ အားရတယ်💪💪💪 အရေးတော်ပုံ အောင်ရမည်။ လေးစားပါတယ် ကလေးတို့ရေ အန္တရာယ်ကင်းဘေးရှင်းကြပါစေ အရေးတော်ပုံ အောင်ရမည်။ တကယ့်လေးစား ဦးညွတ်အလေးပြုပါတယ် အရေးတော်ပုံမုချအောင်ရမည်ေ အာင်ရမည် အောင်ရမည်💪 တော်လိုက်တဲ့ Generation Z လေးတွေ ဘေးအန္တရယ်ကင်းကြပါစေ အရေးတော်ပုံအောင်ရမည်💪💪💪 GZတို့ရေဘေးကင်းပြီးအောင်မြင်မှုတွေရပါစေ။ ဘာမှမလုပ်ပေးနိုင်လို့ ညတိုင်းမြတ်စွာဘုရားကိုဖယောင်းတိုင်မီးပူဇော်ပြီး မေတ္တာသုပ်ရွတ်ပြီးဆုတောင်းပေးနေပါတယ်။အရေးတော်ပုံအောင်ကိုအောင်ရမည်။ ဘေးကင်းအောင်မြင်ပါစေ။နတ်ကောင်းနတ်မြတ်များကလေးတွေကိုစောင့်ရှောက်ပေးပါ🙏 အဲ့လိုမျိုး စောင့်နေတာ .. ဖြစ်သင့်တာကြာပြီ ✊✊✊ ဘေးကင်းကြပါစေ 🙏ရန်သူသူပုန်စစ်တပ် ကျရှူံးပါစေ အရေးတော်ပုံအောင်ရမည်🍀💪💪 ပြည်သူပြည်သားတွေဘေးကင်းပါစေ နိုင်လိုမင်းထက်ပြုမူတဲ့စစ်တပ် ပြာအတိကျပါစေ စစ်သားတွေ အမြန်ကျဆုံးကြပါစေ🙏🙏🙏 အရမ်းကို လေးစားရတဲ့ Gen Z တွေပါဗျာ။ GZတွေအားလုံးဘေးကင်းပါစေ🙏အရေးတော်ပုံ အောင်ရမည်✊✊✊ အားလုံးဘေးကင်းကြပါစေ🙏🙏🙏 Credit Zawgyi […]
ပိုင်ဖြိုးသုပြောပြတဲ့ဒလံကြောင့် ဖမ်းခံရသောကိုလူမင်းအကြောင်
ပိုင်ဖြိုးသုပြောပြတဲ့ဒလံကြောင့် ဖမ်းခံရသောကိုလူမင်းအကြောင်း အခုလက်ရှိမှာညီမတို့လည်းထွက်ပြေးတိန်းရှောင်နေရတဲ့ ဆန္ဒပြတဲ့အနုပညာရှင် အများစုကို ပုဒ်မ ၅၀၅ နဲ့ မတရားဖမ်းဆီးမှု့တွေလုပ်လာတယ် အန်ကယ်လေး အဖမ်းမခံရခင်မှာ ပိုင်ဖြိုးသုတို့နဲ့ အတူရှိနေသေးတယ် ညီမတို့မနက်ပိုင်းမှာဆန္ဒပြတယ် လမ်းခွဲကာနီးမှာ ညီမရယ် ကိုဏကြီးရယ် ခါရာ နဲ့ အန်ကယ်လေးပါတယ် စုပီးတိုင်ပင်ကြတယ် ပြည်သူတွေအတွက် အနုပညာရှင်တွေကshort vidoe လေးရိုက်ပီး အားပေးစကားလေးတွေ အရေးတော်ပုံအောင်ဖို့စိတ်ဓာတ်မကြဖို့ ပြောကြရင်ကောင်းမယ်ဆိုပီးတိုင်ပင်ဖြစ်ကြသေးသည်။ ပိုင်ဖြိုးသုအနေနဲ့ ဆက်လက်ပြောပြခဲ့တာတော့ အဒီညက ညီမတို့တိုင်ပင်ထားတဲ့အတိုင်းပဲ အန်ကယ်လေးနဲ့ ညီမ ကvidoe တင်တယ် ချစ်တဲ့ပိရိတ်သတ်တွေပြည်သူတွေအတွက်စကားပြောပေးတယ် အန်ကယ်လေးက သူ့အိမ်မှာမလုံခြုံတော့တာ သိတဲ့အတွက် နေရာရွေ့တယ် ညီမတို့လည်းလုံခြုံမှူ့မရှိတော့ဘူးလေ အဒီတော့ညီမတို့လည်းနေရာရွေ့ကြတယ် နောက်မှပြန်သိရတာက အန်ကယ်လေးက သူနဲ့သိတဲ့လူရှိတဲ့ ရပ်ကွက်က အိမ်တစ်အိမ်မှာသွားပုန်းနေတာ အတိအကျကိုသတင်းပေးခံရတာ အစ်မခင်စံပယ်ဦး ငိုပီး live လွှင့်တော့မှညီမတို့သိတာဆိုတဲ့အကြောင်း ပြောပြလာခဲ့သည်။ […]
သင်မက်လေ့မက်ထရှိတဲ့အိပ်မက်တွေရဲ့ အဓိပ္ပါယ်နဲ့အတိတ်နိမိတ်များ
သင်မက်လေ့မက်ထရှိတဲ့အိပ်မက်တွေရဲ့ အဓိပ္ပါယ်နဲ့အတိတ်နိမိတ်များ စိတ်ရဲ့စွဲလန်းမှုနဲ့ ပြင်းထန်တဲ့စိတ်ခံစားချက်တွေကြောင့် ညအိပ်တဲ့အခါ အိပ်မက်တွေအမျိုးမျိုးမက်ခြင်းဖြစ်နိုင်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။ အတွင်းစိတ်ရဲ့နက်နဲတဲ့နေရာမှာကိန်းအောင်းနေတဲ့ အရာတွေက အိပ်မက်ထဲမှာ ပါလာတတ်တယ်လို့ ဆိုပါတယ်။ ဒါဆို သင်ညအိပ်တဲ့အချိန်မက်တဲ့အိပ်မက်တွေက ဘာအဓိပ္ပါယ်လဲဆိုတာကို ဖော်ထုတ်ကြည့်ရအောင်။ (၁) တစ်ယောက်ယောက်ကလိုက်လို့ပြေးနေရခြင်း အိပ်မက်ထဲမှာ တစ်ယောက်ယောက်ကလိုက်လာလို့ အပြင်းအထန်ထွက်ပြေးနေတယ်လို့မက်တာဟာ သင့်ရဲ့လက်တွေ့ဘဝမှာ သင်ရင်မဆိုင်ချင်တဲ့ပြဿနာတချို့ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ လက်တွေ့ဘဝထဲကပြဿနာတွေကိုရင်မဆိုင်ဘဲ ထွက်ပြေးချင်နေတဲ့စိတ်မျိုးဖြစ်နေတဲ့အခါ ဒီလိုအိပ်မက်မျိုးမက်တတ်ပါတယ်။ (၂) အမြင့်တစ်နေရာကပြုတ်ကျခြင်း ရုတ်တရက် အမြင့်တစ်နေရာကပြုတ်ကျတဲ့အိပ်မက်မျိုးကို လူတိုင်းလိုလိုမက်ဖူးကြမှာပါ။ တခါတလေဆို အဲ့လိုပြုတ်ကျတာကတကယ်လို့တောင်ထင်ရပြီး ခြေထောက်တွေက ဆတ်ခနဲလှုပ်သွားတာမျိုးတောင် ကြုံရတတ်ပါတယ်။ ဒီလိုအိပ်မက်မျိုးမက်တာကတော့ သင်ဟာ လက်ရှိဘဝမှာ ငွေကြေး၊အလုပ်အကိုင်နဲ့ အချစ်ရေးတွေနဲ့ပတ်သက်လို့ သင်ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့အခြေအနေမျိုးကိုကြုံနေရတဲ့အဓိပ္ပါယ်ပါ။ (၃) တစ်ခုခုကိုလိုက်ရှာနေခြင်း အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်ပျောက်လို့လိုက်ရှာနေတာမျိုး၊ ကိုယ်မသိတဲ့တစ်နေရာရာကိုလိုက်ရှာနေတာမျိုးက သင်ကလက်တွေ့ဘဝမှာ သင့်ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်လို့ ရင်ဖွင့်ဖို့လိုအပ်နေတယ်၊ အထီးကျန်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ (၄) […]