“ အနာဂတ် ဆရာဝန်လေး ဆေးတက္ကသိုလ်(၁)မှ သူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့ပြီ ” admin | March 14, 2021 | Uncategorized | No Comments Zawgyi ဖြင့်ဖတ်ရန် “ အနာဂတ် ဆရာဝန်လေး ဆေးတက္ကသိုလ်(၁)မှ သူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့ပြီ ” ၁၄-၀၃-၂၀၂၁ ရက်နေ့တွင် တာမွေမြို့နယ်၊ ရဲစခန်းအမှတ်(၄၀)ရှေ့၌ ဆေးတက္ကသိုလ်(၁) Foundation Year ကျောင်းသား ကိုခန့်ညားဟိန်းသည် ရင်ဘတ်ကျည.်ထ.ိမှန်ကာ ကျဆုံးခဲ့ရသည်။ မိမိတိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသောရဲဘော် ကိုခန့်ညားဟိန်းအား ဆေးတက္ကသိုလ်(၁) ကျောင်းသားထုတစ်ရပ်လုံးမှ အစဉ်အမြဲ ဂုဏ်ယူအမှတ်ရနေမည်ဖြစ်သည်။သူရဲကောင်းတို့ရှိရာ ကောင်းမွန်ရာအရပ်၌ အားအင်အပြည့်ဖြင့် အနားယူပါတော့။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ စစ်မှန်သော ဒီမိုကရေစီရရှိပြီး အာဏာရူးအဖွဲ့အား […]
Day: March 14, 2021
မထနိုင်လောက်အောင် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်အတွက် ထောပတ်သီးစေ့
မထနိုင်လောက်အောင် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်အတွက် ထောပတ်သီးစေ့ ထော ပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ထောပတ်သီးအစေ့မှာဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။ ခေါင်းလျှော်ရည် ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။ သွားကိုက်ခြင်း သွားကိုက်နေတယ်ဆိုရင်ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကိုရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း […]
အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့ အကြောင်းရင်
အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့ အကြောင်းရင်း အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။ တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့ တချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။ သင်ဟာ ဒီလိုမျိုးမကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အိုခေ ဒီလိုဆိုရင် ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ ဒီအချိန်မျိုးမှာ ဦးနှောက်က […]
နေ့ခင်း ကြောင်တောင်ကြီး လေမတိုက် ဘာမှမဖြစ်ပဲနဲ့ တံခါးကြီးက ပြုတ်ကျပြီး ပိတာ…
နေ့ခင်း ကြောင်တောင်ကြီး လေမတိုက် ဘာမှမဖြစ်ပဲနဲ့ တံခါးကြီးက ပြုတ်ကျပြီး ပိတာ အရင် စစ်သား၂ ကောင် ၃ကောင်စောင့်တယ် မတွေ့တာကြာလို့ မေးကြည့်တာမအလ တွေ သူတို့ကြ သေမှာကြောက်ချက်တခါတည်း ပိသေရမှာ သေနပ်သံမဟုတ်ဘူးနော်သံပန်းတံခါးကြီး ဝုန်း ဝုန်း နဲ့ ၃ခါလောက်ကျပြလိုက်တာကန်တော့ပွဲ တန်းထိုးတော့တာပဲ၄၅လမ်း ၈၃*၈၄ ကြားမှာရှိတဲ့ မဟာမြတ်မုနိ ဗုဒ္ဓပြတိုက်ကို အရင် စစ်သား ၂ ကောင် ၃ကောင်စောင့်တယ်မတွေ့တာကြာလို့ မေးကြည့်တာ အဲ့မှာရှိတဲ့ slide door ခပ်ကြီးကြီး ပိလို့ တစ်ယောက် လက်ကျိုးသွားတာတဲ့နေ့ခင်း ကြောင်တောင်ကြီး လေမတိုက် ဘာမှမဖြစ်ပဲနဲ့ တံခါးကြီးက ပြုတ်ကျပြီး ပိတာ ၂ခါတောင်ပထမ တစ်ခါက ဘာမှ မဖြစ်ဘူးနောက်တစ်ခါပိတော့ ၂ကောင်အပေါ်ပိတာတစ်ကောင်က ဘာမှ မဖြစ်ပေမယ့် နောက်တစ်ကောင်က […]
မိုဘိုင်းအော်ပရေတာတွေမှာ TRACKING စက်တပ်ပြီး သုံးစွဲသူကို ခြေရာခံလိုက်ရင် ဘယ်လို ကာကွယ်နိုင်မလဲ…?
အရေးကြီးတာလေး တခု ပြောရအောင်။ မနေ့ညက အင်တာနက် ဖြတ်တာသည် မိုဘိုင်း အော်ပရေတာ တွေမှာ tracking စက် လိုက်တပ်ဆင်တာ ပြောတယ်။ ဒီသတင်းသည် တုတု စစ်စစ် သတိထားရမယ့် ကိစ္စ ဖြစ်သလို စစ်အစိုးရ ထုတ်တဲ့ နိုင်ငံသား အခွင့်အရေးကို ရပ်ဆိုင်းထားတဲ့ ဥပဒေအမိန့်တွေနဲ့ ချိတ်ကြည့်ရင် ဖြစ်နိုင်ဖို့ များနေတယ်။ဒီတော့ သတိထားရမှာလေး ပြောကြည့်ရအောင်။ (ကျွန်တော် နားလည်သလောက်ပါ။ နားလည်သူတွေ ဆက်ရှင်းပြကြပါ) tracking လိုက်တယ်ဆိုတာ နေ့စဉ် သန်းချီ ပြောနေတဲ့ စကားတွေကို လိုက်နားထောင်မှာ မဟုတ်ပါ။ သူတို့သည် keywords တွေကို ထည့်ပြီး AI နဲ့ ဇလုပ်တိုက်လိုက်မှာပါ။ ဥပမာ နေ့တိုင်း ဆက်နေတဲ့ ခေါ်ဆိုမှု ဆယ်သန်းရှိရင် ဒီထဲမှာ […]
လက်ရှိကြုံတွေ့ နေရတဲ့ ကပ်ဆိုးကြီးနဲ့ လူငယ်တွေ ကြားမှာ ပေါ်ခဲ့ဖူးတဲ့ နိမိတ်စကား ၂ ခွန်း
ယောင်္ကျားလေးတွေ ကိုယ့်ကိုတမ်းတမ်းစွဲနေစေဖို့ မိန်းကလေးတွေလိုက်နာသင့်တဲ့အရာမျာ
ဘယ်အရာကိုမဆို အလွယ်ရရင် တန်ဖိုးမထားတတ်ကြတာ သဘာဝပဲလေ ဟုတ်တယ်ဟုတ်?ဆိုတော့ ဒီတစ်ခါမှာတော့ ယောင်္ကျားလေးတွေ ကိုယ့်ကိုရူးသွပ်မတတ်စွဲလမ်းနေစေဖို့ မိန်းကလေးတွေ လိုက်နာရမယ့် အချေနည်းတွေကို စုစည်းဖော်ပြအကြံပြုလိုက်ပါတယ်။ ။ 1.သူ့၇ဲ့ဖုန်းခေါ်သံကြားတိုင်း အပြေးအလွှားသွားကောက်ကိုင်နေစရာမလိုပါဘူး။သင့်မှာလည်း မအားလပ်တဲ့အချိန်ဆိုတာ ရှိအုံးမှာပဲလေ…။ 2.msgတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် တရစပ်ဖြေနေတာမျိုးထက် လိုရင်းတိုရှင်းပဲဖြေပါ။ 3.ကိုယ့်ကိုလာရှိတ်နေတဲ့စာကို ချက်ချင်းရပလိုင်းပြန်တာထက် နာရီဝက်၊တစ်နာရီလောက်ခြားပြီးမှ ပြန်ပါ။မဟုတ်ရင် ကိုယ်ပဲ သူစကားလာစပြောမှာကို စောင့်နေတဲ့အတိုင်း အထင်ခံရနိုင်တယ်လေ…။ 4.”နောက် ၅မိနစ်အတွင်း သင်ဘာလုပ်မလဲ?’’ဆိုတဲ့ အဆက်အစပ်မရှိ သင့်အချိန်တွေ၊စိတ်ကူးတွေကို စွက်ဖက်လိုတဲ့ မေးခွန်းမျိုးကို ဖြေနေစရာမလိုပါဘူး။လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါ။ 5.သင်ခုချိန်မှာ ဘာလုပ်နေမလဲ?ဘယ်မှာရှိနေနိုင်မလဲ?ဘသူနဲ့ရှိနေလောက်သလဲ?? အစရှိတဲ့ မေးခွန်းအကြောင်းအရာတွေကို သင့်ကိုသဘောကျချစ်နှစ်သက်သူတွေကို တွေးစေပြီး ပူပန်နေစေပါလေ။ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းတစ်ခုလုံးကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ထားတဲ့စာအုပ်တစ်အုပ်လို ဒလဟောကြီးဖွင့်ပြနေတာတော့ မဟုတ်သေးဘူးလေနော်…။ 6.သူ့ပရိုဖိုင်းအောက်မှာပဲ တ၀ဲလည်လည်ဖြစ်နေတာမျိုး၊မလိုအပ်ပဲ သူ့TIMELINEမှာစာသွားရေးတာမျိုး၊အမြဲလိုလိုသွားမန့်တာမျိုးတွေ မလုပ်ပါနဲ့။အချိန်တခဏတော့ စိတ်ထိန်းလေနော်….။ 7.သင်နဲ့စကားပြောရတာ […]
အခုရက်ပိုင်း ဝေဖန်မှုများနေတဲ့ လက်နက်ရောင်း တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး စမိုင်းလ် ပြောပြီ
ပရိတ်သတ်ချစ်ခင် နှစ်သက်မှူကို အပြည့်အဝ ရထားတဲ့ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ Facebook အကောင့်တစ်ခုက အခြေအမြစ်မရှိတဲ့ သတင်းတစ်ခုဟာ မျှဝေမှုတွေ များလာခဲ့တဲ့အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ရှိလာနိုင်လို့ စမိုင်းလ် ကတော့ အခုလို ဖြေရှင်းလိုက်ပါတယ်။ ” အခုလိုလူတိုင်းစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန် လက်နက်သွင်းတယ် ဆေးရောင်းတယ်ဆိုပြီးကြုံတုန်းအပုပ်ချဖို့ကြိုးစားနေတဲ့သူတွေကို အံ့လည်းအံ့ဩမိပါတယ်။ သေနတ်ဆိုလို့သရက်သီးသနပ်ပဲရှိတယ်နော်။ သူတစ်ပါးကိုသေစေနိုင်တဲ့လက်နက်နဲ့ဆေးရောင်းပြီးချမ်းသာလာတဲ့အပူစာတွေစားမိရင် စားသမျှအဆိပ်သင့်ပြီးသေပါစေကျိန်ရဲပါတယ် လူတွေအပေါ်အတတ်နိုင်ဆုံးကူညီနေတာတောင် ချမ်းသာလို့အမြင်ကတ်တဲ့သူတွေရှိနေတာတော့လည်း… ဟင်း သိပ်သိနေရင်လည်းပြပါလားသက်သေ ခုလိုစာလေးရေးပြီးမနာလိုတာတွေဖုံးမရဖိမရဖြစ်နေတဲ့လူတွေရဲ့စိတ်ဓါတ်ကတော့ကြောက်စရာတော်တော်ကောင်းနေပြီ။ ကိုယ့်ကိုတောင်ဘယ်တော့လာခေါ်မလဲဆိုပြီးကြောက်နေရတဲ့ဘဝမှာ အချင်ချင်းသွေးခွဲစေမဲ့စာတွေကိုမယုံကြပါနဲ့ရှင်” ဆိုပြီး စမိုင်းလ် က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပြီး ဖြေရှင်းထားပါတယ်။ \ Photos – MC / Amazing Grace / Original […]
နေ့နံအလိုက် အချစ်ရေး အိမ်ထောင်ရေး ကံခေတတ်သော အသက်အရွယ်များ
မြန်မာ့လက်ဆန်းဗေဒင်ပညာဖြင့် အချစ်ရေးနှင့် အိမ်ထောင်ရေးရာ ကံဇာတာ အားနည်းတတ်သော အသက်ပိုင်းများကို ကိုယ်တိုင်တွက်စစ်သတိပြုနိုင်သည်။ မန်မာ့လက်ဆန်းဗေဒင်ပညာရပ်များထဲမှ သေသဝိဇ္ဇာပညာရပ်သည် အသက်ပိုင်းလိုက် အလွယ်တကူ တွက်စစ်သတိပြုနိုင်သော ပညာရပ်ကြီး တစ်ခုလည်းဖြစ်သည်။ သေသဝိဇ္ဇာ ပညာရပ်ဖြင့် နေ့သားအလိုက် အချစ်ရေး၊ အိမ်ထောင်ရေး ကံခေ ကံညံ့တတ်သော အသက်ပိုင်းများကို အောက်ပါအတိုင်း တွက်စစ်ကြည်နိုင်သည်။ တနင်္ဂနွေနေ့ဖွားများအနေဖြင့် အသက်ကိုတည် (၇) ဖြင့်စား၍ (၄) ကြွင်းသော အသက်ပိုင်းများ ဖြစ်သည့် ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉ နှစ် ….စသောအသက်ပိုင်းများတွင် မေတ္တာရေး အိမ်ထောင်ရေး အားနည်းလှသော အသက်ပိုင်းများဖြစ်သည်။ အထူးသဖြင့် နာမည်တွင် စေနေနံ (တ၊ ထ၊ ဒ၊ ဓ၊ န) ဖြင့် အဆုံးသတ် မှည့်ခေါ်ထားသူများအနေဖြင့် ပိုမိုသတိပြုရမည့် အသက်ပိုင်းများဖြစ်သည်။ […]
သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ…ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ်
သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ…ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ် နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက် သေဆုံးသွားသည်။ သူ … ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ။ လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်။ နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။ သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့ အချိန်တန်ပြီ” မိန်းကလေး —“ဟင် … မြန်လိုက်တာ …သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီးကျန်သေးတယ်” သေမင်း —“တကယ်စိတ်မကောင်းပါဘူး။အချိန်မရှိတော့လို့ပါ …” မိန်းကလေး —“ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?” သေမင်း -“မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ” မိန်းကလေး –“သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ […]