သူငယ်ချင်းတို့ရေ တနင်္လာ သားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေကို ပြောပြမယ်နော်။ မိမိချစ်သူက တနင်္လာ သားသမီးဆိုရင် သူတို့ စိတ်လေးတွေကို နားလည်တော့ ပိုကောင်းတာပေါ့။ တနင်္လင်္ာ သားသမီးများ ( ၁ ) ဉာဏ်အလွန်ကောင်းပါတယ်။စကားအပြောအဆိုငြင်သာပြီးဉာဏ်ရည်မြင့်တဲ့သူတွေဖြစ်ပါတယ် ။ ( ၂ ) အရမ်း ကို ခံစား လွယ်ပြီး ထိခိုက်လွယ်တဲ့သူတွေပါ။ သေးသေးလေးတွေက အစ အရမ်း ခံစားပြီးဝမ်းနည်း လွယ်တဲ့ သူတွေဖြစ်ပါတယ် ။ ( ၃ ) မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူတူ အချိန်ဖြုန်းရတာ၊ တွေ့ဆုံရတာမျိုးကို အရမ်းနှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ မိသားစု၊သူငယ်ချင်းတွေ အပေါ်သံယောဇဉ် ကြီးတဲ့သူတွေဖြစ်ပါတယ် ။ ( ၄ ) ငြိမ်းချမ်းခြင်းကိုလိုလားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးတဲ့သူတွေဖြစ်ပါတယ် ။ […]
Day: March 2, 2021
ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကို တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့ အဖြစ်
ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကို တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့ အဖြစ် “မရဘူး….ရှင့်ကို ရာအိမ်မှူးနဲ့ကို တိုင်မှာ” “မိန်းမကလည်းကွာ… ငါက ချစ်လို့စတာကို လာပါ ပြန်ရအောင်” “မပြန်ဘူး မပြန်ဘူး… ရှင့်ကို တိုင်ကိုတိုင်မှာ အဲဒါမှ ရှင် နောက်မလုပ်ရဲမှာ” ရုံးရှေ့က ဆူဆူညံညံ အသံတွေကြောင့် ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်မိတော့ မျိုးချစ်နဲ့ သူ့မိန်းမ ပေါက်ကြီး ပေါက်ကြီးဆိုတာက တစ်နှစ်တစ်ယောက် မှန်မှန်မွေးနေကျမို့ ပေါက်ကြီးလို့ခေါ်တာ။ အမြဲတမ်း လင်မယားတကျက်ကျက်နဲ့ ရန်ဖြစ်နေတာတောင်ပေါက်ကြီးတို့လင်မယားက တစ်နှစ်တစ်သားတော့ပုံမှန်ပေါက်နေကျ အခုလည်း ကလေးတစ်ယောက်က လက်မှာ တွဲလောင်းဆွဲလို့ ဗိုက်ထဲမှာက တစ်ယောက်နဲ့…အဲဒါလည်း ခုထိ အဖြေထုတ်လို့ မရသေးတဲ့ ပုစ္ဆာ “ရာအိမ်မှူးရေ… ရာအိမ်မှူးတပည့်နဲ့ကျွန်မကို ကွာရှင်းပေးပါ” “ဘာဖြစ်လာပြန်ပြီလဲဟာ နင်တို့လင်မယားကလည်း အမြဲတမ်းရန်ဖြစ်မယ်လို့များ တွေးထားသလား… […]
ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလိုအချက်တွေကြောင့်ပါ…
ချစ်မိတဲ့အခါ ပျော်ရွှင်ရတာ ဒီလိုအချက်တွေကြောင့်ပါ… ကမ္ဘာကြီးက အချစ်တွေနဲ့မို့သာ လည်ပတ်နေတာပါ။ အချစ်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးက အမြဲ ပျော်ရွှင်နေရသလားဆိုတော့ မပျော်ရွှင်ရပါဘူး။ ဒါပေမယ့် အချစ်ကို တွေ့ရှိသွားတဲ့ ချစ်ရတဲ့သူနဲ့ အပြန်အလှန်ချစ်ကြတဲ့သူတိုင်းကတော့ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ ဒီအချက်တွေကနေ ဘာကြောင့် ချစ်မိတဲ့အခါ ပျော်ရွှင်ရလဲဆိုတာကို သိနိုင်မှာပါနော် …။ ချစ်မိလို့… အဓိက အကြောင်းအရင်းကြီးကတော့ ချစ်နေလို့ပါပဲ။ လူတွေက ချစ်စိတ်ဝင်လာတဲ့အခါ ဘယ်လို အကြောင်းအရာမျိုးကိုမဆို အပြစ်မြင်ဖို့ဝန်လေးလာတာကြောင့် ပိုပြီး အမြင်ကြည်လင်ကြပါတယ်။ အပြစ်မမြင်ပဲ ချစ်စိတ်တွေ ရှိခြင်းကြောင့် ပိုပြီး ပျော်ရွှင်စရာ ဖြစ်ရပါတယ်။သူ့ကို ကြည့်နေရင်းကို အလိုလို ပျော်နေမိတာမျိုးက ချစ်တဲ့စိတ်ကြောင့် ဖြစ်ပါတယ် …။ နားလည်နိုင်လို့… လူတိုင်းက မပြည့်စုံပါဘူး။ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပါတယ်။ လူ့သဘာဝအရတော့ အားနည်းချက်ရှိတာကို […]
လမ်းပေါ်မှာဖုန်းစစ်ရင် ဘယ်လိုလုပ်ရမလဲအကြံပေးချက်ပါ။သေချာဖတ်ထားကြပါ
လမ်းမှာ တွေ့တဲ့သူ ရပ်ခိုင်းပြီးဖုန်းတွေ စစ်တယ်လို့သတင်းတွေကြားတယ်ဗျ၊ အဲ့ဒါ စောက်ပြသနာအကြီးကြီးရှိတယ်၊ (ဖုန်းထဲက အချက်အလက်ပေါ်မူတည်ပြီး တပ်ချင်တဲ့ ပုဒ်မတပ်လို့ရသွားပြီ) ဥပဒေနှင့်အညီတွေဘာတွေ အယုံအကြည်မရှိတော့ပေမယ့် လိုအပ်လိုလိုအပ်ငြား လုပ်ထုံးလုပ်နည်းအတိုင်း အကြံပေးပါ့မယ်။ လုပ်ရမှာကတော့ ၁။ ဖုန်းကို pattern lock ချထားပါ , face id တွေ လက်ဗွေတွေ မလုပ်ထားပါနဲ့ ၊ ၂။ ဖြစ်နိုင်ရင် data တွေကို cloud မှာပဲ ထားပါ ၊ (လိုအပ်ရင် အမြန်ဖျက်နိုင်အောင်လို့) ၃၊ facebook account ကို app ဖျက်ပြီး browser နဲ့ သုံးပါ၊ ၄၊ ဖုန်းလာသိမ်းရင် လုံးဝမပေးပါနဲ့၊ (လုံခြုံရေးအရ စစ်ဆေးတာဘာညာဆိုလည်း ကိုယ့်privacyအရ ဖွင့်မပေးနိုင်ကြောင်းရယ်၊ သိမ်းချင်ရင် […]
ဒီလိုချစ်သူမျိုးက သင်ကိုဆုံးရှုံးရမှာကြောက်လို့ တွေးပူနေတတ်တဲ့ ချစ်သူမျိုးပါ…
သင်ဇာတာမှာ ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ
သင်ဇာတာမှာဘယ်လိုအိမ်မျိုးနဲ့နေရမလဲမိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ ၁ ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့်အကျိုးပေးအားနည်းတတ်သည်မကြာခဏပြောင်းရွှေ့နေထိုင်ရသောသူများဖြစ်တတ်သည် တစ်နေရာတည်း၌အခြေချရန်ခက်ခဲတတ်သည်။အိမ်၌စွဲမြဲစွာနေလျှင်လည်းကျန်းမာရေးညံ့လာတတ်ပေသည် ၂ ကြွင်းသော်တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင်မနေနိုင်သောအိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။ခမ်းနားထည်ဝါသောအိမ်ကြီးများ၌နေထိုင်ရတတ်သည်ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင်အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက်ချမ်းသာလာနိုင်ပေသည် ၃ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရတတ်ပေသည်။အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေစီးပွားတက်လေလေ။အိမ်ကိုအကြောင်းပြု၍စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည် ၄ြ ကွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်ကံပါသူဖြစ်သည် ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့်စီးပွားတက်၍လည်းကောင်း ဆုရခြင်းမဲပေါက်ခြင်း လက်ဆောင်ရခြင်းကြီးကဲသူတို့ကချီးမြှင့်ခြင်းကြောင့်လည်းကောင်းအိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည် ၅ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်ကံနည်းပါးသည်မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။အိမ်မှာနေလျှင် အလုပ်များအဆင်မပြေခြင်းပူပင်များရခြင်းမျာကြုံရတတ်ပေသည်။အိမ်နှင့်အလုပ်ကို တွဲ၍မထားသင့်သော ဇာတာရှင်များဖြစ်သည် ၆ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရန်ကံပါလာသူများဖြစ်သည်ထူးခြားဆန်းပြားသောပုံစံဒီဇိုင်းရှိသည့်အိမ်များ၌နေထိုင်ရမည်အိမ်ကြီးအိမ်ကောင်းများတွင်နေထိုင်ပြီးစီးပွားတက်မည်ဤသူများနေထိုင်ရာအိမ်တွင်အများစိတ်ဝင်စားဖွယ်ရာထူးထူးခြားခြားရှိနေတတ်သည် ၀ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန်ကံနည်းပါးတတ်သည်အိမ်ကြီးအိမ်ကောင်းကိုပိုင်ဆိုင်ထားပြီအခြားတစ်ပါးတွင် နေထိုင်ရတတ်သည် မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏အိမ်တွင်နေရတတ်သည်မကြာခဏပြောင်းရွှေ့နေထိုင်ရန်ဇာတာပါလာသူများဖြစ်သည် (ဆရာ ဇင်ယော်နီ ၏ရွှေအိမ်တော် အဖွင့်ကျမ်း “မှ,,မျှဝေပါသည်)စရဏ~ကျော်ဉာဏ်သိန်း09440032699Viber credit
ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးပါဆိုလို့ … တင်ပေးလိုက်ပါပြီ ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးဆိုလို့ပါနော် သံပုယိုသီ3းလုံး, ကြက်သွန်ဖြူအတက်ကြီး5တက်, ဂျင်းအနေတော်အတက် တစ်တက် ပထမဆုံး သံပုယိုသီးကို 4စိတ်ထိုး, ကြက်သွန်ဖြူ5တက်အခွံခွါ, ဂျင်းကိုအခွံခွါ ပါးပါးလှီး!! ရေ2လီတာ ပွက်ပွက်ဆူထဲကို ခုနကလှီးတာတွေထည့်ပီး နာရီဝက်ပြုတ် ပီးရင်အဖတ်တွေဆယ်ပီးပစ်လိုက်ပါ!! အရည်ကိုအအေးခံပီး အစာမစားခင်နာရီဝက်အလိုမှာ ဖန်ခွက်တစ်ခွက်စာသောက်ပေးပါ!! တစ်နေ့3ကြိမ်ပေါ့!! တစ်ပတ်ကြာရင် ဗိုက်ပြုတ်သွားပါတယ်တဲ့။ ကျမလဲအခုမှလုပ်ကြည့်တာပါ ချစ်တို့လဲ လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်ရှင် Credit Unicode Version ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးပါဆိုလို့ … တင်ပေးလိုက်ပါပြီ ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးဆိုလို့ပါနော်!! သံပုယိုသီး3လုံး, ကြက်သွန်ဖြူအတက်ကြီး5တက်, ဂျင်းအနေတော်အတက် တစ်တက်!! ပထမဆုံး သံပုယိုသီးကို 4စိတ်ထိုး, ကြက်သွန်ဖြူ5တက်အခွံခွါ, ဂျင်းကိုအခွံခွါ ပါးပါးလှီး!! ရေ2လီတာ ပွက်ပွက်ဆူထဲကို ခုနကလှီးတာတွေထည့်ပီး နာရီဝက်ပြုတ် ပီးရင်အဖတ်တွေဆယ်ပီးပစ်လိုက်ပါ!! […]
ပျိုမေတို့သိထားဖို့ ဘဝမှာ အချစ်ထက်အရေးပါတဲ့ အရာ(၇)မျိုး…
ပျိုမေတို့သိထားဖို့ ဘဝမှာ အချစ်ထက်အရေးပါတဲ့ အရာ(၇)မျိုး… ယောက်ျားလေးတွေ ဆိုတာ သူငယ်ချင်းပဲ ဖြစ်စေ ချစ်သူပဲ ဖြစ်စေ၊ မကောင်းတာချည်းပဲတော့ မဟုတ်ပါဘူး။ သင့်ကို တစ်ခါတစ်ရံ ပျော်ရွှင်စေနိုင်သလိုအားကိုးရတဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့မိန်းကလေးတွေ ကတော့ သူတို့ရဲ့ ချစ်သူကောင်လေးတွေအပေါ်မှာ အသည်းနှလုံး တစ်ခုလုံးပုံအပ်မိ လိုက်လို့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတာတွေ ရှိပါတယ် …။ အိမ်ထောင်သည်တွေကတော့ နှစ်ယောက် တစ်ဘဝ ထူထောင်ထားလို့ အပူဆိုတာ တန်သလောက် ရှိကြပေမယ့် လွတ်လပ်နေသေးတဲ့ အမျိုးသမီးလေးတွေကတော့ချစ်သူယောက်ျားတွေ အတွက် အပူသည်လို ဖြစ်မနေသင့်ဘူးလို့ အကြံပေးပါရစေ …။ ဒါကြောင့် ဘဝမှာ ယောက်ျားတွေ၊ အချစ်တွေထက် အရေးကြီးတဲ့ အရာတွေ အကြောင်း ကို ပြောပြပေးလိုက်ပါတယ်နော် ….။ (၁) ကိုယ့်ရဲ့ […]
တဖက်သက် အချစ်ဆိုတာက အရမ်း ခံစားရပါတယ်
တစ်ဖက်သက် အချစ်ဆိုတာက အရမ်း ခံစားရပါတယ် ကိုယ့်ဆီကို မလာချင်တဲ့ လူတယောက်ကို အတင်းဆွဲခေါ်နေရတာ ပင်ပန်းပါတယ်။ မာန နဲ့ အရှက် သိက္ခာတွေ အောက်ကျ နောက်ကျ ဖြစ်ပြီး တွယ်ကပ်နေ ရတဲ့ ကိုယ့် အဖြစ်ကိုယ် တခါ တခါ တော်တော်လည်း ရှက်မိတယ်။ သူ့ကို သိပ်ချစ်လွန်းလို့ သူ့အချစ်ကို ရဖို့ ကြိုးစားနေရတာ။ သူ့ဘက်ကတော့ အသိမှတ်ပြုဖို့ နေနေသာသာ မသိချင်ယောင်တောင် ဆောင်လို့။ သူ့ကို ချစ်နေရတာ စိတ်ပင်ပန်း ရတယ်။သူ့စိတ်က ကိုယ့်ဆီမှာမှ မရှိပဲ။ သူ့ကို ကိုယ့်ဘက်က ဘယ်လောက် ထိတောင် တစ်ဖက်သတ်ကြီး ချစ်နေလည်းကိုယ့်ရဲ့ အချစ်က သူ့အတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံထက် ပိုမယ် မထင်ဘူး။သူနဲ့ အဝေးဆုံး အရပ်မှာပဲ ကျန် […]
စနေသားသမီးလေးတွေ အကြောင်းတစေ့တစောင်း…
စနေသားသမီးတွေက လူ့ ဘဝကို စရောက်ပီ ဆို ကတည်းက စိတ်ကြီး တတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထု တစ်ခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်(အများစုတော့ မဟုတ်ပါ) …။ ပြောချင်တဲ့ စကားကို သွယ်ဝိုက် မပြောတတ်ပဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းသာ ပြောတတ်တယ် …။ အစွဲအလန်းကြီးတယ်။ အမှတ်တရတွေကို သတိရနေ တတ်တယ်။ ကိုယ့်အပေါ်ကောင်းတဲ့ လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ် ကြဘူး။ ဒေါသကြီးရင် လည်း သူများနဲ့ မတူအောင်ပါပဲ …။စိတ်ကြီးတယ် မဟုတ်မခံ တတ်ဘူး။ အချိန်ခနလေးနဲ့ ဒေါသ အရမ်းထွက်တတ်ပေမယ့်ဟုန်းခနဲထတောက်တဲ့ မီးလိုဒေါသတွေ ကခနပဲ ကြာကြာတော့ စိတ်ထဲ မထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ် …။ သနားတတ်တဲ့ စိတ်ထားရှိကြပါတယ်။ […]