ၾကားသိရသမွ်

WIFI အင်တာနက်လိုင်းတွေကို မနက်ဖြန် မတ်လ (၁၈)ရက်နေ့ကစပြီး ပိတ်မည်….

Wifi အင်တာနက်လိုင်းတွေကို မနက်ဖြန် မတ်လ (၁၈)ရက်နေ့ကစပြီး ပိတ်မည် မြန်မာနိုင်ငံက Wifi အင်တာနက် ဝန်ဆောင်မှုတွေကို မနက်ဖြန် မတ်လ ၁၈ ရက်နေ့က စပြီးတားဆီး ပိတ်ပင်သွားဖို့ ညွှန်ကြားမှုတွေရထားကြောင်း အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေ ကတစ်ဆင့်သိရပါတယ်။ ဘယ်နှစ်ရက် ကန့်သတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ မတ်လကုန်လောက်အထိ ဖြစ်နိုင်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကလည်း မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားခဲ့ပြီးတော့ ဘယ်တော့ပြန်ရမယ်ဆိုတာကို မသိရသေးပါဘူး။ အရင်ရက်တွေက နေ့စဉ် မနက် ၁ နာရီကနေ ၉ နာရီအထိ အချိန်ပိုင်း မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားခဲ့ပါတယ်။ သတင်းစီးဆင်းမှုတွေနှေးအောင်အခုလို ဖြတ်တောက်တာလို့ ယူဆရကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။ Source : #BBC (မှတ်ချက် : […]

ၾကားသိရသမွ်

အနုပညာရှင်ဦးဇာဂနာက ယနေ့ မတ်လ ၁၇ ရက် facebook မှာ ရေးလိုက်တဲ့စာ

အနုပညာရှင်ဦးဇာဂနာက ယနေ့ မတ်လ ၁၇ ရက် facebook မှာ ရေးလိုက်တဲ့စာ လုပ်စရာကိုပဲ လုပ်တယ်။ပြော သင့် တဲ့ အချိန်မှာပြောတယ်။မီဒီယာ က အင်တာဗျူးရင်တောင် ဖြေဖို့ ငြင်းတတ်တယ်။ ဆိုလိုတာ က အားအားလျားလျား လျောက်ပြောမနေဘူး။ဒီပွဲစကထဲက ၊ဇာဂနာ့ နာမည်ကို အမျိုးမျိုးသုံးပြီး ရေးချင်ရာရေးခဲ့ကြတာ အများကြီးပါ။တခါမှမရှင်းဘူး။ကိုယ်မရေးတာကိုယ်သိတယ်။ ဇာဂနာဘောမ တို့၊ငကြောက်တို့၊စသဖြင့်ရေးနေစော်ကားနေတာတွေလဲ သိတယ်။ ခွေးဟောင်လို့ တောင်မရွေ့ဘူး ဆိုပြီး၊တခါမှပြန်မရေးဘူး။ ခုတခါလဲ တိုင်းရင်းသားအရေးဆိုပြီးရေးပြန်ရော၊share ကြသူတွေရော၊Likeကြသူတွေရော၊ဇာဂနာ ဂတုန်း မသေသေးဘူးလားဆိုတာတွေရော၊ကျွန်တော့ CB လာလာပို့တာမြင်ရတယ်။ဇာဂနာ့ပုံကိုယူသုံးပြီး pageထောင်တာလဲ တွေ့ရတယ်။ ဇာဂနာဆိုတာ တနိုင်ငံလုံး အပေါက်ပိတ်နေချိန် မှာ လူရှေ့ထွက်ဝေဖန်ခဲ့သူပါ။ခိုးကြောင်ခိုးဝှက် ရေးနေပြောနေတတ်သူမဟုတ်။ ကိုယ်လုပ်တာလူသိအောင် ဆိုင်းဘုတ်မထောင်ပါ။ အခု ဇာဂနာ့နာမည်အလွဲသုံးစားလုပ်ရေးနေ၊ပြောနေ၊ရှယ်နေကြသူများလဲ၊ဆက်လုပ်ကြပါ။ခင်ဗျားတို့မှာ ကိုယ်ပိုင်သတ္တိ၊ကိုယ်ပိုင်အရည်အချင်းမရှိလို့၊ကျွန်တော့နာမယ်သုံးနေရရှာတာကိုး။ နောက်မှ ဇာဂနာ ရေလည် […]

အခ်စ္ေရး

သူရယ် ကျွန်မရယ် အေးစက်မှုတွေရယ်

သူရယ် ကျွန်မရယ် အေးစက်မှုတွေရယ် သူနဲ့ကျွန်မကြားမှာ အရင်က နွေးထွေးမှုလေးပဲရှိခဲ့တာပါ … ကိုယ်မရီနိုင်လောက်အောင် ဖြစ်နေတဲ့အချိန်တွေဆို သူက ရီအောင်အမြဲစပြီး ဟာသတွေပြောခဲ့ဖူးတယ်လေ … သူ အဆင်မပြေတဲ့အချိန်တွေဆိုရင်တော့ သူ့အလိုကျ တိတ်ဆိတ်နေခဲ့ပြီးတော့ ကျွန်မ အလိုက်သိပေးခဲ့တယ် စကားတွေ ပြောစရာမရှိရင်တောင် တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း ကျွန်မတို့ အချိန်တွေ ကျော်ဖြတ်ခဲ့ဖူးတယ် အဲ့ဒီအချိန်တွေမှာတော့ ကျွန်မ အချစ်ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ဖူးတဲ့အထိကို ပျော်ရွှင်ခဲ့ရဖူးပါတယ် ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်သလို အနားမှာရှိပေးခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်ပါတယ် … ခုလောလောဆယ်တော့ ကိုယ့်အနားကျန်ခဲ့တာဆိုလို့အေးစက်မှုလေးတွေရယ် အထီးကျန်မှုလေးတွေရယ် မျက်ရည်တွေပဲ ကျန်နေခဲ့တော့တယ် သူ အရင်လို ကျွန်မအနားမရှိတော့ဘူး ပြောစရာတွေရှိလာရင်တောင် ကျွန်မခေါ်နေကျ သူ့ဖုန်းလေးတွေ မအားတော့ဘူးလေ .. ကျွန်မ လွမ်းနေတဲ့အခါ အရင်ကလို လွမ်းတိုင်းပြေးတွေ့မယ်ဆိုတဲ့သူက ကိုယ်မျှော်နေမလားလို့မတွေးတတ်တော့ဘူး အမှတ်မရတော့ဘူးထင်ပါတယ် […]

ၾကားသိရသမွ်

“မေမေမပူနဲ့ သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်” သူရဲကောင်းလေး ခန့်အောင်ဖြိုး သူ့မေမေကို နောက်ဆုံးပို့ခဲ့တဲ့စာလေး

“မေမေမပူနဲ့ သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်” သူရဲကောင်းလေး ခန့်အောင်ဖြိုး သူ့မေမေကို နောက်ဆုံးပို့ခဲ့တဲ့စာလေး သူငယ်ချင်း ခန့်အောင်ဖြိုး သူ့မေမေဆီနောက်ဆုံးပို့ခဲ့တဲ့စာလေး “မေမေလည်းမပူနဲ့ သားလည်းမပူဘူး စိတ်ချပါ သားကိုသားလှူထားပြီးသားနိုင်ငံအတွက်ရဲဝံ့မယ်။ဘုရားရှင်ခေတ်မှာ ရဟန်းဝတ်မယ်ငရဲခေတ်မှာ လူသတ်မယ်”😔😔😔😔😔😔😔😔😔😬😔😔😔😔 တဲ့ သွေးသားမတော်စပ်တဲ့ ကိုယ်တွေတောင် မျက်ရည်ပေါက်ကြီးငယ်ကျနေတာ😭 မိသားစုတွေ နှလုံးသားတွေကြွေမွပျက်စီးနေပါပြီ😭💔 ယုဇနဥယျာဉ်ပုဏ္ဏမီ မှာ Headshot ထိပီးကျဆုံးသွားတဲ့ ၁၉ နှစ် Civil First Year ကျောင်းသားပါ သူရဲကောင်း ခန့်အောင်ဖြိုး၊ ပညာတတ်တွေ ဆုံးရူံးခဲ့ရပြီ။ မိခင် – ရှူးတိုးတိုး ကျမသားလေး ဒီမှာရှိနေတာ ဘယ်သူမှမပြောပါနဲ့ သူတို့တွေ လာဆွဲလိမ့်မယ် မောင်လေး -မေမေသားပြန်လာရင်ကြက်ကြော်စားမယ်နော် အမေတစ်ခု သားတစ်ခု ဘယ်လောက်တောင်ချစ်ကြရှာမလဲ သှေးမတျော သားမစပျဘဲ ဘေးကနေ ကွားရတဲ့ ကမြတို့အဖျို့ တောငျ […]

ကြားသိရသမျှ

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေက ပုံပြင်လား ရာဇဝင်လား

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေက ပုံပြင်လား ရာဇဝင်လား ” ပုံပြင်လား ရာဇဝင်လား ” ၁၆.၃. ၂၀၂၁ ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ။ CDM ဆက်လုပ်မယ်ဆိုရင်၁၂ နာရီနောက်ဆုံးထားပြီး အဆောင်မှ ဖယ်ပေးရမယ်တဲ့။ နံနက် ၉ နာရီလောက်မှာ အကြောင်းကြားလာ။ ခြံထဲ ရောက်နေတော့ မိန်းမဆီ ဖုန်းဆက်။ အထုပ်အပိုးပြင်ပေါ့။ အိမ်ကလည်းအပြီးမဆောက်နိုင်သေးတော့ နေလို့မရသေး။ လွန်ခဲ့တဲ့ ၂၅ နှစ်က တပည့်မကြီး ‘မလှ’ ထံ ဖုန်းဆက်။ အခြားတပည့်များ မိတ်ဆွေများထံလည်းဖုန်းဆက်။ ‘အမေဇင်’ ‘အားအား’ ‘ပိုင်မှူး’တို့ရောက်လာ။ အထုပ်အပိုးဝိုင်းသိမ်း။ မအင်ကြင်းသန်းလှိုင်နဲ့ဆောင်ထီ့ခလိန်းသန်းလှိုင် သားအမိ ‘အမေဇင်’ တို့အိမ် အထုပ်အပိုးတွေနဲ့လိုက်သွား။ မိန်းမ ခြံထဲလိုက်လာ။ ၁၀ နာရီ ၂၀ မိနစ် ဆုတ်ခွာနိုင်။ မပြီးသေးတဲ့ အိမ်ရဲ့ […]

အခ်စ္နွင့္ဘဝ

အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိလာနိုင်

အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိလာနိုင် ချစ်သူ(သို့)အိမ်ထောင်သည်ဘ၀မှာ တစ်ဦးနဲ့တစ်ဦးမခွဲအတူရှိနေတာ ဟာ ပျော် စရာကောင်းတယ်ဆိုပေမယ့်လည်း အမြဲတမ်း အချိန်ပြည့်အတူရှိနေလွန်းပြန်ရင် လည်း မကောင်းပါဘူး။ အိမ်ထောင်သည်ဘ၀ဆိုရင်တော့ မနက်မိုးလင်းတည်းက ဒီမျက်နှာ ၊မနက်စာစားလည်းအတူ၊ရေချိုးလည်းအတူ၊ထမင်းစားလည်းအတူ အဲ့ဒီ လိုအချိန်ပြည့်တစ်တွဲတွဲဖြစ်နေတာဟာလည်း အဲ့ဒီ Relationship အတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ တစ်အိမ်တည်းအတူနေတဲ့ လင်မယားတွေဆိုရင် လည်း အလုပ်ကနေ အိမ်၊အိမ်ကနေ အလုပ်ဖြစ်နေပြီး၊အားလပ်ရက်မှာလည်း သူငယ်ချင်းတွေနဲ့မတွေ့ဖြစ်ပဲ နှစ်ယောက်တည်းပဲ အတူနေတာကြာလာရင် တခြားအရာတွေမဆိုထားနဲ့ ကိုယ့်ကမ္ဘာဟာ နှစ်ယောက်တည်းရှိတာလားလို့ ညည်းငွေ့စိတ်ပါလာတဲ့ အတွေးမျိုးတွေးမိလာတတ်ပါတယ်။ သမီးရည်းစားစုံတွဲတွေမှာလည်း အဲ့လိုပါပဲ။ဒီလူနဲ့ပဲအမြဲတမ်းအချိန်ကုန် ဒီလူနဲ့ပဲ အမြဲတွေ့နေရင် စိတ်ထဲမှာ အဲ့ဒီလိုအတွေးမျိုးတွေးမိလာတတ်ပါတယ်။ ဒီလိုေ တွးမိလိုက်လို့ “ငါတစ်ခုခုမှားနေလားလို့’တော့ မထင်ပါနဲ့။ဒါဟာ Normal Case ဖြစ်တတ်တဲ့ပုံမှန်သဘာဝတစ်ခုပါ။ လူဆိုတာ အမြဲတမ်းတစ်ယောက် တည်းနေလို့မရသလို တစ်ခါတစ်လေမှာလည်း […]

ဗဟုသုတ

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာ အကြောင်း

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာ အကြောင်း ကျမ ရောင်းတဲ့ “လှိမ့်ဝင် တည်သုံး” အဆောင်အကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။ တစ်နိုင်ငံလုံးစိတ်ဝင် စားနေကြတဲ့ လှိမ့်ဝင်တည်သုံးယတြာက ကျွန်တော်စ ခဲ့တဲ့ ဇာတ်လမ်းပါ ။ အဖြစ်က ဒီလိုပါ ။ လှိမ့် ဝင် တည် သုံး ၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိ မ်လေးနေရာမှာ အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတ ယ်လို့ ပြောပါတယ်။သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို……… အဲ့… သူ့အိမ်ရှေ့အဝင် ဝ မှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက် လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာေ တွ့ရ ပါတယ်…… မေးကြည့်တော့ လှိမ့် […]

အခ်စ္နွင့္ဘဝ

ချစ်နေပေမယ့် ဖွင့်ပြောမှာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ လက္ခဏာရပ်များ

ချစ်နေပေမယ့် ဖွင့်ပြောမှာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ လက္ခဏာရပ်များ ကိုယ့်ကို လူတစ်ယောက်က ကြိတ်ပြီး ကြိုက်နေသလားဆိုတာ အမျိုးသမီးတော်တော်များများ မသိနိုင်ကြပါဘူး။ အကြောင်းကတော့ ကြိတ်ပြီး ကြိုက်တဲ့သူမှာ သင် မသိအောင် လျှို့ဝှက်ထားတာတွေ အများကြီးပါ။ ဒီတော့ ကိုယ်တိုင်က သတိထားမိမှ သိနိုင်မှာပါ။ မိန်းကလေးတစ်ယောက်ကို ကြိတ်ခိုက်နေတတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ လက္ခဏာတွေကို auntymay က ဖော်ပြပေးလိုက်ပါတယ်။ (၁) အနီးအနားမှာ ရှိနေတတ်တယ် လူတစ်ယောက်ကို အခြားတစ်ယောက်က သဘောကျပြီဆို အဲဒီလူက ကိုယ်သဘောကျတဲ့လူအနားကို အကြောင်းပြ ချက် အမျိုးမျိုးနဲ့ ချဉ်းကပ်နေမှာပါ။ သူငယ်ချင်းတွေထဲမှာ ကိုယ်နဲ့အနီးအနား အများဆုံးရှိနေတတ်တဲ့ ကောင်လေးတွေ ဆိုရင် နည်းနည်းသတိထားကြည့်လိုက်ပါ … အောက်ပါအချက်တွေနဲ့ ကိုက်ညီရင် သင့်ကို ကြိုက်နေလို့ပါဘဲ။ (၂) အကြောင်းစုံ အကုန်သိဖို့ ကြိုးစားတယ် […]

အချစ်နှင့်ဘဝ

သင့်ကို အမြဲလွမ်းပြီး ဖုန်းခဏခဏခေါ်စေချင်ရင် ဒါတွေ လုပ်ကြည့်ပါ

သင့်ကို အမြဲလွမ်းပြီး ဖုန်းခဏခဏခေါ်စေချင်ရင် ဒါတွေ လုပ်ကြည့်ပါ ချစ်သူက ဖုန်းမခေါ်ရင်သာ စိတ်ကောက်မယ်၊ဖုန်းခေါ်လို့ စိတ်ကော က်တယ်ဆိုတဲ့ မိန်းကလေးမျိုးတော့ ရှိမယ်မထင်ပါဘူး။ ကိုယ့်ချစ် တဲ့ သူက ခဏခဏဖုန်းခေါ်တာကို(အလုပ်ရှုပ်တဲ့ အချိန်ကလွဲလို့)လူတိုင်း ခံချင်ပါတယ်။ ချစ်သူ့ရဲ့ စိတ်ထဲမှာ အချိန်ပြည့်နေရာယူထား ချင် ရင်၊ ချစ်သူက ကိုယ့်ကို မကြာခဏလွမ်းတာကို ခံချင်တယ်ဆိုရင်တော့ ဒီအတိုင်းကြီးနေလို့တော့ မရပါဘူး။ နည်းနည်းတော့ မာယာပရိယာ ယ်လေးတွေလိုပါတယ်။အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေ ကို သုံးကြည့်ပါ။ ချစ်သူက သင့်ကို လွမ်းပြီး ခဏခဏ ဖုန်းခေါ်စေချင် ရင် လုပ်ရမှာတွေက…. (၁)ချစ်သူကို အံ့သြအောင်လုပ် အရင်ဆုံး သူ့ရင်ထဲမှာ ကိုယ့်ကို လွမ်းတဲ့ စိတ်ဖြစ်လာအောင် လုပ်ရ ပါမယ်။ အဲ့ဒီလို လုပ်ဖို့အတွက် လုပ်ရမှာက ဘာဖြစ်မလဲဆိုတာကို […]

ကြားသိရသမျှ

မန္တလေးကျောင်းတိုက် ဆရာတော်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့် တရားစွဲတင်

မန္တလေးကျောင်းတိုက် ဆရာတော်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့် တရားစွဲတင် မတ် ၁၇ မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်က ဆရာတော်ပညာကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲတင်ခဲ့ပြီး အပြီးသတ် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို မတ်လ (၁၆)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ တရားလိုရဲအုပ်ကျော်ဇေယျက မြစ်ကြီးနားမြို့ ၊ မြို့နယ်တရားရုံးတွင် မတ်လ(၅)ရက်နေ့ တွင် တရားစွဲတင်ခဲ့ပြီး (၉) ရက်နေ့က ပထမကြိမ်မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ လာမည့် မတ်လ (၂၃) ရက်နေ့တွင် တရားလိုရဲအုပ်‌ကျော်ဇေယျကို စတင်စစ်ဆေးမည်ဖြစ် ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေဦးသက်ထွန်းဦးကပြောသည်။ ဆရာတော်ကို ဆန္ဒပြသည်ဟု ဆိုကာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့အကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း သိရသည်။ […]