လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက် (၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်တယ် …။ (၂) ဖုန်း Ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် …။ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ဝမ်းနည်းသွားတယ် ) (၃) သူနဲ့စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်ပါတယ် …။ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ နဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် …။ (၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့ […]
