ၾကားသိရသမွ်

တောင်ဒဂုံမှာကျဆုံးသွားတဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေးရေးခဲ့တဲ့စာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

တောင်ဒဂုံမှာကျဆုံးသွားတဲ့ အသက် (၁၅)နှစ်အရွယ် သူရဲကောင်းမလေးရေးခဲ့တဲ့စာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ ဖေဖော်ဝါရီလကတည်းကနေ အခုချိန်အထိ ကိုယ့်နိုင်ငံအကျိုးအတွက် ကြိုးစားပေးနေတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ထိပ်ဆုံးနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်လေးတွေ ဖြစ်ကြပေမယ့်လည်း အန္တရာယ်ကိုတောင် မကြောက်ရွံ့ဘဲ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို အားလုံးကချီးကျူးနေရတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း အသက် (၁၅)နှစ်အရွယ်သာရှိသေးတဲ့ သူရဲကောင်း မိန်းကလေးတစ်ဦးက ပြီးခဲ့တဲ့ရက်ကပဲ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ သူမကတော့ တောင်ဒဂုံမြို့နယ် (၅၅)ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ပြီး နာမည်ကတော့ “မဇူးဝင့်ဝါ” ပဲ ဖြစ်ပါတယ် ။ အသက်ငယ်သေးပေမယ့်လည်း မြင့်မြတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ခဲ့တဲ့ မဇူးဝင့်ဝါက သူမအသက်ရှိနေတဲ့ အချိန်ကတည်းကပင် ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တာ ဖြစ်ပါတယ် […]

ၾကားသိရသမွ်

ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်

ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက် ဒီကနေ့ ကျွန်တော်ဟာ စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကို သစ္စာဖောက်တယ် ဆိုတာက ကျွန်တော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကျွန်တော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှုအတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုကြီးနဲ့ စွတ်စွဲနေတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ကျွန်တော်တို့[တိုင်းရင်းသား]တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မလုပ်အားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာ၊ မုဒိန်းကျင့်တာနဲ့ သတ်ဖြတ်တာတွေကို ကျွန်တော် ဘဝမှာ မြင်တွေ့ခဲ့ပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဒီကနေ့မှာ လက်နက်မဲ့ပြည်သူတွေကို တိုင်းပြည်နေရာအနှံ့အပြားက လမ်းတွေပေါ်မှာသတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးနေပါတယ်။ ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်တဲ့ ဒီစစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာလည်း […]

ဗဟုသုတ

မိမိစိတ်ထဲ ကံနိမ့်နေတယ်ထင်ရင် ဒါတွေလုပ်ကြည့်ပါ

မိမိစိတ်ထဲ ကံနိမ့်နေတယ်ထင်ရင် လုပ်ကြည့်သင့်တည့် အရာများကို အများသိအောင် မျှဝေပေးကြပါအုံးရှင့် ကံတွေ နိမ့်နေပါလားလို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် ဒါလေး လုပ်ကြည့်ပါ ။ ထူးခြား လာတာကို တွေ့ရပါလိမ့်မယ် …။ လောကကြီးမှာ ဘာပဲလုပ်လုပ် အမြဲတမ်းအဆင်ပြေတယ် တစ်သမတ်တည်းဖြစ်နေတယ်ဆိုတာမရှိဘူး …။ အလုပ်အကိုင်တွေလည်း ကောင်းလိုက်မကောင်းလိုက် ကျမ်းမာရေး ကောင်းလိုက် ညံ့လိုက် ဒါမှမဟုတ် စီးပွားရေး ကျလိုက် တက်လိုက် စသဖြင့်ဘဝပင်လယ်ပြင်မှာ ကံကြမ္မာရေလှိုင်း၏ နိမ့်ရာမြင့်ရာအတိုင်း မြောပါနေကြရပေသည် …။ အဲလို ကျင်လည်နေကျရတဲ့အတွက် အဆင်ပြေနေရာကနေ ရုတ်တရက် အဆင်မပြေဖြစ်ခြင်း အလုပ်အကိုင် မကောင်းဖြစ်ခြင်း လာဘ်လာဘတ် တိတ်ခြင်းစသည်တို့ကိုတွေ့တဲ့အခါငါကံဆိုးနေပါလား ကံတွေ နိမ့်နေပါလား လို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင် မြတ်စွာဘုရားအား ရည်မှန်းပြီးအောက်ပါအတိုင်း ဘုရားဆွမ်းတော်တင်ပေးပါ အဲဒါလေး လုပ်လိုက်ရင် […]

ၾကားသိရသမွ်

အသည်း မကွဲ စေချင်လို့ဆိုပြီး ချစ် သူနှစ်ယောက်လုံးကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့တဲ့ အမျိုးသား

တစ်ချို့ လူတွေများ ကတော့ ရည်းစား မရှိလို့ fa single ဘဝကနေ မကျွတ်မလွတ် နိုင်ဖြစ်ပေမဲ့ ဒီအမျိုးသာ ကတော့ပုံမှန် လူတွေထက် ပိုလွန်သွား ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ West Kalimantan ပြည်နယ်မှာ နေထိုင်လျက်ရှိတဲ့ အမျိုးသား တစ်ဦးဟာ သူ၏ ချစ်သူကောင် မလေးနှစ် ယောက်စလုံး နာကျင်ခံစား သွားရမှာ ဆိုး၍ ချစ်သူကောင် မလေး နှစ်ယောက်လုံ နဲ့ မကြာခင် က မှ လက်ထပ် မင်္ဂလာပွဲကို တစ်ပြိုင် တည်း ကျင်းပသွားခဲ့ ပါတယ်။ မင်္ဂ လာ ပွဲ ကို တော့ West Kalimantan ပြည် နယ် က Dusan Pangkalan Padan […]

ကြားသိရသမျှ

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်လိုက်တဲ့အခါ

ပစ်ခတ်နေတဲ့ကြားထဲမှာ ရွှေရင်အေး၊မုန့်လက်ဆောင်းဆိုတဲ့ အသံ သဲ့သဲ့ ကြားရလို့ လိုက်ကြည့်မိတယ်။ လှည်းကို တွန်းပြီး သွားနေတဲ့ ဒီညီလေး ကိုတွေ့တယ်။ တစ် ခွက် ဘယ်လောက်လဲ။ ၅၀၀ ပါ အစ်ကို။ ခွက် ၃၀ ပေးကွာ။ ဟာ — ဟုတ်ကဲ့အစ်ကို။ ငါ ပြန်လာယူမယ် ဟုပြောပြီး လုပ်စရာရှိတာ သွားလုပ်။ ပြန်လာတော့ ခွက် ၃၀ ပြင်ဆင်ပြီးနှင့်ပြီ။ ပြီးပြီ အစ်ကို …တကယ်တော့ ငါက တစ်ခွက်ပဲ သောက်မှာဗျာ — ငိုင်ကျသွားပြီး မျက်နှာ တချက်ညိုးသွားသည်။ ပြီးတော့ ချက်ချင်းပြုံးပြီး ရပါတယ် အစ်ကို ဟု ပြုံးလျှက် ထုပ်ပြီးသား ရွှေရင်အေးတစ်ခွက် ကမ်းပေးသည်။ ညီလေး — ကိုယ်က တစ်ခွက်ပဲ […]

ဗဟုသုတ

နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာ အံ့သြစရာပါဗျာ

နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာ အံ့သြစရာပါဗျာ ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။ဒီလိုဗျ(၂၀၁၇ )ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ် ။ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ဒါပေမယ့် သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့် ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။နှစ်နှစ်ပြည့်တော့မယ်။နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာပြီလေ။ရန်ကုန်ရောက်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့် အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။ တမာရွက်တွေဝါး။တမာခေါက်ငုံ။ဆားရေငုံ မရပါဘူး။တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။ဆိုရင် […]

ၾကားသိရသမွ်

အခုလိုအချိန်မှာ အင်တာနက်ကို ကိုယ့်အတွက် ဘေးကင်းလုံခြုံအောင် ဘယ်လိုသုံးကြမလဲ

အခုလိုအချိန်မှာ အင်တာနက်ကို ကိုယ့်အတွက် ဘေးကင်းလုံခြုံအောင် ဘယ်လိုသုံးကြမလဲ အခုလိုအချိန်မှာ အင်တာနက်ကို ကိုယ့်အတွက် ဘေးကင်းလုံခြုံအောင် ဘယ်လိုသုံးကြမလဲ (How to use internet safely NOW) ခုချိန်လုပ်သင့်တာတွေ.. မလုပ်တတ်ရင် Youtube မှာ How to ဆိုပြီး ရှာကြည့်ပါ။ အကုန်ရှိပါတယ်။ ၁။ အင်တာနက် စဖွင့်ကတည်းက VPN သုံးပါ။ VPN ကို ဖွင့်လိုက်ပိတ်လိုက်မလုပ်ပါနဲ့။ Free ထက် Paid ကို ပိုအားပေးပါတယ်။ ဘယ်လောက်မှ မပေးရပါဘူး။ Nord တို့၊ Tor တို့ သုံးပါ။ ၂။ ဖုန်းရဲ့ Browsing Data Clear လုပ်ပါ။ Browsing ကို Private Mode […]

နိုင်ငံတကာသတင်း

ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်နှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည်

ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်နှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည် င် ဒေသတွင်းရှိ နိုင်ငံတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်က မဟာမိတ်တွေနဲ့အတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ် တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ဂျပန်ကိုရောက်နေတာဖြစ်ပြီး ဒီနေ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိုမှာ ဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောသွားတာဖြစ်ပါတယ်။ အမေရိကန်ဝန်ကြီး ၂ ဦး ခရီးစဉ်ရဲ့ အဓိကဦးတည်ချက်ဟာ အင်ဒို-ပစဖိတ်ဒေသအတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုတိုးလာနေတာကို ထိမ်းချုပ်ရေးဖြစ်ပါတယ်။ အဲဒီလို လွှမ်းမိုးမှုထဲမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေကို အမေရိကန်ဝန်ကြီးက ထည့်ပြောသွားတာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken […]

ကြားသိရသမျှ

TELENOR SIM ဖြင့် မြန်မာနက် ကွန်ရက်နေရာတိုင်းမှာ အင်တာနက် အသုံးပြု နည်း

Telenor Sim အသုံးပြုသူများအနေဖြင့် *979*18 ကို နှိပ်၍ မြန်မာနက် + တယ်လီနော အစီအစဥ်များကို ရွေးချယ်ဝယ်ယူပြီး မြန်မာနက် ကွန်ရက်နေရာတိုင်းမှာ အင်တာနက် အသုံးပြုနိုင်ပါတယ်။ မြန်မာနက် + တယ်လီနော အဝသုံးအစီအစဥ်များ ၁။ 300 MB တယ်လီနောဒေတာ + အဝသုံး မြန်မာနက် (၃ရက်) = ၉၉၀ ကျပ် ဝယ်ယူရန် (*979*18*1#) (၉၀ ကျပ် လက်ဆောင်) ၂။ 500 MB တယ်လီနောဒေတာ + အဝသုံး မြန်မာနက် (၇ရက်) = ၁၄၉၀ ကျပ် ဝယ်ယူရန် (*979*18*2#) (၁၉၀ ကျပ် လက်ဆောင်) Android ချိတ်ဆက်ပုံ ၁။ တယ်လီနော […]

ဗဟုသုတ

ခရစ်နှစ် (1910)ခန့်ကကြိုတင် ဟောကြားခဲ့သောကမ္ဘာတွင် ကပ်ကြီးသုံးပါးပြင်းထန်စွာ ဖြစ်မည့်အကြောင်း

ခရစ်နှစ် (1910)ခန့်ကကြိုတင် ဟောကြားခဲ့သောကမ္ဘာတွင် ကပ်ကြီးသုံးပါးပြင်းထန်စွာ ဖြစ်မည့်အကြောင်း ကမ္ဘာတွင် ကပ်ကြီးသုံးပါး ပြင်းထန်စွာ ဖြစ်မည့် အကြောင်းကို ခရစ်နှစ် (1910)ခန့်ကကြိုတင် ဟောကြား ခဲ့သော လယ်တီဆရာတော်ဘုရားကြီး မြန်မာပြည်အား အင်္ဂလိပ်တို့ အုပ်ချုပ်သော ကိုလိုနီခေတ်တွင် လယ်တီဆရာတော် ဘုရားသီတင်းသုံးနေသော ကျောင်းသို့အင်္ဂလိပ် နယ်ပိုင်မင်း သမီး ” မက်ကလပ် မေရီ” တစ်ယောက် ရောက်ရှိလာသည်။ ထိုအင်္ဂလိပ် အမျိုးသမီးသည်ခရစ်ယာန် မှ ဗုဒ္ဓဘာသာကို ကူးပြောင်း သက်ဝင်ယုံကြည် သဖြင့် လယ်တီဆရာတော် ကို အလွန်မှပင် ယုံကြည်ကိုးကွယ်လေသည်။ သူမ၏ အဖေနယ်ပိုင်မင်းသည် မြန်မာပြည်တွင် နှစ်ပေါင်းများစွာ တာဝန်ကျသဖြင့် သူမသည်လည်း မြန်မာပြည်တွင် မွေးဖွားကာ မြန်မာစကားကို ရေလည်စွာ တတ်ကျွမ်းလေသည်။ မေရီသည် လယ်တီဆရာတော်ဘုရားအား ရှိခိုး ပြီး […]