ရုပ်ချောရုံနဲ့တော့ ကြည့်ကောင်းတာ၊ ဆွဲဆောင်မှု ရှိတာ မဟုတ်ပါဘူး။ လူတစ်ယောက် ကြည့်ကောင်းပြီး အာရုံစိုက်ခံရဖို့ဆိုရင် ရုပ်ချောဖို့ထက် အရေးကြီးတဲ့အရာတွေ ရှိနေပါတယ်။ ရုပ်ရည်က မချောမောလည်း ကိုယ့်ကိုယ်ကို ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ များသောအားဖြင့် ရုပ်ရည်ချောမောတာက အဓိကကျတယ်လို့ ဆိုကြပေမယ့် တကယ်တမ်း မလိုအပ်တာကို ဒီအချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ (၁) ဖက်ရှင်က ပို အရေးကြီးတယ် လူတစ်ယောက် ကြည့်ကောင်းဖို့ဆို အရေးကြီးဆုံးက ရုပ်ရည်ထက် ဖက်ရှင် ဖြစ်ပါတယ်။ လူအများစုက ရုပ်ရည်ထက် ဖက်ရှင်ကို အရင်ဆုံး မြင်မိတတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ကောင်းဖို့အတွက်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကိုပဲ စတိုင်ကျအောင် ရွေးချယ် ဝတ်ဖို့ လိုအပ်ပါတယ်။ (၂) စိတ်ထား လူတစ်ယောက်ကို အမြင်ကောင်း […]
Day: April 17, 2021
ထက်မြက်တဲ့အမျိုးသမီးတွေ လိုချင်ကြတဲ့ ယောင်္ကျား (၃) မျိုး
ကိုယ်လိုချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံကို အမျိုးသားတွေက သိပြီးဖြစ်မှာပါ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ ယောင်္ကျားလေးတစ်ယောက်ဆီက ဘယ်လိုအရာတွေ တောင့်တတတ်သလဲဆိုတဲ့ အချက်ကိုတော့ သိတဲ့သူ သိပ်များမယ် မထင်ပါဘူး။ မိန်းကလေးတစ်ယောက်ဟာ ချမ်းသာပြီး ထက်မြက်တဲ့ ယောင်္ကျားတွေဆို သဘောကျမှာပဲလို့တော့ ယေဘုယျသဘောနဲ့ ပြောလို့မရပါဘူး။ တကယ် ပင်ကိုယ်ဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေ လိုချင်ကြတဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အရည်အချင်းတွေထဲမှာ ဒီ ၃ ချက်လည်း ပါနေပါတယ်။ (၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိသူ Photo: Freepik မိန်းကလေးတစ်ယောက်ဟာ သူအထင်ကြီးလေးစားနိုင်သူကိုပဲ လက်တွဲချင်ကြပါတယ်။ သူအထင်ကြီးလောက်တဲ့ အရည်အချင်းတွေထဲမှာ ကိုယ့်လုပ်ရပ်နဲ့ ကိုယ်ပြောတဲ့ စကားပေါ် စိတ်ချယုံကြည်မှုအပြည့်ရှိသူလည်း ပါဝင်ပါတယ်။ ပြောရရင် ကိုယ်လုပ်တဲ့အလုပ်ကို လိပ်ပြာလုံတဲ့သူဟာ ကိုယ့်စကားကို တာဝန်ယူနိုင်သလို ကိုယ့်လုပ်ရပ်ပေါ်လည်း ယုံကြည်မှုရှိပါတယ်။ ဒီလိုလူမျိုးတွေကို […]

