ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သင်ဇာရယ် ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် … နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီးအရည်အချင်းရှိတဲ့သူငယ်ချင်းလေး ရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာအရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ … ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ် … ကောင်းကောင်းအနားယူပါတော့ …. source thinzarwintkyaw unicode ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သဥ္ဇာရယ် ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ… photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် … နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ […]
Month: June 2021
အိပ်မက်ထဲမှာ မြွေတွေကို တွေ့ရတဲ့အခါ ဘဝ တစ်ဆစ်ချိုး ပြောင်းလဲနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့ နိမိတ်များ
၁။ မြွေကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင်သင့်ထံသို့ ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ် ၂။ မြွေနဲ့ တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင် သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။ ၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင် အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင်အချိန်မှာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ် ၄။ မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင် အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ်။ ၅။ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ […]
သူအရမ်းချစ်ရတဲ့ချစ်သူကောင်မလးအတွက်ရည်ရွယ်ပြီး သီဆိုခဲ့တဲ့ ရေမွန်ရဲ့သီချင်းလေး…
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် ရေမွန်ကတော့ မနေ့က ဇွန်လ (၂၃)ရက်နေ့က အစာအိမ်သွေးကြော ပေါက်တဲ့ရောဂါနဲ့ ရုတ်တရတ် ကွယ်လွန်သွားခဲ့တာ ပရိသတ်တွေ ရဲ့သိရှိပြီးသားဖြစ်မှာပါ။ ရေမွန်တစ်ယောက်ရုတ်တရတ်ကွယ်လွန် သွားခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေက ဖြေဆယ်နိုင်မရအောင် ဝမ်းနည်းနေခဲ့ကြရပါတယ် ရေမွန်ရဲ့ ထွက်ရှိပြီးသားဖြစ်တဲ့ သီချင်းတွေကို ပရိသတ်တွေက အမှတ်တရအနေနဲ့ ပြန်လည်ပြီးတော့ နားဆင်နေခဲ့ကြပါသေးတယ်။ ရေမွန်ရဲ့ သီချင်းတွေထဲမှာသူ့ရဲ့ချစ်သူကောင်မလေးအတွက် ရည်ရွယ်ပြီး သီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ကလည်း ရှိနေခဲ့ပါသေး တယ်။ သီချင်းလေးရဲ့ နာမည်ကိုလည်း “K” လို့ပေးထားပြီး သူ့ရဲ့ချစ်သူကောင်မလေးရဲ့ နာမည်လေးပဲဖြစ်ပါတယ်တဲ့။ ဒီသီချင်းလေးက ပရိသတ်တွေနဲ့ အရမ်းမရင်းနှီးခဲ့ပေမဲ့လည်း Single Song အနေနဲ့တော့ ထွက်ရှိထားခဲ့ပါတယ်။ ပရိသတ်ကြီးတွေလည်း ရေမွန်တစ်ယောက် သူ့ကောင်မလေးအတွက် ရည်ရွယ်ပြီး သီဆိုထားခဲ့တဲ့ ဒီသီချင်းလေးကို နားဆင်ခံစား လို့ရအောင် […]
လူတချို့က ရာသီဥတုလိုပဲ သိပ်ကို အပြောင်းအလဲ မြန်တယ်
လူတချို့က ရာသီဥတုလိုပဲ သိပ်ကို အပြောင်းအလဲ မြန်တယ် ။ စချစ်ပါတယ်လို့ ပြောတဲ့အခါက ဓူဝံကြယ်ကိုပဲ စွတ်ရစွတ်ရ သမုဒရာကိုပဲ လက်ပစ်ကူးရ ကူးရဆိုတဲ့သူက ကိုယ့်အချစ်ကို ရသွားတဲ့အခါ သူမှ ဟုတ်ရဲ့လားလို့ သံသယ၀င်ရလောက်တဲ့အထိ ပြောင်းလဲသွားတတ်ကြတယ်လေ ။ အရင်က ကိုယ်မျက်ရည်ကျရင် သေပါမယ်ဆိုတဲ့လူတွေ သူတို့ကိုယ်တိုင် မျက်ရည်ကျစေတဲ့အခါ ဖာသိဖာသာ နေသားကျသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ ကိုယ့်မျက်နှာလေး မဲ့သွားရင် သေရပါမယ်ဆိုတဲ့လူက အခုကျကိုယ်အိပ်ယာထဲ လဲကျနေရင်တောင် တစ်ချက်လေးငဲ့ကြည့်ဖို့ မအားတော့ဘူး ။ ကိုယ့်ကို စချစ်တုန်းက ကမ္ဘာပေါ်မှာ အအားဆုံးသူက သူပါ ကိုယ်က ပြန်ချစ်တော့ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး လူဖြစ်သွားတတ်တယ် တကယ်… တချို့ပြောင်းလဲခြင်းတွေဆို လက်တွေ့ကြုံလို့သာ ယုံရတာပါ တခြားတစ်ယောက်က လာပြောပြနေမယ်ဆိုရင် ကျွန်မ ယုံမိမှာ […]
ဒီကနေ့မှာ အင်းစိန်ထောင်တွင် ရုံးထုတ်လိုက်တဲ့ ပိုင်တံခွန်ရဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ ပိုင်တံခွန်ရဲ့ရှေ့နေ
ဒီကနေ့ မှာအင်းစိန်ထောင်တွင်ရုံးထုတ်လိုက်တဲ့ပိုင်တံခွန်ရဲ့လက်ရှိအခြေအနေကိုပြောပြလာတဲ့ပိုင်တံခွန်ရဲ့ရှေ့နေ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးပိုင်တံခွန်ကရှေ့ဆုံးကနေပြည်သူလူထုနဲ့အတူတက်ကြွစွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာကျန်းမာရေးမကောင်းသဖြင့်နေအိမ်သို့ပြန်လာစဉ်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။ ဖမ်းဆီးခံရစဉ်ဘာအဆက်အသွယ်မှမရရှိပဲယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့ ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅ (က)နဲ့ တရားစွဲဆိုခံရပြီးဧပြီလ၇ ရက်နေ့ကနေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့မော်ဒယ်ပိုင်တံခွန်ကိုဒီနေ့ ဧပြီ ၂၉ရက်မှာအင်းစိန်ထောင်တွင်းမြောက်ဒဂုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးကျန်းမာရေးကောင်းမွန်တယ်လို့သူ့ရဲ့ရှေ့နေအဖွဲ့ထံကသိရပါတယ်။ ဧပြီ ၁၂ရက်နေ့ကပထမဆုံးရုံးထုတ်ခဲ့ပြီးမြောက်ဒဂုံတရားရုံးမှာတရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီးအမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့အင်းစိန်ထောင်တွင်းမှာဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ကိုမြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကတရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတကိုယ်ရောစိတ်ပါကျန်းမာပါတယ်။ ကျန်းမာရေးကလည်းတော်တော်လေးကောင်းမွန်ပါတယ်။ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။သူ့အမေကိုကျန်းမာရေးဂရုစိုက်ဖို့လို့မှာပါတယ်။အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ဘုရားတရားအလုပ်တွေပိုလုပ်ဖြစ်တယ်။ အချင်းချင်းတွေဖေးမကူညီစောင့်ရှောက်ကြတယ်။အပြင်မှာထက်အတွင်းမှာပိုစည်းလုံးကြတယ်။ရှေ့မှာပိုကောင်းအောင်ဘာလုပ်မလဲကျကျနနတွေးမိတယ်။ဒါဟာဒီကာလမှာသူရတဲ့အမြတ်တွေပဲလို့လည်းပြောပါတယ်လို့သူ့ရှေ့နေအဖွဲ့ထဲကဥပဒေအကြံပေးဦးခင်မောင်မြင့်ကဘီဘီစီကိုပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာပိုင်တံခွန်ဘက်ကလိုက်ပါဆောင်ရွက်ဖို့ရှေ့နေကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာတင်ခဲ့ပြီးတရားရုံးကလည်းလက်ခံလိုက်တယ်လို့သိရပါတယ်။ အမှုသည်နဲ့လည်းရှေ့နေတွေစကားပြောဆိုခွင့်ရခဲ့ပြီးအမှုသည်ထံကညွှန်ကြားချက်ရယူခဲ့တယ်လို့ဦးခင်မောင်မြင့်ကပြောပါတယ်။ပိုင်တံခွန်အတွက်တရားလွှတ်တော်ရှေ့နေဒေါ်ဇင်မာဦးကလိုက်ပါဆောင်ရွက်မှာဖြစ်ပြီးမေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းမှာတော့မှုခင်းစစ်ဆေးမှုအစီအစဉ် CMP ပြုလုပ်ပြီး အမှုကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။ ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်းသရုပ်ဆောင်ရဲတိုက်၊မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေအပါအဝင်ဝန်ထမ်းတွေနဲ့ ကျောင်းသားခေါင်းဆောင်လေးဦးတို့နဲ့အတူတစ်ဆောင်တည်း နေထိုင်ရတယ်လို့သူ့ရှေ့နေကပြောပါတယ်။ Credit zawgyi ဒီကနေ့ မှာအင်းစိန်ထောင်တွင်ရုံးထုတ်လိုက်တဲ့ပိုင်တံခွန်ရဲ့လက်ရှိအခြေအနေကိုပြောပြလာတဲ့ပိုင်တံခွန်ရဲ့ရှေ့နေ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးပိုင်တံခွန်ကရှေ့ဆုံးကနေပြည်သူလူထုနဲ့အတူတက်ကြွစွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာကျန်းမာရေးမကောင်းသဖြင့်နေအိမ်သို့ပြန်လာစဉ်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။ ဖမ်းဆီးခံရစဉ်ဘာအဆက်အသွယ်မှမရရှိပဲယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့ ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅ (က)နဲ့ တရားစွဲဆိုခံရပြီးဧပြီလ၇ ရက်နေ့ကနေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့မော်ဒယ်ပိုင်တံခွန်ကိုဒီနေ့ ဧပြီ […]
ပန်း ရောင်းနေရင်း ရုတ်တရက် လူမှု ကူညီရေး ကားအနောက်ကို ပြေးလိုက်လာတဲ့ ကောင်လေး
ပန်း ရောင်းနေရင်း ရုတ်တရက် လူမှု ကူညီရေး ကားအနောက်ကို ပြေးလိုက်လာတဲ့ ကောင်လေး မင်္ဂလာပါခင်ဗျာ ယခု တင်ဆက် ပေးသွားမှာကတော့ မနေ့ကဗျာ ကျနော်တို့ရဲ့ အရေးပေါ် ကားသွားတာကို ပန်းရောင်းနေတဲ့ ကလေးငယ် ညီလေးတစ်ဦးက လှမ်းမြင်လိုက်တယ်။ ကျနော်တို့ ကားလည်းမြင်ရော သူပန်းရောင်းလို့ ပြီးတာနဲ့ ကားနောက်ကို အတင်းပြေးလိုက်လာတယ်။ အဲ့ဒါ ကျနော်ကတွေ့မိတော့ ကားရပ်ဖို့ပြောပြီး ကားရပ်ခိုင်းလိုက်တယ်။ အဲ့ညီလေးကလည်း တစ်ကိုယ်လုံး ရွှံ့တွေပေလို့ဗျာ။ မိုးတွင်းဆိုတော့လည်း။ အဲ့ဒါနဲ့ ကျနော်က ခုနက ပြေးလိုက်လာလို့ ညီလေး ဘာလို့ ပြေးလိုက်လာတာလဲလို့ မေးလိုက်တော့ သား အကိုတို့နဲ့ လိုက်ချင်တယ်။ သားလည်း အကိုတို့လို သူများတွေကို လိုက်လှူပြီး ကူညီချင်လို့တဲ့ဗျာ။ ကျနော် ဘာပြောရမှန်းတောင်ဘမသိလိုက်ဘူး ဖြစ်သွားတယ်။ ဒီ ညီလေးကို […]
တေးရေးစောခူဆဲရဲ့သားမှန်းအခုမှသိတယ် ဖေဖေဦးစောခူဆဲ မေမေဒေါ်ခင်မြတ်မွန်တို့ရဲ့ သားလေး တွတ်ပီ
တေးရေးစောခူဆဲရဲ့သားမှန်းအခုမှသိတယ် ဖေဖေဦးစောခူဆဲ မေမေဒေါ်ခင်မြတ်မွန်တို့ရဲ့ သားလေး တွတ်ပီ အမေများနေ့တစ်နှစ်မှာ ဆုတောင်းစကားဆိုခဲ့တယ် နောင်ဘဝဆိုတာရှိခဲ့ရင် အမေအိမ်ထောင်ရေးကံကောင်းပါစေတဲ့ခပ်ငယ်ငယ်ကလေးထဲက ကြော်ငြာနောက်ခံ ကလေးသီချင်းဆိုရင် တွတ်ပီပဲတဲ့ အမေနဲ့ အတူတူဆိုတာ အရွယ်ရောက်လာတော့ 9 တန်း10တန်းကတည်းက သီချင်းတွေရေးအမေနဲ့တိုင်ပင် အလုပ်တွေကြိုးစားအခွေထုတ်လာခဲ့တာ အဖေနောက်အိမ်ထောင်နဲ့ ပျော်နေတာကိုလည်း ပြုံးပြီး သဘောကျနေတဲ့သား အဖေလည်း သူ့ဘဝနဲ့သူ သားလည်းအမေနဲ့ပျော်နေပါတယ်တဲ့ စာနယ်ဇင်းတွေမှာဖြေထားတာအမေ့အတွက် အားဖြစ်စေခဲ့သောသား ကောင်းရာ ဘုံဘဝ ရောက်ပါစေ အခုလို fb ဆိုတာ ဘာမှန်းမသိခင် အရင်ခေတ်ကတည်းက CD ထွက်ရင်နားထောင် တွတ်ပီအကြောင်းပါတဲ့ Magazine တွေကိုမှ ဖတ်ခဲ့ သူကြီးပါ ခုတော့ အားလုံးကိုချန်ခဲ့ Crd -မူရင်းရေးသားသူ တေးရေးစောခူဆဲရဲ့သားမှန်းအခုမှသိတယ် ဖေဖေဦးစောခူဆဲ မေမေဒေါ်ခင်မြတ်မွန်တို့ရဲ့ သားလေး တွတ်ပီ အမေများနေ့တစ်နှစ်မှာ ဆုတောင်းစကားဆိုခဲ့တယ် နောင်ဘဝဆိုတာရှိခဲ့ရင် […]
ငွေဝင်လာဘ်ရွှင်ခါနီးပြီဆိုလျှင် ပြလေ့ရှိသည့် ရှေ့ပြေးနိမိတ် (၇)မျိုး
ငွေဝင်လာဘ်ရွှင်ခါနီးပြီဆိုလျှင် ပြလေ့ရှိသည့် ရှေ့ပြေးနိမိတ် (၇)မျိုး ပိုက်ဆံဝင်ခါနီးဆိုရင် ပြလေ့ရှိတဲ့ ရှေ့ပြေးနိမိတ် (၇)မျိုး။ တစ်ချို့အိမ်မက်တွေက ရှေ့မှာဖြစ်လာတော့မယ့် အရာတွေကို နိမိတ်ပြတဲ့အိမ်မက်မျိုးတွေရှိပါတယ် ဒီလိုအရာတွေကို မယုံကြည်တဲ့လူမျိုးတွေ ရှိကောင်းရှိနိုင်ပေမယ့် အပြင်မှာတကယ်လည်းဖြစ်ခဲ့ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေအများကြီးရှိပါတယ် ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက်မျိုးတွေ မက်လေ့ရှိလဲဆိုတာကို ပရိတ်သတ်ကြီးအတွက် အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ နို့ ဒါမှမဟုတ် ပျားရည် အိမ်မက်ထဲမှာ နို့တွေကိုမက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးကမကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့နိမိတ်ပါပဲ ဥပမာပျားအုံကြီးကို ပျားရည်ညှစ်တာမျိုး နွားနို့ညှစ်တာမျိုးနို့တွေက လမ်းတွေပေါ်မှာ ဖုံးလွှမ်းနေတာမျိုး အစရှိတဲ့အိမ်မက်မျိုးပါ။ ၂။ ရွှေနဲ့ လက်ဝတ်ရတနာ ရွှေဆိုတာက ချမ်းသာကြွယ်ဝမှုရဲ့ လက္ခာဏာတစ်ခုပါ ကိုယ့်ရဲ့အိမ်မက်ထဲမှာရွှေတွေကိုမြင်မက်ရင်လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ပြေးနမိတ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ အိမ်မက်ထဲမှာ နားကပ်ပန်ရတယ်။လက်စွပ် တွေဝတ်ရတယ်ဆိုပြီး မက်တာမျိုးပါ အဲ့လိုမက်နေပြီဆိုရင်တော့ […]
24.6.2021 မှ 30.6.2021 အထိတစ်ပတ်စာ တနင်္ဂနွေသားသမီးဟောစာတမ်း
သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်း(၈)သွယ်
သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်း(၈)သွယ် တိုင်းရင်းသမားတော်ကြီးဦးသိန်းမောင်၏ မြန်မာဆေးမြီးတို စာအုပ်မှ ကောက်နုတ်ဖေါ်ပြပေးခြင်းဖြစ်ပါသည်။ သွား ကိုက် ပါက မိမိနှင့်နီးစပ်ရာ၊လက်လှမ်းမီရာ ဆေးမြီးတိုလေးများအား မြန်ဆန်စွာလုပ်ဆောင်နိုင်ခြင်းဖြင့် သွားကိုက် သွားနာဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။ (၁) ဆီးပင်ရင့်ရင့် အခေါက်စိုကို လက်တစ်ဝါးစာခန့် ဓားဖြင့် ခုတ်စဉ်းကာ ရေသင့်ရုံထည့်ပြီး သုံးခွက်တစ် ခွက် တင် ပြုတ်ပြီး ဆားအနည်းငယ်မျှထည့်ပြိး ငုံပေးပါ။ (၂) အုန်းပင်ပေါ်မှကြွေကျသောအုန်းသီးသေးသေးလေးအား နှစ်လုံးပါးပါးလှီးပြီး သံပုရာရွက်(သို့)သံပုရို ရွက် နှင့် ပြုတ်ပြီးငုံထွေးပေးပါ။ (၃) ပင်စိမ်းရွက်အယဉ်ကိုထန်းလျက်သင့်ရုံရောပြိးညက်အောင် ထောင်းပါ။ ညက်လျှင်ဇွန်း(၁)ချောင်းဖြင့် ခပ်ယူ၍ ကိုက်သည့် သွားခေါင်းပေါက်တွင်းသို့ထည့်ခြင်း၊သွားဖုံးရင်းသို့ သိပ်ပေးလိုက်ပါ။ (၄)တမာရွက်ကိုနေလှန်းပြာချပါ။ဆားမှုန့်ညက်ညက်နှင့်ရောပြီး တိုက်ပေးခြင်း၊တမာရွက်ကိုပြုတ်၍ငုံခြင်းလုပ်ပေးပါ။ (၅) ယုဇနပန်းအရိုးနှစ်ထွာခန့်ကို ရေနှင့်ပြုတ်ပြိး ခပ်နွေးနွေးလေးငုံပေးပါ။ (၆) ရှာေးစးမှုန့်ကို သံပုရာရည်နှင့်တေ၍ နံနက်တစ်ကြိမ်ညနေတစ်ကြိမ် […]