စစ်ကိုင်းတိုင်း မုံရွာမြို့မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုသက်နိုင်စိုးကို စစ်ကောင်စီ အဖွဲ့ဝင်တွေက ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ မိသားစုကို အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။ “ပါးလေးတွေမှာ ဆေးလိပ်မီးနဲ့ထိုးထားတဲ့ အညိုရောင်လေးတွေလည်း တွေ့တယ်၊ နောက်ဘက် ဇက်ပိုးမှာ အိနေတဲ့ဟာလည်း တွေ့ရတယ်၊ နောက်ဇက်ကို ရိုက်သတ်တာ၊ နောက်ဇက်မှာပဲ ရိုက်ထားတယ်၊ နားလေးတွေထဲက နည်းနည်းသွေးတွေထွက်နေတယ်၊ လက်ကို ကြိုးချည်ထားတဲ့အရာတွေလည်းတွေ့တယ်” လို့ ကိုသက်နိုင်စိုးရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။ ကိုသက်နိုင်စိုးကို ဩဂုတ်လ ၂၄ ရက်ညမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက် နံနက် ၂ နာရီမှာ မိသားစုကို အကြောင်းကြားလာတာဖြစ်ပြီး […]
Day: August 26, 2021
အသက် (၃၀) ကျော်အရွယ်တွင် အမြဲလှပနုပျိုနေစေမည့် နည်းလမ်း
Zawgyi ဘယ်လောက်ပဲ အသက်တွေရလာပါစေ။ လူတိုင်း လှချင်ကြပါတယ် နုပျိုနေသူတစ်ယောက်အတွက်တော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ အသက် ၃၀ ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းတခြားတစ်ခုဖြစ်သလို အလှပဆုံး အချိန်တစ်ခုဆိုလည်း မမှားပါဘူး အသက် ၃၀ ဝန်းကျင်မှာ သင့်ကို ပိုပိုပြီးလှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ် ၁။ ရေဓာတ်ဖြည့်တင်းပါ။ ရေကို သတိတရသောက်ပေးပါ အနည်းဆုံး တစ်နေ့ ၈ ခွက်သောက်ပေးသင့်ပါတယ် ၂။ လေ့ကျင့်ခန်းလုပ်ပါ။ အရမ်းပြင်းပြင်းထန်ထန်မဟုတ်ဘဲ ပုံမှန်လေးလုပ်သွားပေးပါ တစ်နေ့ နာရီဝက် တစ်နာရီလောက် အချိန်ပေးသင့်ပါတယ် ၃။ အရက် ဘီယာ သောက်သုံးမှုကိုရှာင်ကျဉ်ပါ ၄။ တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။ အိပ်ရေးမပျက်ပါစေနဲ့ ၅။ သင့်ရဲ့ စိတ်ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ ၆။ […]
နီးလွန်းလို့များ မမြင်ခဲ့တာလား …အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့…..
နီးလွန်းလို့များ မမြင်ခဲ့တာလား … ကိုယ်ပေးနေပေမယ့် အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြားမှာ တစ်ခါတစ်ခါရပ်နေရင်းက ပင်ပန်းလာတတ်တယ် အကောင်းတကာ့အကောင်းတွေမဟုတ်ရင်တောင် သေချာတစ်ခုကတော့ ကိုယ်ပေးခဲ့တဲ့အရာဟာ ကိုယ်အကောင်းဆုံးကြိုးစားပြီးပေးခဲ့ဖူးတာပါ ရောင်ပြန်တွေဆိုတာဝေးပါသေးတယ် တန်ပြန်သက်ရောက်မှုတွေဆိုတာလဲ မမျှော်ပဲ ပေးပါတယ် ဒါပေမယ့် အသိအမှတ်ပြုမှုလေးတောင် မရခဲ့တဲ့ ကိုယ့်မှာ တစ်ခါတစ်လေကျတော့ ဝမ်းလည်းဝမ်းနည်းမိသလို ဘာကြောင့်များလဲလို့တွေးနေမိတယ် နီးလွန်းလို့များ မမြင်ခဲ့တာလား ကိုယ်ပေးခဲ့တာအချစ်ပါ ပြန်ရလာခဲ့တာကတော့ တန်ဖိုးမထားခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာ ဂရုစိုက်မှုတွေပါ ပြန်ရလာခဲ့တာကတော့ လျစ်လျူရှုခံရခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာစေတနာပါ ပြန်ရလာခဲ့တာတော့ ဝေဒနာပေါ့ တန်ပြန်သက်ရောက်မှုတွေရှိပေမယ့် ဆန့်ကျင်ဖက်တွေဖြစ်နေတာဟာ ရင်နာစရာ အဝေးထွက်သွားတဲ့တစ်နေ့မှ တန်ဖိုးတွေသိလာမယ်ဆိုရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်လို့ပဲ ထင်ပါတယ် ဘေးနားမှာရပ်နေရင်းက ကိုယ့်ကို ဘယ်သူ့မှမမြင်တဲ့အဖြစ်တွေကလဲ ဆက်ပြီးရပ်နေဖို့အတွက် အင်အားတွေမဲ့လာတယ် ဖြစ်နိုင်ရင် မမြင်နိုင်တဲ့ မျက်လုံးတွေကို တစ်ခါတစ်လေကျတော့ ကိုယ့်ကို ပြန်ကြည့်စေချင်တယ် အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့ […]
ကောင်မလေးတွေ ကြွေဆင်းသွားစေမယ့် နည်းလမ်း (၁၀) ခု
ကောင်လေးတွေ အနေနဲ့ ဒီခေတ် ဒီအခါမှာ ကောင်မလေးတွေ ကြွေအောင် နေထိုင်နည်းတွေ အများကြီး ရှိပါသေးတယ် ။ အခုခေတ်မှာ ပြောနေကြတာက ငွေက အဓိက ဆိုပေမယ့် တကယ်လို့ ငွေတခုထဲ ကြည့်တတ်တဲ့ မိန်းမမျိုးဆိုရင်တော့ မကြည်ရင် နေပါစေ ဝေးဝေးသာ ရှောင်ပေတော့ ။ အောက်က အချက် ၁ဝ ချက်ကို အကျိုးရှိရှိ အသုံးချပြီး ဆော်တွေ သဲသဲ လှုပ်အောင် လုပ်လိုက်ပါ ။ ၁ ။ အာပုတ်နံ့ မရှိပါစေနဲ့ အခြားလူ တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့ အချိန် အဲသည်လူ ပါးစပ်ကနေ အာပုတ်နံ့ကို ရဖူးပြီး ကိုယ်က အားနာနာ နဲ့ အောင့်အီးလိုက်တာ လူတိုင်းလိုလို ကြုံတွေ့ဖူးမှာပါ။ ဒါကို ကိုယ့်ကြောင်နေတဲ့ […]
အဖိုးနှင့် အဖွားကို မြင်းဖြင့်လယ်ထွန်ပီးလုပ်ကျွေးနေခဲ့တဲ့ အသက် (၁၀ )နှစ်အရွယ်ကောင်လေး
များသောအားဖြင့် ၁၀နှစ်အရွယ်ဆိုတာ ကလေးငယ်တို့၏ သဘာဝအတိုင်း ဆော့ကြပျော်ကြနှင့် လောကကြီးအကြောင်းလည်း ကောင်းကောင်းနားမလည်သေးသလို လွတ်လပ်ပြီး အပူအပင်မရှိ အချိန်ကုန်ကြသော အရွယ်လေးများဖြစ်ကြသည်။ သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင်နေထိုင်သော ကောင်လေးအတွက်တော့ အသက် ၁၀နှစ်သာ ရှိသေးသော်လည်း လယ်ထဲ ခြံထဲသွားပြီး စိုက်ပျိုးရေးတာဝန်ကို ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နေရပြီး မိသားစု၏စားဝတ်နေရေးကို တာဝန်ယူနေရပြီဖြစ်သည်။ ကောင်လေး၏ မိဘနှစ်ပါးသည် ဖခင်ဖြစ်သူမှာ အိမ်ကထွက်သွားပြီး သတင်းအစအနပင်မရပဲရှိရာ မိခင်ဖြစ်သူမှလည်း အသက် ၄နှစ်အရွယ်ကတည်းက နောက်အိမ်ထောင်ပြုသွား၍ အဖိုးအဖွားနှင့်သာ နေထိုင်ခဲ့ရသည်။ အဖိုးအဖွားသည်လည်း အသက်အရွယ်အရ အိုမင်းနေပြီဖြစ်၍ ပင်ပင်ပန်းပန်း မလုပ်နိုင်မကိုင်တော့သည့်အတွက် ကောင်လေးခမျာ ကျောင်းထွက်ပြီး အိမ်တွင်ရှိသော မြင်းတစ်ကောင်ကိုအားကိုးပြီး လယ်ယာများ ထွန်ယက်ပြီး သီးနှံများစိုက်ပျိုးခဲ့သည်။ အလုပ်အကိုင်မှာလည်း အမြဲတမ်း အဆင်ပြေသည် မရှိ၍ တစ်ခါတစ်လေ ထမင်းကို ဆားဖြူးပြီး စားသောက်ခဲ့ရသည်။ […]
အလောင်းတော်ကဿပကြိုးဝိုင်းက သစ်ခိုးထုတ်မှုတွေကို PDF စောင့်ကြည့်ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်းက တစ်နိုင်တစ် ပိုင်သစ်ခိုးထုတ်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စောင့်ကြည့်ဖမ်းဆီးခဲ့ရာမှာ ဒီနေ့အထိ သစ် ငါးတန်လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်ကတော့ ဖမ်းမိသစ်တွေကို မီးရှို့ဖျက်စီးခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်လလောက်ကစလို့ မီးမရှို့တော့ဘဲ သိမ်းဆည်းခဲ့တာ လို့ ယင်းမာပင်မြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အရင်လတွေက တစ်ရက်ကို ဆိုင်ကယ်အစီးရေ ၅၀ နဲ့ ၁၀၀ ကြားရှိတယ်။ နိုင်ငံရေး မတည်ငြိမ်တော့ ခိုးထုတ်တဲ့သူ တွေ တအားဆိုးလာတာ။ တဖြေဖြေးနဲ့ တောကပါးလာတော့ ထိန်းသိမ်းရတော့မယ်ဆိုပြီး ကနီ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ် က ဒေသခံခေါင်းဆောင်တွေတိုင်ပင်ပြီး သတိပေးတာ၊ ဖမ်းတာတွေလုပ်လိုက်တယ်။ အခုတော့ သစ်ခိုးထုတ်သူတွေဆီ က သိမ်းထားတဲ့ သစ်တွေကိုသိမ်းထားတယ်။ အရေးတော်ပုံအတွက် […]
“ဖြူဖြူကျော်သိန်း ၅၀၅(က)နဲ့ ရှောင်တိမ်းနေရစဉ် ပိုင်ဆိုင်မှုတချို့ကို မိတ်ဆွေများထံ အပ်နှံခဲ့ရာမှ ပြန်တောင်းမရဖြစ်နေ”
“ဖြူဖြူကျော်သိန်း ၅၀၅(က)နဲ့ ရှောင်တိမ်းနေရစဉ် ပိုင်ဆိုင်မှုတချို့ကို မိတ်ဆွေများထံ အပ်နှံခဲ့ရာမှ ပြန်တောင်းမရဖြစ်နေ” ဖြူဖြူကျော်သိန်းကို ၅၀၅ စာရင်းမှာ ထည့်သွင်းခံရချိန်မှာတော့ မိဘတွေကို သင့်တော်ရာမှာ ရွေ့ပြောင်းပြီး သူ့အနုပညာ အလုပ်နဲ့ ရရှိထားတဲ့ချွေးနည်းစာလေးတွေကို ယုံကြည်ရတယ်လို့ ယူဆထားတဲ့ မိတ်ရင်းဆွေရင်းတွေထံမှာ ခေတ္တ အပ်နှံပြီး ရှောင်တိမ်းနေခဲ့ရပါတယ်။ အဲ့ဒီနောက် အပ်နှံထားသူတွေထံမှာ ပြန်လည်တောင်းယူတဲ့အချိန်မှာတော့ ရူးချင်ယောင်ဆောင်ကာပတ်ပြေးနေကြ ကြောင်း ဖြူဖြူကျော်သိန်းက အင်စတာဂရမ်မှာဖြစ်စဉ်ကိုရေးသားထားပါတယ်။ “ဖြူဖြူကျော်သိန်း ၅၀၅(က)နဲ့ ရှောင်တိမ်းနေရစဉ် ပိုင်ဆိုင်မှုတချို့ကို မိတ်ဆွေများထံ အပ်နှံခဲ့ရာမှ ပြန်တောင်းမရဖြစ်နေ” ဖြူဖြူကျော်သိန်းကို ၅၀၅ စာရင်းမှာ ထည့်သွင်းခံရချိန်မှာတော့ မိဘတွေကို သင့်တော်ရာမှာ ရွေ့ပြောင်းပြီး သူ့အနုပညာ အလုပ်နဲ့ ရရှိထားတဲ့ချွေးနည်းစာလေးတွေကို ယုံကြည်ရတယ်လို့ ယူဆထားတဲ့ မိတ်ရင်းဆွေရင်းတွေထံမှာ ခေတ္တ အပ်နြှံ ပီး ရှောင်တိမ်းနေခဲ့ရပါတယ်။ အဲ့ဒီနောက် […]
ဆီးချို သွေးချို ကတော့ ပြေးသွားပြီလို့ပြောတဲ့ကိုဖိုးမာ
ဆီးချို သွေးချို ကတော့ ပြေးသွားပြီလို့ပြောတဲ့ကိုဖိုးမာ မကွေးတိုင်းဒေသကြီ းပခုက္ကခရိုင်မြိုင်မြို့နယ် လက်ဆယ်ကံကျေးရွအုပ် လက်ဆယ်ကန် ရွာမှာနေပြီး ကုန်ထမ်းပြီး ဝမ်းရေးရှာနေရတဲ့ ph 09258732340 ကို ကိုင်ဆောင်သုံးစွဲသူကိုဖိုးမာတယောက် ဟာ ဒီနေ့ 22.12.17 နေ့မှာပေါက်မြို့ သို့ရောက်ရှိလာခဲ့ပါတယ်။ လာခဲတဲ့အကြောင်းကတော့ ဝမ်းသာစကားတွေ ကို အများကြီးပြောချင်လွန်းလို့ပါတဲ့ဗျာ။သူ့မှာ 2016 ခုနှစ်က ဆီးချိုရောဂါစတင် ရှိ ခဲ့ပါတယ် ဆီးချိုရောဂါ ရဲ့ ဆီးချိုမှတ်ဟာ ၅၀၀ အထက်မှာဘဲ အမြဲရှိနေတယ် စိတ်တွေလဲ အတော်ညစ် လာတယ် ဒါကြောင့်မို့ ဘာတွေကို လုပ်ရပါ့မလဲ အမြဲစင်းစားနေမိတော့တယ်။ တခြားဆေးတွေလဲ စုံအောင်စားသော်လဲ မထူးခြားဘဲ တနေ့တခြား ပိုဆိုးပီးလူလဲဘဲ အတော်ပိန်ကျသွားတယ်။ရေတွေငတ်ပြီးဆီးတွေ ခန ခန သွားနေရတော့တယ် အသားအရောင်တွေကလည်းပြာနှမ်းကြီးဖြစ်လာတော့တယ်။ ဒါပေမဲ့လို့ဝမ်ရေးအတွက် တောင်ငူဘက်ကို ကုန်ရောင်းထွက် […]
ဒီအချက်တွေသိထားရင် ပိုက်ဆံရှာဖို့ မခဲယဉ်းတော့ဘူး
ဘာအလုပ် စလုပ်လုပ် အိမ်မက်ရှိရမယ်။ တော်တော်များများက အိမ်မက်ကို ဝင်ငွေအပေါ် မူတည်ပြီး မက်ကြတယ်။ တချို့က အိမ်မက်ကို မရှိကြဘူး။ အတွေးကို ပြောင်းပြန်တွေးလိုက်ပါ။ ဝင်ငွေအပေါ် မူတည်ပြီး အိမ်မက် မမက်ဘဲ အိမ်မက်အပေါ်မူတည်ပြီး ဝင်ငွေများအောင် လုပ်ရမယ်။ နောက်တခုက အိမ်မက်ပဲရှိလို့မရဘူး။ ပြင်းပြတဲ့စိတ်ဆန္ဒရှိပါစေ။ ၁။ ကိုယ့်ပန်းတိုင်ကို စဉ်းစားလိုက်တိုင်း ပျော်ရွှင်ပါစေဒါမှလည်း ပိုလုပ်ချင်စိတ်များပြီး satisfied ဖြစ်ပါလိမ့်မယ်။ ၂မအောင်မြင်တဲ့သူတွေရဲ့ ဘေးမှာ အိမ်မက်သူခိုးတွေ ရှိနေတတ်ပါတယ်တခုခုလုပ်တော့မယ်ဆို ဘေးကနေ ဒါကတော့မဖြစ်နိုင်ဘူး ၊ မင်းမလုပ်နိုင်ဘူးဆိုပြီးပြောတဲ့ အိမ်မက်သူခိုးတွေ ရှိနေတတ်ပါတယ်။ ဆန့်ကျင်ဘက် အောင်မြင်တဲ့သူတွေ ဘေးမှာတော့ အိမ်မက်ကို အမြဲ အားပေးတဲ့ ကူညီတဲ့ အပြု့သဘောဆောင်တဲ့သူတွေ ရှိနေတတ်တယ်။ ဒါကြောင့် အိမ်မက်သူခိုးတွေ အနားမှာ မရှိပါစေနဲ့။ မပတ်သက်မိပါစေနဲ့။ ၃။ […]
လွတ်မြောက်နယ်မြေတစ်နေရာတွင် သူတာဝန်ယူ ထားရတဲ့ အပိုင်းကို အားလုံးသိရှိအောင် ပြသလိုက်တဲ့ ကိုပေါက်(ရုပ်သံ)
လွတ်မြောက်နယ်မြေတစ်နေရာတွင် သူတာဝန်ယူ ထားရတဲ့ အပိုင်းကို အားလုံးသိရှိအောင် ပြသလိုက်တဲ့ ကိုပေါက်(ရုပ်သံ) အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည် ဒါရိုက်တာကိုပေါက်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီး တော်လှန်ရေးအတွက်တစ် ထောင့်တစ်နေရာကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ လုံခြုံရေးအရ သူ့ရဲ့ Facebook အကောင့်ကို သုံးလကျော် ပိတ် ထားခဲ့ပြီး လတ်တလော ပြန်လည် အသုံးပြုနေပြီ ဖြစ်ပါတယ်။ တောထဲမှာ နေထိုင်ရတဲ့ အခြေအနေတွေကိုလည်း ပရိသတ်တွေသိရှိစေဖို့ အခက်အခဲတွေကြားကနေ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ကိုပေါက်ရဲ့ Facebook Story တွင် ဗီဒီယိုဖိုင်လေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါ ကတော့ တောထဲ တွင် ရှိတဲ့ ရိက္ခာလေးနဲ့ ရအောင် ကိုယ်တိုင် ကြော်လှော်ချက်ပြုတ်နေတာကို ဗီဒီယိုလေးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း […]









