သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ မေမေ ပြောပြတဲ့ ပျိုမေတို့ အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေး ဆေးလိုက်ပြီး သနပ်ခါးတုံး သွေးထည့်လိုက်တာပဲ… အဲသလို လုပ်လို့မရပါဘူး… ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြုထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြုခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့ တစ်ည စိမ်ထားပါ… နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ + ဆားနဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ်… ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံးကို သွေးရပါတယ်… ထွက်လာတဲ့ […]
Day: September 2, 2021
စိတ်ကောင်းရှိတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာ (၅)ခု
စိတ်ကောင်းရှိတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာ (၅)ခု လူတစ်ယောက် အသက်ရှင်သန်ရပ်တည်ဖို့ရာ ပညာတတ်ဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ထက်မြက်ဖို့ စတဲ့အချက်တွေ လိုအပ်တယ်ဆိုပေမယ့် တကယ်တမ်းအလိုအပ်ဆုံးအချက်ကတော့ စိတ်ကောင်းရှိဖို့ပါနော်။ စိတ်ကောင်းရှိဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ကောင်းရှိတယ်ဆိုတာ ဟန်ဆောင်လို့မရလို့ပါ။ စိတ်ကောင်းရှိသူတွေမှာ တွေရတဲ့ အချက်ကလေးတွေကို ဖော်ပြပေးလိုက်မယ်နော် ၁- ရိုးသားတယ် စိတ်ကောင်းရှိတဲ့သူတွေဟာ သူတို့နဲ့ပတ်သက်တဲ့သူတိုင်းအပေါ်မှာ ရိုးသားတယ်။ ကိုယ့်စိတ်ရင်းအတိုင်း ဆက်ဆံတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ လူတစ်ယောက်ရဲ့အရှေ့မှာပဲဖြစ်ဖြစ်၊ ကွယ်ရာမှာပဲဖြစ်ဖြစ် ရိုးသားစွာဆက်ဆံတတ်တယ်။ ၂- သူများအတွက်တွေးပေးတတ်တယ် စိတ်ကောင်းရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုအရမ်းဦးစားပေးတဲ့ အတ္တသမားတွေမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး သူများအတွက်တွေးပေးတတ်တဲ့သူတွေဖြစ်ပါတယ်။ ၃- အားနာတတ်တယ် သူများက အကူအညီတစ်ခုတောင်းလာရင် ငြင်းလိုက်ရမှာစိုးပြီး တတ်နိုင်သလောက် ကူညီတတ်ပါတယ်။ ဒီလိုကူညီတတ်တယ်ဆိုတာကလည်း အားနာလို့ဖြစ်ပြီး အဲ့လိုအားနာတယ်ဆိုတာကလည်း အ လို့မဟုတ်ဘဲ စိတ်ကောင်းရှိလို့ဖြစ်ပါတယ်။ ၄- […]
အိမ်ကပေးစားသည့် မိန်းကလေးနှင့်မယူချင်၍ သွားတွေ့စဉ်ဟင်းပွဲ ၃၀ထိမှာစားခဲ့ပြီးကောင်မလေးအား ဟင်းဖိုးရှင်းခိုင်းခဲ့သော ကောင်လေးရဲ့(ရုပ်သံ)
အချို့သောမိဘများမှာ သူတို့ဧ။် သားသမီးများကို အခြားသူများနှင့် သဘောမတူပဲ သူတို့သဘောကျသော သူများနှင့်သာ ပေးစားပြီး လက်ထပ်စေချင်ကြသည်။ ယခုအခါတွင်လည်း တရုတ်နိုင်ငံ Gansu ပြည်နယ် Lanzhou မြို့တွင် နေထိုင်သော မိသားစုမှ အိမ်ရှိသားဖြစ်သူကို အိမ်ထောင်ကျတာမြင်ချင်ပြီး သူတို့သဘောကျသော မိန်းကလေးနှင့် ပေးစားရန် စီစဉ်ခဲ့သည်။ ကောင်လေးသည်လည်း မိဘများဧ။် သဘော ဆန္ဒကို မငြင်းဆန်ချင်၍ ပေးစားမည့်မိန်းကလေးနှင့်စားသောက်ဆိုင်တစ်ခုတွင် ချိန်ဆိုထားခြင်းကို အကြံဖြင့် လက်ခံခဲ့သည်။ ဆိုင်သို့ရောက်သွားစဉ် တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာပဲ နှုတ်ဆက်ဆိုခဲ့ပြီး နှစ်ဖက်စလုံးက မိဘများဧ။် ပေးစားခြင်းကို ခံရသည့်အတွက် နွေးထွေးမှုလည်း မရှိပဲ အေးတိအေးစက်နှင့် ဖြစ်နေသည်။ ထို့နောက် ကောင်လေးသည် ထိုဆိုင်က အမဲသားဟင်းလျာမှာ အရမ်းအရသာရှိကြောင်း ပြောဆိုပြီး ကောင်မလေးအား စိတ်ပျက်သွားအောင် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ မှာခဲ့ပြီး […]
စိတ်ကူးယဉ်ဆန်တတ်တဲ့ စက်တင်ဘာလ မွေးဖွားသူများ အကြောင်း (မင်းသိင်္ခ)
စက်တင်ဘာလ တွင် မွေးဖွားသူများအကြောင်း စက်တင်ဘာလဖွားတွေဟာ အလွန်ယဉ်ကျေးကြတယ်။ သူတို့ကို ဆန့်ကျင်တဲ့စကားတွေကြားခဲ့ရင်တောင် ယဉ်ကျေးစွာတုံ့ပြန်လေ့ရှိတယ်။ သူတပါးကို မိမိကြောင့်ထိခိုက်နာကျင်မှာ အလွန်စိုးတယ်။ ရှေ့နေ နဲ့ ဆရာမအလုပ်ကို စက်တင်ဘာ လဖွားအများစုမှာတွေ့ရလေ့ရှိတယ်။ သူတို့ဟာမည်သည့်ကိစ္စမဆို အမှန်တရားဘက်မှာသာ အမြဲရပ်တည်လေ့ရှိတယ်။ စက်တင်ဘာ လဖွားတွေဟာသက်ရှိသက်မဲ့အရာဖြစ်နေပါစေ အလှပတရားကို ခံစားတတ်တဲ့ မျက်လုံးတစုံပိုင်ဆိုင်ကြသူများဖြစ်တယ်။ အိမ်လှလှလေး ပန်းစည်းလှလှလေး တွေနဲ့ အမြဲစိတ်ကူးယဉ်ဆန်နေတတ်တယ်။ အတွေးလွန်ပြီး စိုးရိမ်ပူပန်တတ်တယ်။ သူတို့ဟာပြသနာတစ်ခုကို အချိန်ယူပြီး ဖြေရှင်းတတ်တယ်။ အလုပ်ဘယ်လောက်များများ သူတပါးအကူညီမယူပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ အလုပ်လုပ်ရတာ ပိုနှစ်သက်တယ်။ စက်တင်ဘာလဖွားတွေဟာအချစ်ရေးမှာလဲ ဆွဲဆောင်မူရှိပြီး အလွန်ချစ်တတ်တယ်။ မိမိလက်တွဲဖော်ကို နားလည်မူတွေနဲ့အတူ အချစ်ကို ကောင်းကောင်းဖော်ပြတတ်သူတွေဖြစ်တယ်။ အစားသောက်ကောင်းတွေ ခုံမင်တယ်။ ခရီးသွားရင်း အစားသောက် အရသာသစ်တွေကို မြည်းစမ်းရတာနှစ်သက်တယ်။ သူတို့ဟာကားနဲ့လမ်းတွေကို ငေးရင်း ခရီးသွားရတာ ရူးသွပ်တယ်။ […]
လူရှင်းရင်ပြီးရောဆိုပြီး တွေ့တဲ့နေရာမှာ တော်သလင်းဇာတ် ခင်းတတ်တဲ့ အတွဲ များ ကြည့်ဖြစ်အောင်ကြည့်သွားနော်…
ဒီ ပို့စ် ဖတ်မိတဲ့ မြန်မာ မိန်းကလေး တိုင်းအမှားအမှန် သင့် မသင့် ချင့်ချိန်နိုင်ပါစေအချစ် ဆိုနာလူသားတိုင်း မကင်းဘူးထင်ပါတယ်အရှက်တရားကင်းမဲ့တဲ့ လုပ်ရပ်တွေက အချစ်စစ် မဟုတ်ဘူးထင်ပါတယ်မိမိ မိသားစု အသိုင်းအဝိုင်းရဲ့ နိမ့်ကျမှု့ကိုပြသပေးနေသလိုပါဘဲ တက္ကသိုလ် ဝန်းကျင်မှာရှိတဲ့ မိန်းကလေး အများစု သတိပြု့သင့်ပါတယ် ရဲ တွေက လူဆိုး သူခိုး ဖမ်းဖို့ထက် လူ တော်သလင်း အတွဲ တွေဖမ်းနေရသလိုဖြစ်နေတာ မကောင်းပါဘူး စိတ်ပျက်စရာပါ ရဲ aတွက အလုပ်အား အချိန်ပိုလို့ ဒီလို လိုက်ပြီး ဖမ်းဆီး ပညာပေး နေတာမဟုတ်ပါဘူး ချုံမြင်တိုး စုံတွဲ များ ရဲစခန်း ကို မရောက်ချင်ဘူးဆိုရင် ရဲ ပြောတဲ့စကားကို နားထောင်ပေးပါ။ မောင်တို့ ..မယ်တို့ ..အနေနဲ့ လူငယ် […]
CB ဘဏ်ကနေ စတင်ကန့်သတ်လိုက်ပြီ….CBသမားတေတိုင်ပတ်တာပဲ…
CB ဘဏ်ကနေ စတင်ကန့်သတ်လိုက်ပြီ….CBသမားတေတိုင်ပတ်တာပဲ… မြန်မာကျပ်ငွေဘဏ်အကောင့်မှဗီဇာကတ်သို့အမေရိကန်ဒေါ်လာပြောင်းလဲခြင်းကိုမြန်မာကျပ်ငွေ ဘဏ်အကောင့်မှ VISA ကတ်များသို့ အမေရိကန်ဒေါ်လာ ပြောင်းလဲထည့်သွင်းခြင်းကို အွန်လိုင်းမိုဘိုင်းလ် ဘဏ်စနစ်ဖြင့် လုပ်ဆောင်ခြင်း ခွင့်မပြုတော့ဘဲ ကိုယ်တိုင် ကျပ်ငွေ လာရောက်ပေးသွင်းမှသာ ပြောင်းလဲနိုင်မည် ဖြစ် ကြောင်း CB ဘဏ်ထံက သိရသည် အဓိက ကတော့ VISA Debit ကတ်ကို အမေရိကန်ဒေါ်လာ ပြောင်းလဲဖြည့်သွင်းတာ (Top up) ကို ပြောင်းလိုက်တာ အရင်ကတော့ အကောင့်ထဲကနေလွှဲလိုက်ရင် ရတယ်။ အခုကတော့ ငွေသားနဲ့ပဲ ပေးလို့ ရတော့မယ်ဟု CB ဘဏ်မှ တာဝန် ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်သို့သော်လည်း ထို့သို့ ပြောင်းလဲလုပ်ဆောင်ခြင်းအတွက် ၎င်းအနေဖြင့် အသေးစိတ် မသိရှိကြောင်း သူက ဆိုသည် လတ်တေလာတွင်လည်း CB […]
လင်မယားအိပ်စက်ပုံကနေ ပြောပြနေသည့် အိမ်ထောင်ရေးအကြောင်း..
အိမ်ထောင်ရှင် ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ အိပ်စက်ခြင်းပုံစံကနေ လင်မယားနှစ်ယောက်ရဲ့ လက်ရှိ အခြေအနေကို တွက်ဆလို့ရတဲ့ အလွယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ခန္ဓာဗေဒဘာသာစကား ကျွမ်းကျင်ပညာရှင် ဒေါက်တာ Patti Wood က ပြောထားတဲ့ နည်းတွေ ဖြစ်ပါတယ်။ (၁) ရောထွေးယှက်တင်အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ….ရောထွေးယှက်တင် အိပ်စက်ခြင်းမျိုးကိုတော့ လက်ထပ်ပြီး နှစ် အနည်းငယ်ကြာတဲ့အထိ အိမ်ထောင်သည်တွေ အိပ်စက်တတ်ကြောင်း တွေ့ရှိ့ရပါတယ်။ အနေအထားကတော့ များသောအားဖြင့် အမျိုးသားက နောက်မှ အမျိုးသမီးရဲ့ခါးကိုသိုင်းဖက်ထားတဲ့ အိပ်စက်နည်း ဖြစ် ပါတယ် ဒီအဓိပ္ပါယ်ဟာ အချစ်နဲ့ယုံကြည်မှု နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်နေသေးတဲ့ သဘောဖြစ်ပါတယ်။ (၂) ခပ်ခွာခွာ အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး …..ဒါကတော့ ပထမပုံစံနဲ့ မတိမ်းမယိမ်းပါဘဲ။ […]
“ကလေးမုန့်ပေး ကြိုက်တယ်” ဆိုပြီး လိုင်းပေါ်တွင် နာမည်ကြီးနေသော ၆၃နှစ်အရွယ် အဖွားအိုနှင့် ၂၀ကျော် ကောင်လေးတို့ဧ။် အချစ်ဇာတ်လမ်း
ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများ အသုံးပြုပြီး လိုင်းပေါ်ကနေ ချစ်ရေးဆိုကာ ချစ်သူရည်းစားဖြစ်ခဲ့ကြပြီး အပြင်မှာတွေ့ခါကျ ဂျင်းထည့်ခံရသည်ကို သိလိုက်ရသော အဖြစ်နှင့် ကြုံတွေ့၍ အခက်တွေ့သူများလည်း ရှိသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၂၀ကျော်ကောင်လေးသည် ရည်းစားရှာသော ဆော့ဝဲလ်တစ်ခုကနေ ၃၆နှစ်အရွယ် ကောင်မလေးတစ်ယောက်နှင့် တွေ့ခဲ့ပြီး ချစ်သူတွေဖြစ်သွားကြ၍ အပြင်မှာတွေ့ရန် ချိန်းဆိုခဲ့ကြသည်။ ထိုသို့ချိန်းတွေ့စဉ် ချစ်သူကောင်မလေးမှာ ဖုန်းထဲက ၃၆နှစ်အရွယ် မဟုတ်ပဲ ၆၃နှစ်အရွယ် အဖွားအို တစ်ယောက်သာ ဖြစ်နေခဲ့၍ ကောင်လေးသည် အလွန်ကြေကွဲခဲ့ရသည်။ သို့သော်လည်း ချစ်သူအဖွားအိုမှ ကောင်လေးလိုချင်သော အရာမှန်သမျှ မငြိုငြင်ပဲ ဖြည့်ဆည်းပေးခဲ့ရာ i phone 12 အားဝယ်ပေးရန် တောင်းဆိုခဲ့ပြီး အိမ်တစ်လုံးဝယ်ပေး ဆိုရင်တောင် အဖွားပိုမှ ချစ်တဲ့စိတ်တစ်ခုတည်းနှင့် ဝယ်ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထိုအချက်တွေနှင့်အတူ ကောင်လေးမှာ […]
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက် တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ..ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး..ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။ (၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။ (၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ်။ (၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။ လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်တွေကို […]
ချစ်သူဟောင်းမှ လက်ထပ်တော့မည့်သတင်းကိုကြားပြီး အိမ်ရှေ့တွင် ထရပ်ကားနှစ်စီးစာ ကျောက်တုံးများ ပုံချခဲ့သော ကောင်လေး
လောကကြီးရှိ လူသားတိုင်း အချစ်နှင့်မကင်းကြသလို ချစ်ကြိုက်ပြီးမှတော့ မည်သူမျှ မလွဲချင် မကွဲချင်ကြပါ။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် နှစ်အတော်ကြာချစ်ကြိုက်ခဲ့ပြီးနောက် အခန့်မသင့်ပဲ ကွဲသွားကြရာ နောက်ဆုံး မိန်းကလေးဖက်မှ အခြားတစ်ယောက်နှင့် လက်ထပ်တော့မည့်အကြောင်းကို ကောင်လေးဖြစ်သူမှ ရင်နာနာနှင့် ကြားခဲ့ရသည်။ ကောင်လေးမှာ ချစ်နေသေး၍ ဘားမျှမတတ်နိုင်တော့သည့်အဆုံး ချစ်သူဟောင်းမိန်းကလေးအား လက်ထပ်ပွဲပျက်သွားအောင်ဆိုပြီး ညဖက်၌ အိမ်ရှေ့တွင် ကားနှစ်စီးစာ ကျောက်တုံးကြီးများ ပုံသွားခဲ့သည်။ မိသားစုများမှ အလွန်စိတ်ဆိုးသွားပြီး ကျောက်တုံးများဖယ်ရှားဖို့ရာလည်း မလွယ်လှ၍ အခက်တွေ့နေရပြီး ဒေသခံလူများမှ မင်္ဂလာလက်ဖွဲ့ကတော့ အမိုက်စားပဲ ဟုရယ်မောကာ ပြောဆိုနေကြသည်။ Hlaing (Love Feeling ) Zawgyi ချစ်သူဟောင်းမှ လက်ထပ်တော့မည့်သတင်းကိုကြားပြီး အိမ်ရှေ့တွင် ထရပ်ကားနှစ်စီးစာ ကျောက်တုံးများ ပုံချခဲ့သော ကောင်လေး လောကကြီးရှိ လူသားတိုင်း အချစ်နှင့်မကင်းကြသလို […]









