တာဝါတိုင်တွေကို မလုပ်နဲ့ တပ်ကိုလုပ် ဆိုတဲ့စကားက သူ့အတွက်တော့ အင်မတန် သဘာ၀ကျတဲ့စကားဖြစ်ပါတယ်။ တပ်သားတစ်ယောက်သေရင် ကျန်ရစ်တဲ့ သူ့ဇနီးမယား သားသမီးတွေ အဆင်ပြေဖို့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက အဆင်သင့်။ မပေးဘဲနေရင်တောင် ရတယ်။ ဒါပေမဲ့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက သိက္ခာနဲ့ စည်းကမ်းနဲ့ ရပ်တည်တဲ့ ကုမ္မဏီ။ တပ်မတော်သားတွေအကျိုးအတွက် ဖွင့်ထားပေးတာ။ တပ်မတော်သားတွေဟာ ငွေတန်ဖိုးနားမလည်ဘဲ ဘုန်းဘောလအော သုံးဖြုန်းပစ်မှာစိုးလို့ လစာငွေထဲကနေ ဖြတ်ပြီး တိုးပွားအောင် စုဆောင်းပေးထားတာ။ ဘယ်နေရာမှာ ဘာကြောင့်ပဲ သေသေ။ တပ်မတော်သားတွေအတွက်ဆိုရင်လေ အပြေးကလေးရောက်လာမယ့် အောင်မြင့်မိုရ်မင်း တဲ့။ ဒါ သူတို့ဆောင်ပုဒ်။ ကျန်ရစ်သူ ဇနီးမယားက အဲဒီငွေတွေ မယူချင်ဘူးလို့ ငြင်းမရ၊ သူတို့ စုဆောင်းတိုးပွားပေးထားတဲ့ ငွေလုံးငွေရင်းကို သူ့ဆောင်ပုဒ်အရ တာ၀န်အရ မဖြစ်မနေ အပြေးလေး […]
Day: September 10, 2021
အဆိုတော် ဇော်ဝင်းထွဋ်၏ သား အဆိုတော်အီတိုး ဖမ်းဆီးခံရ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ ခြံဝန်းတစ်ခုတွင် စစ်ကောင်စီက အဆိုတော် အီတိုးကို စက်တင်ဘာ ၈ရက် ညက ဖမ်းဆီးသွားကြောင်း သိရသည်။ ၎င်း၏ အမဖြစ်သူ Win Htut Tara က “ဒီတစ်ကွက်တော့ အားလုံး အရှိုက်ကိုထိတယ်…! အစစ အရာရာ အဆင်ပြေပြီး…အန္တရာယ်ကင်း ပါစေ! ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အဆိုတော် ဇော်ဝင်းထွဋ်၏ သား အဆိုတော်အီတိုးနှင့်အတူ အခြား လူငယ်အချို့လည်း အဖမ်းခံရပြီး ရေကြည်အိုင် စစ်ကြောရေးသို့ ဖမ်းခေါ်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ နိုင်ငံကျော် မြန်မာ့အသံ အဆိုတော် ဒေါ်ခင်စိုးဝင်းကလည်း အီတိုး စစ်ကြောရေးရောက်သွားသည့်အတွက် ဝမ်းနည်းရကြောင်း နှင့် ဘေးကင်းပါစေကြောင်း ၎င်း၏ […]
ဂျာအေးကဗျာကို သင်တာသင်ခဲ့ရတာ အခုမှပဲ အဓိပ္ပါယ်ကို သိရတော့တယ်
ဂျာအေးကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ် Unicode Version ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ဘယ်ကစပြီး ဘယ်တော့ဆုံးမယ်မှန်းမသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ငယ်စဉ်ကတည်းကအလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ်သိသူနည်းပါးဦးမှာပါ… ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ခုနှစ်နဲ့မူရင်း အဓိပ္ပါယ်ကို သေချာမသိရပါဘူး.. ဒါပေမယ့်ကံအကြောင်းတိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်.. မုန့်လုံးကိစက္ကူကပ်ပါလို့ မုန့်လုံးနဲ့တူတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာငါးပါးသက္ကာယတရားတွေကိုတဏှာဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်.. ကြာကလပ်နဲ့ ဆွမ်းတော်တင်နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။ ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေးဂျာအေး ကောင်းမှုတွေလုပ်လို့ ကောင်းရာဘုံဘဝတွေ ရောက်ပေမယ့်လည်း (မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့) အချိန်တန်လို့ကုသိုလ်အဟုန်တွေကုန်တော့အပါယ်ဘုံ (သို့)လူ့ဘုံကိုပဲ ရောက်ရတာပါပဲ.. ဂျာအေးကိုသူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို […]
“မျက်နှာသစ်ရာမှာ သတိထားဖို့ “…
ကလေးဘဝအရွယ်ကတည်းက “စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အစာစား၊ ကျောင်းသွား” ဆိုတဲ့ ကလေးငယ်တွေဆောင်ရွက်ရမယ့် ဝတ္တရားတွေကို ဆရာသမားတွေက သင်ကြားပေးခဲ့ကြတယ်။ ကလေးငယ်ဘဝကတည်း က မနက်တိုင်း မျက်နှာသစ်ခဲ့ရတာ အခုရောက်နေတဲ့ အသက်အရွယ်အထိပါပဲ။ တချို့ဆို ညဘက်အိပ်ရာဝင်ခါနီးမှာတောင် မျက်နှာသစ်၊ သွားတိုက်တဲ့ အလေ့အကျင့်လုပ်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက မျက်နှာကို အချိန်ကြာမြင့်စွာ ဆပ်ပြာ၊ သန့်စင်ဆီတွေနဲ့ သစ်နေတာကို သတိပြုမိတယ်။ တကယ်တော့ လူတစ်ယောက်အတွက် မျက်နှာအသားအရေဟာ အရေးအကြီးဆုံးပါ။ အဲဒါကြောင့် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မိမိရဲ့မျက်နှာအသားအရေကို ဂရုစိုက်ကြရပါမယ်။ တချို့မိန်းကလေးတွေက မျက်နှာသစ်ရုံမက လှချင်လွန်းလို့ ဆိုင်မှာ မျက်နှာကိုပေါင်းတင်တာ၊ မျက်နှာအကြောတွေ နှိပ်နယ်တာ၊ အကြောလျှော့တာ၊ မျက်ရိုးတွေနှိပ်နယ်အကြောလျှော့တာတွေကို ပြုလုပ်တတ်ကြပါတယ်။ အမှန်ဆိုရင် မျက်နှာအသားအရေဟာ ပါးလွှာတဲ့အတွက် […]
ကြွက်သားအလှရှိတဲ့ ကောင်လေးတွေကိုမှ စိတ်ဝင်စားတတ်သော မိန်းကလေးများအနေနှင့် သွားရောက်ပြီး ဆံပင်ညှပ်သင့်သည့် အလှပြင်ဆိုင်
မိန်းကလေးတိုင်းက အလှအပရေးရာနှင့်ပက်သက်ပြီး အထူးစိတ်ဝင်စား နှစ်သက်ကြကာ အလှပြင်သည့်အခါမှာရော ဆံပင်ညှပ်သည့်အခါမှာရော ပုံကောင်းကောင်းလေး ထွက်လာဖို့ကို မျှော်လင့်ကြသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံ Chanthanimitခရိုင်တွင် ဖွင့်လှစ်ထားသော Suthaneerak Hair Salonအမည်ရှိ အလှပြင်ဆိုင်လေးတစ်ခုသည် ထူးခြားစွာဖြင့် ဆိုင်ဝန်ထမ်းများအား အားကစားရုံရှိ ဗလတောင့်တောင့် ကြွက်သားတွေအပြည့်ရှိသော ကောင်လေးတွေကိုသာ ခန့်အပ်ထားသည်။ ဆိုင်ပိုင်ရှင်သည် ဆိုင်သို့လာရောက်သော ဖောက်သည်များအား နည်းပါးနေ၍ မြှင့်တင်ရန်အတွက် Gymကောင်လေးတွေကို ခန့်ထားပြီး အမျိုးသမီးတွေအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုမျိုးကို ပေးထားသည်။ ဆိုင်ဝန်ထမ်းကောင်လေးများသည် ဖောက်သည်များအပေါ်တွင် အလွန်ဖော်ရွေစွာ ဆက်ဆံပြီး သူတို့ကိုယ်တိုင် ဆံပင်ညှပ်ခြင်း ခေါင်းလျှော်ခြင်းများပြုလုပ်ပေးသည့်အပြင် ၁၀ရာခိုင်နှုန်းလျှော့ဈေးလည်း ရှိတာကြောင့် ဆိုင်သို့လာရောက်သော ဖောက်သည်များမှာ နေ့စဉ် စည်ကားလျက်ရှိသည်။ Rain (For Ialinks) Unicode ကြွက်သားအလှရှိတဲ့ ကောင်လေးတွေကိုမှ စိတ်ဝင်စားတတ်သော […]
အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းများ …
အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းများ အသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှအပတခုဖြစ်ပါတယ်။ ညိုချောတွေရှိပေမယ့် ဖြူချောတွေလောက်သိပ်မျက်နှာမပွင့်ကြပါဘူး။ အသားဖြူစေတဲ့အလှကုန်တွေပေါသလို သဘာဝဖြစ် အသားဖြူနည်းတွေလဲရှိပါတယ်။ အသားဖြူချင်သူတွေအတွက် သိသလောက်အောက်မှာဖော်ပြလိုက်ပါတယ်။ သဘာဝ အသားဖြူပစ္စည်းတွေနဲ့ အသားဖြူအောင်လုပ်နည်းတွေအရင်ဖော်ပြသွားပါမယ်။ ကရိကထလဲမများ ဈေးလဲမကြီးတဲ့ပစ္စည်းတွေနဲ့ အများသူငါလက်လှမ်းမှီသုံးလို့ရတာကို ဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်။ *လိမ္မော်ခွံနဲ့ အသားဖြူနည်း လိမ္မော်သီးအခွံကို နေပူထဲလှမ်းပေးပါ။ လုံးဝခြောက်သွေ့သွားတဲ့အချိန်မှာ ကြိတ်ပီးပေါင်ဒါလိုအမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှနို့အစိမ်းနဲ့ရောပြီး ပျစ်ခဲအောင်ဖျော်ပါ။ အဲဒီအရည်ကို အရေပြားကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ *ခရမ်းချဉ်သီးနဲ့ အလှပြင်မယ် ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက်ကို ကြိတ်ပီးအရည်ညှစ်ချပါ။ အဲဒီအရည်ထဲကို သံပုရာရည် ၁စက်/၂စက်ထည့်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ်၂၀လောက်အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တနေ့ကို ၂ကြိမ် လုပ်ပေးပါ။ ၁၅ရက်ကနေ ရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်။ *အမဲကွက်နဲ့ အစက်အပြောက်တွေပျောက်ဆေး အာလူးအစိမ်းတလုံးကို ယူပြီးပါးပါးလှီးပဲ လှီးထားတဲ့အစိတ်လေးတွေကို မျက်နှာပေါ်ကပ်ပေးပါ။ […]
သင့်ဘဝမှာ “လူပေါင်းမမှားပါစေနှင့်”
စေတနာနဲ့ မထိုက္တန်သူကို စေတနာ သိပ်မထားနဲ့။ကိုယ့်ရဲ့ စေတနာ တွေ စော်ကားခြင်း ခံရတတ်တယ်အလေးအနက် မထားတတ်တဲ့သူအပေါ် ချစ်ခြင်းမေတ္တာတွေ ပုံမေအာ မိစေနဲ့။ တစ်နေ့ သစ္စာဖောက်ခြင်း ခံရတတ်တယ် တန္ဖိုးမသိတဲ့ သူကို တန်ဖိုးအကြောင်း မရှင်းပြမိစေနဲ့။။တန်ဖိုးသိမှ တန်ဖိုးရှိတာမို့ပါ အရှက်သိက္ခာမဲ့သူကို ရင်းရင်းနှီးနှီးကြီး မပေါင်းသင်းမိစေနဲ့။တံငါနားနီ တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလို အကျင့်စရိုက်တွေ ကူးစက်တတ်လို့ ကျေးဇူးကန်းတတ်သူကို ကျေးဇူးမပြုမိပါစေနဲ့။ကျေးဇူးတင် မခံရတာ ပြသနာမရှိပေမယ့်ကျေးဇူးကန်းရင် ဒေါသဖြစ်ရလို့ဂတိမတည်သူနဲ့အတူ အလုပ်တွေ တွဲမလုပ်မိစေနဲ့။လူမွာ ဂတိ ၊ မင်းမှာ သစ္စာ တဲ့ကိုယ့်ကိုပါ ယုံကြည်မှု ကင်းမဲ့သွားလိမ့်မယ် ယုံကြည်မှုတွေ အလြဲသုံးစား လုပ္တတ်သူကို သိပ်ပြီး မယုံစားနဲ့။ရန်သူသတ်တာထက် လူယုံသတ်မှ သေတတ်တယ်ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး စကားပြောဆိုတတ်သူကို မိတ်ဆွေမဖွဲ့မိစေနဲ့။ ကိုယ့် […]
တအိမ်လုံး ပြန်ကောင်းလာစေခဲ့သော ဆေးနည်းလေး
တအိမ်လုံး ပြန်ကောင်းလာစေခဲ့သော ဆေးနည်းလေး သူငယ်ချင်းရဲ့ အမ တအိမ်လုံး ပျောက်ကင်းသွားစေလို့ အများသိအောင် တင်ပေးပါဆိုလို့ ပါ ဆေးဖော်စပ်ပုံ ပထမဦးစွာ ရှောက်သီးများကိုရေဆေးပါ။ မိမိလက်ကိုလည်း ရေဆေးပါ။ ပြီးသည်နှင့် ရှောက်သီးများပေါ်က ရေများကို တစ်ရှူးနှင့် ပြောင်စင်အောင် ပြန်သုတ်ပါ။ လက်မှရေများကိုလည်း ပြောင်စင်အောင်သုတ်ပါ။ ရေ လုံးဝ မကျန်ပါစေနှင့်နော်။ ပြီးသည်နှင့် ရှောက်သီးများကို အရည်ညှစ်ပါ။ (Blender ၊ ကြိတ်စက် ၊ ညှစ်စက် စသည်တို့ကို အသုံးပြု၍ အစေ့ ၊ အဖတ် အားလုံး ကြေသွားစေပြီး ရရှိလာသော အရည်မျိုး မဖြစ်ပါစေနှင့်) အသီးညှစ်သော ညှပ်အကြီးစားမျိုးကို သုံးပါ။ လက်ဖြင့် ညှစ်နိုင်လျှင်လည်း ညှစ်ပါ။ မိမိလိုချင်သည့် အရည်ပမာဏကို ရလျှင် ရေစစ်၊ ပိတ်စ […]
မှဲ့ကပြောပြတဲ့ သင့်ရဲ့အချစ်ရေးနှင့် မလိုချင်တဲ့မှဲ့ ဖယ်ရှားနည်း
မှဲ့ကပြောပြတဲ့ သင့်ရဲ့အချစ်ရေးနှင့် မလိုချင်တဲ့မှဲ့ ဖယ်ရှားနည်း ပါးပေါ်ကမှဲ့ပိုင်ရှင် ရည်းစားရဖို့ ဘယ်တော့မှအောက်ကျမခံဘူး သေလောက်အောင်ချောနေလန်ထွက်နေပါစေ သဲသဲလှုပ်ချစ်မပြတတ်ဘူး ကိုယ်ကချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့ သူနဲ့ပဲ ဖူးစာပါရော။ နဖူးပေါ်ကမှဲ့ပိုင်ရှင် သနားတတ်တဲ့စိတ်အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက်ရတတ်တယ်။ အဲ့ချစ်သူကအနိုင်ယူတာခဏခဏငိုအောင်စိတ်ညစ်အောင်လုပ်တာကြုံရတတ်တယ်။ ဒါပေမယ့်အဲ့ချစ်သူကပဲသင့်ကိုသစ္စာရှိရှိချစ်မယ့်သူဆိုတာမမေ့နဲ့။ မျက်ခုံးတစ်ဝိုက်ကမှဲ့ပိုင်ရှင် အချစ်စစ်ရဖို့အချိန်တွေမနည်းရင်းရတတ်တယ်စန်းပွင့်ပြီး လူချစ်လူခင်ပေါတယ် အသေရရအရှင်ရရချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်ကအားကျရတဲ့သူဖြစ်ချင်ဖြစ်နေလိမ့်မယ်။ တကယ်တမ်းအချစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာကိုယ်ကိုယ်တိုင်ပဲ သိတယ်။ မျက်လုံးအိမ်ထဲကမှဲ့ပိုင်ရှင် မာနကြီးတယ်ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူးချစ်ပြီဆို တစ်ဘဝလုံးစာမုန်းပြီဆိုရင်လည်းသံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်းပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး နားရွက်ပေါ်ကမှဲ့ပိုင်ရှင် ကတိတစ်ခုကိုတည်မှကြိုက်တယ်ချစ်စရာကောင်းတဲ့ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုပိုင်ဆိုင်ထားကြတယ် ချစ်သူသက်တမ်းကြာရှည်စွာ ဖြတ်သန်းရတတ်တယ်။ ပျော်ရွှင်စရာတွေဖန်ဆင်းပေးတတ်တဲ့ချစ်သူကြောင့် ဘဝတစ်လျှောက် ရင်ခုန်သံတွေဆူညံနေရလိမ့်မယ်။ နှာခေါင်းပေါ်ကမှဲ့ပိုင်ရှင် သာယာတယ်လေသိပ်ချစ်ပြတာ ကိုယ့်ဘက်ကပြန်ရတယ်လေ နောင်တတွေအပြုံလိုက်ငိုခဲ့ရလွန်းလို့ကျလိုက်တဲ့ မျက်ရည်တွေရေအားလျှပ်စစ်ပါထုတ်လို့ရလောက်တယ် ဒါလည်းမှတ်လားမေးကြည့်လိုက်ပါဦး။ နှုတ်ခမ်းနားကမှဲ့ပိုင်ရှင် ဘယ်လိုနေနေလှနေရော။ဖျက်ခနဲရီလိုက်တာကသူတို့ရဲ့အားသာချက်လက်နက်ပဲအဲ့အပြုံးကိုမြင်လိုက်ရတဲ့သူတိုင်းသေမလိုရှင်မလိုဖြစ်ကျန်ခဲ့တဲ့အထိညှို့ချက်ကပြင်းတယ်။ လူတစ်ယောက်ကိုသိပ်ချစ်ခဲ့ဖူးပေမယ့်အဲ့လူကရက်စက်စွာဥပေက္ခာပြုခဲ့ခြင်းခံခဲ့ရဖူးတယ်။ လည်ပင်းနားကမှဲ့ပိုင်ရှင် ချစ်မယ့်သူတွေပေါတယ်။ ချောမောလှပတဲ့သူတွေဖြစ်ပေမယ့် ရည်းစားဆိုကိုယ့်ထက်ပိုချောတဲ့သူမရတတ်ကြဘူး အထူးခြားဆုံးကအသံစွဲမက်စရာဖြစ်နေတတ်တာ9+ပဲကိုယ့်ထက်အသက်ပိုကြီးတဲ့ကွီး/မွီးတွေကအသေအလဲ ကြွေခြင်းခံရတတ်တယ် မျက်ရည်အကျမလွယ်တတ်ဘူး။ […]








