ပရိသတ်တွေရဲ့ အချစ်တွေကို နှစ်အတော်ကြာ သိမ်းပိုက်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ခုချိန်မှာ (၅၀၅ – က) နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲပဲ ဖြစ်ပါ တယ် ။ ပရိသတ်တွေကတော့ ဒီကနေ့အထိ တစ်ရက်လေးမှ မမေ့ဘဲ သတိရလွမ်းဆွတ်ကြောင်းတွေ ဖော်ပြပေးကြသလို အမြန်လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေ းနေ ကြပါတယ် ။ အခုလည်း သူတို့ ဇနီးမောင်နှံနဲ့ ထောင်ထဲမှာဆုံခဲ့ရတဲ့ ပြည်သူတစ်ဦးက ပြေတီဦးတို့ လင်မယားနှစ်ယောက်ရဲ့ ငိုရခက် ရယ်ရခက် အဖြစ်လေးကို အမှတ်တရ ရေးသား ဖော်ပြလာပါတယ် ။ စာလေးဖတ်ပြီး ရယ်နေရတာ အမှန်ပါပဲ ။ ဒါ့အပြင် အူဝဲတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ စိတ်သဘောထား ပြည့်ဝပုံတွေကိုလည်း ချီးကျူးစကားဆိုထား ပါသေးတယ် ။ အကြောင်းအရာလေးကတော့ […]
Month: September 2021
အမှုတွေမှာဥပဒေနဲ့မညီတာတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောပြီ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အမှုတွေကို ရင်ဆိုင်နေရာမှာ ဥပဒေနဲ့မညီတဲ့လုပ်ထုံးလုပ်နည်းတွေကို ပေါ်လွင်အောင် ဖော်ထုတ်ပေးဖို့ ရှေ့နေဖြစ်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတချို့ကို ဒီကနေ့ နေပြည်တော်မှာ ကြားနာစစ်ဆေးရာမှာ သူနဲ့ ရှေ့နေဖြစ်သူတွေ တွေ့ဆုံခွင့်ရခဲ့တာပါ။ တရားခွင်ကြားနာမှုအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်း နန်းလောင်ဝ်က ပြောပြပါမယ်။ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေထဲက အမှု ၃ မှုနဲ့ ဦးဝင်းမြင့်အမှု ၁ မှု၊ ပေါင်း ၄ မှုကို နေပြည်တော်က သီးသန့်တရားရုံးမှာ ဒီကနေ ကြားနာစစ်ဆေးပါတယ်။ ရှေ့နေတွေနဲ့တွေ့ဆုံစဉ်မှာတော့ ဥပဒေနဲ့မညီတဲ့လုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတယ်လို့ ရှေနေဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့ အမှုသွားတဲ့လမ်းကြောင်းကိစ္စ ညှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုကို strategically မဟာဗျူဟာမြောက် […]
ကားပါကင်နားလေးတွင် ပန်းကုံးလေးတွေကို လက်ကကိုင်ထားရင်း ငုတ်တုတ်ထိုင်ကာ အိပ်မောကျနေရှာသော သနားစရာကောင်လေး အဖြစ်
မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာတဲ့ ပန်ဆယ်လို
ပရိသတ်အားပေးလက်ခံမှုတွေကို ရရှိထားတဲ့ ဆယ်လီတစ်ယောက်ဖြစ်တဲ့ပန်ဆယ်လိုကတော့ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ပနိုင်ငံကို ရောက်ရှိနေတဲ့ သူမကတော့ မြေပြင်ရှိတော်လှန်ရေးရဲဘော်တွေအတွက် ကူညီထောက်ပံ့မှုတွေ အတတ်နိုင်ဆုံး ပြုလုပ်ပေးနေတာလည်း တွေ့ရပါတယ်။ ချစ်ခင်သူတွေရှိသလို မလိုလားသူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကြုံတွေ့နေရတဲ့ ပန်ဆယ်လိုကတော့ မြေပြင်ရောက်နေတဲ့ PDF တွေကို ထောက်ပို့ကူညီနေတဲ့အကြောင်း သက်သေဗီဒီယိုဖိုင်တွေနဲ့တကွ ပြသလာပါတယ်။ ဒီပဲရင်း PDF တွေအတွက် ကူညီငွေ သိန်း(၅၀)ကို ပေးပို့ထောက်ပံ့ခဲ့တာဖြစ်ပြီး လက်ခံရရှိအောင်ပြောထားတဲ့ ရဲဘော်တွေရဲ့ဗီဒီယိုဖိုင်လေးကိုလည်း သက်သေပြမျှဝေထားပါသေးတယ်။ သူမနာမည်နဲ့တကွ လက်ခံရရှိကြောင်း ပြောပေးကြရတဲ့အတွက် မြေပြင်ကလူတွေကို အားနာရပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေကို မလိုချင်ပေမယ့် သက်သေတောင်းကြတဲ့ လူတွေကြောင့်သာ ဖော်ပြရခြင်းဖြစ်တာကိုလည်း ပန်ဆယ်လိုက ပြောပြထားပါသေးတယ်။ အခက်အခဲ အတိုက်အခိုက်တွေကြားက ပန်းတိုင်ကို ရောက်အောင်လျှောက်လှမ်းကြရမှာဖြစ်တဲ့အကြောင်းတွေကိုလည်း သတိပေးဝေမျှရင်း ဗီဒီယိုဖိုင်လေးငို တင်ပေးလာတာ ဖြစ်ပါတယ်။ […]
မအူ၀ဲဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တာကြောင့် အတိုင်းမသိပျော်ရွှင်ပြီးဂုဏ်ပြုပေးကြတဲ့ အနုပညာရှင်တို့ရဲ့ရင်တွင်းစကားများ
ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ “What Happened to the Wolf” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပပြုလုပ်တဲ့ “Oldenburg International Film Festival ” ပွဲမှာ ပြသဖို့ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး World Premiere အဖြစ်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ “Oldenburg International Film Festival “ရဲ့ ဆုပေးပွဲမှာတော့ Seymour Cassel Award for Best Performance ဆုအား “What Happened to the Wolf” ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ် ။ အခုလိုအကျဉ်းကျနေပေမယ့် သူမရဲ့ထိမိလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာကပါအသိအမှတ်ပြုလေးစားဂုဏ်ပြုခဲ့တာဖြစ်ပါတယ်…..။ အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ပရိသတ်တွေကလည်း အများအပြားဂုဏ်ပြုပေးခဲ့ကြပြီး social […]
ဆီကို ချွေတာပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လုပ်ဆောင်ရမည်ဟု စစ်ခေါင်းဆောင် ထပ်ပြော
ဆီကို ချွေတာပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လုပ်ဆောင်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ထပ်ပြော နိုင်ငံအတွင်း စက်သုံး ဆီ နှင့် စားသုံး ဆီများကို နှစ်စဉ် ဘီလီယံဖြင့် ပြည်ပက တင်သွင်းနေရသည့်အတွက် လျှပ်စစ်အသုံးပြုပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား များကို စဉ်းစားလုပ်ဆောင်ရမည်ဟု လားရှိုးသို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံပြောကြားလိုက်ပြန်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ကနေ ပူတာအိုသို့ သွားခွင့်မရတော့ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့က ရောက်ရှိပြီးနောက် ဒေသအာဏာပိုင်များ နှင့် မြို့မိမြို့ဖများဖြင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား နှင့် […]
သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်တဲ့ အကြံပြုချက်လေးများ
#Unicode Version ၁။ လုံးဝပြီးပြည့်စုံနေတဲ့လူတစ်ယောက်ကို မရှာဖွေပါနဲ့။ သင့်ကံတရားကို လက်ခံပေးသူ၊ သင်နဲ့အမြဲ အတူရှိချင်သူ၊ သင့်ကို လေးစားတဲ့သူနဲ့သာ လက်တွဲပါ။ ၂။ တစ်ခုခုကိုလိုချင်ရင် ဆင်ခြေကို မရှာဖွေပါနဲ့။ နည်းလမ်းတစ်ခုကိုသာ ရှာဖွေပါ။ ၃။ သင့်ဘဝကို ပျက်စီးရာပျက်စီးကြောင်း ကြိုးစားသူ တွေကို အနိုင်ရချင်ရင် အပြုံးနဲ့ရင်ဆိုင်လိုက်ပါ။ ၄။ ရိုးစင်းစွာနေပါ။ နည်းနည်းပဲ မျှော်လင့်ပြီး များများ ပေးပါ။ ချစ်ခြင်းတွေနဲ့ ဘဝကိုဖြည့်ဆည်းပါ။ နှလုံးသားထဲ အမုန်းတရားမရှိအောင်ထားရင် စိုးရိမ်ပူပန်စရာတွေကနေ လည်း သင်ကင်းလွတ်နေမှာပါ။ ၅။ သင့်ဘဝမှာဖြစ်ပေါ်လာမယ့်အရာတွေကို သင် မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ သင်တုံ့ပြန်မယ့်ပုံစံကို ရွေးချယ်နိုင်တာကို အမြဲသတိရပါ။ ၆။ သင့်ရပ်တည်မှုအစစ်ကိုသိချင်ရင် လူတွေနဲ့ ခဏ ဝေးဝေးနေကြည့်ပါ။ သူတို့ဂရုစိုက်ရင် သင်မရှိတာ သတိထားမိလိမ့်မယ်။ သူတို့ဂရုမစိုက်ဘူးဆိုရင် […]
အပါယ်တံခါးပိတ်ဖို့ ဘယ်လိုလုပ်ရမလဲ?(တန်ဖိုးရှိလွန်းလို့ ကျော်မသွားပါနဲ့)
အပါယ်တံခါးပိတ်ချင်ရင် အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။ ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီးအပါယ်ကလွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။ ဆိုပါစို့ . . .ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်သို့သော် သောတာပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလားလို့ပြောရင် လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။သို့သော် အာမခံချက်တော့ မရှိဘူး။ အပဋ္ဌာန်ပါဋ္ဌိတော် မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူ လိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူ တဲ့ ကုသိုလ်ကိုအကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဒါက အာမခံချက် ရှိလားဆိုတော့အာမခံချက် ရှိလို့ပြောတာ မဟုတ်ဘူး။ အပါယ်တံခါးတော့ ပွင့်နေတယ်။ ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။ […]
“နာမည်အစ စာလုံးက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း” (မှန်တယ်ဆိုရင် တစ်ခုခုမန့်ခဲ့နော်)
“နာမည်အစ စာလုံးက ပြောပြနေတဲ့ သင့်ရဲ့အကြောင်း” (မှန်တယ်ဆိုရင် တစ်ခုခုမန့်ခဲ့နော်) လူတစ်ယောက်ရဲ့ နာမည်ဟာ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်လေးတွေကို ဖော်ပြလေ့ရှိတယ်လို့ ယုံပါရဲ့လား။ ဥပမာ သူ့နာမည်က Su Su ဆိုရင် နာမည်အစ စာလုံးက S ပေါ့နော်။ သူ့ရဲ့နာမည်အစစာလုံး ဒါမှမဟုတ် ကိုယ်သိချင်တဲ့လူရဲ့ နာမည်အစစာလုံးကိုကြည့်ပြီး သူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်ကြည့်ရအောင်ပါ။ A, H, I, O, Y ဂျိုကာနဲ့တူတဲ့လူတွေပါ။ လူတိုင်းကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတွေပေါ့။ ဒါပေမဲ့ သူတို့ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ တခြားစိတ်ခံစားချက်တွေကိုဘယ်သူမှမသိအောင် ကြိတ်ခံစားပြီး ကိုယ့်ကြောင့် သူများစိတ်မညစ် အောင် နေတတ်ကြသူတွေဖြစ်တယ်။ အမြဲတမ်း ပျော်ပျော်နေတတ်တော့ လူချစ် လူခင်ပေါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင် ကံကောင်းတယ်။ အချစ်ရေးမှာ ကျန်ရစ်ဖြစ် ခဲ့ရတာများတယ်။ စိတ်ခံစားလွယ်တဲ့အထဲမှာလည်း […]
ဂျာမနီနိုင်ငံ “Oldenburg International Film Festival ” မှာ Seymour Cassel Award for Best Performance ဆုအား ချီးမြှင့်ခြင်းခံရတဲ့ အိန္ဒြာကျော်ဇင်
ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာ စက်တင်ဘာလ (၁၅) ရက်နေ့ကနေ စက်တင်ဘာ (၁၉)ရက်နေ့အထိကျင်းပပြုလုပ်တဲ့ “Oldenburg International Film Festival ” ပွဲမှာ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ “What happened to the wolf?” ဇာတ်ကားကြီးလည်း ရွေးချယ်ခံရပြီး ပြသခွင့် ရခဲ့တာဖြစ်ပါတယ်။ ဒီ ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ အိန္ဒြာကျော်ဇင် နှင့် အကယ်ဒမီ ပိုင်ဖြိုးသု တို့က သဘာဝကျကျနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ “What happened to the wolf?” ဇာတ်ကားကြီးပြသချိန်မှာလည်း မြန်မာပရိသတ်အပါအဝင် လာရောက်ကြည့်ရှုအားပေးသူ ပရိသတ်တွေလည်း အများအပြားရှိခဲ့ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် အဆိုပါပွဲကိုတက်ရောက်ခဲ့တဲ့ Festival Director ဖြစ်သူ […]