“ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း အမျိုးသမီးတွေအတွက်တော့ နက်မှောင်သန်စွမ်းပြီး ဖြောင့်စင်းတဲ့ ဆံပင်တွေပိုင်ဆိုင်ထားတာက မိန်းကလေးတစ်ယောက်ရဲ့ ဘုန်းကျက်သရေကို ပိုတိုးစေပါတယ်။ ဆံပင်တို၊ ဆံပင်ကောက်လေးတွေ ဘယ်လောက်ပင် ခေတ်စားနေပါစေ ဆံပင်အရှည်လေးနဲ့ မြန်မာဆန်ဆန် လှနေတဲ့ အမျိုးသမီးတွေကိုတော့ လူတိုင်းက နှစ်ခါပြန် ငေးကြည့်ရတတ်ပါတယ် ဆေးဆိုးလွန်းလို့ ဆံပင်တွေပျက်ဆီးတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်မသန်တာတွေအားလုံးကို သဘာဝအတိုင်း ငွေကြေးအကုန်ကျသက်သာစွာနဲ့ ပြန်လည် ကုစားနိုင်မယ့် နည်းလမ်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ဆေးနည်းအရ ဆန်ဆေးရေဟာ တစ်ကယ်ဆေးဘက်ဝင်ပါတယ်၊ ဆီးအောင့်နေတဲ့အခါ သုံးခါမြောက်ဆေးထားတဲ့ ဆန်ဆေးရေကို မသွန်ပစ်ပဲခံထားပြီး သောက်ပေးပါက ခဏအတွင်း ဆီးအောင့်ဝေဒနာ ပျောက်ကင်းပါတယ်။ ဆန်ဆေးရေဟာ ဆံပင်တွေကို နက်မှောင်သန်စွမ်းစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ဆံတွေတွေ နဂိုအတိုင်း နက်မှောင်သန်စွမ်းလာစေဖို့ အောက်ပါနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ […]
Month: January 2023
မြန်မာနိုင်ငံသားထဲမှ ပထမဦးဆုံးသော လကမ္ဘာပေါ်သို့ သွားရောက်ပြီးလေ့လာခွင့်ရနိုင်မယ့် လူငယ်တစ်ဦးပေါ်ထွက်လာခဲ့..
အပြည့်စုံ.. လကမ္ဘာသို့ ပထမဆုံးတက်ရောက်လေ့လာခဲ့သော အမ်းစထရောင်း ပညာဆည်းပူးရာကျောင်းတော် ဖြစ်သော PERDUE UNIVERSITY (TOP 10 ENGINEERING UNIVERSITY IN US) တက္ကသိုလ်တွင် ပညာ သင်ကြားနိုင်ရန် PAWPAW KHIMA ကို full scholar ship ပေးထားပြီ းTOP 10 ELITE BUSINESS SCHOOL ဖြစ်သော IU BLOO MINTON KELLY SCHOOL OF BUSINESS သင်ကြားနိုင်ဖို့ အတွက်လည်း IU ၏ အမြင့်ဆုံး Provost’s scholarship ကို ထပ်မံ ချီးမြှင့် ပေးထားသည်။ ကမ္ဘာ့နာမည်ကြီး Ivy league university မှလည်း သူတို့ကျောင်းတွင်ပညာသင်ကြားနိုင်ရေး Interview […]
ဘ ဝ မှာ အခက်အခဲတခုခု ကြုံလာ ရင် တနေ့ (၉) ပတ် စိပ်ပြီး (၉)ရက်အဓိဋ္ဌာန်ဝင် ပုတီးစိပ်နည်းလေးပါ..
စိတ်ပျံ့လွင့်သူများ အတွက် ပုတီးစိပ်နည်းလေး ပေးပါ့မယ်။ ပုတီးစိပ်နည်း အမျိုးမျိုးရှိလို့ ကိုယ်ကြိုက်နှစ်သက်ရာ စိပ်လို့ရပါတယ်။ တခုခုကို စွဲစွဲမြဲမြဲ စိပ်စေချင်ပါတယ်။ဦးဇင်းပေးတဲ့ ပုတီးစိပ်နည်းလေးကို အောက်မှာ ရေးပေးထားပါတယ်။ တခါ်တလေ ကိုယ့်ဘဝမှာ အခက်အခဲ တခုခု ကြုံလာရင် တနေ့ (၉)ပတ်စိပ်ပြီး (၉)ရက် အဓိဋ္ဌာန်ဝင်ပြီး စိပ်ကြည့်ပါ။ တစ် ရက်တည်း( ၉ )ပတ်ကိုတခါတည်းမစိပ်နိုင်ရင်လည်းခွဲစိပ်လို့ရပါတယ်။ ဥပမာ မနက် သုံးပတ်၊ နေ့လည် သုံးပတ် ည သုံးပတ်ပေါ့..။ ယုံယုံကြည်ကြည်နဲ့ တကယ်လုပ်ကြည့်ပါ။ပထမအကြိမ် မထူးခြားသေးရင် ဒုတိယအကြိမ် ဆက်လုပ်လိုက်ပါ။ တစ်ကြိမ်မှာတော့ ဆုတောင်းပြည့် လာပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ကံဇာတာတွေ ထူးခြားလာပါလိမ့်မယ်။ ပုတီးစိပ်နည်းလေး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ပုတီးတစ်လုံးချ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ပုတီးတစ်လုံးချ သံဃံ […]
ရွှေကိုဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲရွှေရှာပြီးတော့သန်းကြွယ်သူဌေးလုပ်ကြရအောင်..
ရွှေကို ဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲ?သဘာဝအလျောက် ရွှေဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ?ရွှေကို ဘယ်လိုနေရာတွေမှာရှာဖွေတွေ့ရှိနိုင်လဲ?ရွှေဟာ ဘယ်လိုမျိုးထွက်ပေါ်လာခဲ့တာလဲ? ရွှေဆိုတာကတော့ ဓာတု သဘာဝ အတိုင်းဖြစ်ပေါ်လာတဲ့ ဒြပ်စင်တစ်ခုပင်ဖြစ်ပြီး.. အဝါရောင် တောက်ပတဲ့ သတ္ထုဖြစ်တဲ့အတွက် အလွယ်တကူပင် သိနိုင်မှာပဲဖြစ်ပါတယ်။ ရွှေဟာ သူ့ရဲ့ရှားပါးမှု၊ တိုက်စားမှုကိုခံနိုင်ရည်ရှိမှု၊ လျှပ်ကူးနိုင်မှု၊ အလွယ်တကူ ပုံသွင်းနိုင်မှုအပြင် သူ့ရဲ့လှပတဲ့ရွှေရောင် ရှိမှုကြောင့် အလွန်ပင်အဖိုးတန်တဲ့ သတ္ထုပဲဖြစ်ပါတယ်။ ရွှေကို ဘယ်လိုနေရာတွေကနေ ရနိုင်ပါသလဲဆိုရင်တော့ မိုင်းတွင်းတွေကနေ ဒါမှမဟုတ် စမ်းချောင်းတွေကနေ ရွှေကျင်ခြင်းကနေ ရရှိနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း တကယ်စင်စစ် ရွှေထွက်ရှိတဲ့ မူလအရင်းအမြစ်ကတော့ ကမ္ဘာမြေကြီးပဲ ဖြစ်တာကတော့ မလွဲဧကန်ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်က ရွှေတွေဟာဆိုရင် ကောင်းကင်ပေါ်ကကြယ်တွေကြွေလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အစိုင်အခဲတွေက ထွက်ပေါ်လာတယ် ဆိုတာကို ယုံကြပါသလား? ကမ္ဘာကြီး ဖြစ်ပေါ်လာပြီးနောက်မှာ လေးလံတဲ့သတ္ထုတွေ ဖြစ်ကြတဲ့ iron(သံ)နဲ့gold(ရွှေ)တို့ဟာ ကမ္ဘာ့မြေကြီးရဲ့အတွင်းဗဟိုဒေသကို […]
တိုးအောင်အမေ အိမ်ပြန်လာစဥ် မိနစ်ပိုင်းအတွင်း အ-ဖမ်းခံရ
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြရာတွင် ထင်ရှားသူ ကော့ထင်းကျေးရွာမှ ကိုအောင်ချမ်းအေးသ..ယနေ့တွင် ထိုင်းနိုင်ငံမှ အိမ်သို့ ပြန်လာစဥ် မိနစ်ပိုင်းအတွင်း သူ့ရဲ့နေအိမ်၌ အဖမ်းခံရကြောင်း ဒေသခံများမှ KIT သို့ ပြောကြားသည်။ကိုအောင်ချမ်းအေးသည် Facebook cele တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် စစ်တပ်မှ ပုဒ်မ ၅၀၅ အထုတ်ခံရထားသူ ဖြစ်သည်။ သူသည် တိမ်းရှောင်ကာ ထိုင်းနိုင်ငံသို့ သွား၍ အလုပ်လုပ်နေခဲ့ကြောင်း သိရသည်..။” သူက ဆန္ဒပြတဲ့အချိန်မှာတော့ ပါတယ်။ သူ ပုဒ်မ ၅၀၅ အထုတ်ခံရပြီးတော့ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်နေတာ။ အဲ့နောက်ပိုင်း သူ စီးပွားရေးပဲ လုပ်တယ်။ အခု အိမ်ကိုလည်း ပြန်ရောက်ရော ဘယ်က သတင်းရတယ်မသိဘူး မိနစ်ပိုင်းအတွင်း လာဖမ်းသွားကျတယ် ” လို့ […]
ဆီးချိုအမှန်တကယ်လက်တွေ့ သက်သာပျောက်ကင်းသောဆေးနည်း..
ဆီးချိုအမှန်တကယ်လက်တွေ့ သက်သာပျောက်ကင်းသောဆေးနည်း.. မိတ်ဆွေတို့မိသားစုဝင်ထဲမှာဖြစ်ဖြစ်အပေါင်းအသင်းသူငယ်ချင်းထဲမှာဖြစ်ဖြစ််ဆီးချိုရောဂါကြောင့် စိတ်သောကရောက်နေသူရှိလျင်ဤဆေးနည်းကို ပြောပြပေးခြင်းအားဖြင့်မိမိကဲ့သို့ ဆေးဒါနပြု၍ကုသိုလ်ရအောင်ယူလိုက်ပါ။ ဆီးချို ရောဂါ အတွက် ဆေးနည်း.. လိုအပ်သောဆေးမှာနှစ်မျိုးသာဖြစ်ပါသည်။သံပုရာသီး တစ်လုံးနှင့် ထိုသံပုရာသီးနှင့်အလေးချိန်တူသည့် ဂျင်းအဲ့ဒီနှစ်မျိုးကို ပုံပြပါအတိုင်း ရှာထားရမည်။ ရှာထားသောသံပုရာသီးတစ်လုံး ကို အရည်ရွှမ်းလာအောင်လက်ဖြင့်ဖိလှိမ့်ပြီး နှစ်ခြမ်းခွဲ၍အရည်ညှစ်လိုက်ပါ။ ကြွေဇွန်း တစ်ဇွန်းခန့်ရပါကအစေ့ဖယ်ပြီးအကြမ်းပုဂံလုံးထဲ ထည့်ထားလိုက်ပါ။ ထို့နောက်အရည်ညစ်မည့်သံပုရားသီးအလေးချိန်တူဂျင်းကို ရေစင်အောင်ဆေးပြီးအရည်ထွက်အောင် သစ်သားငရုတ်ဆုံးသန့်သန့်၌ထောင်းလိုက်ပါ။ ထောင်း၍ညက်နေသော အရည်နှင့်အဖတ်အားလုံးကိုစွတ်ကျယ်သားပိတ်စဖြင့်အရည်စစ်၍ သံပုရာရည်ထည့်ထားသောအကြမ်းပုဂံလုံးထဲ ဂျင်းရည်စစ်စစ်ကို ညှစ်ထည့်ပြီးသမအောင် ဇွန်းဖြင့် မွှေပေးရမည်။ ထိုဆေးရည်သည်ဆေးတစ်ကြိမ်သောက် တစ်ခွက်စာဖြစ်ပါသည်။ ထိုကဲ့သို့ သံပုရာရည် နှင့် ဂျင်းရည်ကိုတစ်နေ့သုံးကြိမ်သောက်ရမည်။ ဆီးချို တဖြည်းဖြည်းအကျများလာပါလိမ့်မည်။ ဤဆေးသည် ဆီးချိုကျဆေးနည်းဖြစ်လို့မိမိရောဂါအခြေအနေပေါ်မူတည်၍ ဆီးချိုတိုင်းပြီးမှဆေးကိုသောက်ပါ။ တစ်ပတ်မပျက်မကွက်သောက်ပြီးမှဆီးချိုပါဝင်နှုန်းကိုပြန်တိုင်းလျင် အံ့သြလောက်သောအဖြေကိုရရှိမည်ဖြစ်ကြောင်း သိရပါလိမ့်မည်။ တစ်ပတ်သောက်ပြီး အရမ်းအကျများလာပါကတစ်နေ့လျင် နေ့ ည နှစ်ကြီမ် နှစ်ခွက်သာလျင်သောက်ပါ။ ဆီးချိုရောဂါရှိသူသည် အစားကိုအထူးကရုစိုက်ရမည်။ […]
(၅)နှစ်အတွင်း အမြန်ဆုံး ချမ်းသာနိုင်မဲ့နည်းလမ်း..
(၅)နှစ်အတွင်း အမြန်ဆုံး ချမ်းသာနိုင်မဲ့နည်းလမ်း.. လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ကြိုးလည်းကြိုးစားကြတယ်။ ဒါပေမဲ့ လူတော်တော်များများကို မေးကြည့်လိုက်ရင် ငါတစ်နေ့ချမ်းသာရမယ်လို့ပဲ ဖြေကြတယ်။ တိကျတဲ့ အဖြေတစ်ခုကိုမရဘူး။ တစ်နေ့ကြရင်ဆိုတော့.. နောင်(5)နှစ် (10)နှစ်လဲ မသေချာပါဘူး။ ဒီလိုပဲ ကြိုးစားရင်းနဲ့အချိန်တွေကုန်သွားမှာပါပဲ။ ကိုယ်ကတကယ်အောင်မြင်ကြီးပွားချမ်းသာချင်ရင်တော့ တိကျတဲ့အဖြေတစ်ခုရှိဖို့ လိုပါတယ် ။ ၁။ ကိုယ်က ငွေပမာဏဘယ်လောက်ထိ ပိုင်ဆိုင်ချင်တာလဲ ဆိုတာသိရပါမယ် ။ ၂။ အဲ့ဒီငွေပမာဏကို ဘယ်အချိန်မှာပိုင်ဆိုင်ချင်တာလဲဆိုတာ သိရပါတယ် ။ ၃။ ကိုယ်လိုချင်တဲ့ငွေပဏနဲ့ အချိန်အတိုင်းအတာကို စာအုပ်ထဲမှာချရေးရပါမယ် ။ ၄။ ကိုယ်လိုချင်တဲ့ပမာဏနဲ့ အချိန်ကိုတွက်ပြီး ပထမနှစ်မှာဘယ်လောက်၊ ဒုတိယနှစ်မှာဘယ်လောက်ဆိုပြီး နှစ်အလိုက်ပြန်ခွဲရေးပါ။ ၅။ (၁)နှစ်မှာဘယ်လောက်ရှာရမယ်ဆိုတာကို သိပြီဆိုတာနဲ့.. ကိုယ်လက်ရှိအလုပ်နဲ့ဝင်ငွေက ထိုပမာဏကိုမရနိုင်ဘူးဆိုရင် ကိုယ်ကနောက်ထက် ထိုပမာဏကိုရနိုင်မဲ့အလုပ် ဝင်ငွေတွေကိုထပ်ပြီး ဖန်တီးရပါမယ်။ ဒါကြောင့် […]
၁၅ မိနစ်အတွင်း ခြေထောက်နဲ့လက် ဖြူဖွေးသွားစေမယ့် နည်းလမ်းတစ်ခု..
၁၅ မိနစ်အတွင်း ခြေထောက်နဲ့လက် ဖြူဖွေးသွားစေမယ့် နည်းလမ်းတစ်ခု.. ၁၅ မိနစ်အတွင်းဆိုတော့ မှတ်သားထားသင့်ပါတယ်။ သင့်ခြေထောက် လက် ဒူးနဲ့ တံတောင်ဆစ်ပေါ်ကညိုတဲ့နေရာတွေ ဆဲသေတွေကို ဒီဖော်မြူလာနဲ့အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။ အဆင့်နှစ်ဆင့် က ဒီလိုပါ။ အဆင့် – ၁ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သင့်လက်ပေါ်တင်လိုက်ပါ။အုန်းဆီတစ်ဇွန်းကို အဲ့ထဲထည့်လိုက်ပါ။ဆားနဲ့အုန်းဆီကို ရောပြီး သင့်တံတောင်နဲ့ ဒူးကို လိမ်းလိုက်ပါ။ ၅ မိနစ် ညင်သာစွာပွတ်ပေးပါ။ အဆင့်၂ သံပယိုရည်- လက်ဖက်ရည်ဇွန်းတစ်ဇွန်း ဗီတာမင် အီး ဆေးသုံးလုံး ဂလစ်စရင်း အလှဆီ တစ်ဇွန်း နွားနို့ ၃ ဇွန်း ပါဝင်ပစ္စည်းအားလုံးကို ရောလိုက်ပါ။ အရည်ပုံစံလုပ်ပြီး သင့်ဒူးနဲ့ တံတောင်ဆစ်ကို လိမ်းပြီး မိနစ် ၂၀ ထားပေးပါ။ဒီအဆင့် နှစ်ဆင့်ကို တစ်ပတ်မှာ သုံးကြိမ်လုပ်ပေးပါ။မကြာခင် […]
တစ်နှစ်မှာ သိန်း ၈၀ ဝင်ငွေရတဲ့ အုန်းပင် စိုက်နည်း..
တစ်နှစ်မှာ သိန်း ၈၀ ဝင်ငွေရတဲ့ အုန်းပင် စိုက်နည်း.. အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။ တစ်လကို ၆ သိန်းကျော် ရပါလိမ့်မယ်။အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။၂နှစ်ခွဲ ၃နှစ်မှာ စသီးပါတယ်။ ၄နှစ် အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ့တစ်ပင်ကို ခပ်စိပ်စိပ် စိုက်နိုင်တယ်။အုန်းတစ်ပင်နဲ့တစ်ပင် ၅မီတာ(၁၆ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိ သီးတယ်။ အုန်းချိုမွှေး အရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင် ခုတ်နိုင်တယ်။တနှစ်မှာ ၁၈ ခိုင်ရတယ်..။ တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ […]
သကြားတစ်မျိုးတည်းကို အသုံးပြုပြီး မျက်နှာချေးချွတ်နည်း..
သကြားနဲ့ မျက်နှာကို သန့်ရှင်းရေးလုပ်ရအောင်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အဆင့်ဆင့်မျှဝေပေးသွားမယ်နော်..။ ၁။ အရင်ဆုံး မျက်နှာသစ်ဆပ်ပြာ၊ ရေနွေးနဲ့ မျက်နှာကို စင်အောင်သစ်လိုက်ပါ။ ၂။ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို လက်ဖဝါးထဲ လောင်းထည့်လိုက်ပါ။ ၃။ လက်ချောင်းလေးတွေကို အသုံးပြုပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးလိုက်ပါ။ ၄။ အရမ်းမပွတ်ပဲ ညင်သာစွာပွတ်ပေးရပါမယ်။ ၅။ ရေနွေးနည်းနည်း ထည့်ပြီး ပွတ်နိုင်ပါတယ်။ ရေနွေးအများကြီးမထည့်ရဘူးနော်..။ သကြားအရည်ပျော်သွားမှာစိုးလို့ပါ။ ၆။ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထားမယ်။ ၇။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်မယ်။ ၈။ ပြီးရင်တော့ တဘက်နဲ့ ခြောက်အောင် ဖွဖွလေးသုတ်လိုက်မယ်။ ၉။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ Moisturizer တမျိုးမျိုး လိမ်းပေးထားလိုက်ပါမယ်။ ဒီလိုလုပ်ပေးလိုက်ရင် မျက်နှာပေါ်က ဆဲလ်သေတွေ […]









