Knowledge

ဘဝမှာ အကြွေး ၃ မျိုး မတင်စေနဲ့.

ဘဝမှာ အကြွေး ၃ မျိုး မတင်စေနဲ့.. အကြွေး၃မျိုးလုံး မတင်စေနဲ့.. ဘာကြွေးမှ မတင်မိစေနဲ့.. လောကကြီးမှာ ဘာကြွေးပဲ ဖြစ်ဖြစ် အကြွေးတင်ရင် ပြန်ဆပ်ရတယ်။ ဒီဘဝဆပ်ချင်ဆပ်၊ ဒီဘဝ မဆပ်ရင် နောက်ဘဝ ပြန်ဆပ်ရမှာပဲ။ ဒါကြောင့် ဘာကြွေးမှ မတင်တာ အကောင်းဆုံးပါ။အကြွေး ၃- မျိုး ရှိတယ်လို့ မှတ်ပါ။ ဥစ္စာကြွေး, နှုတ်ကြွေး, ဝဋ်ကြွေး တို့ပဲ ဖြစ်ပါတယ်။ အဲဒီ ၃- မျိုးထဲမှာ ဝဋ်ကြွေးက ကြောက်စရာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲ၊ ဝဋ်ကြွေးက ဘဝပေါင်း မြောက်များစွာ ပြန်ဆပ်ရတယ်လေ။ မြတ်စွာဘုရားသည်ပင် အတိတ်က လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ပြန်ဆပ်ခဲ့ရတယ်။ အဲဒါကိုပဲ ” ဝိပါက်တော်” လို့ ခေါ်ပါတယ်။ “ဝိပါက်တော် ဆယ့်နှစ်ပါး” […]

ၾကားသိရသမွ်

ကားမူးပြီး အန်တက်တဲ့ ကောင်မလေးကို ရန်ကုန်ကနေ မိုင် ၁၂၀ ကျော်ဝေးတဲ့ ကျိုက်ထီးရိုးကို စက်ဘီးနဲ့ သွားရောက် ဖူးမြော်ဖို့စိန်ခေါ်ခဲ့တဲ့ ကောင်လေး.

Unicode ရန်ကုန်ကနေ မိုင် ၁၂၀ ကျော်ဝေးတဲ့ ကျိုက်ထီးရိုးကို စက်ဘီးနဲ့ သွားရောက် ဖူးမြော်ခြင်း အတွေ့အကြုံ.. ဘယ်သူ ယုံနိုင်မလဲနော်။ ဒီလိုစက်ဘီးနဲ့ အချိန်(၁၂)နာရီလောက်နင်းရတဲ့ ဒီလောက်ဝေးတဲ့ ကျိုက်ထီးရိုးဘုရားကို ချစ်တဲ့မိန်းကလေးကို တင်နင်းပြီး ရောက်အောင်သွားနိုင်တယ်ဆိုတာ ဘယ်သူထင်မလဲ..။ ကျေးဇူးပါ ကားမူးလို့ အန်တက်တဲ့ ကျွန်မကို ကားစီးပြီး သွားမယ်ဆို ဘယ်ခရီးမှ မသွားချင်ပါဘူးဆိုတဲ့ ကျွန်မကို (၃၀)ရက်နေညကပေါ့ (ကိုရေမိန်းမတော့ ဒီနှစ် ကျိုက်ထီရိုးဘုရား သွားချင်တယ် သိလားဆိုပြီး ဒီတိုင်းလေးဘဲပြောလိုက်တာ စက်ဘီးနဲ့ဆိုရင်ကော သွားနိုင်လားတဲ့။ ကိုယ့်ကိုယုံလားတဲ့ ကိုယ်ကနင်းနိုင်တယ် မင်းကထိုင်စီး ဖို့အဆင်ပြေမလားတဲ့လေ ဒါကိုယ်တို့ နှစ်ယောက်ရဲ့စမ်းသပ်မှုတစ်ခုနော် စွန့်စားခန်းဆိုလဲ ဟုတ်တယ်တဲ့ စမ်းကြည့်ကြမလားတဲ့လေ။ ကျွန်မလည်း အင်းလုပ်ကြည့်ကြတာပေါ့ အခက်အခဲတွေ ပြီးရင်တာ့ ပျော်ရွှင်စရာတွေ လာမှာဘဲ) (၃၁) မနက် […]

ၾကားသိရသမွ်

မကြာခင် ကျွတ်တော့မယ်လို့ အသိပေးလာတဲ့ နီနီခင်ဇော်..

တေးသီချင်းကောင်းများကို အသံပါဝါကောကောင်းနဲ့ ပီပြင်ပိုင်နိုင်စွာသီဆိုဖန်တီးနိုင်သူ၊ သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင်ပို့ပေးနိုင်သူ ၊ ပရိသတ်အချစ်တော်အနုပညာကတော့ အားလုံးကချစ်ကြတဲ့ အဆိုတော် နီနီခင်ဇော်ပါပဲ။နီနီခင်ဇော် ဟာ သီချင်းချစ်သူ ပီပီ ပရိသတ်တွေ နားသောတပန် ဆင်နိုင်ဖို့ တေးသီချင်းတွေကို အမြဲမပြတ် ဖန်တီးနေသူတစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် ဒီကြားအနုပညာလှုပ်ရှားမှုတွေကို သူမဟာ ခပ်ကျဲကျဲသာပြုလုပ်နေခဲ့ ပါတယ်။အနုပညာတွေကို ခပ်ကျဲကျဲပြုလုပ်နေခဲ့ပြီး.. ပြန်ပေါ်လာတဲ့အခါမှာတော့ သူမ ဟာ လက်ထတော့မယ်ဆိုတဲ့သတင်းနဲ့ပရိသတ်ထံ သတင်းပါးလာခဲ့ပါ ပြီ။ သူမ ကို ချစ်မြတ်နိုးပြီးတန်ဖိုးထားတဲ့ ချစ်သူအမျိုးသားရဲ့.. လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံလိုက်ပြီဆိုတဲ့ ပုံလေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာဖော်ပြလာခဲ့ပြီး ပရိသတ်ကတသူမ ရဲ့ အမျိုးသားလောင်းကို အင်မတန်စိတ်ဝင်စားနေကြပါပြီ..။ Unicode တေးသီချင်းကောင်းများကို အသံပါဝါကောကောင်းနဲ့ ပီပြင်ပိုင်နိုင်စွာသီဆိုဖန်တီးနိုင်သူ၊ သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင်ပို့ပေးနိုင်သူ ၊ ပရိသတ်အချစ်တော်အနုပညာကတော့ အားလုံးကချစ်ကြတဲ့ […]

Health Care

ဒူးမဲ၊ ဂုတ်မဲ၊ တံတောင်မဲတွေအတွက် ထိရောက်တဲ့ အိမ်တွင်း Scrub လုပ်နည်း..

ဒူးမဲ၊ ဂုတ်မဲ၊ တံတောင်မဲတွေအတွက် ထိရောက်တဲ့ အိမ်တွင်း Scrub လုပ်နည်း.. ခေတ်ရေစီးကြောင်းအရဖက်ရှင်ပိုင်းဆိုင်ရာတွေ တိုးတက်လာတာ မြင်တွေ့ရသမျှအတိုင်းပါပဲ။ အတိုလေးတွေဆို ဝတ်ချင်စရာကောင်းအောင် ဒီဇိုင်းအသစ်တွေထွက်ပေါ်လာနေပါတယ်။ အချို့သောပျိုမေလေးတွေအတွက်တော့ ဒူးမဲနေတာကြောင့် မဝတ်ရဲဖြစ်ပြီး Confident level ကျဆင်းနေတာမျိုး ဖြစ်နေတတ်ပါတယ်။ တချို့ဆို လှလို့ဝယ်ထားပြီး ဒူးမဲ၊ တံတောင်မဲ၊ ဂုတ်မဲ၊ ချိုင်းမဲအရာတွေကြောင့် လက်တို၊ လယ်ဟိုက်၊ စကပ်တိုလေးတွေကို ဗီဒိုရဲ့ဂျောင်တစ်နေရာမှာ ထိုးထားရပါတယ်။ Skin care တွေအမျိုးမျိုးလုပ်နေပေမယ့် အသားဓါတ်မတည့်မှုတွေရှိတာကတစ်ကြောင်..း အကြောင်းအရာအမျိုးမျိုးကြောင့် အဆင်မပြေမှုလေးတွေ ရှိနေတာ တွေ့ရပါတယ်။ ခုတော့ စိတ်ပူစရာမလိုတော့ဘူး။ သိမ်းထားတာလေးတွေ ထုတ်ဝတ်ဖို့ ပြင်ထားတော့နော်။ အများကြီးမလိုပါဘူး။ မီးဖိုချောင်သုံးလေးဖြစ်တဲ့ (၁)မီးသွေး(အမှုန့်) (၂)သကြား (၃)သံပုရာသီး (၄)သွားတိုက်ဆေးတစ်မျိုးမျိုး (၅)ရေအနည်းငယ် ဒီငါးမျိုးဆို အိမ်မှာအလွယ်တကူရှိနိုင်သလို အပြင်မှာ အလွယ်ဝယ်လို့ရနိုင်ပါတယ်နော်။ […]

Knowledge

နင်းပြားဘ၀မှ ကုန်းထခြင်း”

နင်းပြားဘ၀မှ ကုန်းထခြင်း.. ကျွန်တော့်ကို မြင်းခြံ မြို့နယ်၊ ခေါင်းကွဲရွာတွင် မွေးခဲ့သည်။ ကျွန်တော့်အဖေသည် ဆေးရွက်ကြီးစိုက်သော တောင်သူ၊ ကျွန်တော့် အမေသည် မြို့သူ ဖြစ်ပြီး အဖေ နှင့်ရမှ ခေါင်းကွဲတွင် လိုက်နေကာ တောင်သူ အလုပ်လုပ်ခဲ့ရသည်။ တောင်သူဆိုသည့် အတိုင်း အလွန်ပင်ပန်းသည်။ အလုပ် ကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရသည်။ နွား နှင့် ဖက်ရုန်း ရသည်။ ပင်ပန်း လိုက်သည်မှ လူရုပ်ပင် မပေါ်။ ပင်ပန်းသလောက် ပိုက်ဆံရပါ၏လား ဆိုတော့ နှစ်တိုင်း အရှုံးပေါ်သည်။ အဘယ်ကြောင့် အရှုံးပေါ်သနည်း ကို ရှင်းပြချင်ပါသည်။ ဆေးရွက်ကြီး ပွဲစားများ သည် တစ်နှစ်တွင် သုံး ရစ် (သို့) လေးရစ် ကြို ငွေ ထုတ်ပေးသည်။ […]

Knowledge

အသည်းရောင်အသားဝါနှင့် မြန်မာဆေးနည်း..

အသည်းရောင်အသားဝါနှင့် မြန်မာဆေးနည်း.. အသည်းရောင်တာ နှစ်မျိုးရှိပါတယ် ၊ ရိုးရာတိုင်းရင်းဆေးပညာရှုထောင့်က သုံးသပ်တဲ့အခါ ၁ – ရုတ်တရက်ဖြစ်လာတဲ့ရောဂါ ၊ ၂ – နာတာရှည် တငွေ့ငွေ့ တအိအိ နဲ့ ဖြစ်လာတဲ့ရောဂါတို့ပဲပေါ့ ။ရုတ်တရက် ဖြစ်လာတဲ့ အသည်းရောဂါ သူက အစာမချေ ၊ အစာမကြေရာက စပြီး ဖြစ်ပါတယ် ။ အထူးသဖြင့် အသက် ( ၅ ) နှစ် ကနေ( ၁၄ ) နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်များပါတယ် ။ ဖြစ်ချိန်မှာတော့.. တော်တော်အခံရခက်ပါတယ် ၊ ပြင်းထန်တယ် ၊ မှန်မှန်ကန်ကန်ကုလိုက်ရင် ၁ – လွယ်လင့်တကူ ပျောက်ကင်းသွားမယ်။ ၂ – ကျေနပ်စရာ ကောင်းတာက […]

Health Care

နေ့စဉ်မျက်နှာသစ်တိုင်း ရွတ်ဖတ်ပါမမေ့ပါနဲ့ မိတ်ဆိုး ဆွေဆိုး ပတ်ဝန်းကျင်ဆိုးမှ လွတ်မြောက်စေနိုင်မည်..

နေ့စဉ်မျက်နှာသစ်တိုင်း ရွတ်ဖတ်ပါမမေ့ပါနဲ့ မိတ်ဆိုး ဆွေဆိုး ပတ်ဝန်းကျင်ဆိုးမှ လွတ်မြောက်စေနိုင်မည် ။ မျက်နှာသစ်ရာ ရွတ်ကြပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ ကျွန်ုပ်အား မွေးထုတ်ပေးခဲ့သော မိဘနှစ်ပါးတို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ကျွန်ုပ်အား ပညာသင်ကြားပေးကြဖူးသော ဆရာသမားအပေါင်းတို့သည် ….. ဘေးရန်ခပ်သိမ်းကင်းပါစေ။ […]

Health Care

အိန္ဒိယသူတွေအသုံးပြုတဲ့ဆံပင်အရှည်မြန်နည်းလျှို့ဝှက်ချက်(၄)မျိုး..

အိန္ဒိယသူတွေအသုံးပြုတဲ့ဆံပင်အရှည်မြန်နည်းလျှို့ဝှက်ချက်(၄)မျိုး.. အိန္ဒိယသူတွေအများစုဟာ ဆံပင်သန်စွမ်းမည်းနက်ပြီး ဆံသားကောင်းမွန်ခြင်းနဲ့ ပြည့်စုံတာကို ဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာ တွေ့မြင်ဖူးကြမှာပါ ပျိုမေတို့ရေ။ အခုပြောပြပေးချင်တာကတော့ အိန္ဒိယသူတွေ အသုံးပြုကြတဲ့ ဆံပင်အရှည်မြန်နည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။ (၁) ရှားစောင်းလက်ပတ် ရှားစောင်းလက်ပပ်ဂျယ်လ်ဟာ အသားအရေ အလှအပနဲ့ ကျန်းမာရေးအတွက်သာမက ဆံကေသာ အလှအပအတွက်ပါ အသုံးဝင်တဲ့ သဘာဝပစ္စည်းတမျိုးပါ ပျိုမေတို့ရေ။ ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ ရှားစောင်းလက်ပပ်ပင်ကရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို ဆံကေသာအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီးမှ လျှော်ခြင်းက ဆံသားအရှည်မြန်ခြင်းကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ (၂) ကြက်ဥအနှစ် ကြက်ဥအနှစ်ဟာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောငး်မွန်စေတဲ့အပြင် ဆံပင်အရှည်မြန်ခြင်းကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ခေါင်းမလျှော်ခင် ကြက်ဥအနှစ်နဲ့ ဆံသားကို ပေါင်းတင်ပေးသင့်ပါတယ်။ (၃) အုန်းဆီ အုန်းဆီဟာဆိုရင်တော့ အိန္ဒိယရိုးရာတိုင်းရင်းဆေးတွေမှာသာမက အလှအပရေးရာတွေမှာပါ အသုံးပြုကြတဲ့ သဘာဝအဆီတမျိုးပါ။ […]

Knowledge

အမျိုးသမီးတိုင်း သိထားသင့်တဲ့” ရင် ၃ ရင် နဲ့ စီ ၃ စီ”

အမျိုးသမီးတိုင်း သိထားသင့်တဲ့…” ရင် ၃ ရင် နဲ့ စီ ၃ စီ” မင်္ဂလာပါ အမျိုးသမီးတို့… အမျိုးသမီးတိုင်း ကိုယ်ပိုင် ဝင်ငွေရှိနေကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်တွေရဲ့ ဝင်ငွေနဲ့ စီးပွားရေးကတော့ မကောင်းပါဘူးလို့ တွေးနေမိရင်လည်း ” ပန်းတိုင်ရောက်နေသူတွေရဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာတွေ ရှိစမြဲ” ဆိုသလို ကျရှုံး ခြင်းတွေ ကျော်ဖြတ်နိုင်မှ အောင်မြင်ခြင်း လမ်းစကို ဆုတ်ကိုင် နိုင်မှာပါ။ ဆယ်ကျော်သက် မိန်းကလေးတွေ။ အိမ်ထောင်ပြုတော့မယ့် အမျိုးသမီးတွေ။ အိမ်ရှင်မတွေ။ ကလေးအမေတွေ။ လူလွတ်တွေ အားလုံး ဝင်ငွေရှိနေဖို့တော့ လိုနေပါပြီနော်။ ကိုယ်ပိုင်ဝင်ငွေ ဆိုတာ နည်းတယ် များတယ် ရွေးချယ်စရာ မလိုပါဘူး။ ဒီနှစ် နည်းနေရင် နောက်နှစ် ပိုများလာမယ်။ နောက်နှစ် နောက်နှစ်များစွာကို […]

Health Care

သိထားသင့်တဲ့ ကြက်ဟင်းခါးသီးရဲ့ ဆေးဖက်ဝင်ပုံများ…

ကြက်ဟင်းခါးသီးဆိုတာ သိကြတဲ့အတိုင်း ခါးတဲ့အရသာရှိပြီး ကျန်းမာရေးအတွက်များစွာအသုံးဝင်လို့ အချို့သော ဆေးတွေမှာလည်း ၎င်းဓာတ်ကို ထည့်သွင်းနေကြတာဖြစ်ပါတယ်။ဘာတွေများ အသုံးဝင်တာလဲ ကြက်ဟင်းခါးသီးက ? ဆီးချိုရောဂါ ကြက်ဟင်းခါးသီးကိုဆီးချိုကျဆေးတွေမှာအသုံးများပြီးကြက်ဟင်းခါးသီးဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုပါက ဆီးချိုဖြစ်ခြင်းကို တားဆီးပေးပါတယ်။ တခြားမည်သည့်ဆေးမှ မသောက်ရပဲ အင်ဆူလင်ခံနိုင်ရည်ကိုလည်း တိုးမြှင့်စေပါတယ်။ အသည်းရောဂါ… အသည်းရောင်ရောဂါကာကွယ်တဲ့ဓာတ်တွေပါတဲ့ ကြက်ဟင်းခါးသီးက အသည်းကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ် ။ အသည်းမှ စစ်ထုတ်မှုကို ပိုကောင်းစေပြီး သွေးတွင်းသန်းရှင်းဖို့ကူညီပေးကာ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။အသည်းပုံမှန် အလုပ်လုပ်ရင် အဝလွန်ခြင်းကိုလျော့ကျစေပြီး နှလုံးအားနည်းခြင်း ၊ အာရုံကြောအားနည်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အစာမကျေခြင်း နှင့်အခြားသောရောဂါအချို့ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ အာရုံကြော… ကြက်ဟင်းခါးသီးပုံမှန်စားပေးပါက အာရုံကြောစနစ်ကောင်းမွန်စေပြီး ပြင်ပရောဂါတွေကိုလည်း ခုခံနိုင်စေပါတယ်။ ၎င်းတွင်ပါရှိတဲ့ antioxidant ကလည်း ရာသီအကူးအပြောင်း အအေးမိဖျားနာခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ […]