cele
ရေပေါ်ဆီ အနုပညာရှင်တွေအကြောင်း ပြောပြလာတဲ့ ဖြူဖြူကျော်သိန်း
ရေပေါ်ဆီ ဖြူဖြူတို့ဆယ်လီတွေဆိုတာ ရေပေါ်ဆီတွေပါ၊ပြည်သူပရိသတ်ကသာ စူပါ ပါဝါ ရေပြင်ကြီးပါ။ပရိသတ်အားပေးထားလို့ ရေပေါ်မှာ ဝေ့ဝဲ မမြုပ်ပဲ ပေါ်နေနိုင်တာ။ တခဏပွက်တဲ့ ရေပွက်တောင်မဟုတ်၊ ရေပေါ်မှာ မတုန်မလှုပ် မရှုပ်မပြုတ် သီးသန့်တင်ကျန်နေနိုင်တဲ့ ဆီစက်တွေပါ။ရေဘယ်လောက်နောက်နောက်၊ ရေဘယ်လောက်ကြည်ကြည်၊ ရေဘယ်လောက်နက်နက်၊ ရေဘယ်လောက်တိမ်တိမ်၊ ရေဘယ်လောက်နည်းနည်း၊ ရေဘယ်လောက်များများ…ရေကရေ၊ ဆီကဆီ…တစ်လွှာစီသက်သက်ရယ်ပါ။ ပရိသတ်တွေ မီးပျက်ထဲ ချွေးထွက် ယပ်ခပ်နေချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ အိမ်မှာ မီးစက်နှိုးထားနိုင်တာ၊ လိုင်းကြေးပေးထားနိုင်တာ၊ မီတာ ၁ ယူနစ် ထောင်ချီပေးရတဲ့ လပ်ဆူရီကွန်ဒိုကြီးတွေပေါ် အဲကွန်းဖွင့်နေနိုင်တာ။ပရိသတ်တွေ တစ်နေ့လုပ်ခ ခက်ခဲနေချိန်… ဖြူဖြူတို့ ဆယ်လီတွေဆိုတာ ကြော်ငြာတစ်ခု၊ ဇာတ်လမ်းတစ်ပုဒ်၊ Live sale တစ်ခု၊ ပွဲတစ်ပွဲလက်ခံရုံနဲ့တင် သာမန်ပြည်သူတွေရဲ့ တစ်လလုပ်ခထက်အများကြီးပိုနေတာ။ပရိသတ်တွေ စားဖို့သောက်ဖို့ တွက်ချက်နေရချိန်…ဖြူဖြူတို့ ဆယ်လီတွေဆိုတာ အာဟာရပြည့်အောင်စားနိုင်ရုံမက၊ နေ့စဉ် ဘား […]
News
ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်မည့်လမ်းကြောင်းများ
ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ပင့်ဆောင်မည့်လမ်းကြောင်းများ နဝမမြောက်ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဇွန် ၆ ရက်တွင် ချမ်းမြသာစည်လေဆိပ်ဟောင်းတွင် မီးပူဇော်သွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ သိရသည်။ယင်းနေ့တွင်ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌အန္တိမအဂ္ဂိစျာပနအခမ်းအနားကိုနေ့လည်(၂) နာရီတွင်စတင်ကျင်းပမည်ဖြစ်ပြီး နေ့လည် (၃)နာရီခန့်တွင် ချမ်းမြသာစည်လေယာဉ်ကွင်းသို့ပင့်ဆောင်ပူဇော်ပါမည်။ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှတဆင့် ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်တော်မူမည်ဖြစ်သည်။ထိုသို့ ပင့်ဆောင်ရာ၌ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကန်တော့မည့် ရဟန်းရှင်လူများအနေဖြင့် ဗန်းမော်ကျောင်းတိုက် ၊ချမ်းမြသာစည်လေဆိပ်ဟောင်းနှင့်ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက် လမ်း၏ဘေးဘယ်ညာတို့တွင် ဂါရဝပြုကန်တော့နိုင်ကြောင်း အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ အသိပေးနှိုးဆော်ထားသည်။ ပျံလွန်တော်မူချိန်၌ သက်တော် (၉၄)နှစ် ဝါတော်(၇၄) ဝါရှိ ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား […]
News
ဆုပေးပွဲတွေနှင့် ထူးဆန်းစွာကျင်းပခဲ့တဲ့ ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ(ရုပ်သံ)
News
1.6.2023 အတွက် 3D ကလင်ဒါကျ တစ်ကွက်ကောင်းဂဏန်း ရပြီ
News
သီရိမင်္ဂလာဈေးမှာ ခိုနားနေရတဲ့ အသက်(၂၀)အရွယ် စင်ဂယ်မားသားလေး မသူဇာဝင်းရဲ့ စိတ်မကောင်းဖွယ်ရာအဖြစ်
သီရိမင်္ဂလာစျေး ဓမ္မာရုံအလှူခံမဏ္ဏပ်အမိုးအောက်မှာ ခိုနားနေရတဲ့ ဆင်ဂယ်မားသားလေးတယောက်ရှိပါတယ်။ နာမည်က သူဇာဝင်းတဲ့။ကလေးကမွေးကာစက ၃ပေါင်ဘဲရှိပါတယ်။ အခုမှရက်သားလေးဘဲ ရှိပါသေးတယ်ရှင်။ စျေးသူစျေးသားတွေကောင်းမှုကြောင့် ကလေးလေးတော့ မွေးနိုင်ခဲ့ပြီပေါ့။ ဧရာဝတီတိုင်း ရေ​ကြည် အသုတ် ကလို့ပြောပါတယ်။ မိဘတွေဖုန်းနံပါတ်လည်းမသိတော့ပါဘူး။ ဦးလှစိုးနဲ့ဒေါ်လှလှဝင်းတို့ရဲ့သမီးပါ။ အလုပ်လုပ်ဖို့ရန်ကုန်ကိုရောက်လာတော့ ၁၈နှစ်လောက်ကပါ။ ပထမအုတ်သယ်တဲ့အလုပ်လုပ်နေရာက သီရိမင်္ဂလာစျေး ဖရဲသီးဒိုင်မှာအလုပ်ပြောင်းလုပ်ပါတယ်။ နေစရာမရှိတော့ စျေးမှာနေ စျေးမှာစား စျေးမှာအိပ်ရင်းနဲ့ သူ့လိုဘဲအလုပ်ကြမ်းလုပ်တဲ့ လှိုင်သာယာက ကိုဖြိုးဆိုသူနဲ့ချစ်ကြိုက်ခဲ့ပါတယ်တဲ့။ ကိုယ်ဝန်ရှိလာတော့ သကောင့်သားက ရှောင်သွားပါတယ်။ ဗိုက်တကားကားနဲ့အလုပ်လုပ်နေခဲ့ပြီး စျေးသူစျေးသားတွေကောင်းမှုနဲ့ကလေးလေးတော့မွေးပါပြီ။ ကလေးကိုဘယ်သူ့ကိုမှမပေးပါဘူး။ သူမွေးမှာပါတဲ့။ သွေးနုသားနုမှာမျက်နှာတွေအန်း၊ အသားတွေဝါပြီး နည်းနည်းဖောရောင်နေပါတယ်။နေသိပ်မကောင်းပါဘူး။ မိဘတွေများတွေ့ခဲ့လို့ လာခေါ်မယ်ဆိုအိမ်ပြန်ချင်ပါတယ်တဲ့။ သူ့ဖာသာမပြန်တတ်ပါ။ လှူချင်သူများရှိရင် သွားလှူလို့ရပါတယ်။ ကျမဆီကတဆင့်လှူလည်းရပါတယ်။ သွားကြည့်ပေးနေတဲ့ ကိုပိုင်မြင့်မိုနဲ့ညီမဝတ်ရည်လှိုင်ဆီကတဆင့်လှူလည်းရပါတယ်။ မိဘဆီကို အသက်၂၀အရွယ် ကောင်မလေးသူဇာဝင်းနဲ့ရက်သားကလေးငယ်လေးကို ပြန်ပို့ပေးချင်ပါတယ်။ ကျမ မီဒီယာဆီမှာလည်းအကူအညီတောင်းကြည့်ပါဦးမယ်။ လောလောဆယ်တော့ဓမ္မာရုံအလှူခံမဏ္ဏပ်အမိုးအောက်မှာ […]
Cele News
နည်းမျိုးစုံနဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ အမျိုသမီးတက်တူးထိုးဆရာမ မီးမီး(ရုပ်သံ)
Knowledge
ဗန်းမော်ဆရာတော်ဘုရားကြီး ရုပ်ကလာပ် ဦးခေါင်းတော် ရွှေစီကွပ်ချရခြင်းအကြောင်း..
Funny
ကြီးတိုင်းမကောင်းဖူးဆိုတာ သက်သေပြလိုက်တဲ့ အမျိုးသမီး
ကျနော်တို့ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ပြောင်းလာတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူက တိုင်းရင်းသားဆိုတော့ မြန်မာစကားကို သိပ်ပြီးလိပ်ပတ်လည်အောင် နားမလည်သေးဘူး။ ကျနော်နဲ့က အိမ်နီးချင်းဆိုတော့ သူ သိပ်နားမလည်တဲ့ မြန်မာစကားဆို ကျနော့် လာ လာ မေးလေ့ရှိတယ်။ တခါက…ကျနော်တို့က ရပ်ကွက်အသင်း ဥက္ကဌကို ‘ဥက္ကဌ’ လို့ မခေါ်ဘဲ ‘ဥက္ကဌကြီး’ လို့ ခေါ်တာကို သူစိတ်ထဲ သိပ်မရှင်းဘူး။ ဒါနဲ့ ကျနော့်လာမေးတယ်… … “သူက ဥက္ကဌ မဟုတ်ဘူးလား၊ ဘာလို့ ဥက္ကဌကြီး ဥက္ကဌကြီးလို့ ခေါ်ရတာလဲ” “ဒို့မြန်မာတွေက လေးစားတယ် ချစ်ခင်တယ် တန်ဖိုးထားတယ် ဆိုရင် နောက်က ‘ကြီး’ ထည့်ပြီး ခေါ်ကြတယ်ကွ” “ဟုတ်လား” “အေး… သမ္မတကို သမ္မတလို့ခေါ်ရင် […]
Cele News
AI နည်းပညာရဲ့ ကြောက်စရာကောင်းပုံကို ပြောပြလာတဲ့ ဒါရိုက်တာကိုပေါက်
သိပ္ပံဟာ အံ့သြစရာပါ၊ artificial intelligence ကကြောက်ဖို့ကောင်းလာပြီ။ ခါးရိုးထိခိုက်ထားလို့ လမ်းမလျောက်နိုင်တဲ့မျောက်တကောင် ကို ဦးဏှောက်ထဲမှာ ကွန်ပြူတာ chip ပြားတပြားထည့်၊ ကျိုးနေတဲ့ ခါးရိုးပေါ်က ပျက်စီးနေတဲ့ အာရုံကြော ကိုကျော်ပြီး ခါးအောက်ပိုင်းက အာရုံကြောမကြီး မှာ တပြားထည့်…. wireless နဲ့ ချိတ်ပေးလိုက်တယ်၊ဦးဏှောက် က လှုပ်ရှားချင်တဲ့ အတိုင်း signal ကို အောက်က အာရုံကြောက ရပြီး မျောက် လမ်းပြန်လျောက်နိုင်သွားရော တဲ့…. bypass ပေါ့။ ကြွက်တကောင် ဦးဏှောက်ထဲ chip တပြားထည့်၊ ခက်တဲ့အလုပ်တွေလုပ်ခိုင်း၊ အဲ့ဒီအလုပ်တွေကို Chip memory က မှတ်၊သူ့ လုပ်ဆောင်ချက်တွေ ကွန်ပြူတာထဲသွင်း၊ ပြီးတော့ တခြားတမြို့မှာရှိတဲ့ ကြွက်တကောင်ရဲ့ ဦးဏှောက်က chip ထဲကို […]
Cele News
Hip Hop အဆိုတော် ဗျူဟာရဲ့အခြေအနေကို ညီဖြစ်သူ အဆိုတော်ရာဇဝင်ရဲ့ ပြောကြားချက်
Hip Hop အဆိုတော် ဗျူဟာ ကျန်းမာစွာရှိနေကြောင်း ဗျူဟာ​၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ယနေ့နံနက် ၉နာရီခွဲခန့်က အဆိုတော်ဗျူဟာ နှင့် အိမ်ချင်းကပ်လျက်နေသူဟုဆိုသော အမျိုးသမီးတစ်ဦးက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် ဗျူဟာ သေဆုံးသွားကြောင်း ဖော်ပြခဲ့သည့်အပေါ် မဟုတ်မှန်ကြောင်း ဗျူဟာ​၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “ဘာမှ မဖြစ်ပါဘူး။အခုထိတော့ ကျန်းကျန်းမာမာပါပဲ။တစ်ခါတလေကျရင် သတင်းတွေအရမ်းထွက်တော့ အထဲက သူအတွက်မကောင်းနိုင်ဘူးလေ။ဒီလောက်ပဲပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။ ယနေ့နံနက် ၄နာရီခန့်က အဆိုတော်ဗျူဟာ သေဆုံးသွားသည်ဟု ဖော်ပြခဲ့သော အမျိုးသမီး၏ပို့စ်ကို ယနေ့မွန်းလွဲ ၂နာရီ ၂၄မိနစ်အထိ မျှဝေသူ ၇၁၇ဦးရှိခဲ့ပြီး ကူးယူဖော်ပြခဲ့သည့် လူမှုကွန်ရက်အကောင့်ပေါင်းများစွာရှိခဲ့သည်။ အဆိုတော်ဗျူဟာ​၏ ညီဖြစ်သူ အဆိုတော် ရာဇဝင်ကလည်း “သတင်းတွေကို source သေချာမှshare ကြရန် မေတ္တာရပ်ခံပါသည် ခင်ဗျား”ဟု ၎င်း၏လူမှုကွန်ရက်ပေါ်တွင်ဖော်ပြထား […]