မိဘကို ခွေးနဲ့နှိုင်းလို့ ကိုယ်တိုင် ခွေးဖြစ်သွားတဲ့ လပွတ္တာက မခင်လှ အကြောင်း (ဖြစ်ရပ်မှန်) အချိန် ကား… ကောဇာသက္ကရာဇ် ၁၃၆၄ခုနှစ် – သူ့အမည်က မခင်လှ အသက်က ၁၆နှစ်/၁ရနှစ်အရွယ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အပျိုအရွယ် မိန်းကလေး ဖြစ်သော်လည်း စရိုက်က ကြမ်းတမ်းလွန်းလှ၏။ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိ။ တစ်ဦးတည်းသောသမီး ဖြစ်သည်မို့ အလွန်ဆိုး၏။ မိခင်ဖခင်တို့အား ရိုသေကိုင်းရှိုင်းမှု မရှိ။အမြဲတစေ အော်ငေါက်ဆက်ဆံလေ့ ရှိသတဲ့။ ထို့ကြောင့်ပင် မခင်လှသည် လက်ရှိဘဝမှာပင် တစ်မြို့လုံး၊ တစ်နယ်လုံး အုန်းအုန်းကျွက်မျှ အံ့ဩစရာ၊ သနားစရာ၊ သံဝေဂ ရစရာ ကောင်းလောက်အောင် အဖြစ်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ရလေတော့၏။ ထိုနေ့က… မိခင်ဖခင်ဖြစ်သူတို့ ဥပုသ်သီလ ဆောက်တည်ရန် ဘုန်းကြီးကျောင်းသို့ မသွားခင် သမီးဖြစ်သူအား ဥပုသ်စောင့်ရန် […]
Day: August 14, 2020
နှစ်ခါပြန်မရတဲ့ အပျိုစင်ဘဝလေးကို တန်ဖိုးထားကြပါ
တဏှာရမက်နဲ့ ကြည့်ရင်မင်း ခန္ဓာကိုယ်ဟာ ကလေးမွေးလို့ ရတာ မှန်တယ် မေတ္တာစစ်စစ်နဲ့ ကြည့်ရင်မင်း အရွယ် မရောက်သေးဘူး..။ အချစ် စစ်စစ်နဲ့သာ ကြည့်အိမ်ထောင်မှုတာဝန် ဆိုတာကိုမင်း ဘာမှ မသိသေးဘူး..။ ဟို …….. ကောင်မလေး ။ မင်းကို ချစ်လို့ ပြောတာနော်ရိုင်းသွားရင် ခွင့်လွှတ် ၊ကိုယ်က စာပေသမားဆိုတော့ စာရေးပြီး ပြောတာ ပိုသဘောကျတယ်..။ ဒါက မင်းကို ချစ်တဲ့ ငါ့ရဲ့အမြင်မင်းအမေကို မေးကြည့်ပါ့လားဒီတစ်သက်မင်း အရွယ်ရောက်လာမှာတောင် မဟုတ်ဘူးသူငယ်ချင်း`မောင်နှမ` ချစ်သူ`ထက်သူတို့ရဲ့ချစ်ချင်းမေတ္တာက ပိုကြီးနေပြန်တယ်..။ မင်းကပျားပုတုန်းလေးတွေ ပြန်ဝဲလာတာကိုတစ်နေရာရာကနေအရသာခံ ကြည့်တတ်နေပြီလားဒါဆိုမင်း ရည်းစား ထားချင်နေတာ သေချာပြီ..။ ရည်းစား ထားချင်ယုံလောက်က ကိစ္စမရှိဘူး ရည်းစားရရင် ပြဿနာ သူတို့ဆန္ဒ မလိုက်လျှောပြန်ရင်မင်း ငါ့ကို တကယ် မချစ်ပါဘူးကွာ…လို့တော်ကီ တစ်ပေါက်နဲ့ […]
ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး
ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ်ဓမ္မတာလာတာနဲ့ ဓမ္မတာမလာမီမှာ အဖြူဆင်းတာတွေက ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ်၊ ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပါ။ (၁) အဖြူရောင် အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး။ (၂) အဝါရောင် အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး။ ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေဖြစ်နိုင်လို့ ဆရာဝန်ပြပြီး စစ်ဆေးဖို့လိုပါတယ်။ (၃) […]
စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက်…..
တချို့မိန်းကလေးတွေဟာ ကိုယ်တိုင်ကစိတ်ကောင်းရှိတဲ့သူတစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်ပါရက်နဲ့ သူတို့အပေါ်မကောင်းတဲ့သူတွေနဲ့တွေ့ဆုံရပြီး အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူး။ တကယ်တော့ ဒါဟာအကြောင်းမဲ့မဟုတ်ပါဘူး။ ခိုင်လုံတဲ့အကြောင်းရင်းလေးတွေရှိပါတယ်။ စိတ်ကောင်းရှိတဲ့မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့အကြောင်းရင်းတွေကတော့ ဒီလိုပါ။ ၁။ နားပဲထောင်တယ် မပြောဘူး freepik by freepikစိတ်ထားကောင်းတဲ့သူလေးတွေဟာ သူများရဲ့ပြဿနာတွေ မကျေနပ်ချက်တွေကိုပဲတစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ရဲ့ခံစားချက်တွေကိုတော့ဖွင့်မပြောတတ်ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ဘက်ကခံစားချက်တွေကိုမပြောဘဲနေရာက ကိုယ့်ရဲ့အဆင်မပြေမှုတွေကို လုံးဝပြောခွင့်မရတဲ့အခြေအနေမျိုးဖြစ်လာတန်ပါတယ်။ ဒီကတဆင့် ကိုယ်ကချည်းနားထောင်ပေးဖေးမပေးရတဲ့ တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်လာတတ်ပါတယ်။ ၂။ ကိုယ့်အချိန်တွေကိုတခြားသူအတွက်ဖြုန်းတယ် freepik by freepikကိုယ့်မှာအချိန်ရှိရှိမရှိရှိ သူ့အတွက်အချိန်ပေးတယ်၊ ကိုယ့်အားလပ်ချိန်တွေတင်မက အလုပ်လုပ်နေချိန်တွေကိုတောင်ဖျက်ပြီး သူ့အတွက်အချိန်ပေးတာမျိုးတွေက တဖြည်းဖြည်းနဲ့ သူဖြစ်ချင်တာမှန်သမျှကိုယ်ကပဲ လိုက်ဖြည့်ဆည်းပေးရတဲ့သူမျိုး ဖြစ်လာပါတယ်။ ကြာလာတော့ ကိုယ်ကချည်း အချိန်ပေးရသူဖြစ်လာပါလိမ့်မယ်။ ၃။ ဟန်မဆောင်တတ်ဘူး စိတ်ကောင်းရှိသူတို့ထုံးစံအတိုင်း တစ်ခုခုဆို အဆင်ပြေတယ်ဆိုတာချည်းပဲ။ ငါအဆင်မပြေဘူး၊ မရဘူး၊ အချိန်မရှိဘူး၊ မလုပ်ပေးနိုင်ဘူး ဆိုပြီး ဟန်ဆောင်ပန်ဆောင်ငြင်းတာမျိုးတောင်မရှိဘူး။ […]
အသက်၇၀တိုင်အောင် မျက်စိမမှုန်တော့တဲ့နည်း
မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင်စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ဝန်ခံလိုက်ပါသည်။ မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကိုအခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည်။ လုံးဝမမှုန်ပါ။ မျက်မှန် မတတ်ရပါ။ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည်။ မျက်မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။ ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံ […]
၂၀၂၀ ခုနှစ် သြဂုတ်လအတွက် နေ့နံအလိုက် အောင်ဘာလေထီပေါက်ဂဏန်း
” ထီထိုးသည့်သူတိုင်း ထီပေါက်ကိန်းရှိသည် ” ၂၀၂၀ သြဂုတ်လအတွက် နေ့သားအလိုက် အကျိုးပေး အောင်ဘာလေထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား တနင်္ဂနွေသားသမီးများ – အိမ်အနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ်ကြုံရင် ထီထိုးပါ …။ ခြေရင်းဘက်မှ ရန်ဖြစ်သံ ၊ ဆဲသံဆိုသံ ကြားရင် ထီထိုးပါ …။ သတင်းစာတစ်စောင်မှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ အုန်းသီးပါတဲ့မုန့် စားပြီးထိုးပါ …။ တနင်္ဂနေ့ နေ့လည်(၁)နာရီ(၃၀)မှ – (၃) နာရီအတွင်း အပြာရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီးထိုးပါ …။ ( ၆ ၊ ၁ ၊ ၅ ) များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။ တနင်္လာသားသမီးများ – ကြက်ခွပ် ၊ ကားတိုက် ၊ နတ်ကနား […]
ငွေကြေးလာဘ်လာဘ အထူးပွင့်လန်းစေတဲ့ နေ နဲ့ လနှစ်ပါးဆိုင်တဲ့ သိကြားကိုယ်တိုင်မ မည့်ကိန်း
နေ နဲ့ လ နှစ်ပါးဆိုင် သိကြားကိုယ်တိုင်မ မည့်ကိန်းပဲ ယခုလို အစိမ်းရောင် ဖယောင်းတိုင်လေးမှာ ဘံ လာ ဟိ ဧ လို့ရေးပြီး နေ့စဉ် နေ့၁၁နာရီ၃၀မိနစ် မှ ၁၂နာရီ၁၀မိနစ်အတွင်း ငါးပါးသီလထဲက ကိုယ်နိုင်တဲ့သီလလေးထိန်းပြီး ဘုရားကန်တော့ ဆုတောင်းမေတ္တာပို့မယ်ဆိုရင် ငွေကြေးလာဘ်လာဘအတွက် ပူစရာလိုပါဦးမလားလို့ လုပ်ကြည်ကြပါလားဗျာ အကျိုးကျေးဇူးတွေကတော့ မပြောတော့ပါဘူး လုပ်ကြည့်ရင်သိလာပါလိမ့်မယ်ဗျာ…။ နောက်ထက် မြန့်မာလောကီပညာရပ် ငွေကြေးလာဘ်လာဘ အထူးပွင့်လန်းပွားများစေတဲ့ အစီအရင် နည်းလမ်းကောင်းလေးတစ်ခု မေတ္တာလက်ဆောင် ထက်ပေါင်းပေးလိုက်ပါဦးမယ်လေ… လိုအပ်ရင်တော့အသုံးပြုနိုင်ပါတယ် အလွန်အစွမ်းထက်…လွန်းလှပါတယ်ခင်ဗျာ။ ယခုအစီအရင်အား…ကျွန်တော့်တို့ကို သင်ကြားပြသပေးပါသော ကျွန်တော်တို့ရဲ့ ရာဇဂုရုဆရာကြီးအားဦးခိုက်ကန်တော့ရင်း ပြန်လည်ပြီး ပညာဒါနပြုလိုက်ပါတယ်ခင်ဗျာ…။ တနင်္ဂတွေသားသမီးများ (အင်ကြင်းသား) တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ။ အဲ့ဒီ တစ်လက်မပတ်လည် အင်ကြင်းသား အတုံးလေးအပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး […]






