အထွေအထွေဗဟုသုတ

အိပ်မက်ထဲမှာ မြွေတွေကိုတွေ့ရတဲ့အခါ ဘဝတစ်ဆစ်ချိုးပြောင်းလဲနိုင်တဲ့အထိ ဖြစ်လာနိုင်တဲ့ နိမိတ်များ

၁။ မြွေကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင်သင့်ထံသို့ ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ် ၂။ မြွေနဲ့ တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင် သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ် ၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင် အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင်အချိန်မှာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ် ၄။ မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင် အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ် ၅။ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ် […]

အချစ်နှင့်ဘဝ

အပျိုပဲဖြစ်ဖြစ် အအိုပဲဖြစ်ဖြစ် ဒီစာလေးကို ဖတ်ကြည့်သင့်ပါတယ်

အိမ်ထောင်ရှိရှိ မရှိရှိ ဒီစာလေးကို ဖတ်ကြည့်သင့်ပါတယ် ကျွန်တော့်ဇနီး ညစာပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်။ သူရဲ့လက်ကို ကိုင်ပြီး ကျွန်တော်ပြောလိုက်တယ်။ “မင်းကိုငါ ပြောစရာရှိတယ်” သူကတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီး ညစာစားနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ နာကျင်မှုကို တွေ့မြင်နေရပါတယ်။ ကျွန်တော်ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဒါပေမယ့် ကျွန်တော်ဘာတွေ တွေးနေတယ် ဆိုတာကို သူ့ကိုပြောရမှာပါ။ ကျွန်တော် သူ့ကို ကွာရှင်းဖို့ ကိစ္စပေါ့။ တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော်စပြောခဲ့တယ်။ သူ့ကိုကြည့်ရတာတော့ ကျွန်တော့်စကားလုံးတွေ ကို စိတ်ပျက်နေပုံမတွေ့ရဘူး။ ကျွန်တော့်ကို နူးညံ့စွာပဲ မေးခဲ့ပါတယ်။ “ဘာကြောင့်လဲ” တဲ့။ သူ့မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက်ပါတယ်။ အဲဒါကြောင့်ပဲ သူဒေါသထွက်သွားတယ်။ လက်ထဲကိုင်ထားတဲ့ တူတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကိုအော်တယ်။ “နင်ယောက်ကျားမဟုတ်ဘူးလား” အဲဒီညက ကျွန်တော်တို့ စကားမပြောဖြစ်ကြတော့ပါဘူး။ သူကတော့ ငိုပဲ ငိုနေခဲ့ပါတော့တယ်။ […]

အထွေအထွေဗဟုသုတ

ရှေ့သွားနှ စ်ချောင်း ကိုကြည့်ပြီး သိနိုင် မယ့် သင့် ရဲ့အကောင်း ဆုံး ကိုယ်ရ ည်ကိုယ်သွေးများ

ရှေ့သွားနှ စ်ချောင်း ကိုကြည့်ပြီး သိနိုင် မယ့် သင့် ရဲ့အကောင်း ဆုံး ကိုယ်ရ ည်ကိုယ်သွေးများ လူ တစ်ယောက်ရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားဟာ နည်းလမ်းမျိုးစုံနဲ့ အကဲဖြတ်လို့ရနိုင်ပါတယ်။ မွေးနေ့၊ သွေးအမျိုးအစား၊ လက္ခဏာ၊ စတာတွေနဲ့ ယေဘုယျမှန်းဆလို့ရသလို သွားပုံစံလေးတွေနဲ့လည်း ခန့်မှန်းလို့ ရနိုင်ပါတယ်။ သင့်ဆီမှာ ရှိနေတဲ့ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးတွေက ဘာလဲ သိချင်ရင် အခုပဲ မှန်ပြေးကြည့်လိုက်တော့နော်။ သင်နဲ့အနီးစပ်ဆုံး တူတဲ့ သွားပုံစံလေးကို ရွေးချယ်ပြီး ဖတ်ကြည့်လိုက်ပါ။ ၁) စတုရန်းပုံ သင်က ရွှေရောင်နှလုံးသား ပိုင်ရှင်ပါ။ သင့်ရဲ့မေတ္တာတွေကို ပေးဖို့မလိုအပ်တဲ့ သူတွေကိုတောင် သင်ဟာ မေတ္တာထားတတ်သူပါ။ သင့်အနီးအနားကလူတွေကို သင့်ရဲ့နွေးထွေးတဲ့ မေတ္တာတွေအမြဲ ပေးတတ်ပါတယ်။ တမင်လုပ်ယူတာမျိုးမဟုတ်ဘဲ သဘာဝအတိုင်းကို စိတ်ထားကောင်းတဲ့သူ ဖြစ်ပါတယ်။ […]

ကြားသိရသမျှ

စပွန်ဆာ အားကိုးနဲ့ ပရိတ်သတ်ကိုပါ ပြန်စော်ကားလို့ သာပေါင်းညာစား တိုင်ရွန်နဲ့ သူ့စပွန်ဆာမမကြီးကို ဖော်ကောင်လုပ်လိုက်ပြန်ပြီ…

အစကတော့မတင်တော့ပါဘူးလေလို့တွေးထားတာ ဒင်းကစပွန်ဆာ အားကိုးနဲ့ ပရိတ်သတ်ကိုပါ ပြန်ဆော်ကားတော့လည်း ချပြရတာပေါ့….။ သာ​ပေါင်း တိုင်ရွန်ဆိုတာ ဘာမှမဟုတ်ခင် ငမြောက်ငခြောက်ဘဝနဲ့တက်တာပီး ပရိတ်သတ်အားပေးမှုနဲ့လူရုပ်ပေါက်လာတဲ့ကောင်ပါကွာ….။ သာပေါင်းတင်မကဘူး….သူငယ်ချင်း အချင်းချင်းတောင်ကျော်ခွလုပ်တယ်….နောက်ကွယ်မှာ အတင်းချတယ်….။ သူသာအတော်ဆုံး သူသာအကောင်းဆုံး ၊ သူ့အကျင့်သိတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတောင်မပေါင်းကြတော့ဘူး….။ ဆော်တွေ အများကြီးထား တယောက်မှအတည်မတွဲ စားပီးရင်ပစ်ထား လုပ်နေကြအကွက် ဒါကထားပါ….။ ခုလက်ရှိ သူ့ကိုစပွန်ဆာပေးနေတဲ့ အဖွားကြီးက ကလေးသုံးယောက်အမေ အကြီးဆုံးသမီးက သူနဲ့ရွယ်တူပဲ….။ သာပေါင်းကြီးရေ ငြင်းချင်ရင်ငြင်းလို့ရတယ်နော်….အဖွား​ကြီးနဲ့ခင်ဗျားကို ချိတ်ပေးတဲ့ခေါင်းက ဘယ်သူဆိုတာ ချပြစေချင်ရင်ပေါ့…။ ပြီးရင်ငဟန်က အနုပညာရှင်တွေကို ဂုဏ်သိက္ခာလိုက်ချတယ်ဆိုပီး ပြောအုံးမယ်….ဘယ်မှာလည်း ဂုဏ်သိက္ခာ ရှိရင်ပြစစမ်းပါအုံး…..။ အေးမှတ်ထား…..ငါတို့မုန်းတာ အနီလည်းမဟုတ်ဘူး ၊ အစိမ်းလည်းမဟုတ်ဘူး ….မင်းတို့လို့သာပေါင်းညာစား တွေကို ရွံတာဟ….။U Han unicode အစကတော့မတင်တော့ပါဘူးလေလို့တွေးထားတာ ဒင်းကစပွန်ဆာ […]

အခ်စ္နွင့္ဘဝ

ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ

ငါတို့နှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့အခါ ခြားနားချက်တွေ ၊ ကွဲပြားခြင်းတွေ မတူညီတဲ့ပုံစံတွေနဲ့ပဲ ဆိုပါတော့ ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ. . . နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီးဖြစ်သလို.ငါ့ရဲ့ဘေးမှာလဲ ငါနဲ့အသင့်တော်ဆုံးသူ ရှိနေပြီ… နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက်..ငါ့အချစ်တွေကို (တစ်ချိန်ကချစ်သူကို ပုံအောပြီးချစ်ခဲ့သလိုမျိုး) သူ့အပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း… နင်ကတော့ သူ့ဆီက နားလည်မှုတွေယူနေချိန်မှာ ငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှုတွေပါ ရယူပြီးနေပြီ ။ ဒါပေမယ့် ငါမပျော်သလိုပဲ… နင်က နင့်အတွက် ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာငါ့မှာလဲ ငါ့ရဲ့ ဖူးစာဘက်ရှိနေပြီ…နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက်… သူ့အချိန်တွေကို ငါ့အတွက်ပေးလာတာတွေ့တိုင်း နင်သာဆိုတဲ့အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်း… နင်ကအဖြစ်ချင်ဆုံးတွေနဲ့ ဘဝကိုဖြတ်သန်းနေချိန်…ငါကတော့ အဖြစ်သင့်ဆုံးဆိုတဲ့အတွေးတွေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပြီ… ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတဲ့သူက..အောင်မြင်နိုင်သလို ဖြစ်သင့်တာထက် […]

အချစ်နှင့်ဘဝ

နှလုံးသားချင်း ဝေးနေပြီဆိုရင်…။

ဦးအောင်ဟာ ဧည့်ခန်းထဲမှာ စာဖတ်နေရင်း မိးဖိုချောင်ထဲမှာ သူ့သားဟာ သူ့မိန်းမကို အော်ဟစ်ပြောနေသံကို ကြားလိုက်တယ်။ သူလည်း မကြားသလို နေပြီး စာကို ဆက်ဖတ်နေတယ်။ ဒါပေမဲ သူ့သားရဲ့ အော်ဟစ်သံဟာ တိုးမသွားဘဲ ပိုတောင် ကျယ်လာတယ်။ ဒါကြောင့် ဦးအောင်လည်း နားမခံနိုင်တော့လို့ သားကို ဧည့်ခန်းကို လာဖို့ ခေါ်လိုက်တယ်။ အနားရောက်လာတဲ့ သားကို ဦးအောင်က ဘာဖြစ်လို့ မိန်းမကို ဒီလောက် အော်ကြီးဟစ်ကျယ် ပြောနေရတာလဲလို့ မေးလိုက်တယ် …။ သားက ခုလို ပြန်ဖြေတယ်…“ဘာမှ မဟုတ်ပါဘူး အဖေရာ…အဖေ့သမီးက ကျွန်တော်ပြောတာကို နားမလည်လို့ ကျွန်တော်လည်း စိတ်တိုပြီး အော်ပြောနေမိတာပါ…” “မင်းမိန်းမဟာ မင်းနဲ့ ကပ်လျက်မှာ ရှိနေတာပဲကွာ…ဒီလောက် ၇ အိမ်ကြား ၈ အိမ်ကြား အော်ပြီး […]

အထွေအထွေဗဟုသုတ

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန်

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများသာ ဖတ်ရန် ညီမလေးရေ …. လှပတဲ့ မျက်နှာ တစ်ခုက တစ် ချိန် ကျ ရင် အို မင်း သွားလိမ့်မယ် . . . . .။ စွဲမက်စရာ ခန္ဓာကိုယ် ကောက်ကြောင်း တွေ က လည်း တစ်ချိန်ကျရင် ပြောင်း လဲ သွားပါ လိမ့် မယ် နော် . . .။ ဒါပေမယ့် မိန်းမကောင်း တစ်ယောက်က တော့ တစ်ချိန်ကျရင် လည်း မိန်းမကောင်း ပါပဲ ။ ဘယ် အချိန် ပဲ ရောက် ရောက် […]

အနုပညာ

အားလုံး အတွက် ကျွန်တော်မှ တာဝန်ရှိပါတယ် .ဒီတစ်ခါ ပြီးရင်တော့ ဘာမှ ထပ်မရှင်းတော့ ပါ

အစ်ကို့ ကို တောက်လျောက် အစ်ကိုအရင်းလို ဆက်ဆံတယ် .အကုန်လုံး သိချင်တာတွေ ပြောပြတယ်. ကျွန်တော့် ဦးနောက် ချက်ချင်း တစ်ရက်နီးပါး အလုပ်မလုပ်တော့ဘူးတိုင်ပင်တယ် .တောင်းပန်သင့်တယ်ပြောတယ် . တောင်းပန်တယ် . ဖြုတ်ချသင့်တယ် ပြောတယ် ဖြုတ်ချတယ် .ကျွန်တော် တိုက်ပေါ်က ခုန်ချင်တာတို့ .ရှေ့ကဓား နဲ့ ကိုယ့်ဗိုက်ကိုထိုးချင်တဲ့ အထိဖြစ်တယ် .သေချင်တဲ့ စိတ်တွေ အထိ ဖြစ်တဲ့ ခံစားချက်တွေကို ရင်းနီး ဖူးတဲ့ တော်တော်များများ မထည့်တွက်ပေးကျဖူး . တောက်လျောက် Pressure ပေး ပြီး Status တွေတင်တယ် .လေးစားလို့ အစ်ကို Status တွေအထင်အမြင် တစ်ဇောင်းတွေကြီးပဲတင်လာတယ် .ကျွန်တော် တောင်းပန်တယ် .ဖြုတ်ချတယ် .အခုလည်း တစ်နှစ်ပိတ် အပြစ်ပေးတယ် .အစ်ကို […]

ဗေဒင်

နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ

မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ တနင်္ဂနွေနေ့ဖွားများသည် အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ် ၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။ တနင်္လာနေ့ဖွားများသည် အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ […]

အထွေအထွေဗဟုသုတ

အဆင့်အတန်းရှိတဲ့ မိန်းမ တယာက်ဖြစ်ဖီု့အချက်တွေကို လိုက်နာရမယ်နော်

အဆင့်အတန်း ရှိတဲ့သူတစ်ယောက်မှန်း သိရှိနိုင်မယ့်အချက်ကတော့ လူအများရှေ့မှာ ဘယ်လိုပြုမူနေထိုင်သလဲ ဆိုတာကနေပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး လူကြားသူကြားထဲမှာ ပစ်စလက်ခက် မနေတဲ့သူတွေ ဖြစ်ပါတယ်။ သင့်ကို ရောက်လေရာတိုင်းမှာ လူတွေက အဆင့်အတန်း ရှိတဲ့ အမျိုးသမီး တစ်ယောက်လို့ မြင်စေချင်ရင် ဒီအချက်တွေကို လိုက်နာပေးရမှာဖြစ်ပါတယ် (၁) မိတ်ကပ် နဲ့ဆံပင် လူကြားသူကြားထဲမှာ ခေါင်းဖီးတာတွေ၊ မိတ်ကပ်ဖို့တာတွေက ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။ တကယ်လို့ ပြင်ဆင်ချင်တယ် ဆိုရင်တောင် သန့်စင်ခန်းထဲမှာ ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။ (၂) ကြိုတင်ဆက်သွယ်ပါ တစ်ယောက်ယောက်ထံကို အလည်သွားတော့မယ် ဆိုရင် သူ့ကို ကြိုတင်ဆက်သွယ် အကြောင်းကြားထားပါ။ နောက်ပြီး သင်မစားတဲ့ အစားအစာရှိရင်လည်း ကြိုပြီးပြောထားဖို့လိုပါတယ်။ ချိန်းထားတဲ့အခါမှာလည်း အရမ်းစောပြီး မသွားပါနဲ့။ စောစောသွားချင်ရင်တောင် ၁၅ မိနစ်လောက်စောတာပဲကောင်းပါတယ်။ […]