ဖောက်ပြန်တတ်တဲ့သူကို ပစ်ထားပြီး ကိုယ့်ကိုကိုယ် ပိုလှအောင်နေပါ.. ဒီစာစောင်လေးကို ယောကျာ်း မိန်းမ မည်သူမဆို ဖတ်ပေးပါအထူးသဖြင့် အိမ်ထောင်သည် မိန်းမ များအား အကြံပေးစာအရ ရေးသားထားပါတယ် ။ စာရှည်ရင် သည်းခံပြီး ဆုံးအောင်သာ ဖတ်ပေးဖို့ စာရေးပြုစုသူ သိန်းမောင်မောင် မှ အကြံပြု မေတ္တာရပ်ခံပါရစေ… ဖောက်ပြန်တတ်တဲ့ သတင်းတွေချည်း ကြားကြားနေရလို့လေ… ချစ်သူ အိမ်ထောင်ဖက် အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေပြီဆိုရင် အသဲနာပြီ ဒေါသတွေထွက် အပြစ်တွေ အပြန်အလှန်တင် ရန်ဖြစ် အအိပ်ပျက် အစားပျက်ပြီး… ရုပ်ပျက် ဆင်းပျက်နဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲ ဖြစ်ကြရပါတယ်..။ အချို့ဆို ဘဝပျက် အနာဂတ်မေ့တဲ့ထိ ဖြစ်ကြတာ တွေရတယ်။ကျွန်နော်အနေနဲ့ အဲ့ဒီလို့ မဖြစ်ကြစေချင်ပါဘူး။ အရေးကြီးတာကတော့ ဖောက်ပြန်ခံရတဲ့အခါ ကိုယ့်အတွက် စိတ်ရောရုပ်ပါ […]
Day: August 7, 2020
“ယောကျြားတိုငျး လိုလိုခငြျခငြျနဲ့ မကျမောတဲ့ မိနျးမဆိုတာ”
“ယောက်ျားတိုင်း လိုလိုချင်ချင်နဲ့ မက်မောတဲ့ မိန်းမဆိုတာ” ယောက်ျားတစ်ယောက်က ပြောတယ်…… (၁) မိန်းကလေး တစ်ယောက်ဟာ သိပ်ချော သိပ်လှစရာ မလိုဘူး။ လူကြားသူကြားထဲ ခေါ်ထွက်လို့ရပြီး အိမ်အပြန် ခေါ်ပြန်လာလို့ရရင် ရပြီ။ (၂) ဖြစ်ခဲ့ဖူးတဲ့ အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။ (၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာ လုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့ အား ငါ့မှာရှိတယ်။ (၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကို ပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။ (၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ […]
ဇနီးသည်ရဲ့ရုပ်အလောင်းနဲ့ 16 နှစ်ကြာ ကုတင်တစ်ခုတည်းမှာ အတူတူအိပ်စက်ခဲ့တဲ့အမျိုးသား
Mr.Le Van အမည်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသားဟာ သူ့ရဲ့အချစ်ရဆုံးသူကိုလက်မလွတ်နိုင်တဲ့အဖြစ်က တော်တော်ကိုအံ့သြစရာပါပဲ ။ Mr.Le Van ရဲ့အကြောင်းဟာ 2009 ခုနှစ်မှ လူသိများလာခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အချို့သူတွေကတော့ Mr.Le Van ရဲ့လုပ်ရက်ကိုနားမလည်နိုင်အောင်ဖြစ်ခဲ့ပါတယ် ။ အဲတာကတော့ Mr.Le Van ဟာ မိဘတွေရဲ့အစီအစဉ်အဆုံးအဖြတ်ကြောင့် 1975 ခုနှစ်မှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဇနီးဖြစ်သူနဲ့လက်ထပ်ခဲ့ရပါတယ် ထိုအချိန်တုန်းက တစ်ယောက်အကြောင်းတစ်ယောက်လုံးဝမသိဘဲ လက်ထပ်ခဲ့ရတာပါ ။ နောက်ပိုင်း Van ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက် နေအိမ်သို့ပြန်ရောက်ခဲ့ပြီးမှ ဇနီးဖြစ်သူနှင့် တစ်ယောက်အကြောင်းတစ်ယောက်နားလည်းခဲ့ကြလို့ ကြင်စဇနီးမောင်နှံလိုချစ်ခင်ခဲ့ကြပါတယ် ။ ၎င်းတို့စုံတွဲမှာ သားသမီး 7ယောက်ရှိခဲ့ပြီး အပျော်ရွှင်ဆုံးမိသားစုဘဝကို ပိုင်ဆိုင်ခဲ့ကြပါတယ် 2003 ခုနှစ်မှာတော့ Van ဟာအိမ်ကနေထွက်ပြီး အဝေးတစ်နေရာသို့သွားရောက်အလုပ်လုပ်ကိုင်နေစဉ် ဇနီးဖြစ်သူရုတ်တရက်သေဆုံးသွားခဲ့ရတဲ့အကြောင်းကိုကြားသိခဲ့ရပါတယ် ။ ထိုအချိန်မှာတော့ Van […]
မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြား အသားအရေတွေကို ဖြူဖွေးသွားစေမယ့် နည်းလမ်း(၅)သွယ်
မည်းညစ်နေတဲ့ ပေါင်ခြံနဲ့ ချိုင်းကြား အသားအရေတွေကို ဖြူဖွေးသွားစေမယ့် နည်းလမ်း(၅)သွယ် ပေါင်ခြံတွေ၊ ချိုင်းကြားတွေ မည်းနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတဲ့ ပျိုမေတို့အတွက် ငွေကုန်ကြေးကျခံစရာ မလိုတဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ် …။ အိမ်တွင်းနည်းလမ်းနဲ့ သဘာဝပစ္စည်းလေးတွေပဲ ဖြစ်တာကြောင့် ဓာတ်မတည့်မှာတွေ ပူစရာ မလိုပါဘူးနော်။ ပုံမှန်လေး လုပ်ပေးသွားရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရရှိမှာပဲ ဖြစ်ပါတယ်နော် …။ (၁) ရှားစောင်းလက်ပတ်၏ အသုံးဝင်ပုံ ရှားစောင်းလက်ပတ် အနှစ်ကိုယူပြီး ပေါင်ခြံနဲ့ ချိုင်းကြားအပြင် ဂုတ်၊ ဒူးစတဲ့ မည်းနေတဲ့ နေရာအားလုံးကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ခန့်ထားပြီး ဆေးကြောပေးလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် ပုံမှန်လုပ်ပေးပါ …။ (၂) သံပုယို၏ အသုံးဝင်ပုံ သံပုယိုသီးကို အရည်ညှစ်ပြီး ရလာတဲ့ […]
“ဘဝ တိုးတက်စေမည့် နည်းလမ်း (၁၁) ချက်”
၁။ ဘာလုပ်မလဲ အရင်စဉ်းစားပါ၊ စဉ်းစားပြီးမှ လေ့လာပါ၊ လေ့လာပြီးမှလုပ်ဆောင်ပါ၊ လုပ်ဆောင်ပြီးရင်လည်း ပြန်လည်သုံးသပ်ပါ။ ၂။ ကိုယ်နေချင်တဲ့ အဆင့်ကို ကိုယ်တိုင် သတ်မှတ်ပါ။ ၃။ ကိုယ်မြင်သလောက်ပဲ ကိုယ်ရပါလိမ့်မယ်။ ၄။ မသိရင် မေးပါ။ မေးရင် အဖြေရပါတယ်။ တတ်ယောင်ကမ်း မလုပ်ပါနဲ့။ ၅။ သင်ယူခြင်းဆိုတာ ဘဝတိုက်ပွဲအတွက် လက်နက်ကောင်း တစ်ခုပါ။ များများသင်ယူလေလေ ကိုယ့်ဆီမှာ တိုက်ပွဲအတွက် လက်နက်များလေလေ။ လက်နက်များလေလေ အနိုင်ရဖို့ သေချာလေလေပါပဲ။ ၆။ အချိန်တွေကို အရင်းအနှီးလုပ်ပြီး ပညာတစ်ခုခု ရအောင်ယူပါ။ အလကား အချိန်တွေကို ဖြုန်းတီး မပစ်ပါနဲ့။ ၇။ ငွေကို အရင်းအနှီး အတွက်ပဲ သုံးပါ။ အလကား ဖြုန်းမပစ်ပါနဲ့။ ၈။ ချမ်းသာခြင်းဟာ ဘဝအဆုံး မဟုတ်ပါဘူး။ […]
အိမ်မှာအထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ်ပူဇော်ပါ
အိမ်မှာအထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ်ပူဇော်ပါ ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊ အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက် ဒီနည်းလေး မျှဝေပေးချင်ပါတယ်။ ပထမဆုံး နတ်ပင့်ရပါမယ်။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။(ဓမ္မဿဝနကာလော အယံ ဘဒန္တာ။) ၃ခေါက် ဒုတိယက မေတ္တာသုတ် ရွတ်ရပါမယ်။ တတိယက ခွင့်တောင်းရပါမယ်။ ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ […]