လက်မမှာ လက်စွယ်ငုတ်ပြီး နီရဲရောင်ကိုင်းလာတယ် ဘာကိုမှကိုင်လို့မရ ထိတာနဲ့နာတာအရမ်း ဘာဆေးထည့်ရမှန်းမသိဖြစ်နေတုန်း အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက သူလုပ်ပေးမယ် မနက်ဖြန် ပျောက်သွားလိမ့်မယ်ဆိုတော့ မယုံမိဘူး… ဒါပေမယ့် နာနေတော့ စမ်းကြည့်မယ်ဆိုပြီး သူလုပ်ပေးတာငြိမ်နေလိုက်တယ် …. တစ်ကယ်ပျောက်ရင် ဖေ့ဘုတ်ပေါ်တင်ပေးမယ်ဆိုပြီး ဓါတ်ပုံပါရိုက်ယူထားလိုက်တယ် …. သူက ကြက်သွန်နီကို အပေါက်ဖောက် ဖြစ်နေတဲ့လက်မကိုစွပ် ကျွတ်မထွက်အောင်ပတ်တီးစည်းလိုက်တော့ အထဲမှာ တစ်စစ်စစ်နဲ့ကိုက်သလိုကြီးခံစားနေရတယ်…. မနက်မိုးလင်းတော့ ကြက်သွန်နီလဲဖယ်လိုက်ရော ဘုရားရေ ရောင်တာတွေလျှော့ပြီး မကိုက်တော့ဘူး…. နေ့လည်လောက်ရောက်တော့ အတော်ကောင်းနေပြီ ….ခုည ထပ်လုပ်ထားတယ် …မနက်ဖြန်ဆိုလုံးဝပျောက်ပြီအစ်မတဲ့ …. ကောင်းလိုက်တဲ့ဆေးနည်း လက်တွေ့ဗျို့ လက်တွေ့။ခရက်ဒစ် Unicode လက်မမှာ လက်စွယ်ငုတ်ပြီး နီရဲရောင်ကိုင်းလာတယ် ဘာကိုမှကိုင်လို့မရ ထိတာနဲ့နာတာအရမ်း ဘာဆေးထည့်ရမှန်းမသိဖြစ်နေတုန်း အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက သူလုပ်ပေးမယ် မနက်ဖြန် […]
Day: August 13, 2020
သင့်လက်မပုံစံကပြောပြတဲ့ သင့်ရဲ့စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေး
ကျွန်တော်တို့ရဲ့ လက်ပုံစံက ကျွန်တော်တို့ရဲ့ အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။ သင့်လက်ချောင်းပုံစံတွေကို ကြည့်ပြီး မှုခင်းဆိုင်ရာ ကိစရပ်တွေကိုတောင် အဖြေရှာနိုင်ပါတယ်။အထူးသဖြင့် လက်မမှာ လက်ဆစ်နှစ်ဆစ်သာရှိတဲ့ အတွက် ပိုမိုထူးခြားပါတယ်။ထိုလက်မကြောင့်ပဲ ကျွန်တော်တို့ကို အခြား တိရစာန်တွေနဲ့ ကွဲပြားစေတာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်တောင်မှ လက်မပုံစံချင်းမတူညီကြပါဘူး။ထိုသို့တစ်ယောက်နဲ့တစ်ယောက်ကွဲပြားတဲ့ လက်မပုံစံကိုကြည့်ပြီး ထိုလူရဲ့ စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်နိုင်ပါတယ်။ (၁)A အမျိုးအစား နှင့်တူသော လက်မ သင့်လက်မရှိလက်ဆစ်နှစ်ခုလုံးက တူညီနေတယ်ဆိုပါက သင်ဟာ ပျော်ရွင်မှုနဲ့ ငြိမ်းချမ်းမှုကို နှစ်သက်တဲ့ အေးအေးချမ်းချမ်းသမားဖြစ်ပါတယ်။ ဒီလိုလက်မပုံစံရှိသူတွေဟာ များသောအားဖြင့် အေးချမ်းပြီးစကားပြောဆိုခြင်းနဲ့စာသင်ခြင်းအတတ်ပညာတွေမှာ ဆရာကျပါတယ်။သင့်မှာ ဘဝနဲ့ချီတဲ့ ဗဟုသုတတွေပြည့်ဝနေသူပါ။ သင်ဟာ ကိုယ်ချင်းစာနာစိတ်ပြည့်ဝတဲ့သူဖြစ်လို့ ကိစ္စတစ်ခုဖြစ်တိုင်း သင့်ကိုရင်ဖွင့်တိုင်ပင်ချင်တဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေ သင့်အနားမှာ အမြဲရှိနေတတ်ပါတယ်။ (၂)Bနဲ့တူသော လက်မ အမျိုးအစား သင့်လက်မရဲ့ ပထမအဆစ်ဟာ […]
မိန်းမသား တစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး မိန်းမသားဘဝကို ကိုယ်ချင်းစာတတ်ပြီး တန်ဖိုးထားတတ်ကြပါစေ
မိန်းမသား တစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး မိန်းမသားဘဝကို ကိုယ်ချင်းစာတတ်ပြီး တန်ဖိုးထားတတ်ကြပါစေ မိန်းကလေး တစ်ယောက် ဘဝမှာ အရွယ်ရောက် လာပါပြီတဲ့ ရာသီ ကလာပြီ ၊ ထိန်းရပြီ ၊သိမ်းရပြီ ၊ ဂရုစိုက်ရပြီ ရည်းစား ထားပါပြီတဲ့ လွမ်းရပြန်ပြီ၊ ဆွေးရပြန်ပြီ ၊ ကြေကွဲရပြန်ပြီ ၊ ခံစားရပြန်ပြီ အိမ်ထောင်ပြု ပါပြီတဲ့ မိဘ ၊ မောင်နှမတွေနဲ့ ခွဲရပြန်ပြီ ၊ ငိုရပြန်ပြီ အိမ်ထောင် ကျပါပြီတဲ့ ယောက်ျားလည်း ထိန်းရ ၊ အိမ်ကိုလည်း သိမ်းရ ယောက္ခမ ကိုလည်း ဂရုစိုက်ပေးရ ၊ သားသမီးတွေကိုလည်း သွန်သင်ပေးရ ၊ ခန္ဓာကိုယ်က ယောက်ျား အတွက် အချိန်တွေက သားသမီး အတွက် […]
မွေးနေ့ရောက်တိုင်း ဒီလိုလေး လုပ်ကြည့်ပါ…မရရှိ သေး သောစည်းစိမ် ဥစ္စာ ရတနာများရရှိစေမည်
မွေးနေ့ရောက်တိုင်း ဒီလိုလေး လုပ်ကြည့်ပါ (၁၈) ရက် ကျင့် စဉ် ထူး မိမိတို့မွေးနေ့မှစ၍ (၁၈)ရက်တိုင်တိုင် ကျင့်ဆောင်ရပါမည်။ မိမိတို့မွေးနေ့တွင်ကြေးဖလားနှင့်ဖြစ်စေ ငွေဖလားနှင့်ဖြစ်စေ ရေသန့်သန့်ထဲ့ပြီး သပြေပန်းများလှုဒါန်းထားပါ ။ ရေကိုနေ့စဉ် နေထွက်စဉ် အချိန်တိုင်း လဲလှယ် ပေး ပါ ။ ပန်းညှိုးလျှင် အသစ်လှု ဒါန်းပေးပါ။ ရေလဲ ပန်းလဲ လှုဒါန်း ပြီး ချိန် တိုင်း အောက်ပါဂါထာအား (၉)ခေါက်ရွတ်ဖတ် ပါ ” ဣဒ္ဓိ မန္တောစယေဒေဝါ ဝသန္တာ ဣဓသော သနေ တေ ပိ အမှေ နုရက္ခန္တု အရောဂေန သုခေန စ ” အနက် မှာ… ဣဓသောသနေ.. ခြောက် သွယ် ဘုန်း […]
မျိုသိပ်လို့  မရအောင် ပေါက်ကွဲသွားတဲ့ နေ့ ကတော့ နဂါးတစ်ကောင်လို ဖြစ်သွားတတ်တဲ့ စနေ
မျိုသိပ်လို့  မရအောင် ပေါက်ကွဲသွားတဲ့ နေ့ ကတော့ နဂါးတစ်ကောင်လို ဖြစ်သွားတတ်တဲ့ စနေ သူတို့ ဟာ တကယ်စိတ်ကြီးပါတယ်။ ပြောရမယ်ဆိုရင် လူမှုရေးတင်မက အချစ်ရေးမှာပါ စိတ်ကြီးတာပါ။သူတို့ ရဲ့ ချစ်သူကို သ၀န်အရမ်းတိုတဲ့အပြင် အရမ်းလဲသံသယများတတ်ပါတယ်။ ဒါပေမဲ့လဲ ဘယ်သူ့ ကိုမှ ဖွင့်မပြောတတ်တော့ သူတို့ ဘာသာသူတို့ ခံစားပြီး ဘယ်သူမှမသိအောင် တိတ်တိတ်လေးမျက်ရည်ကျတတ်ကြပါတယ်။နောက်ဆုံး သူတို့ မျိုသိပ်လို့ မရအောင် ပေါက်ကွဲသွားတဲ့နေ့ ကတော့ တကယ်ကိုနဂါးတစ်ကောင်လို ကြောက်ဖို့ ကောင်းတာပါပဲ။ အချိန်လေးနည်းနည်းကြာသွားရင်တော့ ခုနက သူမဟုတ်တဲ့အတိုင်းပဲ ပြန်ပြီးစိတ်ပြေသွားတတ်ပါတယ်။သူတို့ က စိုးရိမ်စိတ်လဲအရမ်းကြီးပါတယ်။ တစ်ခုခုဆို အဆုံးထိတွေးပစ်လိုက်တာပါပဲ။ အဆုံးထိဆိုတာကလဲ ကောင်းတဲ့ဘက်ကိုမဟုတ်ပဲ မကောင်းတဲ့ဘက်ကိုတွေးလိုက် တာပဲဖြစ်ပါတယ်။သူတို့ ချစ်သူ/လင်ယောကျာ်းကိုတော့ ဘယ်အရွယ်ပဲရောက်နေရောက်နေ ချွဲတတ်ပြီး အချစ်ကြီးတာကတော့ လူတိုင်းလက်ခံရတဲ့အချက်ပါပဲ။ သူတို […]
တစ်ပတ်စာ ၇ရက်သားသမီ ဟောစာတမ်း (13.8.2020 မှ 19.8.2020 အထိ)
တနင်္ဂနွေ ယခုကာလအတွင်း လူယုံထား၍မရပါ။ မလိုလားအပ်သော ပြဿနာများသည် သူတစ်ပါးအပေါ် အခြေခံပြီး ဖြစ်တတ်သည်။ စိတ်လိုက်မာန်ပါ လုပ်ခြင်း မပြုသင့်ပါ။ စုပေါင်းလုပ်ခြင်းကောင်းသည်။ သူတစ်ပါးနှင့် ညှိနှိုင်းတိုင်ပင် ပြီးလုပ်လေ အကျိုးကောင်းပေးလေ ဖြစ်သည်။ ရစရာရှိသည်များ ပြန်လည်တောင်းခံရရှိရန် အခါကောင်းကျရော သည်။ ပေါ်လာသော အခွင့်အရေးတိုင်းကို လက်လွှတ်မခံပါနှင့်။ စနစ်တကျ သုံးသပ်ပြီးမှ ဆောင်ရွက်ပါက ထူးခြား စွာအောင်မြင်မည်။ တစ်ပါးသူနှင့် တွဲလုပ်ခြင်းထက် တစ်ကိုယ်တော်လုပ်ပါက အထူးကောင်းသောကာလဖြစ်ပါ သည်။ အိမ်တွင်းရေး၊ လူမှုရေးများတွင် အညံ့ရှိတတ်ပါသည်။ ဆွေမျိုးအနည်းငယ် ဒုက္ခပေးတတ်သည်။ သူစိမ်း အကျိုးပေးမည်။ အပြိုင်အဆိုင်၊ အတိုက်အခံများကြားမှ တိုးတတ်သော အနေအထားကောင်းများစွာ ရရှိမည်။ မသွားဖူး၊ မရောက်ဖူးသော အရပ်ဝေးဒေသများသို့ သွားရောက်ရတတ်ပါတယ်။ အိုးအိမ်၊ နေရာထိုင်ခင်း၊အမွေ ကိစ္စများ ပြောဆိုဆောင်ရွက် အောင်မြင်ခြင်းများ […]
တချိန်ယူမယ့် ဇနီးလောင်းသို့…
ငါ့ထက် တော်သည်ဖြစ်စေ ငါ့ထက်ညံ့သည်ဖြစ်စေ ထိုအရာတွေကို မေ့လိုက်ပါငါက သွားမယ်ဆို နင့်တိုင်ပင်မယ် နင်ကလုပ်စရာရှိမယ်ဆိုလည်း ငါ့အကုန်ပြောရမယ် နင်မပြောတဲ့ကိစ္စမှန်သမျှ ငါမမေးဘူး ငါမပြောတဲ့ကိစ္စ မှန်သမျှလည်း နင်နားလည်ပေးဖို့လိုတယ်နင်မဖြေရှင်းနိုင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ်ငါတို့အနာဂတ်အတွက် အစီအစဉ်ကိုဆွဲပါ ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျ မအောင်မြင်နိုင်ဘူးဆိုတာ ယုံပေးပါ နင်ဗြူးတီးစလွန်းသွားသွား ကြိုက်တာတွေပဲဝယ်ဝယ် ငါဘယ်တော့မှဝင်မပြောဘူးငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်းအပေါ် ငါယုံတယ် နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ်ပါဘူး ငါ့ကိုလည်း တချို့ကိစ္စတွေနားလည်ပေးပါ နင်လည်း ငါ့ကနင့်ကို ပိုချစ်လာအောင် အမြဲကြိုးစားပါ ငါလည်း နင်’ငါ့ကို တနေ့ထက်တနေ့ပိုချစ်လာအောင် အမြဲကြိုးစားနေမှာပါ ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါ စကားမရှုပ်ပါနဲ့ မိန်းကလေးတစ်ယောက် စကားရှုပ်တာယောက်ျားလေးတစ်ယောက် နောက်မိန်းမငယ်နဲ့ရှုပ်တာနဲ့ အကျိုးရလဒ်အတူတူပဲ ငါလည်း ဘယ်တော့မှမရှုပ်ဘူး နင်လည်းဘယ်တော့မှမရှုပ်ပါနဲ့ငါတို့သားသမီးတွေအတွက် […]
မိန်းကလေးများအားလုံး ချစ်တော့ချစ်ပါ စိတ်ကို အလိုမလိုက်ပါနဲ့
ကျမ ဆေးဆရာမ တစ်ယောက်ပါ။ ” မနေ့က ကျမရဲ့ ဆေးခန်းကို မိန်းက လေးတစ်ယောက် ရောက်လာပြီး မကြာခင်မှာ ဆုံးသွားတယ်။ အကြောင်းရင်းကို သူ့ကိုယ် လိုက်ပို့တဲ့ သူငယ်ချင်းကိုမေးကြည့်တော့ ဒီမိန်းကလေးရဲ့ ချစ်သူ ကောင်လေးဟာ ကိုယ်ဝန်ရှိတော့ ထားခဲ့တယ်။ ဒီတော့ ကိုယ်ဝန်ကို ဘယ်သူမှမသိအောင်ဖျက်ချတယ်။ နည်းစနစ်မမှန်တော့ တချောင်ချောင်နဲ့ ဖျားတယ်။ သူ့အမေနဲ့ အိမ်နီးနားချင်းတွေက ရိုးရိုးဖျားတယ် ထင်ကြတယ်။ အချိန်လွန်မှ ကျမဆေးခန်း လာပြတယ်။ သူမဟာ ပိုးဝင်ပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်ကလည်း ကျမဆေးခန်းလာပြီး ကလေးဖျက်ခိုင်းတယ်။ ဖျက်မချပေးလို့ ဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားပြန်တယ်။ ပြောရင်တော့အ များကြီးပါပဲ။ ဒါကြောင့် နောက်ကို ဒီလိုမျိုးပြဿနာတွေဖြစ်အောင် အမျိုးသမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ကျမတို့တွေ တိုင်ပင်ပြီး ” မြင်မိုရ်ဂေဟာ” […]
သင့်အသက်ဘယ်လောက်လဲ? ဘာနေ့မွေးလဲ?သာမှန်မှန်ပြောပါ…မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနကဟောကိန်း…
သင့်အသက်ဘယ်လောက်လဲ? ဘာနေ့မွေးလဲ?သာမှန်မှန်ပြောပါ မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနကဟောကိန်း ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။ အဟောကြည့်နည်း…. ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။ မိမိက တနင်္လာသားသမီး အခုရောက်သက် ၂၀နှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။ **တည်** […]