ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ “ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ဘယ်လို ခွင့်လွှတ်ပေးမလဲ”။ တစ်စုံတစ်ယောက်က ဒီအဖြေကို ဖြေဖူးပါတယ်။ “တကယ်တော့ ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကြောင့်ပါပဲ။ ကိုယ့်နှလုံးသားလေးကို ဖြူစင်မြဲဖြူစင်နေအောင်ထားပါ။ စိတ်တံခါးတွေကို ဖွင့်လှစ်ထားလိုက်ပါ” တဲ့။ စိတ်နှလုံးကို အမြဲတမ်းသန့်စင်ကြည်လင်အောင် ထားခြင်းက ခွင့်လွှတ်ပေးတတ်ဖို့ လေ့ကျင့်မှုတစ်ခုပါပဲ။ ကျွန်မတို့ရဲ့ စိတ်နှလုံးအတွင်းက ငြိမ်းချမ်းမှုတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့အရာတွေကို ဖယ်ထုတ်စွန့်လွှတ်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်အလိုမကျဖြစ်နေချိန်မှာ ကျွန်မတို့ နှလုံးခုန်နှုန်းတွေ မြန်လာတတ်တယ်။ စိတ်တွေလှုပ်ရှားလာတတ်တယ်။ မှားနေတာတွေကို အမှန်ပြင်သင့်တယ်လို့ ခံစားလာရတယ်။ တရားမျှတမှုကို လိုလားလာကြတယ်။ တကယ်တော့ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့အတွင်းစိတ်မှာ တိုက်ခိုက်နေရတဲ့ တကယ့်ရန်သူက ကျွန်မတို့ရဲ့ အတ္တစိတ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က “ခင်ဗျားမှန်တယ်၊ ခင်ဗျားပြောတာကို ထောက်ခံတယ်” ဆိုတော့မှ ကျွန်မတို့တွေ […]
Day: August 21, 2020
တစ်နေ့တစ်ခါ ခရမ်းချဉ်သီးစားပါက ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်
(Zawgyi) တစ်နေ့တစ်ခါ ခရမ်းချဉ်သီးစားပါက ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင် တကယ်ကောင်းမွန်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ခရမ်းချဉ်သီးဟာ အိမ်ရှင်မတွေ အတွက် အလွန်အသုံးဝင်တဲ့ အစားအစာ တစ်ခုဖြစ်တဲ့ အပြင် အများစု ကြိုက်ကြမယ်လို့ ထင်ပါတယ်။ ခရမ်းချဉ်သီးဟာ လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိပါတယ်။ အဓိကကတော့ ခရမ်းချဉ်သီးက ဆီးကျိတ်ကင်ဆာ အတွက် အထူးပင် ကောင်း မွန်စေပါတယ်။ တစ်နေ့တစ်ခါ စားပေးရင် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ် ကင်ဆာများကို မဖြစ်အောင်တောင် ကာကွယ်ပေးနိုင် ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးကို နေ့တိုင်းစားသူဟာ အသားအရည် စိုပြည် စေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်း အတွက် ကောင်းမွန်စေပြီး နှလုံးအတွက်ပါ ကောင်း မွန်စေပါတယ်။ အမျိုးသမီးများကို အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ […]
အကယ်၍ ကိုဗစ် မိမိမှာ ဖြစ်နေပြီလို့ သံသယ ရှိလျှင်
အကယ်၍ ကိုဗစ် မိမိမှာ ဖြစ်နေပြီလို့ သံသယ ရှိလျှင် အိမ်တွင်း၌အလွယ်ကူဆုံးနဲ့၊ ငွေကုန်သက်သာဆုံး ရှေးဦးသူနာပြုစုကုသရန်နည်းလမ်းများ တစ်ချက်ချင်းသေချာဖတ်ကြည့်ပေးပါ။ အကယ်၍ ကိုဗစ်-၁၉ မိမိမှာ ဖြစ်နေပြီလို့ သံသယ ရှိလျှင်အိမ်တွင်း၌အလွယ်ကူဆုံးနဲ့ ၊ငွေကုန်သက်သာဆုံး ရှေးဦးသူနာပြုစုကုသရန်နည်းလမ်းများ ။ တစ်ချက်ချင်းသေချာဖတ်ကြည့်ပေးပါ။ 1⃣ လည်ချောင်း စူးရှ့ရှ့ နာချင်လာရင်ဆားရေနွေးနဲ့ ခေါင်းမော့ပြီး ပလုပ်ကျင်း လည်ချောင်းဆေးပါ၊တစ်နေ့လျှင် 1မိနစ်ခန့် 3 ကြိမ်။ 2⃣ စူးရှမှု ပိုပြင်းထန်လာရင် ဆားရေအပြင် ကြက်သွန်ဖြူ အတက်ခွာပြီး ဖိကိုက်လိုက်ပါ၊ပူပြီးစပ်တဲ့ အရည် ထွက်လာမယ်။အပူငွေ့ကို အဆုတ်ထဲ ရောက်အောင် ရှူသွင်းပြီး10 စက္ကန့် အသက်အောင့်ထားပါ၊ရောဂါ ရဲ့ 80%ကို ကုသပေးပါတယ်။ 3⃣ ချောင်း စ ဆိုးလာရင် ရေနွေးငွေ့ကို အဆုပ်ထဲအထိရောက်အောင် ရှူပါ။တစ်နေ့ […]
စစ်ကိုင်းက ရပ်တော်မူမြတ်စွာဘုရားကြီးကို ကြိုးတစ်ချောင်းတည်းနဲ့ တက်ပြီး စွန့်စွန့်စားစားရွှေချပူဇော်နေသူများ
စစ်ကိုင်းက ရပ်တော်မူမြတ်စွာဘုရားကြီးကို ကြိုးတစ်ချောင်းတည်းနဲ့ တက်ပြီး စွန့်စွန့်စားစားရွှေချပူဇော်နေသူများ မုံရွာမြို့က ကမ္ဘာ့ဒုတိယအကြီးဆုံး ရပ်တော်မူမြတ်စွာဘုရားကြီးကို စွန့်စွန့်စားစားနဲ့ ခက်ခက်ခဲခဲရွှေချပူဇော်နေတဲ့ပုံရိပ်များဖြစ်ပါတယ်။ ကြိုးတစ်ချောင်းတည်းနဲ့ အမြင့်ကြီးမှာ ရွှေချပြီး ကုသိုလ်ယူနေကြတဲ့ လေးစားဖွယ်လူတွေပါ။ လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပါတယ်။ဉာဏ်တော်အမြင့်ပေ (၄၂၄)ပေ အမြင့်ဆောင်ပြီး၊ အထပ်ပေါင်း (၃၃)ထပ်ပါရှိသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမှာ တည်ထားကိုးကွယ်ထားတာပါ။ခုအခါမှာတော့ ရပ်တော်မူဘုရားကြီးကိုရောင်တော်ဖွင့် ပြန်လည် ရွှေချနေပါတယ်။ပေပေါင်းရာချီမြင့်တဲ့ ရပ်တော်မူဘုရားကြီးကို ခက်ခက်ခဲခဲနဲ့ ရွှေချနေတဲ့ဆေးဆရာတွေရဲ့အလှူကို ပရိသတ်ကြီးတို့ တွေ့နိုင်အောင် ပြန်လည်မျှဝေပါတယ။်ကြိုးတွေနဲ့ ခန္ဓာကိုယ်မှာ ရစ်ချည်ပြီး ခက်ခက်ခဲခဲ ရွှေချကုသိုလ်ယူနေတာပါ။ ပရိသတ်ကြီးတို့လည်း အခုလို ရွှေချနေတဲ့ ဆေးဆရာတို့ကို ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်။ သာဓု ခေါ်ဆိုနိုင်ကြပါစေနော်။ Writer ; Kwee […]
ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့်ဖမ်းဆီး
ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့်ဖမ်းဆီး ရန်ကုန် – ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက 7Day News သို့ အတည်ပြုသည်။ ယနေ့ (ဩဂုတ် ၂၁ရက်) ညနေ ၄နာရီ၃၅မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ သို့သော် ယင်းအချက်နှင့် ပတ်သက်ပြီး 7Day က အတည်ပြုချက်မရသေးပေ။ သို့သော် ပုဒ်မ၁၂၄ (က)သည် အစိုးရအဖွဲ့အရာရှိတစ်ဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုရသည့် အမှုဖြစ်သည်။ ဦးဌေးအောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံ မေးမြန်းရာ […]
အသက်ရှူမဝခြင်းက ဘာလဲ?
Zawgyi အသက်ရှူခက်ခဲမှုကို ဆေးပညာမှာ Dyspnea ဟုသိကြပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ထို့အပြင် အလွန်ဆိုးရွားတဲ့ နောက်ခံကျန်းမာရေးပြဿများရှိကြောင်းဖော်ပြနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူကျပ်ခြင်းက SARS-CoV-2 ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုရဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ထို့ကြောင့် သင်ခံစားနေရပါက ဘာလုပ်မလဲဆိုတာကို သိဖို့ အရေးကြီးပါတယ်။ အသက်ရှူမဝခြင်းက ဘာလဲ? အပေါ်မှာပြောပြီးခဲ့သလိုပဲ အသက်ရှူမဝတာကို Dyspnea ဟုသိကြပါတယ်။ ဒါက အသက်ရှုဖို့ အခက်အခဲရှိခြင်းနှင့် အဆုတ်ထဲသို့ လေရောက်သင့်သလာက် မရောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ရှူခြင်းကို မရည်ရွယ်ဘဲနဲ့ မသိစိတ်ဖြင့် ပြုလုပ်ပါတယ်။ တစ်စုံတစ်ယောက်မှာ အသက်ရှူမဝရင် ဖြစ်ပေါ်လာတဲ့ မသက်မသာ အခြေအနေက ထိုသူအား အရမ်းကြောက်အောင် လုပ်နိုင်ပြီး အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ အသက်ရှူကျပ်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေလဲ? ၁။ […]
ကမ်းနားလမ်း စထရင်းဟိုတယ်ရှေ့ သံလွင်မြစ် ဘေး ကောင်မလေးရဲ့ ဖိနပ်နဲ့ အထုပ် မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ကောင်မလေးတယောက် ခုန်ချသွား 21.8.2020 ညနေ(3:00) Pmခန့် မော်လမြိုင်မြို့ ကမ်းနားလမ်း စထရင်းဟိုတယ်ရှေ့ သံလွင်မြစ်အတွင်း ကောင်မလေးတယောက် ခုန်ချသွားပါတယ်။ ကောင်မလေးရဲ့ ဖိနပ်နဲ့ အထုပ်ပဲ ကျန်ခဲ့ပါတယ်။ရဲတပ်ဖွဲ့မှ ရှာဖွေသိမ်းဆည်းထားပြီးပါပြီး။ မွန်ထမီ အမျိုးသမီးအဝတ်အစားတွေနဲ့ အလှပြင်ပစ္စည်း တွေပဲ ပါပါတယ်။ လက်ရှိ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်ကွန်ယက်အဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ဖို့ပြင်ဆင်နေကြပါတယ်။ ခုန်ချတဲ့နေရာကိုလည်း ကနဦး ရေငုပ်ရှာဖွေပေးထားပါတယ်။ ထူးခြားမှုမရှိသေးပါ။ Credit to ဇင္မိုး Unicode ကမ်းနားလမ်း စထရင်းဟိုတယ်ရှေ့ သံလွင်မြစ် ဘေး ကောင်မလေးရဲ့ ဖိနပ်နဲ့ အထုပ် မော်လမြိုင်မြို့ […]
ရှေးလူကြီးတွေထားခဲ့တဲ့ အတိတ်တဘောင်…
တရားကို တေးဆို ၊ အဖေကိုသားကဆဲ ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊အမျိုးသမီးကောင်းက ပိုက်ဆံရှာ အပျိုမဖြစ်ခင်က ရည်းစားထား ၊ဆင်းရဲသားက သူဌေးယောင်ဆောင် အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ် မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်း ထမင်းရောင်း ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ ဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထား ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ် […]
ဒေါက်တာခင်ခင်ကြီး အသိပေးလာတဲ့ ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုး သန္ဓေပြောင်း D614G
ဒေါက်တာခင်ခင်ကြီး အသိပေးလာတဲ့ ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုး သန္ဓေပြောင်း D614G ကမ္ဘာမှာ ကူးစက် မှု အ လွန် မြန်ဆ န်တဲ့ ကိုဗ စ်ပိုး သန္ဓေပြောင်း D614G မြန်မာနို င်ငံမှာ ရှိနေပြီ ဖြစ်ကြောင်းအသိပေးလို က် တဲ့ ဒေါက်တာခင်ခင်ကြီး 9:57 am, 20-8-2020 ဒီနေ့မ နက် အတွက် ထပ်မံစစ်ဆေး ၆၅၉ ဦးဖြစ်ပါတယ် ပိုးတွေ့လူနာသစ် ၂ ဦး ရှိပါတယ်ဒီနှစ်ဦးလုံးဟာ စစ်တွေကဖြစ်ပါတယ် ….အခုဆို စစ်တွေက ၆ ယောက်ရှိနေပါပြီတစ်ယောက်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာကို တွေ့ရပါတယ် …။ သူကတော့ Q ထားတဲ့သူ ဖြစ်ပါတယ် ….ဒါ့ကြောင့်ကျန်းမာရေးဝန်ထမ်းတွေ အထူးသတိပြုကြဖို့ အသိပေးလိုပါတယ် […]