အေထြအေထြဗဟုသုတ

မိမိထံ ကံအညံ့ ၀င်နေလျှင်

ကောင်းတဲ့ ကုသိုလ်ကံကို မြင့်တက်စေရန် အလိုငှာနှငင့် မကောင်းတဲ့အကုသိုလ် ကံကို နည်းပါးပယ်ပျောက်စေရန် အလို့ငှာ ဘုရား ယတြာကို မကြာခဏလုပ်ပေးဖြစ်ပါတယ်။ အဲဒီ ယတြာတွေကတော့- ၁။ ခင်ပွန်းကြီး (၁၀) ပါးကန်တော့ခြင်း။ ၂။ ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်ခြင်း။ ၃။ ရေလမ်း၊ ပန်းလမ်း၊ အလင်းလမ်းတို့ဖြင့် မဟာပဌာန်း ပူဇော်ခြင်းတို့ပဲဖြစ်ပါတယ်။ လိုအင်ပြည့်ရာ – ဓါတ်ကြီးလေးပါးယတြာ ဓာတ်ကြီးလေးပါး ဆိုသည်မှာ- ပထ၀ီဓာတ်-(၂၀) ပါး အာပေါဓာတ်က-(၁၂)ပါး တေဇောဓာတ်က အပါး(၄)ပါး ၀ါယောဓာတ်က အပါး (၆)ပါး တို့ဖြစ်ပါသည်။ လုပ်ရမည့်နေ့. မိမိ မွေးရက် နံနက်အာရုံတက်ချိန် ပြင်ဆင်ပုံ……. ခုံတစ်လုံးပေါ်မှာ စာပွဲခင်း ဖြူဖြူသန့်သန့် ခင်းရမယ်။ ပြီးတော့ အဲဒီ ခုံပေါ်မှာ အောက်ပါ ပစ္စည်းတွေ […]

ဗေဒင်

ဝါခေါင်လအတွက်အကောင်းဆုံးယတြာ (19.8.2020)မှ (16.9.2020)အထိ

ဝါခေါင်လအတွက်အကောင်းဆုံးယတြာ ဝါခေါင်လဆန်း(၁)ရက်နေ့(19.8.2020)မှ ဝါခေါင်လကွယ်နေ့(16.9.2020)အထိတစ်လတာလုံး “လစ်ပို”ပုလင်းအတွင်းမှ အရည်များကို ထုတ်ယူ၍ ထိုပုလင်းထဲတွင် “ရေ”အသန့် ထည့်လိုက်ပါ။ “နှင်းဆီပန်း”အနီရဲရဲတစ်ပွင့်ကိုလည်း ရေထည့်ပြီးသား လစ်ပိုပုလင်းထဲတွင်စိုက်ထည့်ထားရပါမည်။ စတီးပန်းကန်အသေးတစ်ချပ် အလယ်တည့်တည့်၌ “ထုံး”ဖြင့်အဝိုင်းကွင်းဆွဲထားလိုက်ပါ။ စီရင်ထားသောလစ်ပိုပုလင်းကို စတီးပန်းကန်ပေါ် ထုံးအဝိုင်းကွင်းထဲတွင် တင်ထားပြီး မိမိအိမ်ဘုရား ကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ကပ်လှူပေးရပါမယ် ခင်ဗျ…….။ အောက်ပါ ဂါထာတော်ကို (၁၄)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။ ” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။” ဆုတောင်းစာ “အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ဝါခေါင်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် […]