ၾကားသိရသမွ်

ကိုရိးယားရုပ်သံကနေ အင်တာဗျူး တခါဖြေတိုင်း သိန်း ၁ရာ ရတယ်လို့ပြောနေကြတဲ့သူတွေကို ဒဲ့ရှင်းပြလိုက်တဲ့ ဆရာမ ချမ်းမြမြသော်

မြန်မာပြည်သူတွေရဲ့အသံကို ကိုရီးယားနာမည်ကြီး KBS ရုပ်သံကနေအထိ ကမ္ဘာသိအောင်ချပြနိုင်ခဲ့တဲ့ ဆရာမ ချမ်းချမ်းကို လူတချို့က အင်တာဗျူးတခါဖြေတိုင်း ဝမ် သိန်း ၁၀၀ ရတယ်လို့ အပုတ်ချစွပ်စွဲနေသူအားလုံးကို အခုလိုပဲ ဆရာမချမ်းချမ်းက သူရရှိတဲ့ ငွေပမာဏနဲ့ ရရှိတဲ့ငွေအားလုံးလို ယခုလိုပဲလက်ခံထားကြောင်းရှင်းပြလိုက်ပါတယ်။   KBS ကနေ သတင်း တစ်ခါ လာပြောပေးရင် ဝမ် ၃သိန်း ပေးပါတယ်။ ဝမ် ၃သိန်းထဲက အခွန် ထပ် ဖြတ်ပြီး စုစုပေါင်း ၂၇၁၆၈၀ပဲ ကျွန်မဆီ ဝင်ပါတယ်။ စုစုပေါင်း လေးကြိမ် ဝင်တဲ့ ပိုက်ဆံ အားလုံးကို လက်ရှိ မြန်မာအတွက် အလှုငွေ လက်ခံလျှက် ရှိတဲ့ အကောင့်(845910043 10207)နဲ့ပဲ လက်ခံထားပါတယ်။ အားလုံးကို မြန်မာက ကျန်ရစ်သူ မိသားစုနဲ့ […]

ဗဟုသုတ

အမေရိကန်သမ္မတဟောင်း အိုဘားမားကိုယ်တိုင် ပြောပြတဲ့ သင့်ဘဝတိုးတက်ချင်ရင် ရှောင်ကြဉ်ရမည့် အချက်များ

အမေရိကန်သမ္မတဟောင်း အိုဘားမားကိုယ်တိုင် ပြောပြတဲ့ သင့်ဘဝတိုးတက်ချင်ရင် ရှောင်ကြဉ်ရမည့် အချက်များ (၁) ကိုယ့်ကိုယ်ကိုယ်မယုံကြည်မူတွေကိုရပ်တန့်လိုက်ပါ တကယ်လို့ မင်းဟာကိုယ့်ကိုယ့်ကိုယ်တောင်မယုံကြည်ရင် ဘယ်သူကမှမင်းကိုယုံကြည်နိုင်ကြတော့မှာမဟုတ်တော့ဘူး အောင်မြင်ခြင်းရဲ့ အစက မင်းဦးနှောက်အတွေးထဲကနေဆင်းသက်လာတာပါ တကယ်လို့မင်းကိုမင်းအမြဲတန်း အပျက်သဘောဖက်ကနေ မြင်နေရင် ဒါမှမဟုတ် အာနာဂတ် ရဲ့ကျရူံးမူတွေမြင်ယောင်နေမယ်ဆိုရင်မင်းဘဝကြီးဟာမင်းထင်သလိုတွေတွေးသလိုတွေဖြစ်သွားတတ်တယ် (၂) အပျက်သဘောဆောင်တဲ့ Negativeဆောင်တဲ့ မင်းရဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ မင်းကိုမင်းအထင်မသေးပါနဲ့ ပတ်ဝန်းကျင်လူတွေကိုလည်းအထင်မသေးပါနဲ့ မင်းကိုမင်းအထင်သေးမယုံကြည်မဲ့အစား ခုကြုံတွေ့ရတဲ့ပြသာနာတစ်ခုချင်းဆီကို တန်းစီစီပြီး ကောင်းကောင်းပြန်စဉ်းစားကြည့်ပါ ဒီလိုလုပ်ခြင်းအားဖြင့် နည်းလမ်းကောင်းတွေရှာဖွေနိုင်တဲ့အပြင် နင့်ကိုလည်းအောင်မြင်စေတယ် (၃)အချိန်ဆွဲတတ်တဲ့ အကျင့်ကို ရပ်တန့်လိုက်ပါ ငါအခုမလုပ်ချင်သေးဘူး နောက်မှလုပ်မယ်ဆိုရင် အကျင့်ပါသွားတတ်တယ် နင့်အချိန်ဆွဲနေတဲ့ကိစ္စက သူ့ဟာသူပြီးမသွားတတ်ပါဘူး (၄)သဘောထားသေးတိမ်တတ်တဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ သူတပါးကိုယ့်ပေါ်မကောင်းလို့ ကိုယ့်ကိုယ်မကောင်းတွေပြောနေလို့ သူကိုလည်းအဲ့လိုပြန်တုံ့ပြန်လိုက်မယ်လို့ မလုပ်ပါနဲ့ သူ့ဟာသူလုပ်ပါစေ ပြောပါစေ ပြန်တုံ့ပြန်လိုက်ရင် ကိုယ်လည်းသူလိုလူဖြစ်သွားမှာပါ (၅)အပြင်မှာထမင်းစားတဲ့အကျင့်ကို ရပ်တန့်လိုက်ပါ အမြဲအပြင်မှာထမင်းစားခြင်းသည် ပိုက်ဆံတွေကိုဖြုန်းတီးရာရောက်တယ် ကျန်းမာရေးနဲ့လည်း […]

ဗဟုသုတ

ဒီစာလုံးစုလေးကို ငယ်ငယ်တုန်းက စကားထာ လို့ပဲ ထင်ခဲ့မိတယ်…. ခုတော့မှပဲ တဘောင် ဖြစ်မှန်း သိရတော့တယ်

“ကမ္ဘာစည်ကြီး တီးလိမ့်မည်။မျက်နှာမည်းတို့ ငိုလိမ့်မည်။ပုန်းသောသူများ ပေါ်လိမ့်မည်။သေသောသူများ ရှင်လိမ့်မည်။” ဒီစာလုံးစုလေးကို ငယ်ငယ်တုန်းက စကားထာ လို့ပဲ ထင်ခဲ့မိတယ်။ ခုတော့မှပဲ တဘောင် ဖြစ်မှန်း သိရတော့တယ်။ အဓိပ္ပယ် ကိုလည်း ခုမှပဲ သေချာနားလည်တော့တယ်။ ကမ္ဘာစည်ကြီးတီးလိမ့်မည်။ မြန်မာမှာသာမက ကမ္ဘာမှာပါ အာဏာရှင်ဆန့်ကျင်ရေးအတွက် သံပုံး တီးကြပြီ ။ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ၊ ကြိုးစားမှုလှိုင်းတွေ ရိုက်ခတ် မြည်ဟီး လာပြီ။ မျက်နှာမည်းတို့ငိုလိမ့်မည်။ မတရားသော လုပ်ရပ်များကြောင့် မြန်မာမှာသာမက ကမ္ဘာမှာပါ မျက်နှာကောင်းမရ မျက်နှာမည်းနေကြသော အာဏာရှင် စစ်အုပ်စု နှင့် စစ်အုပ်စုကိုထောက်ခံသူများ သွေးပျက်နေကြပြီ။ တပ်ပျက်နေပြီ ။ မတရားသော စစ်အုပ်စုတွေ ရှုံးနိမ့်ရတော့မည်။ ငိုရတော့မည်။ ပုန်းသောသူများပေါ်လိမ့်မည်။ အကြောင်းအမျိုးကြောင့် အိမ်တွင်းပုန်းနေကြသူတွေ လမ်းမပေါ်ထွက်လာကြပြီ။ […]

ဗဟုသုတ

အစွန်း၊အညစ်အကြေးကို သံပုယိုသီးနဲ့ လျှော်မယ်

အစွန်း၊အညစ်အကြေးကို သံပုယိုသီးနဲ့ လျှော်မယ် ခေါင်းမာလွန်း တဲ့ အစွန်းအထေး ၊အညစ်အကြေးများကို သံပုယိုသီးနှင့်ဖယ်ရှားပစ်မယ် သင့်ရဲ့မီးဖိုချောင်မှာ ရှိတဲ့ အစားအစာများက သင့်အဝတ်အစားများအတွက် အသုံးပြုနိုင်တယ်ဆိုတာကိုသင် သိပြီးပြီလား။ အဝတ်အစားများကို ဖြူဖွေးတောက်ပြောင်အောင် ပြုလုပ်ပေးနိုင်တဲ့ မီးဖိုချောင်သုံး အစားအစာတစ်ခုကတော့ သံပုယိုသီးပဲဖြစ်ပါတယ်။ သံပုယိုသီး ရဲ့ အသုံးဝင်ပုံကို သေချာသိထားမယ်ဆိုရင် တော့ သင့်ရဲ့အဖြူရောင်အဝတ်အစားများကို ဟောင်းနွမ်းမသွားဘဲ အချိန်အကြာကြီး အသစ်အတိုင်း ထိန်းသိမ်းထား နိုင်မှာပါ။ ခေါင်းမာလွန်းတဲ့ အစွန်းအထေးအညစ်အကြေးများကို သံပုယိုသီးဖြင့် ဖယ်ရှားနိုင်မယ့် နည်းလမ်း သုံးသွယ်ကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရ ပါတယ်။ နည်းလမ်း (၁) အိုးအကြီးတစ်လုံးထဲတွင် ရေ ၂ လီတာထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ သံပုယိုသီး ၃ လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ထို့နောက် ဆား […]

ၾကားသိရသမွ်

ခုချိန်မှာမိသားစုနဲ့ခွဲနေရတာဟာ အသက်ပေးပြီးခွဲသွားရတဲ့သူတွေထက်စာရင် မပြောပလောက်ပါဘူးလို့ ဆိုလိုက်တဲံမင်းမော်ကွန်းရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းမော်ကွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေပြီး တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင် လုပ်ဆောင်နေသူပါ..။ မင်းမော်ကွန်းကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေမှာ တတ်နိုင်သလောက် ပြုလုပ်နေပြီး လူငယ်တွေကိုလည်း ဖေးမအားပေးရင်း တော်လှန်ရေးကြီးမှာအဖက်ဖက်ကနေ ပါဝင်နေ သူလည်း ဖြစ်ပါတယ်..။   အခုလိုအချိန်မှာ သူ့အနေနဲ့ မိသားစုနဲ့ခွဲခွာပြီးနေ နေရတာက အသက်ပေးပြီး တစ်သက် လုံးခွဲသွားရတဲ့ ပြည်သူတွေထက်စာရင် လေးစားရတဲ့ညီငယ် ညီမငယ်တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူးဆိုပြီးတော့လည်း ခံးစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်..။ လူငယ်တွေလုပ်နေတာတွေကလည်း အထွေအထူးပြောစရာမလိုအောင် တကယ့်လက်တွေ့ကြုံတဲ့အခါမှာ လူငယ်တွေရဲ့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက အရမ်းထက်မြတ်တဲ့အတွက် တိုင်ပြည်အတွက် အရမ်းအားရတယ်ဆိုပြီးတော့ ပြောပြလာတာ ဖြစ်ပါတယ်..။ ဖြိုခွင်းမှုတွေကလည်း ပြည်သူကိုဘယ်လောက်မုန်းတီးပြီး ဘယ်လောက်အငြိုးကြီးလည်းဆိုတာ ပြနေသလို သတ်လိုက်ရင်လည်း သားသမီးအရွယ်ကလေးတွေဖြစ်ပြီး ရိုးရိုးတန်းတန်းတာဝန်အရ ထမ်းဆောင်တာမျိုး မဟုတ်ဘဲ အမုန်းတရားတွေပါဝင်နေတာ သိသာနေတယ်ဆိုပြီးတော့လည်း […]

ကြားသိရသမျှ

နွေဦးတော်လှန်ရေးကြီးမှာ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင် လို့ပြောလိုက်တဲ့ ဒေါင်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုများ ရှိတာကြောင့် ပြည်သူတွေရဲ့ ဝမ်းနည်းပူ ဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြောင်းလဲကာ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်လို့ သရုပ်ဆောင် ဒေါင်းက ဆိုပါတယ်။ “ကျနော်တို့ အားလုံးရဲ့ ဝမ်းနည်းပူဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြန်အသုံးချဖို့ ပြောင်းလဲကြရအောင်ဗျာ။ ကျနော်တို့ တော်လှန်မယ့် နည်းလမ်းတွေ အများကြီး အသုံးပြုနေကြတယ်။ လမ်းတခုတည်းဆို တဖက်က ပိတ်ရလွယ်မယ်။ လမ်းတွေ အများကြီးနဲ့ ဝန်ထမ်းတွေ ပြည်သူတွေ အားလုံး ပူးပေါင်း လုပ်ဆောင်ကြမယ်ဗျာ။ ကျနော်တို့တွေ နိုင်တော့မှာပါ။ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်းက ပြောပါတယ်။ ကိုယ်တိုင်လည်း သတင်း အချက်အလက်တွေကို အမြဲ ဂရုစိုက်တင်တယ်လို့ […]

ဗဟုသုတ

မြန်မာဝတ်စုံလို့ဆိုပြီး မြတ်မြတ်နိုးနိုး ဝတ်နေကြတဲ့ ပုဆိုးနဲ့တိုက်ပုံဟာ မြန်မာဝတ်စုံမဟုတ်ဘူးတဲ့..

ယနေ့ မြန်မာဝတ်စုံလို့ပြောပြီးဝတ်ဆင်နေကြတဲ့ ပုဆိုးနဲ့တိုက်ပုံဟာ မြန်မာဝတ်စုံမဟုတ်ပါ ယနေ့ မြန်မာဝတ်စုံလို့ပြောပြီးဝတ်ဆင်နေကြတဲ့ ပုဆိုးနဲ့ တိုက်ပုံဟာ ဆရာကြီး ဒေါက်တာသန်းထွန်းပြောတဲ့ မြန်မာဝတ်စုံမဟုတ်ပါ။ တရုတ်နှင့်အိန္ဒိယ လူမျိုး ၂ခုရဲ့ သွေးနှောဝတ်စုံ ပါ။ ဒေါက်တာသန်းထွန်း ဆိုသည်မှာ ဦးနေဝင်း ခေတ်တုန်းက တဲ့။ သိပ်ပြီး အမျိုးဂုဏ် ဇာတိဂုဏ်တွေကို လူကြားကောင်း သိပ်လုပ်ပြနေတဲ့အချိန်။ ဦးနေဝင်းကြီး အာဏာစက်အောက်က ပါချုပ်ကြီးကလည်း ဗောင်းတော်ညိတ် စိတ်တော်သိရလေတော့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေအပေါ်ကိုလည်း ချုပ်ချယ်မှု လွှမ်းမိုးနှိုင်မှု ရှိအောင်လုပ်တဲ့သဘောလည်း သက်ရောက်အောင်ဆိုပြီး မြန်မာအမျိုးသားဝတ်စုံတွေချည်း ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်ပါလေရော။ ကျောင်းသားတွေကြား ဂယက်ကြီးရိုက်ပြီး တအုံနွေးနွေး ဖြစ်နေကြပေမယ့် ဖိနှိမ်မှု ပြင်းထန်ခဲ့တော့ မကျေနပ်ပေမယ့် တော်ရုံ ထကြွဖို့ ဆိုတာက ချက်ချင်းမလွယ်ဘူးလေ။ အမိန့်ထုတ်ပြီး နောက်တနေ့ ကျောင်းဝန်းထဲ ထူးထူးခြားခြား […]

က်မၼာေရး ဗဟုသုတ

ဓာတုပစ္စည်းတွေမပါပဲ သဘာဝအတိုင်း ဗောက်တွေပျောက်ကင်းသွားစေမယ့် နည်းလမ်း ..

ဓာတုပစ္စည်းတွေမပါပဲ သဘာဝအတိုင်း ဗောက်တွေပျောက်ကင်းသွားစေမယ့် နည်းလမ်း .. ဗောက်ထတာက တော်တော်များများကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ ဆောင်းတွင်းရောက်ပြီဆိုရင် ဗောက်ထတာ ပိုအဖြစ်များပါတယ်။ ဒီလိုဗောက်ထလာပြီဆိုရင် မြန်မြန်ပျောက်အောင် အိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ကုသလို့ရပါတယ်။ ဒါကြောင့် ပိုက်ဆံအကုန်အကျလည်း သက်သာပြီး ထိရောက်တဲ့နည်းလမ်းနဲ့ ကုသလို့ရအောင် ဓာတုပစ္စည်းတွေမပါပဲ သဘာဝအတိုင်း ဗောက်တွေပျောက်သွားအောင် လုပ်ပေးနိုင်မယ့် နည်လမ်းကောင်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လိမ္မော်သီးအခွံနဲ့သံပယိုရည် လိမ္မော်သီးအခွံနည်းနည်းနဲ့ သံပယိုရည်နည်းနည်းကို ကြိတ်စက်ထဲထည့်ပြီး ရောကြိတ်ပါ။ ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပေးပါ။ ကြိတ်ပြီးရလာတာကိုမှ လက်နဲ့ယူပြီး ဦးရေပြားမှာ သေချာနှံ့အောင် နှိပ်နယ်ပြီး လိမ်းထားပေးပါ။ မိနစ် ၃၀ ထားပြီးရင်တော့ ရေဆေးချပြီး Shampoo နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ငှက်ပျောသီးနဲ့ apple cider vinegar ငှက်ပျောသီးတစ်လုံးကို အခွံဖယ်ထုတ်ပြီး ပန်းကန်လုံးထဲထည့်ပါ။ […]

ဗဟုသုတ

မြစ်ကြီးလည်း မခမ်းစေနဲ့ သစ်ပင်ကြီးလည်း မလဲစေနဲ့ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ဆိုတဲ့ စကားကြီး သုံးခွန်း အဓိပ္ပါယ်

ရွှေစကားကြီး သုံးခွန်း ၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့ ၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့ ၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ကြားတော့ ကြားဖူး၏ သို့သော် တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏ မြစ်ကြီးလည်း မခမ်းစေနဲ့ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင် အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ … မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ .. လို့. ဆိုလိုခြင်းဖြစ်၏ ၊ လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် ..အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ် မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင် […]

က်မၼာေရး ဗဟုသုတ

ကျောက်ကပ်ရောဂါ ဝေဒနာသည်များအတွက် အလွယ်ကူဆုံး ​​ဆ​ေးနည်း တပုံခြင်းစီကြည့်ပေးနော်

ကျောက်ကပ်ရောဂါ ဝေဒနာသည်များအတွက် အလွယ်ကူဆုံး ​​ဆ​ေးနည်း တပုံခြင်းစီကြည့်ပေးနော် ကျောက် ကပ်ဝေဒနာ သည် လွန်စွာ ခံရခက်သော ဝေဒနာ ဖြစ်ကြောင်း ခံစားရဖူး သူတိုင်း သိရှိပြီး ဖြစ် သည်။ ယာကျ်ားတွင် ဆီး၊ မိန်းမ တွင် မီး ဟူသော စကားနှင့် အညီ အမျိုးသမီး များ အတွက် မီးယပ်ရောဂါ သည် အသက် အန္တရာယ်နှင့် ရင်ဆိုင်ရ သကဲ့သို့ အမျိုးသားများ အတွက် ကျောက်ကပ် ရောဂါ သည်လည်း ဆိုးရွား စွာ ခံစားရကာ အသက် အန္တရာယ် နှင့် နီးစပ်ကြောင်း ဝေဒနာခံစားရဖူး သူတိုင်း သိရှိပြီးဖြစ်သည်။ ကျောက်ဖရုံသီး တစ်လုံးလုံး သာမက အရွက်၊ အမြစ်ပါ ကျောက်ကပ် […]