ကိုယ့်အပေါ် တန်ဖိုးမထားသူကို ဘယ်တော့မှဖက်တွယ်မနေဘူး ကျွန်မကပြတ်သားတယ် ကြၽန္မလား…? ကိုယ့်အပေါ်တန်ဖိုးမထားသူကိုဘယ်တော့မှဖက်တွယ်မနေဘူး။ သံယောဇဉ်မရှိလို့တော့မဟုတ်ဘူး။ သူကအတုအေယာင္ဆိုကိုယ္ကအေပၚယံပဲ။ ကိုယ့်အပေါ်ဥပေက္ခာပြုထားသူကိုဘယ်တော့မှခယမနေဘူး။ဂရုမစိုက်ချင်လို့မဟုတ်ဘူး။ သူကခပ်ချေချေဆိုရင်ကိုယ်ကခပ်တင်းတင်းပဲ။ ကိုယ်ကိုထားရစ်ခဲ့သူကိုဘယ်တော့မှပြန်လာစေဖို့မဆွဲဆောင်ဘူး။ သူကခပ်ရှင်းရှင်းဆိုကိုယ်ကခပ်ကင်းကင်းပဲ။ ကြၽန္မရဲ႕ခံယူခ်က္လား…? ရှင်းပါတယ်။ကိုယ့်ရဲ့အချစ်ကိုတန်ဖိုးထားသူအတွတ်အကောင်းဆုံးတွေပေးဆပ်ဖို့ဝန်မလေးသလို ကိုယ့်အပေါ်တန်ဖိုးမထားသူကိုတော့ကျောခိုင်းပြစ်ဖို့ဝန်မလေးတတ်ဘူး။ သူက”တာ့တာ”ဆိုရင်ကိုယ်က”ဘိုင့်ဘိုင်”ပဲပေါ့။ Nan Khin May Win Unicode ကိုယ့်အပေါ် တန်ဖိုးမထားသူကို ဘယ်တော့မှဖက်တွယ်မနေဘူး ကျွန်မကပြတ်သားတယ် ကျွန်မလား…? ကိုယ့်အပေါ်တန်ဖိုးမထားသူကိုဘယ်တော့မှဖက်တွယ်မနေဘူး။ သံယောဇဉ်မရှိလို့တော့မဟုတ်ဘူး။ သူကအတုအယောင်ဆိုကိုယ်ကအပေါ်ယံပဲ။ ကိုယ့်အပေါ်ဥပေက္ခာပြုထားသူကိုဘယ်တော့မှခယမနေဘူး။ဂရုမစိုက်ချင်လို့မဟုတ်ဘူး။ သူကခပ်ချေချေဆိုရင်ကိုယ်ကခပ်တင်းတင်းပဲ။ ကိုယ်ကိုထားရစ်ခဲ့သူကိုဘယ်တော့မှပြန်လာစေဖို့မဆွဲဆောင်ဘူး။ သူကခပ်ရှင်းရှင်းဆိုကိုယ်ကခပ်ကင်းကင်းပဲ။ ကျွန်မရဲ့ခံယူချက်လား…? ရှင်းပါတယ်။ကိုယ့်ရဲ့အချစ်ကိုတန်ဖိုးထားသူအတွတ်အကောင်းဆုံးတွေပေးဆပ်ဖို့ဝန်မလေးသလို ကိုယ့်အပေါ်တန်ဖိုးမထားသူကိုတော့ကျောခိုင်းပြစ်ဖို့ဝန်မလေးတတ်ဘူး။ သူက”တာ့တာ”ဆိုရင်ကိုယ်က”ဘိုင့်ဘိုင်”ပဲပေါ့။ Nan Khin May Win
Day: April 20, 2021
အရွယ်နဲ့ မလိုက်အောင် ရုပ်နုသူတွေရဲ့ လျှို့ဝှက်ချက် (၇) ခု
ကိုယ့်ပတ်ဝန်းကျင်မှာ အသက်အရွယ်ပိုင်းတစ်ခုကိုရောက်နေပေမယ့် ဆယ်ကျော်သက်လေးလို၊ လူငယ်လေးတွေလို နုပျိုပြီး လှပနေတဲ့သူတွေကိုတွေ့ဖူးလား။ တကယ်တမ်းအသက်မေးကြည့်လိုက်တော့မှ “ဟယ်.. မထင်ရဘူးနော်၊ နုလိုက်တာ” လို့ပြောခံရတဲ့သူတွေမှာ အများကအားကျရလောက်တဲ့ အရည်အသွေးတွေရှိနေလို့လား။ မအိုဆေးတွေစားထားလို့လား။ မဟုတ်ပါဘူးနော်။ တကယ်တော့ စိတ်ပျိုကိုယ်နုဆိုတဲ့ အတိုင်း အရွယ်နဲ့မလိုက်အောင် ငယ်ရွယ်နုပျိုတဲ့သူတွေအများစုက သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထား Attitude လေးတွေကြောင့်ပါ။ တစ်ချို့ကတော့ လျှို့ဝှက်ချက်လို့ပြောပေမယ့် လက်တွေ့မှာတော့ နုပျိုချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်လေးတွေလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။ Meditate လုပ်တယ် တရားထိုင်တာ၊ စိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ၊ Yoga ကျင့်တာတွေကလည်း လူကို အတွင်းရော၊ အပြင်ပါ လန်းဆန်းပြီး စိတ်ကိုတည်ငြိမ်စေတယ်။ သွေးလည်ပတ်မှုကောင်းပြီး စိတ်ကူးသစ်တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ တက်ကြွလန်းဆန်းနေတဲ့သူတစ်ယောက်အတွက် သူ့ကိုကြည့်ရတာ လူငယ်တစ်ယောက်လိုပဲ Energetic ဖြစ်စေတယ်လေ။ ကျန်းမာရေးအလေးထားတယ် ကျန်းမာခြင်းက […]
နှလုံးသားကို ဦးနှောက်နဲ့ပုံသွင်းပါ
အချစ်တစ်ခုတည်းနဲ့ ဘဝကိုဖြတ်သန်းလို့ မရနိူင်ဘူးဆိုတာ မရှိပါဘူး… သို့ပေမဲ့လည်း ရည်ရှည်မှာ မတည်မြဲကြတာကများပါတယ်… “တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ်”ဆိုတာ သီချင်းထဲမှာပဲရှိတာပါ… လက်တွေ့မှာ ဗိုက်ဟောင်းလောင်းနဲ့အချစ်ကို ကိုးကွယ်နေလို့ဘယ်ရမလဲ… အချစ်ရဲ့နောက်ကွယ်ကစား၊ဝတ်၊နေရေး ဆိုတာကအရေးပါဆုံးပဲမဟုတ်လား??? သား၊သမီး မရှိသေးသ၍ကတော့အဆင်ပြေနေသေးပေမယ့် နောက်ပိုင်း သားသမီးရှေ့ရေးအတွက်က လိုအပ်လာပြီးမို့ အချစ်ကိုနှလုံးသားနဲ့ဆုံးဖြတ်ပြီးရင် ဘဝကိုဦးနှောက်နဲ့ဆုံးဖြတ်ပြီး ပုံသွင်းတတ်ဖို့က အဓိကကျလာပါပြီ… လောကကြီးထဲမှာ အချစ်မရှိလို့ဒုက္ခရောက်တဲ့ သူရယ်လို့မရှိပါဘူး အချစ်ကြောင့်သာ ဒုက္ခရောက်နေကြတဲ့သူတွေချည်းပါပဲ ဒါပေမယ့် မချစ်ရဘူးလို့တော့ မပြောပါဘူး… ချစ်ပါ အချစ်ဆိုတာဘယ်လို “Relationship “မဆိုအရေးပါပါတယ် အချစ်ရှိမှ ကြည့်တဲ့အကြည့်တွေကိုက ချစ်တဲ့မျက်စိနဲ့ကြည့်တဲ့အတွက် အရာရာက လှပနေမှာပဲမဟုတ်လား… သို့ပေမဲ့ ကိုယ်နဲ့ဘဝတစ်သက်လုံးလက်တွဲရမယ့် ဘဝလက်တွဲဖော်နဲ့ခိုင်မြဲစွာ လက်တွဲနိူင်ဖို့အတွက် အချစ်တစ်ခုတည်းနဲ့ ဘဝကိုမပုံအပ်လိုက်ပါနဲ့ နှလုံးသားကို ဦးနှောက်နဲ့ပုံသွင်းပြီး… ချစ်သင့် မချစ်သင့်လက်တွဲသင့် လက်မတွဲသင့် ရေရှည်တည်မြဲခြင်း မတည်မြဲခြင်းကို သေချာဆုံးဖြတ်ချက်မှန်ကန်နေဖို့ကအဓိကကျပါတယ်… […]
သင့်ကို အသက်အန္တာရာယ်ပေးနိုင်သော အပြုအမူ (၁၀) မျိုး
သင့်ကို အသက်အန္တာရာယ်ပေးနိုင်သော အပြုအမူ (၁၀) မျိုး ၁။ ငါးစားခြင်း အချို့ငါးများ၏ ခန္ဓာကိုယ်ထဲတွင် မာကျူရီများရှိနိုင်ပါတယ်။ အကြောင်းကတော့ အချို့မွေးမြူရေးငါးများကို ပိုးသတ်ဆေးသုံးထားသောကြောင့် နေ့စဉ်စားသုံးမိပါက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ၂။ ရေနွေးအိတ်သုံးခြင်း ရေနွေးအိတ်များကို အဆိပ်အတောက်ဖြစ်စေသော ပလတ်စတစ်မျိုးနှင့် ပြုလုပ်ထားခြင်းကြောင့် ကြာရှည်အသုံးပြုပါက သင့်ကို ကင်ဆာရောဂါများ၊ ဦးနှောက်မှတ်ဉာဏ် ပျက်ဆီးမှုနှင့် အခြားဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ ၃။ သွားကြားထိုးခြင်း သွားကြားမထိုးခင် ဖြန်းထားသော ဆေးရည်များက ပျက်ပြယ်ရန်ခက်ခဲပြီး သင့်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။ ကြာရှည်သုံးစွဲမိပါက သင့်အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပြီး ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေပါတယ်။ ၄။ သစ်သီးဖျောက်ရည်သောက်ခြင်း သစ်သီးခြောက်များ၊ သစ်သီးဖျော်ရည်များက ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်ပြီး သင့်ကျောက်ကပ်၏လုပ်ဆောင်မှုများကို ထိခိုက်စေခြင်းနှင့် အာရုံကြော ပျက်စီးမှုများကို ဦးတည်စေနိုင်သည့်အပြင် ကိုယ်ဝန်ပျက်ကျစေပါတယ်။ […]
ဒုက္ခတွေဖြစ်တဲ့အခါ . . .ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ အမှန်အတိုင်းဝန်ခံရရင် ဘယ်သူ့လက်ကိုမှ ပြေးမမြင်မိဘူး
ကိုယ့်ကို လိုတဲ့အချိန်မှာ လူတိုင်းသတိရကြတယ် အကူအညီတစ်ခုခုတောင်းဖို့ပဲ ဖြစ်ဖြစ် အဆင်မပြေတဲ့အခါပဲ ဖြစ်ဖြစ်ပေါ့ ။ ဒါပေမယ့် ကိုယ်အဆင်မပြေတဲ့အခါ ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ကိုယ်ကိုယ်တိုင်မသိဘူး အကူအညီတောင်းဖို့ မဟုတ်ပါဘူး ရင်ဖွင့်ဖို့လေးသက်သက်ကိုတောင် ဘယ် နားကမှ အလုပ်မအားကြဘူး ကိုယ်ပြောချင်တဲ့စကားတွေ ကိုယ်ကိုယ်တိုင် မြိုချပစ်လိုက်ရတာပါပဲ ဒုက္ခတွေဖြစ်တဲ့အခါ . . .ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ အမှန်အတိုင်းဝန်ခံရရင် ဘယ်သူ့လက်ကိုမှ ပြေးမမြင်မိဘူး ကိုယ့်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ ကိုယ်ကိုယ်တိုင်ပဲ လမ်းပြရတယ် ပြီးတော့ ကိုယ်ကိုယ်တိုင်ပဲ ဆက်လျှောက်ရတယ် နားခိုစရာဆိုလို့ ကိုယ့်လက်မောင်းပေါ်ကိုယ် ခေါင်းအုံးအိပ်ခဲ့ရတဲ့အချိန်တွေပဲ တွေ့ပါတယ် မွေးကတည်းက တစ်ယောက်တည်းပဲလေ အခုတစ်ယောက်တည်း ရှိတော့ကော ဘာများ ဆက်ပြီး ပြောင်းလဲသွားမှာမို့လဲ ဝမ်းနည်းစရာတွေ ကြုံလာတဲ့အခါ အားပေးတတ်တယ် ကိုယ်ရှိတယ် လဲကျသွားတဲ့အခါ ကိုယ်ကိုယ်တိုင် […]
ရှေး လူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ အခုခေတ်မှာ ကွက်တိမှန်နေပြီ
ရှေး လူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ အခုခေတ်မှာ ကွက်တိမှန်နေပြီ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ ကွက်တိကို မှန် နေတော့ တာပဲ။အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်”ဆိုတဲ့ စကားပုံ ပေါ်လာတာဖြစ်ရမယ်ဗျ။ ရှေးလူကြီးတွေရဲ့အမြင်စူးရှပုံကတော့ချီးကျူးဖို့ကောင်း ပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ် ခင်ဗျာ။တရားကို တေးဆို ၊ အဖေကိုသားကဆဲ ဆွေမျိုးထဲက ဓါးပြ တိုက် ၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ၊ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက် ရိုးသားသူကို အရူး ဆို အပျိုငယ်က လင်နေစော ၊ […]





