ၾကားသိရသမွ်

အခုနောက်ပိုင်းမှာအဖ.မ်းခံရ​သောသူများအတွက် Speak Out လုပ်ပေးပါဦးဆိုတာမျိုး​ဟာ မတင်သင့်တော့တဲ့အကြောင်းရင်း​ကို ပြောပြလာခဲ့တဲ့ နန်းစန္ဒာလှထွန်း

သရုပ်ဆောင် မင်းသမီး နန်းစန္ဒာလှထွန်းကတော့ ပြည်သူ‌တွေနဲ့အတူတစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တွေထဲကတစ်ဦးပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကလူထုလှုပ်ရှားမှုတွေမှာ သူမကိုယ်တိုင် တက်တက်ကြွကြွပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမကတော့အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ အတူလမ်းပေါ်ထွက်ပြီး မကြာခဏဆိုသလို ဆန္ဒထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်​။ အခုဆိုရင်လည်းနန်းစန္ဒာလှထွန်းက သူမတတ်နိုင်တဲ့နေရာကနေတစ်တ.ပ်တအားပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ မနေ့ကတော့နန်းစန္ဒာလှထွန်းကလူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကိုအကြံပေးစကား ပြောကြားထားတာ ဖြစ်ပါတယ်။ နန်းက အခုနောက်ပိုင်းမှ အဖ.မ်းခံရတဲ့သူတွေအတွက် Speak Out လုပ်ပေးပါဦးဆိုပြီး တင်တာကသူတို့ကိုအဆင်မပြေဖြစ်စေနိုင်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက “တော်ကြာကိုယ့်ဘက်ကလုပ်ပေးလို့ ပိုသိကြမှဖ.မ်းခံရတဲ့သူကပိုပြီးနှိ.ပ်စ.က်ခံနေရမှာစိုးလို့ပါ၊ အခုချိန်မှာအဲ့လို speak out လုပ်လည်းဘာမှထူးမသွားလို့လေနော်” ဆိုပြီးသူမရဲ့အမြင်လေးကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ နန်းကတော့အဖ.မ်းခံထားရတဲ့သူတွေမလိုအပ်ဘဲပိုဒု.က္ခရောက်ကုန်မှာစိုးတာကြောင့်အခုလိုပြောထားတာဖြစ်ပါတယ်။ ဒါ့အပြင်နန်းက ပြည်သူတွေအနေနဲ့​အဖ.မ်းခံရတဲ့သူတွေအတွက်စိတ်မကောင်းဖြစ်နေတယ်ဆိုရင်စာလေးတင်ပြီးဆုတောင်းပေးလို့ရကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် ယူနီကုဒ်ဖြင့် ဖတ်ရန် သရုပ်ဆောင် မင်းသမီး […]

အခ်စ္ေရး

လက်ရှိသင့်အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူးဆိုတာ သိသာနေတဲ့ အချက် (၆)ချက်

လက်ရှိသင့်အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူးဆိုတာ သိသာနေတဲ့ အချက် (၆)ချက် အချစ်ဆိုတာ ရေရှည်ခံပြီး သက်ဆုံးထိခိုင်မြဲတာလည်း ရှိသလို၊ အချိန်တိုအတွင်း လွယ်လွယ်လေး အဆုံးသတ်သွားတာမျိုးလည်းရှိပါတယ်။ လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ အချိန်တွေ အကြာကြီးအတူရှိသွားချင်၊ ကိုယ်တည်ဆောက်ခဲ့တဲ့အချစ်ကို အဆုံးထိ ခိုင်မြဲချင်ကြတာချည်းပါပဲ။ဒါပေမယ့် အခုဖော်ပြမယ့် အချက်တွေ ကြုံနေရပြီဆိုရင်တော့ သင့်ရဲ့ အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ပါဘူး။ ၁ မပွင့်လင်းကြဘူး လူတိုင်းမှာ လျှို့ဝှက်ချက်လေးတွေ ကိုယ်စီရှိကြပါတယ်။ အရာအားလုံးတော့ ကိုယ့်ချစ်သူကို ဖွင့်မပြောကြပါဘူး။ ဒါပေမယ့် သင်တို့နှစ်ယောက်လုံးက တစ်နေ့တစ်နေ့ ကိုယ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကစလို့၊ အဆင်မပြေတာလေးတွေကိုပါ ရင်မဖွင့်ကြတော့ဘူး၊ အရာအားလုံးကို ကိုယ်ဘာသာ တစ်ယောက်တည်းပဲ ခံစားနေတယ် ဖြေရှင်းနေတယ်ဆိုရင်တော့ နှစ်ယောက်သား မပွင့်မလင်းဖြစ်နေကြပါပြီ။ဒီလိုသာဆို ရေရှည်မြဲဖို့ မလွယ်ပါဘူး။ ၂ မပျော်ကြဘူး ချစ်သူတွေဆိုတာ ရန်ဖြစ်တာ၊ စိတ်ကောက်တာတွေ ဘယ်လောက်ရှိရှိ […]

က်မၼာေရး ဗဟုသုတ

သွားကျန်းမာရေး သတိပြုစရာ

သွားကျန်းမာရေး သတိပြုစရာ “အပေါ်သွားနှုတ်ရင် မျက်ကြောထိခိုက်တတ်လား…? သဘာ၀တရားကြီး က လူ တွေကို သွားလက်ဆောင်ပေးထားပါတယ်… သွားပိုးစားလို့ပဲ ဖြစ်ဖြစ် … သွားကိုက်သွားနာတာပဲ ဖြစ်ဖြစ်… အာခံတွင်းမှာ သွား ကောင်းနေမှ နေ့စဉ်စားသောက်နေထိုင်မှုပုံစံ က အဆင်ပြေမှာပါ…. ဒီလိုနေရာမှာ အရေးကြီးဆုံးတစ်ချက်ကအယူအဆ လွဲနေရခြင်းကြောင့်ပဲ ဖြစ်ပါတယ်…… အပေါ်သွားနှုတ်ရင် မျက်ကြောထိခိုက်မှာစိုးပြီး သွားမနှုတ်ဘဲ နေတာမျိုးလေးတွေ ရှိတတ်ကြပါတယ်…အမှန်တော့ ဒါက အယူဆလွှဲမှားနေတာမျိုးတွေရှိတတ်ကြပါတယ်…။ ဒီလိုအယူအဆလွဲမှားနေတာကြောင့်…..ဆိုးဆိုးဝါးဝါး ကိုက်ပြီး ပြည်တည်နေတာကို ဆေးမှီတိုသောက်ပြီး နေတတ်ကြပါတယ်.. ။ ဆေးမှီတိုတွေ သောက်ခြင်းက သွားကိုပိုဆိုးစေသလို… အပ်နဲ့ထွင်းတဲ့နေရာမှာ ပုဆိန်နဲ့ထွင်းသလို ဖြစ်နေမှာဖြစ်ပါတယ်… သွားနှုတ်မယ်ဆိုရင် ဘယ်ရောဂါတွေကိုအခြေခံစစ်ဆေးသင့်လဲ..? သွားနှုတ်မယ်ဆိုရင် ပထမဦးဆုံးစစ်ဆေး ရမှာတစ်ခု က….. ဆီးချိုရောဂါ ရှိလား မရှိဘူးလားလို့ စစ်ဆေးရပါမယ်… ဒါ့အပြင် ခွဲစိတ်လူနာက […]

ဗေဒင်

ဆရာကြီးမင်းသိင်္ခ၏ (၂၇.၆.၂၁) မှ (၃.၇.၂၁) ရက်နေ့အထိ တစ်ပတ်စာ ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏ (၂၇.၆.၂၁) မှ (၃.၇.၂၁) ရက်နေ့အထိ တစ်ပတ်စာ ဟောစာတမ်း ၁။တနင်္ဂနွေ သားသမီးများ အတွက် နိုင်ငံခြား ခရီးအတွက် သတင်း ကောင်းကြားရနိုင်သည်…. ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကံကောင်း လိမ့်မည်…. အနုပညာ လုပ်ငန်းအတွက် သတင်းကောင်းကြားရ နိုင်သည်… အစိုးရဝန်ထမ်း ဖြစ်ပါက ရာထူးတိုး ရွှေ့ပြောင်း ရခြင်း နှင့် အပြင်ဝန်ထမ်း ဖြစ်ပါက လစတိုးနိုင်သည်… အနုပညာ လုပ်ငန်းလုပ်ပါက စိန်ခေါ်မှုကြီး ကြုံရနိုင်သည်…. ပညာရေး ကံကောင်း ပြီး စာမေးပွဲ ဖြေပါက အောင်မြင်နိုင်ည်… ကျန်းမာရေး အနေဖြင့် ခေါင်းမှု ခေါင်းကို ဖြစ်တတ်သည်.. အချစ်ရေးမှာတော့ ကံမကောင်း ဖြစ်နေတတ်ပြီ ချစ်သူနှင့် လမ်းခွဲ ရကိန်း ရှိသည်… အိမ်ထောင် ဖြစ်ပါက […]

က်မၼာေရး ဗဟုသုတ

ရှောင်ကျဉ်သင့်သော ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ

ရှောင်ကျဉ်သင့်သော ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ… စားဝတ်နေရေးအတွက် အပြင်မှာ အလုပ်လုပ်နေကြသူတွေဟာ အလုပ်ကပြန်လာရင် မိမိနားခိုရာအိမ်မှာပဲ အနားယူကြတာ ထုံးစံပါပဲ။ အိမ်ဟာ အနားယူအပန်းဖြေနေရာ တစ်ခုသာဖြစ်သင့်ရာက အခုနောက်ပိုင်းမှာ အန္တရာယ်ပေးနိုင်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဝိုင်းရံလာနေတာ တွေ့လာရပါတယ်။ လူသုံးကုန်တွေ ခေတ်မီဆန်းပြားလာတာနဲ့အတူ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုပိုများလာကာ ကျန်းမာရေး ထိခိုက်လာစေပါတယ်။ အောက်ပါအိမ်သုံးပစ္စည်းတွေဟာ အမေရိကန်နိုင်ငံ ကင်ဆာကာကွယ်ရေးအဖွဲ့မှ ကြေညာထားတဲ့ ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေဖြစ်ကြတာမို့ စာဖတ်သူများ ရှောင်ကြဉ်သုံးစွဲကြဖို့ ဖော်ပြပေးလိုက်ပါတယ်။ 1. ကင်ဆာဖြစ်စေတဲ့၊ မကောင်းတဲ့ ဖော်မယ်ဒီဟိုက်၊ နိုက်ထရိုဘင်ဇင်းနဲ့ မီသိုင်လင်းကလိုရိုက် စတာတွေဟာ နေ့စဉ်အသုံးများတဲ့ ရာဘာလူသုံးကုန်ပစ္စည်းတွေ၊ ပလတ်စတစ်၊ အရောင်ဆိုးဆေး၊ အမွှေးအကြိုင်ထွက်ကုန်တွေ၊ အလှကုန်ပစ္စည်း ရေမွှေးတွေ ဘော်ဒီလိုးရှင်းလိမ်းဆေးတွေနဲ့ ခေါင်းလျှော်ရည်တွေမှာ ပါဝင်နေတာဆိုတော့ အဲဒါတွေကို နေ့စဉ်ရက်ဆက် အသုံးများလေလေ ကင်ဆာဖြစ်ဖို့ […]

ဗဟုသုတ

ကွမ်းစားတဲ့ သူတွေ ကျောက်ကပ် ရောဂါမဖြစ်အောင် မုန်လာဥဖြူ နဲ့ ကျောက်ကပ်ဆေးတဲ့ နည်းလမ်းလေး

ကွမ်းစားခြင်းဟာ အာရှနိုင်ငံတွေမှာ တော်တော်များများက စားသုံးကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ဟိုးရှေးယခင်တွေကတည်းက ကွမ်းစားခြင်းဟာ ရိုးရာဓလေ့ တစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဧည့်သည်လာရင် ကွမ်းနဲ့ဧည့်ခံခြင်းဟာလည်း ထုံးတမ်းအစဉ်အလာဆိုရင်မမှားပါဘူး။ အခုနောက်ပိုင်းမှာလည်း အာရှအပြင် ဥရောပနဲ့ အနောက်အမေရိကတွေမှာပါ အသင့်စားကွမ်းထုပ်လေးတွေလည်း ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။ ကွမ်းဟာ အရက်၊ နီကိုတင်းနဲ့ ကဖင်းတို့ပြီးရင် စတိုတ္ထမြောက် စွဲလန်းမှုအဖြစ်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ကွမ်းစားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ပရိတ်သတ်ကြီးလည်း အသိပဲဖြစ်ပါတယ်။ ကွမ်းဟာ သွားနဲ့သွားဖုံးကို ရောဂါဖြစ်စနိုင်ပါတယ်။ ခံတွင်းမှာ ကြာမြင့်စွာ ငုံထားခြင်းကြောင့်လည်း ခံတွင်းအမြှေးပါးတွေဟာ ပျက်စီရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ ကွမ်းစားခြင်းကြောင့် ကျောက်ကပ်ကို ထိခိုက်လာပြီဆိုရင် ကုသနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ကို လူမှုကွန်ယက်ကတစ်ဆင့် ရှာဖွေတွေ့ရှိတဲ့အတွက် ပရိတ်သတ်ကြီးကို ဒီဆေးနည်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ကျောက်ကပ်ဟာလည်း အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်းဖြစ်လို့ အထူးဂရုပြုသင့်ပါတယ်။ […]

အချစ်ရေး

အချစ်ရေးမှာ ဆရာကျချင်ရင် ဒီ(၉)ချက်ကို သိထားဖို့လိုမယ်

အချစ်ရေးမှာ ဆရာကျချင်ရင် ဒီ(၉)ချက်ကို သိထားဖို့လိုမယ် အချစ်ရေးကိစ္စတွေကို အထာကျကျ ဆရာကျကျ ရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့…။ ၁။ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသပါ။ နေ့ရက်တိုင်းမှာ အကောင်းဆုံးချစ်ပါ။ ၂။ နှလုံးသားကို မကစားမယ့် ကတိသစ္စာတည်တဲ့ လူမျိုးအပေါ်မှာပဲ ခံစားချက်တွေကို ရင်းနှီးမြှုပ်နှံပါ။ ၃။ ကိုယ့်ကို တကယ်ချစ်မြတ်နိုးပြီး အလေးပေးဂရုစိုက်တဲ့သူတွေအတွက် ဘဝအတွက်အချိန်ပေးပါ။ ၄။ အခြားလူတွေရဲ့ အချစ်ရေးနဲ့ ကိုယ့်ရဲ့အချစ်ရေးကို နှိုင်းယှဉ်နေတာမျိုးကို ရှောင်ကြဉ်ပါ။ ချစ်သူရဲ့ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပါ။ ၅။ မာနကို Relationship ထက်ပိုပြီး နေရာပေးတာမျိုးကို ရှောင်ကြဉ်ပါ။ ပြဿနာဖြစ်လာတဲ့အခါ မေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းပါ။ ၆။ ချစ်သူရဲ့ လိုအပ်ချက်တွေကို မြင်ပြီး ကူညီပေးနိုင်ဖို့ ကြိုးစားပါ။ အလိုက်သိတတ်ခြင်းဟာ ချစ်ခြင်းရဲ့ အခြေခံသဘောတရားဖြစ်တယ်ဆိုတာကို သိထားပါ။ ၇။ […]

က်မၼာေရး ဗဟုသုတ

ထမင်းကြမ်း၊ ထမင်းကြော် စားတတ်သူများ သတိပြု ဆင်ခြင်ဖွယ်ရာ(နှစ်ပေါင်းများစွာ စားလာတာ ဘာမှမဖြစ်ဘူးလို့ လျော့မတွက်စေချင်ဘူး)

ထမင်းကြမ်း၊ ထမင်းကြော် စားတတ်သူများ သတိပြု ဆင်ခြင်ဖွယ်ရာ(နှစ်ပေါင်းများစွာ စားလာတာ ဘာမှမဖြစ်ဘူးလို့ လျော့မတွက်စေချင်ဘူး) ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ အာဟာရ ဓာတ်လည်း ကြွယ်ဝသလို၊ ဓာတ် မတည့်တာ မျိုးတွေလည်း တော်တော် ဖြစ်တဲ့အတွက် အားလုံး အဆင်ပြေပြေ စားသုံးနေတဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ဟာ အထားအသို၊ စားသောက်ပုံ မှားသွားခဲ့ရင် တော်တော် ဆိုးဆိုးရွားရွား ဒုက ္ခပေးနိုင်တယ် ဆိုတာ သိထားဖို့ အရမ်း အရေးကြီး ပါတယ်။ တခါတလေ အစားများ သွားတဲ့ အခါ မျိုးတွေမှာ ဟင်းတွေထဲမှာ ဓာတ် မတည့်တာမျိုး ရှိနေလို့ လို့ပဲ ထင်တတ် ကြပေမယ့် တကယ်တန်းမှာ ဟင်းကြောင့် မဟုတ်ပဲ […]

cele

ကျန်ရစ်ခဲ့တဲ့မိသားစုဆီက Hot Pot ဖိုး ပိုက်ဆံ (၃) သိန်းနဲ့ဖုန်းကို ရေမွန်ရဲ့မိသားစုဆီက ပြန်တောင်းတယ်ဆိုတဲ့ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ရေမွန်ရဲ့ကောင်မလေး ကေ

ကျန်ရစ်ခဲ့တဲ့မိသားစုဆီက Hot Pot ဖိုး ပိုက်ဆံ (၃) သိန်းနဲ့ဖုန်းကို ရေမွန်ရဲ့မိသားစုဆီက ပြန်တောင်းတယ်ဆိုတဲ့ကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ရေမွန်ရဲ့ကောင်မလေး ကေ ချစ်လှစွာသောပရိတ်သတ်ကြီးရေ အဆိုတော် ရေမွန်ဟာ ဇွန် (၂၃) ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ရေမွန်ရဲ့ နောက်ဆုံးခရီးလေးကိုတောင်လိုက်မပို့ပေးနိုင်တဲ့ ရေမွန်ရဲ့ချစ်သူကောင်မလေးဟာဆိုရင် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်။ ဒါ့အပြင်လည်း ချစ်သူရေမွန်ရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုဆီမှHot Pot ဖိုးပိုက်ဆံ (၃)သိန်းနဲ့ဖုန်းပြန်တောင်းတဲ့ကိစ္စဟာ အွန်လိုင်းပေါ်မှာသတင်းထွက်ပျံ့နှံ့နေခဲ့ပါတယ် ပရိတ်သတ်ကြီးရေ..။ အဲ့ဒီလိုသတင်းတွေထွက်ပေါ်နေတဲ့အတွက် ရေမွန်ကိုချစ်တဲ့အမာခံပရိတ်သတ်တွေကလည်း တော်တော်လေးကိုမခံမရပ်နိုင်ဖြစ်ပြီး ပေါက်ကွဲနေကြတာကို လည်းတွေ့မြင်ရပါသေးတယ်။ အဲ့လိုသတင်းတွေထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရေမွန်ရဲ့ချစ်သူ ကောင်မလေး “ကေ” က အခုလိုပဲပြန်လည်ပြောပြလာခဲ့တာ ပဲဖြစ်ပါတယ်..။ ကေက ” ကေ့ပိုက်ဆံလည်းမဟုတ်ပါဘူး အဲ့ ၃သိန်းကကေလည်း မတောင်းမိပါဘူးတကယ့် လူရင်းတွေပါ ကေ့ ပေါ် အထင်လွဲ တာ […]

ဗဟုသုတ

အမှိုက်လို့ ယူဆပြီး လွှင့်ပြစ်မိနေတဲ့ ကြက်ဥခွံ တွေကို ပြန်ပြီး အသုံးပြု နိုင်တဲ့နည်း( ၁၂ )မျိုး

ကြက်ဥဆိုတာ အာဟာရဓါတ်တွေ ပြည့်ဝနေတဲ့ အစားအစာ တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ကြက်ဥစားပြီးရင် ကြက်ဥအခွံတွေကို လွှင့်ပြစ်လိုက်ကြပါလိမ့်မယ်။ ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီးရင်တော့ ကြက်ဥခွံတွေ လွှင့်ပစ်ခဲ့တာ ငါတော်တော်မိုက်မဲပါလား ဆိုတဲ့ အတွေးမျိုးတွေးမိမှာ အမှန်ပါဘဲ။ ဒါကြောင့်မို့ အသုံးဝင်တဲ့ကြက်ဥအခွံတွေကို ဘယ်လိုအသုံးချကြမလဲ ဆိုတာ ဖတ်ကြည့်ရအောင်။ (၁) ခရမ်းချဉ်ပင်တွေကို သန်စွမ်းစေတယ် ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်တွေကို ကြက်ဥခွံတွေက အကျိုးပြုပါတယ်။ကြက်ဥခွံတွေကို ခြေမွပြီးတော့ ခရမ်းချဉ်ပင်ရဲ့ အမြစ်အနီးတွင်းတူးပြီး ထည့်လိုက်ရပါမယ်။ကြက်ဥခွံဟာ ကယ်ဆီယမ် ကြွယ်ဝတဲ့အတွက် ခရမ်းချဉ်သီးပင်တွေ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို ပေါပေါများများရရှိစေမှာဖြစ်ပါတယ်။ (၂) သန့်ရှင်းရေးမှာ အသုံးပြုနိုင်ပါတယ် ကြက်ဥခွံကို အော်ဂဲနစ် သန့်ရှင်းရေးသမားလို့ ခေါ် ကြပါတယ်။ ကြက်ဥခွံဟာ မီးဖိုချောင်ထဲမှာရှိနေတဲ့ ကြေးညှော်တွေ၊ မှိုင်း တွေ၊ အိုးမဲတွေနဲ့ ဆီအညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ပြုလုပ်နည်းကတော့ […]