ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေထဲက ကြောက်စရာကောင်းတဲ့ ကျောက်အကြောင်း.. မြန်မာပဒေသရာဇ်ခေတ်ရဲ့ နန်းကျဘုရင် (သို့) ကုန်းဘောင်မင်းဆက်ရဲ့ နေဝင်နန်းကျ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်က သိမ်းပိုက်ပြီးချိန်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျယ်ချုပ်ချပြီး ထားရှိချိန်မှာ သူမန္တလေးမှာ ရှိစဉ်က ရွှေကွမ်းအစ်နဲ့ ထည့်ထားတဲ့နန်းစဉ် ရတနာတွေကို အဲ့ဒီအချိန်က အင်္ဂလိပ်သံအရာရှိ ကာနယ်စလေဒင်ကို ပေးအပ်ထားတာ ပြန်ရရှိဘို့ ရှေ့နေတွေငှားပြီး အင်္ဂလိပ်အစိုးရထံ ပြန်လည်ရှိရေး ကြိုးပမ်းခဲ့သေးတယ်ဆိုဘဲ။ ရတနာဂီရိကို မပို့ဆောင်ခင်အချိန်က အိန္ဒိယနိုင်ငံ၊ နယူးဒလီမြို့မှာ ထားရှိစဉ်အချိန်က သုံးစွဲဘို့ ငွေကြေးအကြပ်အတည်း ကြုံလာတိုင်း အင်္ဂလန်ကလာတဲ့ ကျောက်ကုန်သည်တွေထံ သူ့ထံမှာ ဝတ်ဆင်ထားတဲ့ ကျောက်မျက် လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ဖြေရှင်းလေ့ရှိတယ်ဆိုဘဲ။ နောက်ပိုင်း ကုန်သည်တွေ ခြေရှုပ်လာလို့ […]
Month: September 2021
“ပီတိမျက်ရည်ဝဲရတဲ့ ပြည်သူတဦး၏ မေတ္တာ”
“ပီတိမ်က္ရည္ဝဲရတဲ့ ျပည္သူတဦး၏ ေမတၱာ” (Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်) နေ့ခင်းတုန်းကဆိုင်ကို သားအမိနှစ်ယောက်ဝင်လာတယ်။နွမ်းနွမ်းပါးပါးလေးဆိုတာမြင်တာနဲ့သိသာပါတယ်။ကလေးငယ်က မျက်စိမမြင်ရှာဘူး။အမေဖြစ်သူကဂစ်တာဈေး ဘယ်လောက်လဲလို့မေးတယ်။.. အနိမ့်ဆုံး ၃၅၀၀၀ကျပ်လို့ ဖြေလိုက်တော့မျက်နှာပျက်သွားတာကို မြင်လိုက်ရတယ်။ကလေးကပျော်ရွှင်ခုန်ပေါက်နေတာ ဂစ်တာရတော့မယ်ဆိုပြီးတော့ပေါ့။သူ့အမေရဲ့ ပျက်နေတဲ့မျက်နှာကို သူမမြင်ရဘူးလေ။… ကျွန်မမှာ ၅၀၀၀ကျပ်ပဲပါတယ်။ဒီဂစ်တာအပြာလေးကို ချန်ထားပေးပါလား။ကျွန်မ ဈေးရောင်းပြီးလို့ ရတဲ့အမြတ်ကို နေ့တိုင်းလာသွင်းပါ့မယ်။ ၃၅၀၀၀ ကျပ် ပြည့်ရင် ဂစ်တာယူမယ်လေ။အာ့လိုလေးလုပ်ပေးပါလား အစ်ကိုတဲ့ ။… ရင်ထဲမှာ နင့်နေအောင် နာကျင်သွားတယ်ဗျာ။အမေက သားဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်ပေးမဲ့မိခင်မေတ္တာက အထင်းရှားကြီးဗျာ။မျက်ရည်တောင်ဝဲသွားမိတယ်။ကလေးက ဂစ်တာတီးတက်လားမေးတော့ အရမ်းကျွမ်းတယ်ဆိုလို့ကြိုးညှိပြီး ဂစ်တာပေးလိုက်တယ်။… ကလေးက ဂစ်တာရတာနဲ့ ပျော်ရွှင်စွာတီးတော့ပဲ။ကျွန်တော်ချက်ချင်းသိလိုက်တယ်။ကလေးက ဂစ်တာမတီးတက်ဘူး။ ကော့ဒ်တောင်မကိုင်တက်ဘူး။ဒါပေမယ့်ဖျားသွားတယ်၊ သူတီးတာ အရမ်းနားထောင်လို့ ကောင်းတယ်။ ဟာမိုနီဖြစ်တယ်။.. သူ့ကိုင်တဲ့ လက်ကွက်တွေက စိတ်ထင်တာတွေလျှောက်နှိပ်နေတာ။ဒါပေမယ့် […]
ခွေးပျင်း နှင့် ဝက်ပျင်း (ဗဟုသုတရဖွယ် စာသားလေးပါ)
တစ်ခါတုန်းက လွင်ပြင်တစ်ခုမှာ ဝက်ကြီး တစ်ကောင် အစာရှာလှည့်နေသတဲ့။ အဲဒီအခါမှာ ခွေး တစ်ကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ kiteစားမယ်ဆိုပြီး အပြေးလိုက်သတဲ့။ ဒါပေမယ့် တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံပေးပြီး ဟောင်ဖွာဟောင်ဖွာနဲ့ လိုက်သတဲ့။ ဒါနဲ့ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ kiteစားဖို့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။ အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်ကလိုက်လာတဲ့ ခွေးက “ဟာ- မီမှာ မဟုတ်တော့ပါဘူး ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။ ဒီအခါ ရှေ့ကပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေးဆက်မလိုက်မှန်း သိတာနဲ့ “ဒီခွေးလောက်များ ဘာအရေးစိုက်စရာ လိုသေးသလဲ ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ […]
ဦးဖိုးအေးတို့မိသားစု သင်္ချိုင်းထဲမှာပေါက်တဲ့ မျှစ်ကို ချိုးယူပြီးစားလိုက်မိကြသောအခါ
သင်္ချိုင်း ဆိုသည်မှာ*လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။ သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။ ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်းယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ […]
မြန်မာပြည်မှာ ပြန်လည်အခြေချဖို့ စဉ်းစားနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း
မြန်မာပြည်မှာ ပြန်လည်အခြေချဖို့ စဉ်းစားနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း ကစားသမားဘဝကအနားယူရင် မြန်မာပြည်မှာပြန်လည်အခြေချဖို့ စိတ်ကူးထားပေမယ့်လက်ရှိမှာတော့ ပြန်လည်စဉ်းစားဖို့ လိုနေပြီဖြစ်ကြောင်းပြောလာတဲ့ အောင်လအန်ဆန်း အောင်လအန်ဆန်ရဲ့ ကမ်ဘာ့အဆင့်မီ Python MMA gym ရန်ကုန်မှာတစ်ခု ကချင်ပြည်နယ်မှာတစ်ခု ဖွင့်ထားပြီနော်။အောင်လအန်ဆန်ဟာ ရန်ကုန်မှာ Python MMA ဆိုတဲ့အမည်နဲ့လည်း ကမ္ဘာ့အဆင့်မီ Gym တစ်ခုကို တည်ဆောက်ထားတာ ကြာပါပြီ။ ၂ လပိုင်းလောက်ကတည်းက Gym ကို စဖွင့်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် ခုချိန်ထိရပ်နားထားရတာပါ။အောင်လဟာ သူ့ရဲ့ MMA gym တွေကို ကချင်ပြည်နယ်မှာတစ်ခု ၊ ရန်ကုန်မှာ တစ်ခုဖွင့်ဖို့ စီစဉ်ထားပြီ သူကစားသမားဘဝကအနားယူသွားရင် မြန်မာပြည်မှာ အခြေချနေထိုင်ဖို့ စိတ်ကူးထားခဲ့တာပါ။ဒါပေမယ့် လက်ရှိအခြေအနေအရတော့ သိပ်မလွယ်ကူပါဘူး။ ဒါကြောင့်သူ့အနေနဲ့ အရင်က မြန်မာပြည်မှာ အခြေချဖို့ စဉ်းစားထားခဲ့ပေမယ့်လက်ရှိမှာ […]
ငွေသုံးသိန်းရှိတယ်…ဘာရင်းနှီးရင် ကောင်းမလဲ (အရမ်းကောင်းတဲ့ Idea လေးပါ)
ငွေသုံးသိန်းရှိတယ်…ဘာရင်းနှီးရင် ကောင်းမလဲ (အရမ်းကောင်းတဲ့ Idea လေးပါ) သိပ်ကောင်းတဲ့ idea တစ်ခုကိုမျှဝေပေးလိုက်ပါတယ်။အရင်းနှီးကိစ္စမတင်ပြခင်။ပြောပြသင့်သည့် အဖြစ်အပျက်တစ်ခုရှိပါတယ်။စတိမ့်ဖော့်(Stanford) တက္ကသိုလ်ကကျောင်းဆရာမဖြစ်သူ။တီနာ ဇီးလစ်(Tina seelig) ဟာကျောင်းသား/သူတွေကိုစိန်ခေါ်မှု တစ်ခုပြုလုပ်လိုက်သည်။ကျောင်းသား/သူတွေကိုအသင်း (၁၄) သင်းဖွဲ့လိုက်သည်။အသင်း (၁)သင်းစီကိုစာအိတ် (၁)အိတ်စီ ပေးသည်။ စာအိပ်ထဲမှာငွေ (၅)ဒေါ်လာထည့်ထားသည်။(မြန်မာငွေ ကျပ်= ၆၅၀၀ ဝန်းကျင်)ငွေ(၅)ဒေါ်လာထဲနှင့်ကိုယ့်အိုင်ဒီယာကိုယ် သုံးပြီး။အရင်းအနှီးလုပ်ခိုင်းမည်။စည်းကမ်း သတ်မှတ်ချက်က။ပြင်ဆင်ချိန် (၁)ပတ်ရမည်။စာအိတ်ထဲကငွေ(၅)ဒေါ်လာဖြင့်ကိုယ်ကြိုက်သည့်လုပ်ငန်း။သွားရင်းနှီးပြီး ငွေထပ်တိုးလာအောင်လုပ်ဆောရမည်။စာအိတ်ကို ဖောက်လိုက်သည်နှင့်ရင်းနှီးရမည့်အချိန် (၂)နာရီသာ လုပ်ရမည်။ (၁၄)သင်းစလုံး ရင်းနှီးမှုပြုလုပ်ခဲ့ပြီးပါက။၂ နာရီအတွင်း ရင်းနှီးခဲ့သည့် ပုံစံ။လုပ်ဆောင်ချက်။ပြန်ရလာသည့်ငွေ၊ စသည့်လုပ်ဆောင်ခဲ့သမျှကို။အခန်းရှေ့သို့ထွက်ပြီးကျောင်းသား/သူ အားလုံးရဲ့ ရှေ့၌ပြန်လည်ရှင်းလင်း ပြောပြရမည်ဖြစ်သည်။အသင်း(၁)သင်းစီရဲ့ရှင်းလင်းပြောကြားရမည့်အချိန်ဟာ (၃)မိနစ်စီသာရရှိမည်ဖြစ်သည်။ဒီစိန်ခေါ်မှုမှာရင်းနှီးပြီး ငွေပြန်မရသည့် အသင်းရှိသလို၊ငွေအတော်အသင့် ပြန်ရလာသည့်အသင်းလဲ ရှိသည်။အံ့အားသင့် စရာကအသင်း (၁)သင်းဟာ ဒေါ်လာ (၆၀၀)ကျော်အထိအမြတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။မြန်မာငွေ ကျပ်(၇သိန်း ၈သောင်း)ဝန်းကျင်။ထူးဆန်းသည်က စာအိတ်ထဲကငွေ(၅)ဒေါ်လာကို တပြားတချက်မျှမထိခဲ့ဘူးလို့လဲ သိရသည်။ငွေ(၅)ဒေါ်လာမှ […]
ယောကျ်ားတွေ တောင့်မခံနိုင်တဲ့မိန်းကလေးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာများ
ယောကျ်ားတွေ တောင့်မခံနိုင်တဲ့မိန်းကလေးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာများ မိန်းကလေးတွေ ဆွဲဆောင်မှု ရှိဖို့ဆိုတာ ခက်မလိုလိုနဲ့ အရမ်းကို ရိုးရှင်းလွန်ပါတယ်။တချို့သူတွေကတော့ ကိုယ်မွေးကတည်းက ပါလာတဲ့အရာကို ထုတ်မသုံးတတ်ကြတာပါ။မိန်းကလေးတယောက်ကို ဆွဲဆောင်မှု အရှိစေဆုံးသော အရာတွေကတော့ ဒီမှာပါ။ ၁) နှုတ်ခမ်း ကိုက်တာ မိန်းကလေးတွေ နှူတ်ခမ်းကိုက်လိုက်တာဟာ ယောင်္ကျားလေးတယောက်ရဲ့ မေတ္တာတင်မကပဲ နှုတ်ခမ်းတစုံက အာရုံ စူးစိုက်မှုကိုပါ ရရှိစေနိုင်ပါတယ်။ ၂) နူးညံ့တဲ့ အသားအရည်အသားရည် နူးညံ့တဲ့ မိန်းကလေးတွေထက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိပါဘူး။ဒါကြောင့်ပဲ ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ ရောမလူမျိုးတွေက ခန္ဓာကိုယ် အမွှေးတွေကို ရိတ်ခဲ့ကြတာပါ။ ၃) ဆံပင်ကို ရှင်းလင်းနေအောင် ချည်ထားတာ လည်ပင်းနဲ့ နားရွက်ပေါ်အောင် ဆံပင်စည်းထားတာလေးကလည်း မိန်းကလေး တစ်ယောက်ကို ပိုပြီးတော့ အထာကျစေနိုင်ပါတယ်။ ၄) ထူးခြားတဲ့ပုံစံယောကျ်ားလေးတွေက ထူးဆန်းတဲ့ မိန်းကလေးတွေတွေ့ရင် […]
ငတ်လို့အရိုးစားကြရတာပါဗျာ သူတို့လည်းအသားစားချင်ရှာမှာပါ
ငတ်လို့အရိုးစားကြရတာပါဗျာ သူတို့လည်းအသားစားချင်ရှာမှာပါ ခွေးကအရိုးပိုကြိုက်တယ်မထင်ပါနဲ့….ဗိုက်စာနေလို့ ငတ်လို့စားတာပါ သူတို့လဲအသားစားချင်ရှာမှာပါ ခွေးလေးတွေကို အရိုးကျွေးမယ်ဆို အစိမ်းကျွေးပါ။ပြူတ်ထား ကြော်ထား ချက်ထား ကင်ထားတဲ့ အရိုးတွေဟာ ခွေးလေးတွေရဲ့ အစာအိမ်ကို အများကြီးဒုက္ခပေးပါတယ် ။ အရိုးက ပြုတ်လိုက်ရင် နူးသွားမယ် ဒါကြောင့်ခွေးလေးတွေအတွက် ကျေလွယ်မယ်ထင်နေတာ မြန်မာပြည်မှာ လွဲနေတဲ့အယူအဆလေးတခုပါ ။ အရိုးကျွေးချင်ရင် သိပ်ကြီးတဲ့ ပေါင်ရိုး ခြေသလုံးရိုး ကလွဲပီး … မချက်မပြုတ်မကြော်ရသေးတဲ့ အသားအစိမ်းကအရိုး တွေကိုဘဲ ကျွေးပါ ။ အကြောင်းက ခွေးလေးတွေ့ရဲ့အစာအိမ်ဟာ အသားစိမ်းအရိုးစိမ်းကိုဘဲ ကောင်းကောင်း ချေဖျက်နိုင်ပီးတော့ ပြုတ်ထားကြော်ထားကင်ထား အပူပေးထားတဲ့ အရိုးတွေကို ချေဖျက်ဖို့ ခက်ခဲတတ်လို့ပါ ဘဲ .. ငါးအရိုးအကြီးကြီးတွေဆူးနိုင်မဲ့ဟာမျိုးပိုလိုတောင်မကျွေးပါနဲ့။ ခွေးကအရိုးပိုကြိုက်တယ်မထင်ပါနဲ့ဗိုက်စာနေလို့ ငတ်လို့စားတာပါ သူတို့လဲအသားစားချင်ရှာမှာ။ပါခွေးလေးတွေကို အရိုးကျွေးမယ်ဆို အစိမ်းကျွေးပါ ပြူတ်ထား ကြော်ထား […]
ထူးထူးဆန်းဆန်းသစ်ပင်ပေါ်တက်နေတဲ့ဆိတ်များနှင့် ၎င်းအဖြစ်အပျက် နောက်ကွယ်ရှိလျှို့ဝှက်ချက်များ
ထူးထူးဆန်းဆန်းသစ်ပင်ပေါ်တက်နေတဲ့ဆိတ်များနှင့် ၎င်းအဖြစ်အပျက် နောက်ကွယ်ရှိလျှို့ဝှက်ချက်များ အကယ်လို့ သင်သာ မော်ရိုကိုနိုင်ငံသို့ ခရီးထွက်လျှင် သစ်ပင်ရဲ့အကိုင်းအခက်များပေါ်၌မတ်တပ်ရပ်ရင်း သစ်သီးများကိုပျော်ပျော်ကြီးစားသုံးနေသည့် ဤပုံမှန်မဟုတ်တဲ့မြင်ကွင်းကို သင်တွေ့မြင်ရပါလိမ့်မယ်။ ဆိတ်ကောင်တွေကအပေါ်တက်ပြီး တက်စားရလောက်တဲ့အထိဖြစ်ရတဲ့ ၎င်း Argan အပင်များဟာ အသီးများကိုထုတ်လုပ်ပေးပါတယ်။ တောရိုင်းတိရစ္ဆာန်များအတွက် အစာအရင်းအမြစ်ရှားပါးတဲ့တိုင်းပြည်တစ်ခုအနေနဲ့ ဤအပင်များဟာ ဆိတ်များအတွက် ယှဉ်ပြိုင်ရန်မလိုတဲ့အစာများကို ပေးစွမ်းပါတယ်။ အသီးများမှည့်သည်နှင့်တပြိုင်နက် လယ်သမားများဟာ ၎င်းသစ်ပင်များပေါ်ကိုတက်ရန် ဆိတ်များအား တက်ကြွစွာတွန်းအားပေးလေ့ရှိပြီး ဤနောက်ကွယ်မှအကြောင်းအရင်းများစွာလည်းရှိနေပါတယ်။ ပထမဦးစွာ argan အသီး၏အခွံမာအစေ့ကို argan အဆီထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ပါတယ်။ ဆိတ်များက သစ်သီးများကိုစားသော်လည်း အစေ့များကိုတော့ အစာမချေဖျက်နိုင်တာကြောင့် ၎င်းအစေ့တွေကို မစားဘဲ ထွေးထုတ်ပစ်ကြပါတယ်။ ထို့နောက် အောက်ကျလာတဲ့အခွံမာအစေ့များကို လယ်သမားများက စုဆောင်းကာ argan အဆီအဖြစ် ထပ်မံထုတ်လုပ်ကြပါတယ်။ Argan အဆီမှ ငွေရှာခြင်းအပြင်၊ ဆိတ်များအား သစ်ပင်တက်ရန် လယ်သမားများအားပေးရခြင်းအကြောင်းရင်းနောက်တစ်ခုမှာ […]
သင်သိရင် ပုဇွန်စားဖို့ လက်တွန့်သွားမယ့် ပုဇွန်ဖမ်းနည်းအကြောင်း
ပုဇွန်ထုပ်ကြိုက်သူများ သတိထားကြပါ။ ပိုးသတ်ဆေးတွေ သုံးပြီး ပုဇွန်ထုပ်ဖမ်းနေကြတာတဲ့… မယုံမရှိကြပါနဲ့၊ မြန်မာတနိုင်ငံလုံးနီးပါး တနိုင်တပိုင် မြစ်ချောင်းထဲမှာ ပိုးသတ်ဆေးသုံးပြီး ပုဇွန်ဖမ်း နေကြတာ… ပုံပါ စိုက်ပျိူ:ရေးသုံး ရွက်ဖျန်းပိုးသတ်ဆေး ကို ရေ သဲ တို့ဖြင့် စပ်ဖျော်ပြီး ပုဇွန်ရှိရာ ပွက်ရာ ရေထဲ ချလိုက်ပါတယ် နာရီဝက် ၁နာရီ စောင့်ပါ။ ပုဇွန် ထုပ်လေးတွေ ပုဇွန်ထုပ်ကြီးတွေ ရေပေါ် ပေါလော ပေါ်လာပါလေရောမသေမရှင် ဖြစ်တဲ့ အချိန် ရေပုံးလေးထဲထည့်ပြီး နီးစပ်ရာ ဈေးမှာ ရောင်းကြ ဝယ်သူကလဲ လတ်လတ်ဆတ်ဆတ် ရတယ်ဆိုပြီး နေ့ချင်း ချက်စား၊ ပိုးသတ်ဆေးကြွင်းတွေက ဗိုက်ထဲရောက်နဲ့ ဒီလူတွေမှ ကင်ဆာ မဖြစ်ရင် ဘယ်သူတွေ ဖြစ်တော့မလဲဗျာ။ အပင်တောင်မှ ဆေးဖျန်းပြီး တပတ်နေမှ ခူးဆွတ်ခွင့် […]









