ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ပြီး စာတစ်လုံးမှ မတတ်ပဲ နှစ်ကျော့ပြန် ဘီလီယံနာသူဌေးကြီး ဖြစ်လာသူ ဘီလီယံနာကြီး သူဌေးကြီး တစ်ယောက်ဖြစ်ဖို့ဆိုရင် ဘာတွေလိုအပ်တယ်လို့ ယူဆထားကြပါသလဲ..?ချမ်းသာတဲ့ ဘက်ဂရောင်းအသိုင်းအဝိုင်း ရှိဖို့လိုပါသလား..?MBA, PhD စတဲ့ အဆင့်မြင့်ပညာတွေ ဘွဲ့တွေ ရထားဖို့ လိုအပ်ပါသလား..? အင်္ဂလန်နိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင် “ဂျပ်ဖ် ပီယာစီ (Jeff Pearce)” ဟာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ပြီး စာတစ်လုံးမှလည်း မရေးတတ် မဖတ်တတ်ပဲ ဘီလီယံနာသူဌေးကြီး ဘဝကို နှစ်ကြိမ်တိုင်တိုင် ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ တစ်ကယ်တော့ သူ့ရဲ့နာမည်အရင်းက “Jeff” မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ပထမနာမည်ကို သူကိုယ်တိုင် စာလုံးမပေါင်းတတ်တဲ့အတွက် လွယ်ကူအောင် “Jeff” လို့ မိဘတွေက ပြန်ပြောင်းပေးခဲ့ရတာပါ။ “Jeff” ကို ၁၉၅၀ ခုနှစ်များက […]
Day: December 22, 2022
ပန်းကန်ဆေးဆပ်ပြာရည်နဲ့ မဆေးကြောသင့်တဲ့အရာ (၁၂) ခု
ပန်းကန်ဆေးဆပ်ပြာရည်နဲ့ မဆေးကြောသင့်တဲ့အရာ (၁၂) ခု – ပန်းကန်ဆေးဆပ်ပြာရည်ကို ပန်းကန်ဆေးတဲ့နေရာမှာပဲ သုံးသင့်ပြီးတော့ တခြားနေရာတွေမှာ မသုံးသင့်ပါဘူး။ ပန်းကန်ဆေးဆပ်ပြာကို တခြားနေရာမှာသုံးရင် ထင်သလောက် အကျိုးရှိလာမှာ မဟုတ်ပါဘူး။ ၁။ ကော်ဖီနှပ်စက် ကော်ဖီနှပ်စက်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောရင် ဆပ်ပြာအကြွင်းအကျန်တွေက စက်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ရေနဲ့ဆေးချလည်း မပြောင်ပါဘူး။ နောက်တစ်ခါ ကော်ဖီနှပ်ရင်လည်း ဆပ်ပြာအရသာ ကျန်နေတတ်ပါတယ်။ ကော်ဖီနှပ်စက်ကို ဆေးကြောမယ်ဆိုရင် ကော်ဖီရနံ့ဆီနဲ့ ဆေးကြောတာက စက်ကို လွယ်လွယ်နဲ့ မပျက်စေတော့ပါဘူး။ ၂။ ပန်းကန်ဆေးစက် ပန်းကန်ဆေးဆပ်ပြာက အမြှုပ်တွေ အရမ်းထွက်တာကြောင့် ပန်းကန်ဆေးစက်ထဲကို ထည့်ဆေးရင် စက်ထိခိုက်သွားတတ်ပါတယ်။ ပြီးတော့ အမြှုပ်တွေလည်း လျှံကျလာပါတယ်။ ပန်းကန်ဆေးစက်အတွက် သီးသန့်သုံးတဲ့ဆပ်ပြာရည်ကိုသာ သုံးသင့်ပါတယ်။ ၃။ အဝတ်လျှော်စက် ဆပ်ပြာကုန်နေသေးလို့ ပန်းကန်ဆေးဆပ်ပြာရည်ကို အဝတ်လျှော်စက်မှာ […]
ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းများ( ရေဖျဉ်း ပေခင်း )
ရေဖျဉ်းရောဂါအတွက် မြန်မာ့ဆေးနည်းများ( ရေဖျဉ်း ပေခင်း ) ဆရာကြီး အစည်းအဝေးတက်လာနိုင် ်တာဝမ်းသာတယ်ဗျာ˝ မြို့နယ်ပညာရေးမှူးဆရာကြီး ရေဖျဉ်းရေဂါဖြင့်အိပ်ရာထဲလှဲခဲ့ရသည်။မြန်မာ့တိုင်းရင်းဆေးဖြင့် သက်သာပျောက် ်ကင်းသွားခြင်းဖြစ်သည်။ ဆေးနည်းမှာ ပေပင်၏အရွက်ကို အိပ်ရာအောက်ခင်းပြီးအိပ်ပေးခြင်းညဉ့်အိပ်စဉ် ပေရွက်ပတ်၍အိပ်ခြင်းပေရွက်ကို (၃)ခွက်(၁)ခွက်တင် ဆေးကျိုပြီးသောက်ပေးခြင်း ထိုအပြင်အရှင်နာဂသိန်ဆေးကျမ်းမှပြဆိုထားသော ဇော်ဂျီခါးပုံစ၊ ခေါ်ဗြဟ္မာခါးပုံစ ခေါ်သူယောင်ဂမုန်းကြောင့်လည်းပါသည်။ ရေဖျဉ်းရောဂါကို ပျောက်ကင်းစေသည်မှာ ကိုယ်တွေ့ဖြစ်ကြောင်း ဆေးကျမ်းတွင် ဖေါ်ပြ ထားသည်။ ဇော်ဂျီခါးပုံစအား အရွက်ကိုကျက်ရုံပြုတ်၍ ပါးပါးလှီးကာ မန်ကျည်းရည်၊ကြက်သွန်နီ၊ကြက် ်သွန်ဖြူ၊ပုဇွန်ခြောက်တ ို့ထည့်ပြီး ရေဖျဉ်းဝေဒနာရှင်ကို လက်သုပ်လုပ်ပြီးကျွေးရပါသည်။ ထိုပြင် ပြုတ်ရည်ကို ဟင်းချိုချက်၍လည်းတိုက် ရသည်။ (၇)ရက်တစ်ကြိမ်ဝမ်းနုတ်ပေးပါ။၎င်းနည်းဖြင့် ဆေးရုံကလက်လွတ်လိုက်ရသော ရေဖျဉ်းရောဂါသည်တို့ပျောက်ကင်းကြသည် ဟု အရှင်နာဂသိန်ဆေးကျမ်း ပုံပြဆေးအဘိဓာန်တတိယတွဲ စာမျှက်နှာ(၃၄၂)တွင်ဖေါ်ပြထားပါသည်။ လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်းတွင် ဘိုးဝါးယမနှင့်ဆေးပင်ရှာပုံတော်ခေါင်းစဉ်ဖြင့်(ရေဖျဉ်း ရောဂါပျောက်ကင်းပုံ)ဖေါ်ပြပြီးဖြစ်ပါသည်။ ထိုကြောင့် (၁)ပေရွက်ကိုခင်း၍ ဗိုက်ကိုပတ်ပြီးအိပ်ပေးပါ။ (၂)ပေရွက်ကို (၃)ခွက်(၁)ခွက်တင်ပြုတ်ကျိုသောက် […]
မိန်းကလေးများ ရာသီလာစဉ် (လုံးဝ) သတိထားကြပါ
မိန်းကလေးများ ရာသီလာစဉ် (လုံးဝ) သတိထားကြပါ ဒါတွေ (လုံးဝ) မလုပ်သင့်ပါဘူး (အမျိုးသမီးများသတိထားဆင်ခြင်နိုင်ရန်အတွက်သာ) အမျိုးသမီးများ ရာသီကာလအတွင်း အောက်ပါအချက်များမလုပ်သင့်ပါ။ ၁။ ရာသီချိန်ကာလအတွင်း ရေခဲရေ၊ ဆိုဒါ မသောက်သုံးသင့်သလို အုန်းသီးလည်း မစားသင့်ပါ။သုတေသီများ၏လေ့လာချက်များအရ ရာသီကာလအတွင်းရေခဲရေသောက်သုံးခြင်းသည် သားအိမ်တွင်းကျန်ရှိနေသော ရာသီသွေးကို ခဲစေတက်ပြီး ၅နှစ် မှ ၁၀ နှစ် အတွင်းအကြိမ်ရေများလာသည့်အခါ သားအိမ်ကင်ဆာအကျိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ အမျိုးသမီးများရာသီချိန်ကာလအတွင်း ခေါင်းလျှော်ခြင်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ရာသီချိန်ကာလအတွင်း ဦးခေါင်း၏ချွေးပေါက်ငယ်လေးများပွင့်နေတတ်ပြီး ခေါင်းလျှော်လိုက်ခြင်းအားဖြင့် ပိုမိုကျယ်သွားစေကာ ဦးခေါင်းအတွင်းပိုင်းကို လေတိုက်ရိုက် သက်ရောက်စေခြင်းကြောင့် ဦးခေါင်းကိုက်ခဲခြင်းကို ဖြစ်စေတတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းသည် အရမ်းအန္တရာယ်များပြီး ငယ်ရွယ်စဉ်မှာမသိသာသော်လည်း အသက်ကြီးလာသည့်အခါမှာ ပိုမိုခံစားရပါတယ်။ ၃။ ရာသီကာလအတွင်း သခွားသီးမစားသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သခွားသီးအတွင်းက အရည်ဓာတ်ဟာဆိုရင် သားအိမ်နံရံမှာရှိတဲ့ ရာသီသွေးစွန့်ပစ်ရာ အပေါက်ငယ်လေးများကို […]
ရေနွေးပူပူသောက်တတ်သူများ သတိထားဖို့ ကြောက်စရာ
ရေနွေးပူပူသောက်တတ်သူများ သတိထားဖို့ ကြောက်စရာ ရေနွေးကြမ်းသောက်တာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေအများကြီးရပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းကိို အရမ်းပူနေတဲ့အချိန်မှာသောက်လိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် လည်ချောင်းနဲ့ အစာရေမြိုပြွန်အတွက် အန္တရာယ်ရှိတာပါ။ အမေရိကားအခြေစိုက် ကင်ဆာသုတေသနပညာရှင်တွေက အသက် ၄၀ ကနေ ၇၅ နှစ်ကြား လက်ဖက်ရည်ကြမ်းသောက်တတ်တဲ့ လူ ၅သောင်းကို လေ့လာမှုတွေလုပ်ခဲ့တဲ့အခါမှာ ရေနွေးအရမ်းပူနေတုန်းမှာ သောက်တာက လည်ချောင်းကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ လည်ချောင်းက အပူချိန် ၁၄၀ ဒီဂရီဖာရင်ဟိုက် လောက်ဆို မခံနိုုင်တော့တာကြောင့် အရမ်းပူူတဲ့ ရေနွေးကိုသောက်လိုက်တဲ့အခါ တစ်ခေါက်နှစ်ခေါက်ဆို သက်ရောက်မှုသိပ်မရှိပေမယ့် နေ့တိုင်းလိုလို အဲ့လိုအပူကြီးသောက်မယ်ဆိုရင်တော့ လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းအထိရှိလာစေပါတယ်။ လက်ဖက်ရည်၊ ရေနွေးစတာတွေကို ပူတုန်းလေးသောက်လိုက်ပါ ဆိုတဲ့စကားလေးကိုု ကြားနေကျဖြစ်ပါတယ်။ သောက်စရာတစ်ခုကို မှုတ်ပြီးသောက်ရတဲ့အနေအထားဆိုရင် မသောက်သင့်သေးပါဘူး။ ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့ အနွေးဓာတ်ရရုံလောက် […]
မြန်မာနိုင်ငံက မြို့ကြီးအတော်များများရဲ့ အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး အကြောင်း
မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို စတင် တွေ့ရှိခဲ့သူက ဒေါက်တာဝင်းဆွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ယူခဲ့သော ဘူမိဗေဒ ပညာရှင်နှင့် မြေငလျင်ပညာရှင် ဖြစ်ပါတယ်။ တက္ကသိုလ်တွင် ဆရာလုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင် သုတေသန ပြုပါတယ်။ ပြတ်ရွေ့ အသေးတစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာ ယူ၍ ကွင်းဆင်း သုတေသန ပြုရင်းမှ မြန်မာနိုင်ငံ မြေပုံ အလယ်တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့် ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခု ဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံ၏ ပထဝီ အနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ် ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေးတယ်။ […]
တစ်သောင်းတန် အတု အစစ် ယခုလက်ရှိ သုံးနေတဲ့ နောက်ဆုံးပေါ် ခွဲနည်း..
တစ်သောင်းတန် အတု အစစ် ယခုလက်ရှိ သုံးနေတဲ့ နောက်ဆုံးပေါ် ခွဲနည်း တသောင်းတန် အတု အစစ် ခွဲနည်း” အခုတလော တသောင်းတန် အတုတွေ တချို့တွေ လက်ခံမိကြတယ်ဆိုလို့ အခုနောက်ဆုံး သုံးတဲ့ အတုအစစ် ခွဲနည်းလေး ပြောပြမယ်နော်… အမြန်နည်းကတော့ ရောင်ပြန်ကြိုးကို ကြည့်တာပါ.. အစစ်ဆို တည့်တည့်ကြည့်ရင် ပန်းဆီရောင်ဖြစ်ပြီး စောင်းလိုက်ရင် ရောင်ပြန်ဖြစ်ပါတယ်.. အတုကတော့ ပန်းဆီရောင်ကနေ လုံးဝ မပြောင်းပါဘူး.. ပိုစိတ်ချရတဲ့နည်းကတော့ ဆယ်ဆချဲ့မှန်ဘီလူးနဲ့ ပိုက်ဆံအောက်ခြေကို ကြည့်တာပါ.. အစစ်မှာ “SECURITYPRINTINGWORKS” ဆိုတဲ့ စာလုံးတွေကို အတွဲလိုက်ဆက်ပြီးရေးထားပါတယ်… အတုမှာတော့ အစက်အစက်တွေပဲ ဖြစ်နေမှာပါ… အားလုံး ပိုက်ဆံအတုမိခြင်းမှ ကင်းဝေးကြပါစေနော်.. ငွေတသောင်းဆိုတာလည်း မနည်းတဲ့ပမာဏပါပဲ.. ခရက်ဒစ် Unicode တစ်သောင်းတန် အတု အစစ် […]
မိဘတွေကို အမြန်ဆုံး အလုပ်အကျွေးပြုကြပါ…(ဆရာက တပည့်ကို ဆုံးမတာလေး အရမ်းကောင်းတယ်..)
” ဆရာကြီး …သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်” “ကျေးဇူးပါ..သာဓုပါကွယ်… အိမ်မှာ အဖေနဲ့အမေ ရှိသေးလား.. သူတို့ကိုရော ကန်တော့ပြီးပြီလား” “ဟုတ်..ကန်တော့မှာပါ” “သမီးလခ ဘယ်လောက်ရသလဲ” “၃သိန်း -၄ သိန်းရပါတယ်””မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ” ” လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို သီတင်းကျွတ် .. သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်..” ” လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့.. တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ” ” လေးသောင်း/ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်” ” တစ်နှစ်မှာ နှစ်ခါ သုံးခါ ထားပါတော့ တစ်နှစ်ကို ၁သိန်း/၂ သိန်းပေါ့… တစ်ရက်မှာ သမီး ၄၀၀/ ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့ အင်း ..လဘက်ရည်တစ်ခွက် […]







