ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များ စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။ ခရီးတော့သွားချင်ပါရဲ့ ။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးက တဆင့် အကူအညီပေးပါရစေ ။ ကားမူးရင် ဘယ်လိုခံစားရလဲ ကားမူးတယ်ဆိုတာက ကားစီးမှ မူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင် ဖြစ်ဖြစ်၊ ရထားစီးရင်း ဖြစ်ဖြစ် သင်္ဘောစီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေ အနေကို ခေါ်တာပါ။ အတိအကျပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့ ။ […]
Day: December 23, 2022
လေယာဉ်ပေါ်က ကောင်မလေးပညာပေးတာခံလိုက်ရတဲ့ ဉီးလေးကြီးရဲ့အဖြစ်..
ခေတ်ဆန်ဆန် မလုံ့တလုံဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်နဲ့ လေယာဉ်ပေါ်မှာ ဘေးခြင်းယှဉ်လျက်ထိုင်ရတယ်။ အင်း…၈နာရီလောက်ကြာအောင် … လေယာဉ်စီးရမှာမို့လို့ …ပျင်းနေတာ၊ တော်သေးတာပေ့ါ အပျင်းပြေလေး …ပါလာလို့ ဟီ..ဟိ။ လေယာဉ်ထွက်ပြီး သိပ်မကြာပါဘူး… ကောင်မလေးက အနားနားကပ်လာပြီး တိုးတိုးလေးပြောလာတယ်. .ရင္ခုန္မိ တာများ..တဒိန်းဒိန်း။ “ကျမရင်သားပေါ်ကဟာကို ကျေးဇူးပြုပြီး ဖယ်ပေးလို့ရမလား ရှင်” ရွှီ…နိပ်သဟ။ ရင်သားပေါ်က ဘာလေးကို ဖယ်ပေးရမှာပါလိမ့်၊ ကလေးမက..ငါ့ကို အထာ လာပေးနေတာလားမသိ .. .လူလည်း ရင်တွေပိုခုန်သွားပြီး…အယောင်ယောင် အမှားမှားနဲ့ ပြန်ဖြေလိုက်တယ်… “ရ…ရ ပါတယ်..ညီမလေးရယ်၊ ဖယ် .. ဖယ်ပေးရမှာပေ့ါ၊ ပြောလေ..ဘယ်ဟာ ဖယ်ပေးရမှာလဲ” ကောင်မလေးက ပြန်ပြောတယ်… “ရှင့်မျက်လုံး…ရှင့်၊ ပြူ းထွက်နေတဲ့.. ရှင့်မျက်လုံး…သိလား..နှာဘူးကြီးရဲ့…” Oိာန် ….. 🙂 🙂 Crd# Zawgyi […]
ယနေ့ ဒီဇင်ဘာ ၂၃ ရက်(သောကြာနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေး
ယနေ့ ဒီဇင်ဘာ ၂၃ ရက်(သောကြာနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့ရွှေစျေး တအောင်စ − 1794 ဒေါ်လာ YGEA ရည်ညွှန်းစျေး အခေါက်ရွှေတစ်ကျပ်သား − 2113500 ကျပ် ပြင်ပ ရွှေစျေး အခေါက်ရွှေ တကျပ်သား − 2685000 ကျပ် (ရောင်း) အခေါက်ရွှေ တကျပ်သား − 2670000 ကျပ် (ဝယ်) ပြင်ပ ငွေလဲနှုန်း USD =2815~2835 (ဒေါ်လာ) Euro = 2930~2980 (ယူရို) SGD = 2060~2100 (စင်္ကာပူဒေါ်လာ) CNY = 395~405 (တရုတ်ယွမ်) THB = […]
အများနဲ့မတူတဲ့ ထူးထူးဆန်းဆန်း မျက်ခုံးဒီဇိုင်းတွေကို ပုံဖော်ခဲ့ကြသူများ
အများနဲ့မတူတဲ့ ထူးထူးဆန်းဆန်း မျက်ခုံးဒီဇိုင်းတွေကို ပုံဖော်ခဲ့ကြသူများ မျက်ခုံးမွေးဆို မျက်နှာတစ်ခုကို ကြည့်လိုက်ရင် သတိထားမိဆုံး အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ ရပါတယ် ။ လှပတဲ့ မျက်ခုံးမွှေးတစ်စုံက သင့်မျက်နှာကို ပိုပြီး ဆွဲဆောင်မှုရှိစေမှာပါ ။ တချို့သူတွေကတော့ ကိုယ့်ကိုကိုယ် အလှဆုံးမျက်ခုံးမွှေးဆွဲထားတယ်လို့ ယုံကြည်နေကြပေမယ့် အများအမြင်မှာတော့ မဟုတ်တတ်ကြပါဘူး ။ အောက်မှာတော့ အမျိုးသမီးတွေရဲ့ အဆိုးဆုံး မျက်ခုံးမွှေး ပုံစံတွေကို ဖော်ပြထားပါတယ် ။ သူတို့ကိုယ်တိုင်ရော သူတို့မျက်ခုံးမွှေးတွေ ဆိုးရွားနေလားဆိုတာကို သတိထားမိရဲ့လား ဆိုတာ မပြောတတ်ပေမယ့် …. ဒီပုံလေးတွေကို သင်ကြည့်လိုက်ရင်တော့ မရယ်ဘဲမနေနိုင်မှာ သေချာသလောက်ပါပဲ ။ကဲ တစ်နေ့တာ အမောလေးတွေကို မျက်ခုံးမွှေးပုံလေးတွေ ကြည့်ရင်း ဖြေဖျောက်လိုက်ကြစို့ နော် ။ 1. 2. 3. 4. […]
“ခရမ်းချဉ်သီးတွေကို နွားကျွေးပစ်နေကြတာ နှမြောလွန်းလို့ (၈) လလောက် အထားခံမယ့် နည်းလမ်းလေး မျှဝေပေးပါရစေ”..
“ခရမ်းချဉ်သီးတွေကို နွားကျွေးပစ်နေကြတာ နှမြောလွန်းလို့ (၈) လလောက် အထားခံမယ့် နည်းလမ်းလေး မျှဝေပေးပါရစေ” လေလွင့်ဆုံးရှုံးမှု မဖြစ်စေဖို့ ခရမ်းချဉ်သီးတွေကို အခုလိုလေး အနှစ်လုပ်ပြီး သိမ်းထားလို့ရပါတယ်..ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု ကာကွယ်ဖို့နဲ့ အခုလို ခရမ်းချဉ်သီးတွေ ပင်ရင်းဒေသမှာ တစ်ပိသာ ၁၀၀ လောက်ပဲ ကားတင်ပို့ခတွေက ဈေးကြီးနဲ့ ဝယ်လိုအားက အကန့်အသတ် ဖြစ်နေချိန်မှာ နွားကျွေးပစ်ရတာတို့ စွန့်ပစ်လိုက်ရတာတို့ တွေ့နေရပါတယ်ဒါတွေကို ဖြေရှင်းဖို့ တစ်ခုသော နည်းကတော့ value added product ပဲ ခေါ်ခေါ် processed food ပဲ ခေါ်ခေါ် ခရမ်းချဉ်ကို အနှစ်ချက်ထားတဲ့နည်းပါပဲ.. လုပ်ပုံလုပ်နည်းက ဘာမှ မခက်ပါဘူး.. လုပ်ဖြစ်ကြဖို့ပဲ လိုတာပါ.. ကိုယ်တွေ ကွင်းဆင်းတဲ့ ရွာတွေက အမျိုးသမီးအဖွဲ့တွေကို သင်ပေးဖူး တာလေးကို […]
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ 🔶 LTR Visa – ၁၀ နှစ် Visa သက်တမ်းတိုးနိုင်ပြီး LTR Visa ကိုင်ထားသူရဲ့ ခင်ပွန်း၊ ဇနီး နှင့် အသက် ၂၀ အောက် ကလေးများ အကြုံးဝင်ပြီး LTR Visa ကိုင်ဆောင်ထားသူ ၁ ယောက် အတွက် မှီခိုသူ ၄ ယောက်အထိ အကျုံးဝင်ပါတယ် ဒီဗီဇာကို ကိုဗစ်ကာလနောက်ပိုင်းမှ အတည်ပြုပေးခဲ့တာဖြစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံခြားသားတွေအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်က စတင်ကာ Long-term Resident (LTR) Visa ကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ် […]
ဝမ်းချုပ်ခြင်းနှင့် အိမ်တွင်းဆေး( အလိုရှိက ရှယ်ပါခင်ဗျာ.. )
ဝမ်းချုပ်ခြင်း နှင့် အိမ်တွင်းဆေး( အလိုရှိက ရှယ်ပါခင်ဗျာ.. ) ၀မ်းချုပ်ခြင်း { Constipation } နှင့် အိမ်တွင်းဆေး အသက်အရွယ်မရွေး ခံစားရသော ဝေဒနာကတော့ ၀မ်းချုပ်ခြင်း ပါဘဲ ။ အလွန်အကျူးမာခဲနေသော ၀မ်းများ စွန့်ထုတ်ရခြင်းဟာ အားအလွန်စိုက်ရပြီး ပင်ပမ်းခက်ခဲလှပါတယ် ။ ၀မ်းအလွန်ချုပ်တဲ့အခါ ဗိုက်တောင့် ဗိုက်ကယ် ဖြစ်ရပြီး အစားအသောက်ပျက်တာ ၊ ပါးစပ်နံတာ ၊ ခေါင်းကိုက်တာ ၊ ၀က်ခြံထွက်တာ ၊ ပါးစပ်အနာများထွက်တာ ကနေ စိတ်ကျဝေဒနာထိ တွဲ ဖြစ်လာတတ်ပါတယ် ။ ၀မ်းချုပ်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ … အစားအစာ ရွေးချယ် စားသောက်မှု မရှိခြင်း ၊ ရေသောက်နည်းခြင်း ၊ ပုံမှန်ဝမ်းသွားချိန် အလေ့အကျင့်ပြု […]
ကွမ်းရောင်းပြီး တိုက်နဲ့ကားစီးလိုသူများအတွက် စီးပွားဖြစ် ကွမ်းဖော်စပ်နည်း…
ကွမ်းရောင်းပြီး တိုက်နဲ့ကားစီးလိုသူများအတွက် စီးပွားဖြစ် ကွမ်းဖော်စပ်နည်း… မြန်မာနိုင်ငံမှာ ကွမ်းဆိုင်တွေဟာ အရောင်းရဆုံးစာရင်းဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆိုင်က ကွမ်းကောင်းရင် တိုက်နဲ့ ကားပါ ဝယ်စီးနိုင်ကြတဲ့အထိပါပဲ။ ဘယ်လိုကောင်းအောင်ရောင်းမလဲဆိုတာကို ဆရာစားမချန်ပေးပါမည်။ ကွမ်း ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာ အထွက်ပိုခြင်းကြောင့်ဖြစ်သည်။ ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့်အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကိုရေဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီညာညာ မျှတ လှပအောင် စိမ်ထားနှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကိုစားလိုက်သည်နှင့်နုနုညံ့ညံ့ အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။ ထုံး ထုံးစပ်နည်းအလွယ်နည်း။။ ကွမ်းယာ ပစ္စည်းဆိုင်မှ အသင့်ဖောက်ထားသော ထုံးဗူး (ရေသန့်ဗူးနှင့်) ထည့်ထားသော ထုံးဗူး သိုမဟုတ် အထုတ်ကိုဝယ်ပါ။ အုန်းနို့(စတိုးဆိုင်မှာ အသင့်သုံးရှိ) […]
သင့်ရဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေကို နာရီပိုင်းအတွင်း ပြည့်စေသော အစားအစာ-(၁၀)မျိုး.
သင့်ရဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေကို နာရီပိုင်းအတွင်း ပြည့်စေသော အစားအစာ-(၁၀)မျိုး သင့်ကို နာရီပိုင်းအတွင်း အားအင်ကိုပြည့်စေသော အစားအစာ-(၁၀)မျိုးအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ (၁) ဒိန်ချဉ် ထန်းလျက်နဲ့ တဖန်ခွက် သေးသေး ၊ရေခဲမပါ(၂) မုန်လာဥနီကို နွားနို့နဲ့ ဖျော် သကြားနဲနဲ ဆားနဲနဲ၊ရေခဲမပါ။ (၃) ကြက်ဥကာကျက်ကို ပျားရည်နဲနဲ သံပုရာတစိတ် နဲ့ရော ၊ ဆားနဲနဲ။ (၄) ငါးရှဥ့်ချဉ်စပ်၊ ငါးရှဥ့်ခြောက်စပ်၊ငါးရှဥ့်မဆလာ(မိန်းခလေးများ ငါးရှဥ့်မတည့်သူရှိ) (၅) ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နဲနဲ၊ပျားရည်နဲနဲ နဲ့ ကြော်စားပါ။ (၆) ကြက်ဥနှင့် ဂတ်စ်ပါသော အချိုရည်တမျိုးကို အမြှုပ်ထအောင် ဇွန်းဖြင့်ခေါက် မွှေပါ။မွှေပြီးပြီးချင်း အမြှုပ်မငြိမ်ခင် အမြန်သောက်ပါ။ (၇) ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ် ပါသော အချိုရည် အနည်းငယ် ရော၍ သောက်ပါ။ (၈) […]








