ဒညင်းသီး အကြောင်း ရေးပါဆိုလို့ ထွေထွေ ထူးထူး မပြောတော့ပါဘူး ဒညင်းသီးကို ရုက္ခဗေဒ အရ ဘယ်လိုခေါ်တယ် ဘယ်မျိုးစိတ်ဆိုတာ လူတိုင်း စိတ်မဝင်စားဘူး စိတ်ဝင်စားတာက ဒညင်းသီး ဘယ်ဈေး ပေါက်လည်းဆိုတာပဲ ကျွန်တော်တို့ ဆေးရုံ ဆေးခန်းမှာ လူနာတွေ ဆီးပူ ဆီးအောင့် ဆီးနည်း လို့ လာရတဲ့ အချိန် ရာသီ အရ တွက်ဆ တတ်ကြတယ်။ ဆရာဝန် အများစု က ဥပမာ အရ ပြောရရင် ည လယ်ခေါင် ဆီးနည်း ဆီးပူ ဆီးအောင့် ဆီးအရောင်ရင့် ခါးနာ ဆီးစပ်နာ ဆိုရင် အချိန်အားဖြင့် ဂျူလှိုင်လ ဩဂုတ် လ ဆိုရင် သေချာတယ်။ ဆရာဝန် ကလည်း မေးရမယ် […]
Day: August 4, 2020
ဝါတွင်း၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း
ဝါတွင်း၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း ထေရဝါဒဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ ဝါတွင်းကာလများတွင် မင်္ဂင်္လာဆောင်လေ့ မရှိကြပါ။ မင်္ဂလာဆောင်လေ့ မရှိကြသည့်အပြင် ခိုးရာလိုက်ခြင်း၊ နှစ်ဦးသဘောတူလက်မှတ်ထိုးထားခြင်းများပင် ပြုလုပ်ထားလေ့ မရှိကြပါ။ မြန်မာလူမျိုးတို့သည် ဝါတွင်းကာလတွင် လက်ထပ်ထိမ်းမြားယူကြပြီဆိုလျှင် ထိုလက်ထပ်ထိမ်းမြားသူများကို ရစရာမရှိအောင် ပစ်ပစ်ခါခါ ပြောတတ်ကြသည်။ သို့ဖြစ်လျှင် မြန်မာနိုင်ငံ၌ ဝါတွင်းကာလတွင် အဘယ့်ကြောင့် မင်္ဂလာမဆောင်ကောင်းပါသနည်း။ ဤအမေးမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းပင် ဖြစ်ပေသည်။ မိမိကိုယ်တိုင်သည်ပင် ဤမေးခွန်း၏အဖြေကို သိချင်နေခဲ့သည်မှာ ကြာပေပြီ။ စာအုပ်စာပေများ အမြဲလိုလို ဖတ်ဖြစ်သော်လည်း ခိုင်လုံတိကျသော အကြောင်းပြချက်များကိုကား စိတ်တိုင်းကျသည်အထိ မတွေ့ရှိခဲ့ရပေ။ အွန်လိုင်းသုံးသည့်အခါများတွင်လည်း မိမိထံသို့ ဤမေးခွန်းကို ခဏခဏ လာလာမေးလေ့ရှိကြသည်။ ဂဃနဏ မသိသောကြောင့် ကောင်းကောင်း ဖြေမပေးနိုင်ခဲ့ပေ။ ယခုအခါမှာတော့ မိမိ၏စိတ် ကျေနပ်ရသည်အထိ အဖြေကို သိခဲ့ရပေပြီ။ ယနေ့မနက် […]
မိန်းကလေးတစ်ယောက်ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ကောင်တွေဖတ်ပါ။
ယောင်္ကျားလေးတိုင်းဖတ်ပါ၊၊ယောက်ျားဆိုတာမယုတ်မာဖို့ပဲ လိုတာပါ … မိန်းကလေးတစ်ယောက်ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေမင်းတို့ရော လူပျိုစစ်ရဲ့လား? ရမလား စမ်းတာ ယောက်ျားသဘာဝလို့ မပြောပါနဲ့အဲ့ဒီစကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်းများစွာရဲ့အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲကိုယ်ချင်းစာမိရဲ့လား အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းကကိုယ်ခြေထောက်က နဂိုကတည်းက မသန့်လို့ပဲ ဆိုတာသိထားပါ ကိုယ်ကိုယ်တိုင်က နှမချင်းစာနာတတ်တဲ့စိတ် မရှိရင်ခွေးထက်ယုတ်ညံသွားလိမ့်မယ် Tattoo ထိုးမှ ယောက်ျားပီသတယ် ထင်နေလားဆေးလိပ်/အရက်သောက်မှ ယောက်ျားပီသတယ် ထင်နေလားဗလတောင့်မှ ယောက်ျားပီသတယ် ထင်နေလား နောက်ဆုံးစစ်တပ်ထဲဝင်မှ ယောက်ျားပီသတယ် ထင်နေလားတစ်ကယ်တမ်းတော့ ယောက်ျားပီသဖို့ သူများသားသမီးကိုမယုတ်မာဖို့ပဲ လိုတာပါ မင်းသာ ယောက်ျားကောင်းဆိုရင် ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဘဝတစ်ခုတည်ဆောက်ဖို့ အတွက်မင်းခေါ်သွားဖို့ ကြိုးစားနေတဲ့ တည်းခိုးခန်းအစား မင်္ဂလာခန်းမထဲ ပြောင်းခေါ်ခဲ့လိုက်ပါ မင်းသာ ယောက်ျားကောင်းဆိုရင်အချစ်တစ်ခုကို ဘန်းပြပြီး သူအဝတ်အစားတွေ ချွတ်နေတဲ့မင်းလက်ကို […]
တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ပြောတတ်တဲ့ စကား (၉) ခွန်း
မင်္ဂလာပါနော်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။ ချစ်မိသွားပြီဆိုရင် သူပြောတဲ့ စကားတွေထဲမှာ အခုဖော်ပြမယ့် စကားလုံးတွေ ပါဝင်လာမှာပါနော်။ ၁။ ကိုယ်သတိထားမိတယ်… တကယ်ချစ်တဲ့ ကောင်လေးက သင့်ရဲ့ အသေးစိတ်ကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။ ၂။ ကိုယ်မင်းကို ကူညီနိုင်ပါတယ်… ချစ်တဲ့ ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်း ကူညီဖို့ ဆန္ဒရှိနေမာဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေမှာမဟုတ်ပါသလို သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေမှာပါ။ ၃။ ဒီအရာက မင်းကို သတိရသွားစေတယ်… ဥပမာ သင်ကြိုက်တတ်တဲ့ ဟင်းလေး ချက်စားဖြစ်ရင် သင့်ကိုသတိရတာမျိုး၊ သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေ့ရင် […]
ဗေဒင်သွားမေးစရာမလို ငွေမကုန်ပဲ တစ်သက်လုံးအတွက် ယတြာချေနည်း…
ဗေဒင်သွားမေးစရာမလို ငွေမကုန်ပဲ တစ်သက်လုံးအတွက် ယတြာချေနည်း တသက်သာ ယတြာချေနည်း ဗေဒင်လက္ခဏာ မေးပြီး ယကြာချေရန် ငွေကြေးအခက်အခဲရှိသူများအတွက် အလွယ်ကူဆုံး တသက်သာ ယတြာချေနည်းဖြစ်ပါတယ်။ မွေးသက္ကရာဇ် ကိုတည်ပါ ရောက်ဆဲ သက္ကရာဇ်ဖြင့်ပေါင်းပါ ပေါင်းရကိန်းကို (၃) နှင့်မြှောက်ပြီး မြှောက်ရကိန်းကို (၇) နှင့်စားပါလေ အကြွင်းကို အောက်ပါ လင်္ကာအတိုင် ယတြာချေရန်ဖြစ်ပါသည်။ ဗေဒင်သွားမေးစရာမလို ငွေမကုန်ပဲ တစ်သက်လုံးအတွက် ယတြာချေနည်း 2 မီး ၊ ရွှေ ၊ စိုး ၊ ငါး ၊ သံဃာအား ကျွေးငြား ဆွမ်းကိုသာ ၊ ယာယီမမေ့ ၊ အမြန်ရွှေ. ဟူ၍ ဖြစ်သည်။ (၁) ကြွင်းပါက ဆီမီသက်စေ့ ပူဇော်ရပါမည်။ (၂) ကြွင်းပါက […]
အမျိုးသမီးတွေအတွက် မှတ်သားစရာများ
အမျိုးသမီးတွေအတွက် မှတ်သားစရာ မိန်းမဘဝဆိုတာ ဒုက္ခရောက်တယ်။”ဒုက္ခော ဣထိဘာဝေါ” အမျိုးသမီး ဖြစ်ရတဲ့ဘဝဟာ ဒုက္ခရောက်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တိုင်ကိုက အမျိုးသမီးဘဝဟာ ဒုက္ခရောက်တယ် လို့ဟောခဲ့တယ်။ အမျိုးသမီးဘဝဟာ အမျိုးသားတွေထက် ထပ်ဆင့်ပိုးတဲ့ အာဝေနိကဒုက္ခ ဆိုတာတွေ ဟာ အမျိုးသမီးတွေမှာ ရှိတယ်ပေါ့။ ဒါကြောင့် အမျိုးသမီးဘ၀ဟာ အမျိုးသားတွေထက် ပိုဒုက္ခကြီးတယ်။ ဒီလိုဒုက္ခကြီးတာ ဘာကြောင့်လဲလို့ဆိုရင် အမျိုးသမီးဘဝဟာ တဘက်သားကို အားကိုး နေရတာ ကိုယ်ဝန်ဆောင်ရတာ သူတပါးကို မှီခိုနေရတယ်ဆိုတဲ့ … ဒီဒုက္ခတွေ အာဝေနိက ဆင်းရဲတွေနဲ့ အမျိုးသမီး ဘဝဟာ ပိုလို့ပဲစိတ်ပျက်ငြီးငွေ့စရာကောင်းတယ်ဆိုတာ မြတ်စွာဘုရားက ရှင်းလင်းထောက်ပြဟောကြားထားတာ ဖြစ်တယ်။ အဲ့ထဲမယ် အမျိုးသမီးတွေဟာ အိမ်ထောင်ရေး ကံမကောင်းဘူး ဆိုလို့ရှိရင်… အမျိုးသမီးဘဝမှာ အိမ်ထောင်ဘက်အပြိုင် ကြုံလာပြီဆိုလို့ရှိရင် သူတို့မှာ နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခ […]
အမျိုးသမီးတွေလျစ်လျူရှုမထားသင့်တဲ့ သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာရပ်များ
သားအိမ်ကင်ဆာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အစောဆုံးကာလမှာ သိရှိထားမှ ဆေးဝါးကုသမှု အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သားအိမ်ကင်ဆာ လက္ခဏာရပ်တွေကို လျစ်လျူမရှုသင့်ပါဘူး။ ဝမ်းဗိုက်ဖောင်းခြင်း နဲ့ လေပွခြင်း နောက်ပိုင်းမှာ အစာစားသုံးဖို့ခက်ခဲလာမှာဖြစ်ပါတယ်။ အစားလည်းသိပ်မစားဘဲ အလွယ်တကူဗိုက်ပြည့်နေတာမျိုး လေပွတာမျိုး နေရာတာ သက်သောင့်သက်သာမရှိတာမျိုးဖြစ်တတ်ပါတယ်။ လေပွလို့ ဘောင်းဘီဆိုဒ်ကြီးတွေ ပြောင်းလဲဝတ်ရတာမျိုးဖြစ်နေပြီဆိုရင် လျစ်လျူမရှုသင့်ပါဘူး။ ဗိုက်နာခြင်း အမျိုးသမီးတွေ ဓမ္မတာပုံမမှန် ဆင်းတာကြောင့် ဗိုက်အလွန်အမင်းနာကျင်တာတွေက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ အစာမကြေတာမျိုး ဂတ်စ်များတာမျိုးခံစားရပြီး အစာအိမ်နာတာမျိုး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာကြောင့် ဗိုက်နာတာတွေမျိုး မကြာခဏဆိုသလို ဗိုက်နာတာမျိုးဆိုရင် ဆေးစစ်သင့်ပါတယ်။ မကြာခဏ ပုံမမှန်ဆီးသွားခြင်း မကြာခဏဆိုသလို ပုံမမှန်ဆီးသွားတာမျိုးဖြစ်ရင် သားဥအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ရေအများကြီးသောက်လို့မဟုတ်ဘဲ အမြဲတမ်းလိုလို ဆီးသွားချင်တာ မကြာခဏဆိုသလိုပဲ ဆီးသွားတာမျိုးက မပေါ့သင့်ပါဘူး။ ပုံမှန်ဆိုရင် ဆီးအောင့်လို့ရပေမယ့် […]
ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး……..
ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလ နီးလာပြီဖြစ်လို့ ဝါဆိုသင်္ကန်းကပ် လှူဒါန်းလျင် ရရှိနိုင်သည့် ကောင်းကျိုးတွေကို ရေးသား၍ ဓမ္မဒါနပြုလိုက်ပါတယ်….. ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းအခါ ကာလမှာ နီးစပ်ရာ သံဃာတော်များသီတင်းသုံးရာကျောင်းတိုက်တို့မှာ အဖွဲ့အစည်းဖြင့်လည်းကောင်း၊မိသားစု ဖြင့်လည်းကောင်း၊တစ်ဦးတစ်ယောက်ထဲသော် လည်းကောင်း….. ကျောင်းတိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူဒါန်းလေ့ ရှိကြပါတယ်။ ထိုသို့ သံဃာတော် များအား မိမိတို့၏ ချွေးနည်းစာဖြင့် ဝါဆိုသင်္ကန်းများ ကပ်လှူဒါန်သည့်အခါ……. ထိုအလှူကို အကြောင်းပြု၍ ကောင်းကျိုးတွေ ဘယ်လောက်ရသလဲ ဆိုတာသိရင် မိမိတို့၏ အလှူဒါနအပေါ်မှာ ပိုပြီး တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်…..ပို၍လည်း အကျိုးပေးထက် သန်ပါတယ်။ ဒါမို့ကြောင့် ဝါဆို သင်္ကန်းပေး လှူဒါန်းရသဖြင့် မိမိတို့ရရှိနိုင်သည့် ကောင်းကျိုးတရား များကို တစ်ခုချင်းစီ သိထားသင့် ပါတယ်…… သံဃာတော်တို့အား ဝါဆိုသင်္ကန်းကပ် […]







