ဗေဒင်
ကံတွေ ဆိုးနေတယ်၊ အနှောင့်အယှက် အဟန့်အတားတွေလည်း များနေတယ်လို့ စိတ်ကခံစားနေရလျှင် ဒီယတြာလေးကိုပြုလုပ်ပေးပါ
ကံတွေ ဆိုးနေတယ်၊ အနှောင့်အယှက် အဟန့်အတားတွေလည်း များနေတယ်လို့ စိတ်ကခံစားနေရလျှင် ဒီယတြာလေးကိုပြုလုပ်ပေးပါ အညှိများပယ် အနှောင့်များကင်း ဆား၂ဆုပ်အစီရင် ဘုန်းကံနိမ့်နေတယ် အနှောင့်အယှက် အဟန့်အတားတွေလည်းများနေလို့ စိတ်ကခံစားနေရလျှင်။ စိတ်မကြည်ဘူး မလန်းဆန်းဘူး စိတ်တွေထိုင်းမှိုင်းနေတယ် ဘာလုပ်လုပ်အဆင်ပြေမနေဘူး။ အနှောင့်အယှက် အဟန့်အတားတွေလည်း များနေတယ်။ လာဘ်ပိတ်နေတယ်…အရောင်းအဝယ်လည်းမဖြစ်ဘူး။ ယုတ်စွအဆုံး ဘုန်းကံနိမ့်နေတယ်လို့ စိတ်ကခံစားရရင် သေချာတယ် သင့်မှာ အံ့မိတာ အညှိတင်နေတာ အပ အညံ့ အခိုက်တွေ များနေတာ အဲ့လိုအခြေအနေမျိုးတွေ တွေ့ကြုံခံစားနေခဲ့ရင် အစစအရာရာ အဆင်ပြေ ချောမွေ့စေဖို့ ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့ဂမ္ဘီရအစီရင်လေးတခု ဒါနပြုပါ့မယ်…။ မိမိလက်၂ဖက်… ညာလက်မှာဆားတဆုပ် ဘယ်လက်မှာဆားတဆုပ် ဆုပ်ကိုင်ထားပြီး သက်သောင့်သက်သာစွာ ထိုင်ပါ။ ပြီးလျှင် မိမိစိတ်ထဲက လေးနက်စွာ အာရုံပြုဆန္ဒပြုရမှာက မိမိခန္ဓာကိုယ်မှာ အညှိတင်နေတဲ့ အံ့မိတာတွေမ ကောင်းတဲ့အပ […]
က်မၼာေရး ဗဟုသုတ
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများ
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာမျာ း ဆီးလမ်းကြောင်းတွင် ကျောက်တည်နေသည်ကို စနစ်တကျ မကုသဘဲထားခဲ့လျှင်ဆီးလမ်းကြောင်းအတွင်းသို့ ဘက်တီးရီးယားရောဂါပိုးများ မကြာခဏဝင်ပြီး ဖျားနာတတ်ပါသည်။ ပိုဆိုးလျှင် အဆိုပါရောဂါပိုးများ သွေးထဲသို့ ပျံ့နှံ့ရောက်ရှိပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ကျောက်မှာ တဖြည်းဖြည်းကြီးလာပြီး ကျောက်ကပ်တစ်သျှူးများကို ဖျက်ဆီးပစ်နိုင်သောကြောင့် ကြာလျှင် ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါသည်။ဆီးလမ်းကြောင်းမှ မကြာခဏဆိုသလို သွေးနည်းနည်းချင်းထွက်ပြီး ဆီးနှင့်အတူ ဆုံးရှုံးလေ့ရှိသည့်အတွက်နာတာရှည်သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။ ထို့အပြင် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများထဲမှ တစ်ခုဖြစ်သည့် သွေးနီဥများထွက်စေရန် လှုံ့ဆော်ပေးသော အီရက်သရိုပွိုင်တင် ဟိုမုန်းဓာတ်ထုတ်လုပ်မှုကိုပါ ကျဆင်းစေပြီး သွေးအားနည်းရောဂါကို ပိုမိုဆိုးရွားစေပါသည်။ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်လာခဲ့လျှင် သွေးတိုးရောဂါ ဖြစ်တတ်ပါသည်။ ကျောက်ကပ်နှစ်ခုစလုံး၌ ကျောက်တည်ပါက ကြာလျှင်နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ဖြစ်လာနိုင်ပါသည်။ Renalstone Health ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများ ဆီးလမ်းကြောင်းတွင် ကျောက်တည်နေသည်ကို […]
ဗဟုသုတ
သော့ပေါင်း(၁၃)ချောင်းကိုကျော်ဖြတ်ပြီးမှပူဇော်ကန်တော့ခွင့်ရမဲ့ရှေးဟောင်းရွှေဆင်းတုဘုရား
cele
ဝရမ်းပြေးလို့ ကြော်ငြာခံထားရတဲ့ ခင်လှိုင်ဆိုတာ အချဉ်မဟုတ်​ဘူး
ဝရမ်းပြေးလို့ ကြော်ငြာခံထားရတဲ့ ခင်လှိုင်ဆိုတာ အချဉ်မဟုတ်​ဘူး ၁၉၉၄ ခုနှစ်ကာလ ၊ ရန်ကုန် ပပဝင်းရုပ်ရှင်ရုံဘေးနား ၊ စားဖျော် ရုံးအောက် ၊ စက္ကောမ ဖြစ်လာမယ့် မျ က်လှည့်ဆရာလေး ကိုစိုးနိုင် မျ က်လှည့်ပြ နေကျ နေရာလေး ၊ စက္ကောမ ကအပေါင်းအသင်းဆန့် တော့ သူ့ လမ်းဘေးမျ က်လှည့်ဝိုင်းနားချိ န်မှာ သူငယ်ချ င်းအစုံလာကြတယ် ၊ ကိုယ်တွေလဲအပါ ၊မျ က်လှည့် သိပ်ဝါသနာပါ တဲ့ မင်္ဂလာ ရုပ်ရှင်ရုံ သူဌေး ကိုဇော်မင်း တို့  ၊ HappyWorld ကစားကွင်းပိုင်ရှင် ကိုကျော်ကျော်တို့ လိုဘောစိတွေပါ လာကြတာ ၊ […]
အချစ်နှင့်ဘဝ
“ချစ်တာတော့ ချစ်ပါ ညီမလေး ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့”
သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။ မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။ ညီမလေးရေ….ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ….. ညီမလေးရေ…ယောကျာ်းဆိုတာ ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ် နန်းကျဘုရင်ပဲဖြစ်ဖြစ် မြှောက်စားတာ ခံချင်ကြတယ်ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာ ကြောင်တစ်ကောင်လို ညှင်သာတတ်မှဖြစ်မယ် ကမ္ဘာကျော်တဲ့ စဈသူရဲတဈေယာက်တောင်အေပြာခြိုတဲ့ […]
အနုပညာ
ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာစောင့်နေချိန် ပရိသတ်လူအုပ်ထဲက အဖွားအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်လို့…
“ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာ စောင့်နေကြတဲ့အချိန် ပရိသတ်လူအုပ်ထဲကနေ အဖွားအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်လို့….” ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာ စောင့်နေကြတယ်။ ဇက်ဆိပ်နားကရွာကလူတွေဟာ ရုပ်ရှင်မင်းသားမင်းသမီးတွေရှိနေတယ်ဆိုတော့ လာကြည့်ကြတာပေါ့ မင်းသားညွှန့်ဝင်းကတော့ ကြည့်နေတဲ့လူအုပ်ကို အရေးသိပ်မထားပဲ ခပ်အေးအေးပဲ ဟန်ပါပါနဲ့ရပ်ပြီးနေတယ်။ အဲ့ဒီအချိန်မှာ လူအုပ်ထဲကနေ အဖွားအိုတစ်ယောက်က “ဟဲ့ ဖယ်ကြစမ်းပါဟဲ့ ငါမမြင်လို့ပါ ကိုတင်မောင့်သားလေးဆို ငါကြည့်ချင်လို့ပါ”လို့အော်ပြောရင်း လူအုပ်ကိုတိုးကာ ရှေ့ကိုတွန်းတိုးလာတယ်။ ဒီအဘွားအိုရဲ့အသံကြောင့် လူအုပ်ကိုဂရုမစိုက်တဲ့ မင်းသားညွှန့်ဝင်းဟာ လူအုပ်ဘက်ကို ဆတ်ကနဲတစ်ချက်လှည့်ကြည့်ရင်း လူအုပ်ဘက်ကိုလျှောက်လာပြီး အဘွားအိုလက်ကို လက်နှစ်ဖက်နဲ့ ကြင်ကြင်နာနာအုပ်ကိုင်ကာ “အမေကြီး အမေကြီးက ဖေဖေ့ကိုသိသလားခင်ဗျ “လို့ မေးလိုက်တယ်။ အဘွားအိုက “သိတာပေါ့ကွယ်၊ ဘုရားဒကာ ကျောင်းဒကာ ဇတ်မင်းသားကြီး၊ မှန်းစမ်း ကိုတင်မောင့်သားလေးကလူချောပဲ” အဲ့ဒီအချိန်မှာလူအုပ်ထဲက လူငယ်တစ်ယောက်က “အဘွားကြီးရမ်းဖြီးနေတယ် မျက်စိလဲမကောင်းပဲနဲ့ ချောသလေး […]
အခ်စ္ေရး
ချစ်သူတွေကြားမှာ မသုံးသင့်တဲ့ စကားလုံးများ..
စကားလုံးတွေကြောင့် ကြည်နူးပျော်ရွှင်ရသလို တစ်ခါတစ်လေမှာ စကားလုံးတွေကြောင့်ပဲ နာကျင်ရပါတယ်။ ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့ ချစ်သူလေးကို ကိုယ့်ရဲ့ စကားလေးတွေကြောင့် နာကျင်သွားရမယ်ဆိုရင်တော့ မကောင်းပါဘူး။ ဒါကြောင့်ဒီတစ်ခေါက်မှာ ကိုယ်ချစ်သူအပေါ် မပြောသင့်တဲ့ စကားတွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) စိတ်ပျက်တယ် စိတ်ပျက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ပြောတဲ့သူအတွက်တော့ အများကြီးမသိသာပေမယ့် အပြောခံလိုက်ရသူရဲ့ ရင်ထဲမှာတော့ အတွေးမျိုးစုံဝင်သွားနိုင်ပါတယ်။ ကိုယ်ချစ်သူက ကိုယ်ကိုဘာကြောင့်စိတ်ပျက်တာလဲ မချစ်တော့လို့လား အချစ်သစ်တွေ့နေလို့လား ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့် စိတ်ပျက်လာတာလား လမ်းခွဲချင်လို့လား စသည်ဖြင့် ခံစားချက်ပေါင်းစုံနဲ့ အတွေးများဝင်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူကိုဘယ်လောက်ပဲစိတ်ဆိုးပါစေ စိတ်ပျက်တယ်ဆိုတဲ့စကားတော့ မပြောသင့်ပါဘူး။ (၂) ပျင်းလာပြီ ချစ်သူစုံတွဲတွေကြားမှာမသုံးသင့်တဲ့ နောက်ထပ်စကားလုံးတစ်ခုက ငါမင်းနဲ့တွဲရတာပျင်းလာပြီဆိုတဲ့စကားပါ။ ကိုယ်ချစ်သူကို အပျော်အပျက်အနေနဲ့တောင် စနောက်ပြီး မင်းနဲ့တွဲတာပျင်းတယ်ဆိုတဲ့စကားကိုတော့ မသုံးသင့်ပါဘူး။ ချစ်သူတိုင်းကတော့ ကိုယ်ချစ်သူကိုပျော်ရွှင်အောင်ထားချင်ကြပါတယ်။ အချစ်စစ်အချစ်မှန်နဲ့ တက်နိုင်သလောက်ပျော်ရွှင်မှုလေးတွေပေးနေပေမယ့် ပျင်းလာပြီအပြောခံရရင်တော့ တကယ်ပဲဝမ်းနည်းဖို့ကောင်းပါတယ်။ (၃) […]
ဗေဒင်
တပေါင်းလအတွက်အကောင်းဆုံးယတြာ (13.3.2021) မှ (11.4.2021)အထိ
တပေါင်းလအတွက်အကောင်းဆုံးယတြာ တပေါင်းလဆန်း(၁)ရက်နေ့ (13.3.2021) မှ တပေါင်းလကွယ်နေ့(11.4.2021)အထိတစ်လတာလုံး☸ “နှင်းဆီပန်း အနီ{၃}ပွင့် နှင့် သပြေညွန့် {၆}ညွန့် တို့ကို ရေသန့်ထည့်ထားသော သီးသန့်ပန်းအိုးများနှင့် ထည့်၍ မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာ လှူဒါန်းပေးရပါမည်ခင်ဗျ…..။ နေ့စဥ် ဖယောင်းတိုင် ၁တိုင်နှင့်အမွှေးတိုင် ၃တိုင်ထွန်းညှိ ပူဇော်ပေးပါ။ကံချေကန်တော့ခြင်းကိုပြုလုပ်ကြရမည်။ နေ့စဥ် အောက်ဖော်ပြပါ ဂုဏ်တော်များကို ရွတ်ဖတ်ပါ။* ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက် ဣတိပိသောဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ=၈ခေါက် ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿနံ=၂၁ခေါက် တပေါင်းလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ တနင်္ဂနွေနေ့=အရှေ့မြောက်အရပ် တနင်္လာနေ့=အနောက်အရပ် အင်္ဂါနေ့=အရှေ့တောင်အရပ် ဗုဒ္ဓဟူးနေ့=တောင်အရပ် ကြာသပတေးနေ့=မြောက်အရပ် သောကြာနေ့=​အရှေ့အရပ် စနေနေ့=အနောက်တောင်အရပ် အထက်ပါအတိုင်း နေ့အလိုက် နေ့စဥ်အရပ်မျက်နှာမူ၍ ဧဟိလာဘံ ဟူ၍ (၂၇)ခေါက် တိတိ ရွတ်ပေးရပါမည်။ ဆုတောင်းစာ “အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး တပေါင်းလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ […]
က်မၼာေရး ဗဟုသုတ
ချောင်းဆိုးပြီး အိပ်မရ ဖြစ်နေသူများအတွက် သဘာဝ ဆေးနည်း
ကြားသိရသမျှ
သူ့ရဲ့အခြေအနေကိုသိလို့ ဇနီးသည်ကို နောက်ဆုံးအနေနဲ့ရင်ခွင်ထဲမှာဖက်ထားပေးဖို့ ပြောပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် တချို့မိသားစုတွေကလည်း ဘယ်တော့မှပြန်မရနိုင်တော့တဲ့ မိမိတို့ရဲ့သွေးသားရင်းခြာတွေကို ဆုံးရှုံးသွားရတာဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုရဲ့ထမင်းဝိုင်းတွေကလည်း လူမစုံတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်လွန်းတဲ့အခြေအနေရှိပါတယ်။လက်ရှိမှာဆိုရင် တစ်ဦးတည်းသောသားသမီးတွေလည်းကျဆုံးသွားရတာကြောင့် မိဘတွေအနေနဲ့ အရမ်းရင်ကျိုးရပြီး တချို့ကလေးတွေဆိုလည်း မိဘမဲ့ဖြစ်သွားရပြီဖြစ်ပါတယ်။ ကျဆုံးသူရဲကောင်းတွေရဲ့မိသားစုဝင်တွေကိုတော့ ပြည်သူလူထုက တတ်နိုင်သလောက် ကူညီဖေးမပေးကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း မန္တလေးမြို့မှာနေထိုင်တဲ့ ဦးဖြိုးမောင်မောင်ကတော့ လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ခြေထောက်ကို ကျည်ထိသွားတာဖြစ်ပါတယ်။ ဆေးရုံ၊ဆေးခန်းလည်း မသွားရတာကြောင့် ဦးဖြိုးမောင်မောင်က သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ မကျဆုံးခင် ရှေ့ရက်ပိုင်းတွေမှာ ဦးဖြိုးမောင်မောင်ကိုဇနီးသည်က မသွားဖို့တားပေမယ့်လည်း “ငါသေရင်လည်း အာဇာနည်ဖြစ်တာပေါ့ ငါ့မိန်းမရယ်”ဆိုပြီး ပြန်ပြောတယ်လို့ သိရပါတယ်။ဦးဖြိုးမောင်မောင်တို့ဇနီးမောင်နှံက သားသမီးမရှိတာကြောင့် တစ်ယောက်ကိုတစ်ယောက်အရမ်းဂရုစိုက်ပြီး အေးအတူပူအမျှနေထိုင်နေကြတာဖြစ်ပါတယ်။ အရမ်းချစ်ရတဲ့ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဇနီးသည်ခင်မျာမှာလည်း ပူဆွေးသောကတွေရောက်နေရတာဖြစ်ပါတယ်။ ဦးဖြိုးမောင်မောင်ကတော့ သူ့ရဲ့အခြေအနေကိုသိလို့ ဆုံးခါနီးမှာတောင်“မိန်းမ ငါမရတော့ဘူးသွားရတော့မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေနဲ့ ဖက်ထားပါတော့ “ဆိုပြီး ပြောလိုက်သေးတာဖြစ်ပါတယ်။ ဦးဖြိုးမောင်မောင်ရဲ့ဇနီးကတော့ […]