အလွပေရးရာ

မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု

အရွယ်တင်နုပျိုချင်တဲ့ မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု မိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျိုချင်တဲ့သူ မရှိပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျို လှပတဲ့သူ၊ အမြဲတမ်းလှပနေတဲ့သူ ဖြစ်ချင်ကြပါတယ် …။ အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်း မဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်နော် …။ (၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်   vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကို အပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေလိုက်ပါ။ မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကို မျက်နာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်ပေးပါ …။ တစ်ပတ် နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေစေပါလိမ့်မယ် …။ (၂) […]

အခ်စ္နွင့္ဘဝ

ဆောရီး ..ဆိုတဲ့ စာတစ်လုံးရဲ့ နောင်တ

ဆောရီး ..ဆိုတဲ့ စာတစ်လုံးရဲ့ နောင်တ ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြ သူတွေဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက် ကချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်… ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာ ချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့ အထိ မပျော်ရွှင်ခဲ့ဘူး။ ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံ ကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ကောင်လေးက ကပျာကယာရှေ့တက်ပြီ း“နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်”လို့တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို ကောင်မလေးဆီလှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာတယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး […]

အခ်စ္နွင့္ဘဝ

ကျန်ခဲ့တဲ့သူနဲ့ ချန်ခဲ့တဲ့သူ ဘယ်သူက ပိုပြီးနာကျင်ရလဲ

မေးလေ့ရှိတာတွေပေါ့ …ကျန်ခဲ့တဲ့သူနဲ့ ချန်ခဲ့တဲ့သူက ဘယ်သူက ပိုပြီးနာကျင်ရလဲတဲ့ … များသောအားဖြင့်တော့ ကျန်ခဲ့တဲ့သူက ပိုပြီးနာကျင်ရတတ်တယ်လို့ ဖြေတတ်ကြတယ် ။ ဘာကြောင့်လဲဆိုရင် ကျန်ခဲ့တဲ့သူဆိုတာ မူလနေရာမှာရပ်ရင်းနဲ့ အမှတ်တရတွေ အများကြီးတွေကြားမှာ ပြန်မြင်ယောင်ရတဲ့အခါတိုင်း ပြန်ပြီးသတိတရနဲ့ နာကျင်ရတတ်တယ်တဲ့ ။ ချန်ခဲ့တဲ့သူကျတော့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေဖို့ကြိုးစားရင်းနဲ့ …သတိရဖို့အချိန်တွေ မရှိ ဖြစ်တတ်တယ်လို့ ထင်တတ်ကြတယ်လေ ။ ကျွန်မကျတော့ အဲ့လိုမတွေးဘူး ။ ချန်ခဲ့ခြင်း ကျန်ခဲ့ခြင်းတွေထက် တကယ်တမ်းကျတော့ ပိုချစ်တဲ့သူက ပိုပြီးနာကျင်ရပါတယ် ။တစ်ခါတစ်လေမှာ ချန်ခဲ့ရခြင်းမှာ မနီးစပ်ချင်လို့မဟုတ်ပဲ အခြေအနေအရဆိုတဲ့ အရာတွေရှိတယ် ။ ပြီးတော့ ပိုချစ်မိတဲ့သူမှာ .. ပိုပြီးအမှတ်ထားတတ်တဲ့ စိတ်လေးက အတိတ်တိုင်းကို တစိုက်မတ်မတ်လွမ်းတတ်တဲ့ စိတ်တွေရှိတယ်လေ ။ အမှတ်တရဆိုတာ အမှတ်ရတဲ့သူအတွက်သက်သက်ပါ ချန်ခဲ့တာ ကျန်ခဲ့တာတွေနဲ့ […]

အခ်စ္ေရး

ဝေးပါစေလို့ ဆုမတောင်းခဲ့ပေမယ့် ရေစက်ကုန်တော့လဲ ဝေးသွားကြတာပဲ…

ဆုံပါစေလို့ ဆုမတောင်းခဲ့ပေမယ့်လဲရေစက်ရှိတော့လဲ ဆုံလာကြတာပဲလေ…. ဒါဆို လွမ်းစရာကို နာစရာနဲ့လဲ ဖြေစရာမလိုပါဘူးဥပေက္ခာနဲ့သာ နေရာယူပါ… အဆင်ပြေနေတုန်းတော့ အချစ်ဆုံးလို့ ပြောကြတာပဲ အလိုဆန္ဒတွေ မပြည့်ဝတော့မှ အမုန်းဆုံးဖြစ်သွားတတ်ကြတယ် ဒါကိုပဲ သင်ခန်းစာယူပါ အရမ်းလဲ ချစ်မပြနဲ့ အရမ်းလဲ မလွမ်းပြနဲ့ အချစ်ကြီးလို့ ရှုံးတာ မဟုတ်ဘူး ရိုးသားခြင်းကို ဟန်မဆောင်တတ်လို့ရှုံးတာ ဘာပဲဖြစ်ဖြစ်ပေါ့ ပြုံးပြုံးလေးနဲ့ ရှေ့ဆက်ပါ လမ်းခွဲခြင်းမှာ ဝမ်းနည်းမနေပါနဲ့ ပန်းတိုင်းက ရနံ့မရှိပေမယ့်ပန်းတိုင်းက တန်ဖိုးရှိပါတယ် တန်ဖိုးဘယ်လောက်ရှိရှိ တန်ဖိုးမဲ့တဲ့သူက တန်ဖိုးမထားတတ်ဘူးဆိုတာကိုလဲ နားလည်ပါ တန်ဖိုး နားလည်ပြီး တန်ဖိုးထားတတ်သူနဲ့တွေ့ဆုံနိုင်ကြ၍ ဘဝတွေလဲ အေးချမ်းပါစေနှလုံးသားတွေလဲ လှပနိုင်ကြပါစေ သုအလင်္ကာ(ရွှေသင်း) Credit   ဆုံပါစေလို့ ဆုမတောင်းခဲ့ပေမယ့်လဲရေစက်ရှိတော့လဲ ဆုံလာကြတာပဲလေ…. ဒါဆို လွမ်းစရာကို နာစရာနဲ့လဲ ဖြေစရာမလိုပါဘူးဥပေက္ခာနဲ့သာ နေရာယူပါ… အဆင်ပြေနေတုန်းတော့ […]

အသိပညာ

မင်းရဲ့ ကောင်မလေးကို တန်ဖိုးထားပါ…

မင်းရဲ့ ကောင်မလေးကို တန်ဖိုးထားပါ… သူက မင်းရဲ့ ဖြစ် တည် မှု ကို သဘော ကျပြီးတော့ တခြား သူတွေ ဆန့်ကျင် ပြီး မင်း ကိုရွေး ချယ်ခဲ့ တာ …။ မင်းရဲ့ ကောင်မလေး ကို တန် ဖိုး ထား ပါ ။ သူ့ ကို ဂ ရု စိုက် တဲ့ သူ အများကြီး ထဲ က မှ မင်းဂ ရု စိုက် တာ ကို ပဲ မက် မော ခဲ့ တာ …။ မင်း ရဲ့ကောင်မလေးကို တန်ဖိုး ထား ပါ […]

ၾကားသိရသမွ်

လူတစ်ယောက်ကိုမြင်တာနဲ့ သူ့တို့ ရဲ့အတွင်းစိတ်ကို ထိုးဖောက်မြင်ရကြောင်း ပြောပြလာတဲ့ ကောင်းမြတ်စံ…..

ပရိတ်သတ်ကြီးရေ…. ထင်ရှားတဲ့ပါးချိုင့်လေးနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ကောင်းမြတ်စံဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ဇာတ်ကားတွေလည်းများစွာ ရိုက်ကူးထားပြီး ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။မင်းသားကောင်းမြတ်စံကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လို အပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။   ကောင်းမြတ်စံကတော့ လူတစ်ယောက်ကိုမြင်တာနဲ့ သူ့ရဲ့အတွင်းစိတ်ကိုဖောက်ထိုးမြင်နေရတယ်ဆိုပြီး အသွင်အပြင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာပါတယ်..။တကယ်လား ဟန်ဆောင်နေတာလားဆိုတာကို လူကိုကြည့်လိုက်တာနဲ့ အတွင်းစိတ်ကိုမြင်နေရတဲ့ အတွေ့အကြုံအသစ်တွေကို ကောင်း မြတ် စံက သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ “လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူရဲ့ အတွင်းစိတ်ကို ဖောက်ထိုးမြင်ရတယ်…တစ်ကယ်လား.. ဟန်ဆောင်နေတာလားဆိုတာ..ရုပ်အဆင်းအသွင်အပြင်နဲ့ မဆိုင်ဘူးနော်… အဲ့ဒါ ဘဝကသင်ပေးခဲ့တဲ့ အသိပညာ ✌🏻..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။အတွေ့အကြုံတွေကို ပြောပြလာတဲ့ မင်းသားကောင်းမြတ်စံကို […]

ကျမ္မာရေး ဗဟုသုတ

စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း

စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း စိုးရိမ်ပူပန်ခြင်းကို လူတိုင်းကြုံတွေ့ဖူးပါတယ်။ နေ့စဉ်ဘဝမှာ မမျှော်လင့်ဘဲ ကြုံလာတဲ့ အခြေအနေတွေ အပေါ် စိုးရိမ်ပူပန်မှုတော့ ရှိကြပါတယ်။ ဒါပေမယ့် လူတစ်ချို့ မှာတော့ စိုးရိမ်ပူပန်မှုကို မကြာခဏခံစားနေပြီး စိတ်ခံစားမှုသက်သက်တွင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကလည်း တခြားသော ရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ တူနေတတ်ပါတယ်။ ဥပမာအားဖြင့် စိုးရိမ်ပူပန်မှုကြောင့် ရင်ဘတ်အောင့်တတ်ပါတယ်။ ရင်ဘတ်အောင့်တာဟာ ရုတ်တရက် နှလုံးထိခိုက်ခြင်းနဲ့ တခြားနှလုံးရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ မိမိက စိုးရိမ်ပူပန်မှု ကို မကြာခဏ ခံစားရတဲ့ သူဆိုရင် သူ့ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို သိထားသင့်ပါတယ်။ စိုးရိမ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် လက္ခဏာတွေက ဘာလဲ စိုးရိမ်ပူပန်မှု လက္ခဏာဟာ လူတစ်ဦးခြင်းအပေါ်လိုက်ပြီး ကွာခြားပါတယ်။ လူတစ်ဦးထဲတောင်မှ တစ်ခါတရံ ခံစားရတဲ့လက္ခဏာတွေ […]

ၾကားသိရသမွ်

လက်ထပ်ပြီး နှစ်ပေါင်း30အကြာမှ မောင်နှမဖြစ်နေမှန်းသိခဲ့ရတဲ့လင်မယားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်

ဘဝဆိုတာက အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး ။ ဘယ်လောက်ပဲ ချစ်လွန်းအားကြီးတဲ့စုံတွဲဖြစ်နေပါစေ ခန့်မှန်းလို့မရတဲ့အရာတစ်ခုကြောင့် လမ်းခွဲသွားရတာမျိုးတွေရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက @ibcig အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူ၏ဆရာမဖြစ်သူရဲ့ စုံတွဲအကြောင်းကို ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ မင်္ဂလာသက်တမ်း နှစ် 30 ရှိနေပြီဖြစ်ပြီး ၊ သားသမီးများလည်းရှိနေကာ ၊ မြေးများပင်ရနေပြီဖြစ်တဲ့ စုံတွဲဖြစ်ကြောင်းသိရှိရပါတယ် ။ ၎င်းတို့ဟာ အတော်လေးချစ်ခင်ကြင်နာကြတဲ့စုံတွဲဖြစ်ပေမဲ့လည်း မကြာသေးခင်ကမှ ဖအေတူမအေကွဲ မောင်နှမတွေဖြစ်မှန်းသိခဲ့ကြတဲ့အတွက် လမ်းခွဲခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူဟာ ကုန်တင်ကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့အတွက် အလုပ်အရ မလေးရှားနိုင်ငံမြို့အတော်များများကို အမြဲသွားလာနေရသူဖြစ်တဲ့အတွက် ဘယ်သူမှမသိအောင် တိတ်တဆိတ်ခိုးပြီးလက်ထပ်ခဲ့ပါတယ် ။ ထို့ကြောင့် Terengganu ပြည်နယ်မှာရှိတဲ့ ဇနီးနဲ့ Johor ပြည်နယ်မှာရှိတဲ့ ဇနီးသည် နှစ်ဦးလုံးက အဆိုပါအဖြစ်ကိုလုံးဝရှာမတွေ့နိုင်လောက်ဘူးလို့ […]

အခ်စ္နွင့္ဘဝ

ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ဂရုစိုက်ရမည့် အချက်လေးများ

အိမ်ထောင်ရေးတွင် ရှောင်ရှားနိုင်ရန် ၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း လင်နဲ့မယား လျှာနဲ့သွားပါ။အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။ နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။ ၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း မိဘဆိုတာ သားသမီး […]

အခ်စ္ေရး

အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ် နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်

  အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်။ နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ် တစ်ခါတုန်းက ခဏခဏ စကားများ ရန်ဖြစ်တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။ ဒါပေမဲ့ စကားများတဲ့အခါတိုင်း ကောင်လေးက ကောင်မလေးကို အလျှော့ပေးတတ်တယ်။ တစ်ခါမှာတော့ ကောင်မလေးက ချစ်သူကောင်လေးကို မေးတယ်။” ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကိုအလျှော့ပေးတာလဲ။ တခါတလေ ငါ့ဘက်ကမှားတာလဲ ရှိတယ်လေ ”ကောင်လေးက ပြန်ဖြေတယ်။ ” မင်းက ငါ့ချစ်သူလေ…။ ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့် ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။စကားများကြလို့ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာမှာတော့ ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံးမခံနိုင်ဘူး။ ” ကောင်မလေးက ငြိမ်ပြီးနားထောင်နေတယ်။ ကောင်လေးက ဆက်ပြောတယ်။” မင်းကဆူလိုက် ကိုယ်ကပြုံးပြီးနားထောင်လိုက်။ မင်းကစိတ်တိုလိုက် ကိုယ်ကချော့လိုက်။ […]