အသိပညာ

မေတ္တာနဲ့ အနီးဆုံးမှာနေထိုင်ဖို့ ရွေးချယ်တတ်ပါစေ

မေတ္တာနဲ့ အနီးဆုံးမှာနေထိုင်ဖို့ ရွေးချယ်တတ် ပါစေ လရောင်လို အေးချမ်းတဲ့ သူနားနေရင် ကိုယ့်စိတ်လည်း အေးချမ်းရလိမ့်မယ်။ အစဉ်အမြဲ ပျော်ရွှင်နေတတ်တဲ့ သူနားနေရင် ကိုယ်လည်း အမြဲပြုံးရွှင် နေရလိမ့်မယ်။ မတွေဝေတတ်တဲ့ သူနားနေရင် ကိုယ်လည်း လောကကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတတ် လာလိမ့်မယ်။ စိတ်သဘောထား ပြည့်ဝဖြူစင် သူနားနေရင် ကိုယ်လည်း နားလည် ခွင့်လွှတ်တတ် လာလိမ့်မယ်။ ရင့်ကျက်တည်ငြိမ်တဲ့ သူနားနေရင် ကိုယ်လည်း အရာရာကို သွေးမဆူဘဲ တည်ငြိမ်ေ အးချမ်းစွာ ဖြတ်သန်းနိုင် ပါလိမ့်မယ်။ ဒီလိုပါဘဲ … သစ္စာရှိရှိ ချစ်တတ်တဲ့ သူအနားနေရင်.. ကိုယ်လည်း အချစ်စစ် အချစ်မှ န်အပေါ် တန်ဖိုးထားတတ် ချစ်တတ် လာပါလိမ့်မယ်။ ကောင်းတဲ့ သူအနားနေမိရင်…ကောင်းခြင်းတွေရဲ့ ပွေ့ဖက်မှုနဲ့ကြုံတွေ့ရတတ်သလို….. ဆိုးတဲ့သူနား […]

ကြားသိရသမျှ

မိုင်းဖုန်းဆရာတော်ဘုရားကြီးမှ သာသနာစောင့်နတ်မင်းကြီးတွေကို တိုင်တည်ပြီး သာသနာပွဲတောင်းပြီ….

မိုင်းဖုန်းဆရာတော်ကြီးက သာသနာစောင့်နတ်မင်းကြီးတွေကို တိုင်တည်ပြီး သာသနာပွဲပေးဖို့ မိန့်တော်မူပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံသူနိုင်ငံ သားတွေလည်း သာသနာစောင့်နတ်တွေလောကပါလ နတ်မင်းကြီးတွေကိုပဲ တိုင်တည်ကြပါ သပြေ နှင်းဆီ တွဲကပ်ပါ။ ကံ့ကော်ပါရင် ပိုကောင်းတယ်။ သစ်ခွ သပြေ အဆင်ပြေ တဲ့။ သောကြာနံသာသနာစောင့်နတ်မင်းကြီးတွေ လောကပါလနတ်မင်းကြီးတွေကို ကပ်လှူပါတယ်လို့ ပြောပါ။ ထို့သူတို့ သာသနာစောင့်နတ်မင်းကြီးတွေကိုတော့ အမိန့်ပေးလို့မရဘူး။ လောကပါလနတ်မင်း ကြီးတွေကိုလည်း အမိန့်ပေးလို့မရဘူး။ ဒါကြောင့် မိုင်းဖုန်းဆရာတော်ကြီးက သာသနာပွဲထိုးခိုင်းတာ။ နှင်းဆီ သပြေ ကံ့ကော် တွဲလှူပါပုတီးများများစိပ်ပါ စိတ်ကို ပြန်တည်ငြိမ်အောင်လုပ်ပါ။ သာသနာစောင့်နတ်မင်းကြီးတွေနဲ့လောကပါလနတ်မင်းကြီးတွေကိုပဲ တိုင်တည်ကပ်လှူပါဆ ရာတော်ဘုရား ကျန်းမာချမ်းသာကြပါစေအသက်ရာကျော် ရှည်ပါစေ ဘုရား။ မိုင်းဖုန်းဆရာတော်ကြီးက သာသနာစောင့်နတ်မင်းကြီးတွေကို တိုင်တည်ပြီး သာသနာပွဲပေးဖို့ မိန့်တော်မူပါတယ်အမှန်တရားအတွက်။ […]

အချစ်ရေး

သင့်ရဲ့တန်ဖိုးကို နားလည်တဲ့သူဆီမှာပဲ စိတ်ခံစားချက်တွေကို မြုပ်နှံထားပါ

မင်းကို ခွင့်လွတ်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ စိတ်ဆိုးစိတ်ကောက် အမူအကျင့်လေးတွေကို လုပ်ပြပါ…. မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ရင်ဖွင့်ပါ…. မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့သူဆီမှာပဲ မင်းရဲ့ ခွင့်လွတ်နားလည်ပေးခြင်းတွေကို ပြန်ပေးပါ … မင်းအပေါ် အကောင်းဆုံး နားလည်ပေးဆပ်နိုင်သူကိုသာ မင်းရဲ့ သစ္စာ စောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ… မင်းအပေါ် ကောင်းတဲ့သူတွေအပေါ်မှာ ပြန်ကောင်းဖို့ မမေ့ပါနဲ့ မင်းအပေါ် တန်ဖိုးထားတဲ့သူတွေကို မဆုံးရှုံးခင် တန်ဖိုးထားပါ…. ဘဝမှာ အချိန်ကြာကြာ ရင်းနှီး ပတ်သက်ကြသူတိုင်းက တစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြပါဘူး….အပြန်အလှန် ထိန်းကြောင်းပေးရင်း ရပ်တည်ကြတာမျိုးပါ။ မင်းကို ချစ်တဲ့သူ များချင်များမယ် မင်းအပေါ်နားလည်ပေးနိုင်တဲ့သူက ရှားတယ်…. မင်းကို စိတ်ဝင်စားတဲ့သူ […]

ဗဟုသုတ

စံပယ်ပင်များ ဝေဝေဆာဆာ ပွင့်စေမယ့် နည်းလမ်း

လေတိုက်ချိန်မှာ စံပယ်ပန်းရနံ့သင်းသင်းလေးများ ရရင် အလွန်ကိုစိတ်ကြည်နူးစရာပါနော်။ ဒါကြောင့် ကိုယ့်လို အကြိုက်တူသူများအတွက် အိမ်မှာ စိုက်ထားရင်လည်း ဝေဝေဆာ ဆာပွင့်စေမယ့် နည်းလမ်းလေးတွေ ကို မျှဝေး လိုက် ပါတယ်နော်။ ၁။ စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား… ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပါ။၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။ ၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ်ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေ ပုပ်သွားတတ်ပါတယ်။၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊ စင်လေးဖြစ်ဖြစ် ထားပေးပါ။ […]

အချစ်ရေး

အချစ်ရေး ကံမကောင်းတဲ့သူတွေအတွက် အချစ်ရေးကံကောင်းလာဖို့ နည်းလမ်းကောင်းလေး

  အချစ်ရေး ကံမကောင်းတဲ့သူတွေအတွက် အချစ်ရေးကံကောင်းလာဖို့ နည်းလမ်းကောင်းလေး တစ်ချို့ လူတွေက အရမ်းချစ်တတ်တဲ့ သူတွေဖြစ်ပေမယ့် အချစ်ရေးကံ မကောင်းတတ်ကြပါဘူး။ အမြဲတမ်း ထားပစ်ခံရတာတွေ၊ အသည်းခွဲသွားတာတွေ၊ နာကျင် ရတာတွေပဲ များနေတတ်ပါတယ် …။ ဒီလို အချစ်ရေး ကံမကောင်းတာကြီးက ကိုယ့်အပြစ် မဟုတ်ပေမယ့်လို့ ကိုယ့်ဘက်ကနေ ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိနေပါတယ်။ ဒီအချက်တွေက သင့်ကို အချစ်ရေး ကံကောင်းသူတစ်ယောက် ဖြစ်လာစေမှာပါနော် …။ (၁) ထားရစ်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်လိုက်ပါ။ ကိုယ့်အပေါ် ထားရစ်ခဲ့ဖူးတယ်၊ ကိုယ့်ကိုယ် နာကျင်စေခဲ့ဖူးတဲ့ တစ်ချိန်က လူတွေကို ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာလည်း ဘဝရဲ့ သင်ခန်းစာ တစ်ခုပါပဲ။ သူတို့ဆီက ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ တစ်ချိန်က ကိုယ့်ကိုယ် ချစ်ပေးခဲ့တာတွေ […]

အချစ်နှင့်ဘဝ

ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် သိနိုင်မယ့်အချက်(၅)ချက်

မိန်းကလေးဆိုတာမျိုးက အချော့ကြိုက်တယ်၊ ကိုယ့်ကို အလိုလိုက်တာမျိုးကို သဘောကျကြပါတယ်။ ကိုယ့်ကို ဦးစားပေးသလို သည်းသည်းလှုပ် ချစ်ပြတဲ့ ယောက်ျားမျိုးဆိုရင် ကြွေမှာပဲမဟုတ်လား။ ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ ယုံချင်စရာမကောင်းဆုံး ယောက်ျားတွေပါ။ သည်းသည်းလှုပ်ချစ်ပြတဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ပြီဆို ဒီအချက်တွေကိုသာ တွေးကြည့်လိုက်ပါ။ ၁။ ငြင်းခုံမှုမရှိတာ ကိုယ်နဲ့သူ့ကြားမှာ အငြင်းပွားစရာ တစ်ခုခု ဖြစ်လာပြီဆိုပါစို့။ ဥပမာ ဘောပွဲလောင်းမိတာမျိုးပေါ့။ အဲ့ဒီအခါ ” ငါက ယောက်ျားလေးပဲ ဒါမျိုးတော့ အနည်းအကျဉ်း လုပ်မိမှာပဲ” ဆိုပြီး ပြောလာရင် စိတ်မဆိုးလိုက်ပါနဲ့။ သူက အမှန်ပြောနေတာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ပြောတာကို စသလိုနောက်သလိုနဲ့ စကားလမ်းကြောင်းလွှဲပစ်တာမျိုးက နောက်ကွယ်မှာ ထင်တိုင်းကြဲမယ့်သဘောပါပဲ။ ၂။ ကိုယ်အလုပ်များနေရင် စိတ်ကောက်တယ် ချစ်သူကောင်း ယောက်ျားကောင်းဆိုတာ ကိုယ့်ကောင်မလေး အလုပ်များနေရင် နားလည်ပေးတတ်တာချည်းပါပဲ။ အလုပ်တွေကို […]

အချစ်နှင့်ဘဝ

ထားခဲ့ခြင်း(သို့)ကျန်ခဲ့ခြင်းတွေမှာ သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ

ထားခဲ့ခြင်း(သို့)ကျန်ခဲ့ခြင်းတွေမှာ သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ ခွဲမသွားသေးလည်း နောက်ဆုံးကျရင် ခွဲခွါသွားကြရမယ်. ။ တွယ်ဖက်ထားလည်း နောက်ဆုံးကြ စွန့်ပစ်သွားရမယ် ။ ကိုယ္ကထြက္သြားမလား ကိုယ္ကပဲ ထားခဲ့မလားဆိုတာ မသိဘူး ။ သေချာတာတစ်ခုကတော့ ကိုယ်က ပိုချစ်ရင် ကိုယ်ကပိုခံစားရမယ် ။ ကိုယ်က ပိုသံယောဇဉ်ကြီးရင် ကိုယ်ကပဲ ပိုပြီးနာကျင်မှုကို ပိုခံစားရမယ် ။ သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲဖြစ်ဖြစ် ပိုပြီး တွယ်ကပ်သူက ပိုပြီးပူလောင်ရမယ် ။ သူက မထားခဲ့ရင် ကိုယ်က ထားခဲ့ရမယ် အရေးကြီးတာကထားခဲ့ခြင်း ကျန်ခဲ့ခြင်းတွေမှာ သူသူ ကိုယ်ကိုယ် သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ … ။ Credit Unicode ထားခဲ့ခြင်း(သို့)ကျန်ခဲ့ခြင်းတွေမှာ သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ ခွဲမသွားသေးလည်း နောက်ဆုံးကျရင် […]

က်မၼာေရး ဗဟုသုတ

ခဏခဏ မေ့တက်တဲ့သူတွေအတွက် နည်းလမ်းကောင်းများ

ခဏခဏမေ့တက်တဲ့သူတွေကို ကြုံဖူးကြမယ်ထင်ပါတယ်။ စကာပြောနေရင်းနဲ့ ဘာပြောရမလဲဆိုတာကို မေ့သွားတာ၊ ဆိုင်ကယ်သော့ အိမ်သော့ထားတဲ့နေရာတွေ မေ့သွားတာ စသဖြင့် မေ့တက်တဲ့သူတွေရှိပါတယ်။ အသက်ကြီးသွားလို့ မှတ်ဉာဏ်မကောင်းတော့ခြင်းကလည်းကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဒီနေ့ မေ့တက်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေ အကြောင်းပြောပြပေးသွားမှာပါ။ ဦးနှောက်ကျန်းမာရေးအတွက် ထောက်အကူပြုတဲ့ အစားအစာတွေစားပေးပါ Source: Medical News Today ဘလူးဘယ်ရီသီးဟာဆိုရင် ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ်အလုပ်လုပ်နိုင်စွမ်း၊ ဦးနှောက်ကိုသွေးရောက်ရှိမှုနဲ့ ဉာဏ်စွမ်းအသုံးချနေချိန် ဦးနှောက်ရဲ့လှုပ်ရှားမှုတို့ကို ကောင်းစေပါတယ်။ ဒီလိုပဲ သစ်ကြားသီးဟာလည်း မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အချက်အလက်တုံ့ပြန်အသုံးချနိုင်တဲ့ မြန်နှုန်းတို့မှာ တိုးတက်ကောင်းမွန်စေပါတယ်။ ထောပတ်သီး၊ ချောကလက်၊ ကဖင်း စတာတွေလည်း စားလို့ရပါတယ်။ ဒါပေမယ့် ပြုပြင်စီမံထားတာတွေ၊ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီတွေနဲ့ အချိုများတာတွေကို ရှောင်ပါ။ အကျိုးပြုအဆီဓာတ် Omega-3 fatty acid ပါတဲ့အစားအသောက်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်ကို […]

ဗဟုသုတ

သောင်းကျန်းနေတဲ့ ကြွက်ကို အသိုက်ပြောင်းပြေးစေမယ့် နည်းလမ်းကောင်းလေး

ကြွက် ပြေးသော နည်းလေးကြွက်တွေက ပေါလိုက်တာ့ ပေါတာမှ စာအုပ်တွေကိုက် အဝတ်တွေကိုက်ညကျတော့ တစ်ဝုန်းဝုန်းနှင့် လိုက်တမ်းပြေးတမ်းကစားကြ ၊ကျိန်းမရအောင်ဖြစ့် တစ်ကောင်နှင့်တစ်ကောင်လှမ်းအော်ကြတစ်ခါ တလေများဆို ပြေးရင်းလွှားရင်းခြင်ထောင်အမိုးပေါ်ဒိုင်ဘင်ထိုးချ လွန်တာမှအတော်လွန့်အဲ့ဒါနှင့်ကလေးတွေက ထောင်ချောက်ထောင်မယ် လျှောက်တယ့်မလုပ်နှင့် ဆေးကျွေးမယ်ဆိုတယ့်လုံးဝမလုပ်နှင့်ပေါ့….အဲ့ဒါနှင့်တစ်နေ့ကျတော လက်မောင်းအောင့်လို့လင်ဇီးဒါဏ်ကြေဆေးလိမ်းတယ့် ပူလိုက်တာ့..အခိုးကလည်း မွှန်ပြီးမျက်ရည်ကျတယ့် လူတောင်အနံ့ခိုးရတာနှင့်မျက်ရည်ကျရတယ် ဟိုအကောင်တွေ(ကြွက်)ဆိုဘယ်လိုနေမလဲမသိသူတို့နှာခေါင်းကရှေရောက် နေ တာဆိုတော့ ပိုပြီးအနံ့ရမှာပဲဆိုပြီးစမ်းကြည့်မယ်ပေါ့ဆိုတော့ကျောင်းသားသုံးယောက်ခေါ် ကြွက်လာလမ်း လျှောက်လမ်းတွေ လင်ဇီးတွေ ထူထူသုတ်ပြီး အသာနေလိုက်တာ့ ည(၁၀)နာရီလောက်ကျတော့ သောင်းကျန်းဖို့လာနေကြ အချိန်အတိုင်း ကြွက်တစ်အုပ်ရောက်လာပါရော့ရှေ့ဆုံးကအကောင်က သုတ်ထားတဲ့လင်းဇီးနှင့်နဖူးတွေ့ဒူးတွေ့တွေ့ပြီးကြမ်း ပြင်ပေါ်ပြုတ်ကျ့…သူ့ပါးစပ်က အော်ချင်တာအော်ပြီး ထွက်ပြေးအဲ့ဒီလိုနှင့်နှစ်ကောင်သုံးကောင်လောက်ဖြစ်ရော နောက်ကကြွက်တစ်အုပ်ရှေ့ဆက်မတက်ပဲ အသိုက်ပါပြောင်းတယ်ထင်ပါရဲ့…ခုဆိုကြွက်တွေလာမသောင်းကျန်းတာသုံးရက်ရှိပြီ…..ကျေးဇူးပါလင်ဇီးရေ့ သူ့အသက်မသေပဲ စိတ်ချမ်းသာစွာအိပ်စက်နိုက်တာ။ ခရစ်ဒစ် မူရင်းရေးသားသူ Zawgyi Version ကြွက် ပြေးသော နည်းလေးကြွက်တွေက ပေါလိုက်တာ့ ပေါတာမှ စာအုပ်တွေကိုက် အဝတ်တွေကိုက်ညကျတော့ တစ်ဝုန်းဝုန်းနှင့် လိုက်တမ်းပြေးတမ်းကစားကြ […]

အသိပညာ

သင့်ရဲ့အပြုအမူတိုင်းက သင့်ဆီကိုသာ ပြန်လာမှာပါ

ကျောင်းအားလပ်ရက်တစ်ရက်မှာ သားအဖနှစ်ယောက် တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာခဲ့ပါတယ်။ တောင်ကုန်းလေးတစ်ခုပေါ်ကို အရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ်တိုက်မိပြီး ချော်လဲသွားပါတယ်။ နာကျင်တဲ့အတွက် ” အား” လို့အော်လိုက်ရာ အံဩသင့်စရာပဲ တစ်ဘက်ကနေ “အား”လို့ ပြန်အော်သံကို သဲသဲကွဲကွဲပြန်ကြားလိုက်ပါတယ်။ ကောင်လေးက အနည်းငယ်လန့်သွားပြီး ” ဘယ်သူရှိလဲ” လို့ထပ်အော်ပါတယ်။ ” ဘယ်သူရှိလဲ”လို့ ပြန်ကြားရတဲ့အတွက် “ဘယ်သူလာစနေတာလဲကွ”လို့ထပ်အော်ကြည့်တော့ “ဘယ်သူလာစနေတာလဲကွ”လို့ပြန်ကြားရတဲ့အတွက်ကောင်လေး ဒေါသထွက်လာပါတယ်။ အဲဒီနောက် အဖေဖြစ်သူကို ” အဖေ ဒါဘယ်လိုဖြစ်တာလဲ။ဘယ်သူလာစနေတာလဲမသိဘူး” လို့မေးတော့ အဖေဖြစ်သူက ” သား…ဒီမှာနားထောင်ကြည့်” လို့ဆိုပြီး “မင်းအရမ်းတော်တာပဲ” လို့အော်လိုက်တဲ့အခါ တစ်ဖက်က “မင်းအရမ်းတော်တာပဲ”လို့ အသံထွက်ပေါ်လာပါတယ်။ တစ်ဖန်” ကျေးဇူးများကြီးတင်ပါတယ်”လို့ ထပ်အော်ရာ “ကျေးဇူးများကြီးတင်ပါတယ်”လို့ အသံကိုပြန်ကြားရပါတယ်။ ထပ်မံပြီး ” မင်းကအရူးပဲ “လို့အော်ရာ […]