အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးက တကယ်ရှိပါတယ်။ ငါဒီအချိန်ကြီးကိုရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ “ခိုင်မာတဲ့ဆုံးဖြတ်ချက်” ရယ်၊ ဘာအခက်အခဲပဲရှိရှိတကယ်ကိုကြိုးစားမယ်ဆိုတဲ့ “သတ္တိ” ရယ်ရှိရင်ရပြီ။ ကြိုးစားနေတဲ့အချိန်မှာ “သူပြန်မလာခဲ့ရင်တို့၊ သူပြန်လာပါ့မလား” တို့ဆိုတဲ့အတွေးတွေထက် “ငါဘယ်လိုနေရင်ပိုအဆင်ပြေလာမလဲ” ဆိုတဲ့အတွေးတွေကိုပိုပြီးတွေးကြည့်ပါ။ လူတစ်ယောက်ကိုမေ့ဖို့က ချက်ချင်းကြီးဝုန်းခနဲ ဒိုင်းခနဲမမေ့သွားဘူး။ သူ့ကိုကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာရယ်၊ အချိန်ဘယ်လောက်ကြာကြာချစ်ခဲ့ရလဲဆိုတာရယ် ပေါ်မှာမူတည်ပြီး healing လုပ်ရတဲ့အချိန်ကွာသွားတာတော့ရှိမှာပေါ့။ အဲ့လိုကြိုးစားနေတဲ့အချိန်တွေအတွင်းမှာ ခဏခဏအနှောင့်အယှက်ပေါ်လာလိမ့်မယ်။ ဥပမာ – တစ်လလောက်၊ နှစ်လလောက်အဆက်အသွယ်မလုပ်ဘဲအဆင်ပြေနေရာကနေ ဖုန်းထဆက်ချင်လာတာတို့၊ သူ့အကောင့်ကိုဝင်ကြည့်မိတာတို့၊ သူရည်းစားရတာပဲဖြစ်ဖြစ်၊ တခြားလူတွေနဲ့ပျော်နေတဲ့သတင်းတွေကြားရတာတို့လိုမျိုးပေါ့။ အဲ့လိုတွေဖြစ်လာခဲ့ရင် စိတ်ကိုလျှော့မချပစ်လိုက်နဲ့။ အပေါ်မှာပြောခဲ့သလိုပဲ…သတ္တိရှိရှိနဲ့ ဆက်အားတင်းပြီးရအောင်ကျော်ဖြတ်ရင် တစ်နေ့ထက်တစ်နေ့ပိုအဆင်ပြေလာလိမ့်မယ်ဆိုတာကိုယုံကြည်ပေးပါ။ အမလည်းတစ်ချိန်က အဲ့ဒီအသည်းကွဲတယ်ဆိုတဲ့ကာလကြီးကို ကျော်ဖြတ်ခဲ့ဖူးလို့ အမပြောတဲ့စကားကိုယုံပါ…”တစ်နေ့နေ့မှာတော့…တကယ် အဆင်ပြေသွားမှာပါ” ❤ #Met
Month: April 2021
ချစ်ခြင်းတရားခိုင်မြဲဖို့နဲ့ ကိုယ်ချစ်တဲ့သူကို ထာဝရ ပိုင်ဆိုင်ခြင်တယ်ဆိုခဲ့ရင်
ပါးနပ်သော ချစ်ခြင်းတရား ကျွန်မ လိုချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ” ဟောဒီ လက်မောင်းကို တွဲခိုပါ ” ဆိုတာမျိုး မလိုဘူးကျွန်မ မောပန်းလာရင် ပခုံးလေးကိုမှီထားခွင့် လေးဘဲပေးပါ … ” ကိုယ့် ကျောကိုတက်နင်းပြီး ဒီလမ်းကိုသွားပါ ” ဆိုတာမျိုးမလိုချင်ဘူး ကျွန်မလျှောက်နေတဲ့ ခြေလှမ်း ယိမ်းယိုင်သွားတဲ့အခိုက်တန့် ဘေးကလှမ်းထိန်းပေးရုံလေး ထိန်းပေးပါ ……… ” ချစ်ကြိုက်ရင်ကိုယ်လည်း ကြိုက်တယ် ချစ်သဘော ” ဆိုတဲ့အခွင့်ရေး မပေးပါနဲ့ ကျွန်မရွေးချယ် ထားတဲ့အရာတွေကိုကြိုက်၏ မကြိုက်၏ ပွင့်လင်းစွာ ပြောပြ ပေးပါ … ” မင်းက အရင်အတိုင်း အကျင့်ကိုမပြင်ဘူး ” ဆိုတဲ့ စကားနဲ့အတိတ်ကို လာမဖော်ပါနဲ့ ကျွန်မဖက်က မှားနေတယ်ဆိုရင်နောက်တကြိမ် ထပ်မမှားဖို့ အမှားတွေကို ထောက်ပြပေးပါ … […]
မိန်းကလေးများ အထူး ဖတ်သင့်တဲ့ သံပုရာသီး အစွမ်းအံ့မခန်း
မိန်းကလေးများ အထူး ဖတ်သင့်တဲ့ သံပုရာသီး အစွမ်းအံ့မခန်း *ခံတွင်း ကျန်းမာရေး* သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။ *နှုတ်ခမ်းကွဲခြင်း* မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။ *ဆံပင်ကျွတ်ခြင်း* အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။ *ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်* ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ […]
သင့်ချစ်သူကောင်လေးဟာ သင်ထင်တာထက်ပိုပြီး နက်ရှိုင်းစွာချစ်မိနေမှန်း သိနိုင်မယ့်လက္ခဏာ (၅) မျိုး..
သင့်ကောင်လေးဟာ သင်ထင်တာထက်ပိုပြီး နက်ရှိုင်းစွာချစ်မိနေမှန်း သိနိုင်မယ့်လက္ခဏာ (၅) မျိုး.. ယောက်ျားလေးတွေဟာ သူတို့ရဲ့ခံစားချက်တွေကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြလေ့မရှိကြပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုတိုင်းမှာ သူတို့ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေတတ်ပါတယ်။ တစ်ခါတလေ သင့်ကောင်လေးက သင့်ကို စကားချိုချိုတွေ၊ စကားလုံးလှလှလေးတွေ မပြောလို့ သင့်ကိုမချစ်ဘူးလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ခုဖော်ပြပေးမယ့် အချက်လေးတွေကို လုပ်ပေးခဲ့တယ်ဆိုရင် သင်ထင်ထားတာထက်ကို သင့်ကိုပိုပြီး နက်ရှိုင်းစွာချစ်နေတဲ့သူဆိုတာ သေချာပါတယ်။ (၁) သူ့ရဲ့အပြုအမူလေးတွေက ဖော်ပြနေမယ် သင့်ကို ငေးကြည့်နေတာမျိုး၊ ဆံပင်လေးကို သပ်ပေးတာမျိုးလေးတွေ၊ ရေဘူးအဖုံးကို အလိုက်တသိ ဖွင်ပေ့းတာမျိုး၊ ပူတဲ့အချိန် ယပ်ခပ်ပေးတာမျိုးလေးတွေက သင့်ကိုသူ တကယ်မြတ်နိုးတယ် ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူလေးတွေပါ။ တစ်ခါတလေ အမှတ်မထင် ပွေ့ဖက်လိုက်တာမျိုးလေးတွေ၊ ကလေးတစ်ယောက်လို သင့်ကို […]
ဘဝအတွက် ရည်ရွယ်ထားသူနဲ့တွေ့ရင် ဒါတွေမေးကြည့်ပါ
ဘဝအတွက် ရည်ရွယ်ထားသူနဲ့တွေ့ရင် ဒါတွေမေးကြည့်ပါ ချစ်တို့ရေ ဘဝအတွက် လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း၅ ခုမေးကြည့်ပါဦးနော်။ သမီးရည်းစားထားတဲ့အခါ ဘဝအတွက်ရည်ရွယ်ချက် ပြီးတော့ပဲ ရည်းစားဖြစ်တာချည်းပါပဲ။ဒါပေမယ့် လည်းတစ်ခါတလေရည်းစားအဆင့်နဲ့ဘဝဟာအဆုံးသတ်လိုက် ပြီး ဘဝလက်တွဲမယ့်ဆိုတဲ့အဆင့်ကိုမရောက်တာတွေရှိတယ့်နော် အဲဒီလိုမဟုတ်ပဲ ကိုယ့်ရင်ထဲစိတ်ထဲမှာ တကယ့်ကို လက်တွဲချင်စိတ် လက်ထပ်ချင်စိတ် ဖြစ်မိတဲ့သူလည်းရှိမှာပါ အဲဒီလို စိတ်ခံစားချက်တွေရှိနေတဲ့သူနဲ့တွေ့ရင်တော့ မေးကြည့်ရမှာတွေရှိပါတယ့် ကိုယ့်ကိုယ့်ကို မေးရမှာတွေ့ရှိသလို သူကိုလည်းမေးပါ။ သူနဲ့ဆိုရင် စိတ်ချမ်းသာမှာသေချာလား ကိုယ့်ချစ်သူနဲ့အတူနေရင်တော့စိတ်ချမ်သာမှာပေါ့လို့ ပြောမှာသေချာပါတယ်။ ကိုယ့်ချစ်သူအနေနဲ့ မဟုတ်ဘဲ လက်တွဲဖော် အဖြစ်စဉ်းစားရမှာပါ။ သူနဲ့တသက်လုံး စိတ်ချမ်းသာမှာလား တွေးပါ။ သူရဲ့အမူအကျင့်တွေက ကိုယ့်ကို တကယ်ပျော်ရွှင်စေနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုမေးပါ။ ကိုယ်ကရော တသက်လုံးပျော်မလားတွေးပါ။ ခွင့်လွှတ်နိုင်လား အိမ်ထောင်ပြုတယ်ဆိုတာချစ်သူဘဝနဲ့ အများကြီးခြားနားတယ်ဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်သူရဲ့အပြုအမူအကျင့်တွေကို အကုန်လုံး သေချာသိပြီလား ဒါတွေကိုရောခွင်လွတ်နိုင်လားဆိုတာပါတွေးပါ သေးသေးမွှားမွှားလေးကအစပေါ့။ ချစ်သူဘဝမို့ အဆင်ပြေအောင် […]
အားလုံးစောင့်မျှော်နေကြတဲ့ ခုနှစ်ရက်သားသမီးများအတွက် 2021 ဧပြီ(၁)လစာအထူးဟောစာတမ်းကြီး
ခုနှစ်ရက်သားသမီးများအတွက် ခရစ်နှစ် 2021 April – ဧပြီ(၁)လစာအထူးဟောစာတမ်းကြီး အားလုံးစောင့်မျှော်နေကြတဲ့ ခရစ်နှစ် ၂၀၂၁ April ခုနှစ်ရက်သားသမီးများ (၇)နံ မွေးဖွားသူများ အတွက် ဆရာဘုန်းမြတ်နိုင်ကိုယ်တိုင်တွက်ချက်ပြီး စုစည်းတင်ပြရေးထားပါသည်။ ခရစ်နှစ် ၂၀၂၁(၁)လစာဟောစာတမ်း လာမည့် လ မှ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်ပြီး အများဖတ်ရှုနိုင်အောင်လည်း Shareပေးကြပါ။ တနင်္ဂနွေ သား /သ္မီးများအတွက် ဤလအတွင်းမှာတော့စထားပြီး ပြီးဆုံးအောင်မလုပ်ဖြစ်သေးတဲ့ကိစ္စတွေကို ဒီနေ့မှာပြန်လည်လုပ်ကိုင်ကြည့် လိုက်ပါ။ သေချာ ပေါက်အဆင်ပြေတတ်ပါတယ်။ စက်ကားများဝယ်မယ်ဆိုရင်လဲ ဒီနေ့ရက်တွေမှာဝယ်လို့အလွန်ပဲ ကောင်း နေတတ် ပါတယ်။ သူတစ်ပါးတွေရဲ့ပြဿနာများ အခက်အခဲများကို မိမိက အကြံပေးလိုက်တာနဲ့ အဆင်ပြေ သွားတတ်ပါတယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ မောင်နှမသားချင်းများအတွက် ဆုံးဖြတ်ရခက်တဲ့ သို့လောသို့လော အခြေအနေ မျိုး တွေ လည်း ကြုံတွေ့ရတတ်ပါတယ်။ […]
နှှင်းဆီပန်းတွေ ထွားထွားကြီး ပွင့်စေဖို့ ဆားကို ဒီလိုသုံးပါ
နှှင်းဆီပန်းတွေ ထွားထွားကြီး ပွင့်စေဖို့ ဆားကို ဒီလိုသုံးပါ ဆား ခါးကိို နှင်းဆီပန်းစိုက်ပျိုးသူတွေက လွန်ခဲ့တဲ့နှစ်ရှည်ကာလတွေထဲက အသုံးပြုခဲ့ကြပါတယ်။ ဆားခါးမှာ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓာတ်တွေပါဝင်ပါတယ်။ ဆားခါးဟာ နှင်းဆီီပင်တွေကို အပွင့်ကြီးကြီးတွေ ပွင့်စေဖို့ ကူညီရုံမျှမက အပင် ခြေကနေ ပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်း အထောက်အကူပေးပါတယ်။ ဒါ့အပြင်် အရွက်တွေ ပိုမိိုရင့် မှောင်စေဖို့ အတွက် ကလိုရိုဖီးလ်ကိုလည်း တိုးမြှင့်ထုတ်လုပ်ပေးပါတယ်။ သီးနှံစိုက်ပျိုးရေးမှာ ဆားခါးကို အသုံးပြုခြင်းအားဖြင့် မျိုးစေ့တွေကို အညှောင့်ပေါက်ကောင်းမွန်စေခြင်း၊ အပင်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ် စုပ်ယူမှုတိုးမြှင့်စေခြင်း၊ အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေးခြင်း၊ အရွက်များကို ပိုမိုစိမ်းစေခြင်း၊ ပိုးမွှား ကျရောက်ဖျက်ဆီးမှုကို ဟန့်တားပေးခြင်း၊ အသီးအရသာကို ပိုမိုကောင်းမွန်စေခြင်း၊ အပင်ကြီးထွားမှု မြန်ဆန် စေခြင်း […]
တစ်ခါလောက်တော့ သတိရပေးပါ
တစ်ခါလောက်တော့ သတိရပေးပါ ဘယ်လောက်ပဲနာကျင်ရနာကျင်ရ ရပ်နေမိတဲ့ လူကို တစ်ချက်လောက်ဖြစ်ဖြစ် ပြန်ငဲ့ကြည့်ပေးဖို့သတိရပါ သေလောက်အောင် နာကျင်ရရင်တောင် တစ်ခါလောက် ပြုံးစေရုံနဲ့တင် နောက်ထပ် ဆက်ပြီးရပ်နေဖို့ အားအင်တွေရှိလာတတ်တယ်လေ မျက်ရည်တွေကျစေတဲ့ ရက်တွေမှာတောင် အတူတူပျော်ဖူးတဲ့ရက်တွေကို ပိုပြီးမှတ်မိနေတတ်တဲ့ သူတစ်ယောက်ဆိုတာမှန်း ကိုယ့်ကို နားလည်မယ်ဆိုရင် အများကြီးလေ့လာစရာမလိုပဲ သိတတ်မယ်ထင်ပါတယ် ဒီလို လူတစ်ယောက်ကို တစ်ချက်လေေးဖြစ်ဖြစ် ငဲ့ကြည့်ဖို့ သတိရပေးပါ ။ ဖုန်းတွေဆက်မယ်အထင်နဲ့ မျှော်နေတတ်တဲ့ အကျင့်လေးကလဲ ဖျောက်ဖို့ခက်ပါတယ် ဖုန်းတွေစမဆက်ဖြစ်ခဲ့တာကလဲ အနှောင့်အယှက်ဖြစ်မှာကြောက်ရုံသက်သက်ပါ အလုပ်အားတဲ့အခါ ဒါမှမဟုတ် သတိတရရှိတဲ့အခါ ဖုန်းဆက်ဖို့ သတိရပါ တစ်ခါတစ်လေကျတော့လဲ ကိုယ်လဲ သတိရဖို့ထိုက်တန်ချင်ပါတယ် ဒါမှမဟုတ် ကိုယ့်အတွက် အမြဲတမ်းမဟုတ်တောင် လိုအပ်နေတဲ့အချိန်လေးမှာ ရှိနေပေးဖို့ မျှော်လင့်ပါတယ် အရင်ကလို ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆိုတဲ့ ဆုတွေ မတောင်းတော့ဘူး ထို့အတူ […]
သင့်ကျန်းမာရေး ကောင်းမွန်အောင် အိမ်မှာ ဒီပန်းပင် (၆) မျိုး ကို စိုက်ပါ
သင့်ကျန်းမာရေးအတွက် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ ကျွန်တော်တို့အိမ်မှာ ရှိတက်တဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေပါပဲ အိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေရှိပါတယ်။ အိမ်ထဲမှာ စိုက်ထားလို့ရတဲ့အပင်တွေကအိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပ္စည်းတွေကို (၉၀) ရာခိုင်နှုန်းလောက် စုပ်ယူပစ်နိုင်ပါတယ်။ အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက အိမ်ကို အလှဆင်ပေးသလို ကျွန်တော်တို့ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။ အိမ်အတွင်းထဲမှာ ဘယ်လိုပန်းပင်တွေကို စိုက်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်… စံပယ်ပင် စံပယ်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ် နဂါးစက်ဂမုန်းပင် နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါတယ်။ အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို နဂါးစက်ပင်က […]
ဒီလိုအကြောင်းအရာတွေကို သူနဲ့တိုင်ပင်နေရပြီဆိုရင် ထာဝရလက်တွဲဖော်တွေ ဖြစ်နေပါပြီ
ဒီလူတစ်ယောက်ဟာ ကိုယ့်အနာဂတ်အတွက် အရေးပါတဲ့လူလား၊ ဆွဲသွားသင့်သလားဆိုတာကို သူနဲ့ကိုယ်ရဲ့ ပြောစကားတွေကနေတစ်ဆင့် စမ်းစစ်လို့ရတယ်ဆိုတာ သင်သိပါသလား။ အကယ်၍ သင်ဟာ ဒီစကားတွေကို သူနဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပြောလို့ရနေပြီဆိုရင်တော့ ဒီလူကို လက်လွှတ်မဆုံးရှုံးလိုက်ပါနဲ့တော့။ (၁) သင့်ရဲ့ သိမ်ငယ်ရတဲ့အကြောင်းအရာတွေ လူတိုင်းမှာ ကိုယ့်ကိုယ်ကို လုံးဝယုံကြည်မှုမရှိဘဲနဲ့ သိမ်ငယ်ရတဲ့အကြောင်းတွေ အများကြီးရှိမှာပါပဲ။ ကိုယ့်ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပတ်သက်လို့၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အကျင့်စရိုက်စတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီတော့ အလိုမကျဘဲ သိမ်ငယ်တာမျိုးတွေကို အဲဒီလူရှေ့မှာ အရှိကိုအရှိအတိုင်း ထုတ်ပြနိုင်ပြီး စကားပြောနိုင်တယ်ဆိုရင် သူဟာ တော်ရုံသင့်ကို တန်ဖိုးထားတဲ့လူတော့မဟုတ်တော့ပါဘူး။ (၂) သင့်ရဲ့ ခံစားချက်တွေ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ငါသူ့အပေါ်ထားတဲ့ ခံစားချက်တွေကို အရှိအရှိအတိုင်း ပြောပြပြီး ထုတ်ချစ်ပြလိုက်ရင် တန်ဖိုးမဲ့သွားပြီးတော့ ငါ့ကိုများအနိုင်ကျင့်တော့မှာလားဆိုတာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ […]









