သင့်အိမ်မှာ ခြင်တွေ အရမ်းပေါနေလာ.? ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ် သင့်အိမ်မှာ ခြင်တွေ အရမ်းပေါနေလာ ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်ခြင်မကိုက်ရအောင် ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် (၁) ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအင်းဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ မဟုတ်ပါဘူး (၂) ပန်းသီးရှာလကာ ပန်းသီးရှာလကာရည်ကို ချဉ်တာမကြိုက်လျှင် ပျားရည်အနည်းငယ်ရောပြီး ရေတစ်ဖန်ခွက်နှင့် ဖျော်သောက်လိုက်ရင် သင်သတိမထားမိခင်မှာ သင့်ခန္ဓာကိုယ်ကနေ အဲ့ဒီ့အနံ့ထွက်လာမှာပါ။ သင်ကတော့ အဲ့ဒီ့အနံ့ကိုရမှာမဟုတ်ပေမယ့် ခြင်တွေကတော့ အနံ့ရတဲ့အတွက် သင့်ကိုကိုက်တော့မှာ […]
Month: April 2021
သဘာဝနည်းနဲ့ ဆားဝက်ခြံ ကင်းဝေးစေမယ့်နည်းလေးတွေပါနော်…
ဒီဆောင်းပါးလေးမှာတော့ ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ သဘာဝနည်းလမ်း လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ မုန်လာဥနီကိုအနှစ်ဖြစ်အောင်ကျိတ်ပြီးမျက်နှာမှာလူးပါ။ဆားဝက်ခြံတွေသိသိသာသာ ပျောက်ကင်းသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ လိမ္မော်သီးအခွံကို ကျိတ်ပြီး ရေနဲ့ပျစ်ပျစ်လေး ရောမွှေ ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းပြီး တစ်ည ထားလိုက်ပါ။ ပျောက်ကင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပူဒီနာရွက် အရည်နဲ့ နနွင်းမှုန်ကို ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ မိနစ် ၃ဝ လောက် ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဆားဝက်ခြံရှိတဲ့ နေရာမှာ သွားတိုက်ဆေး သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခွာချလိုက်ရင်လည်း ဆားဝက်ခြံတွေ ပျောက်ကင်း သွားမှာဖြစ်ပါတယ်။ ရှားဇောင်းလက်ပတ် အစေးကလည်း ဆားဝက်ခြံကို သက်သာစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အသားအရေကို […]
ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား ….မသိရင် ပြောပြမယ်
ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား ….မသိရင် ပြောပြမယ် Fb ပေါ်မှာ tag လိုက် ၊ ပုံတင်လိုက် ၊ comments တွေမှာ ပလူပျံလိုက်နဲ့ တအားချစ်ပြတတ်တဲ့ ယောကျ်ားလေးတော်တော်များများက အဲ့ဒီကောင်မလေးကို တကယ်လက်ထပ်ယူတာ ရှားတယ်။ (မရှိဘူးမပြောဘူးနော်.. ရှားတယ် ပြောတာ.. ဟုတ်ရင်နာပေါ့. ကိုယ်က အဲ့သလို မဟုတ်ဘူးဆိုရင် ဆက်ဖတ်)ကိုယ်တိုင်လည်း cmt ရေးမှ ၊ အသဲပေးမှ ချစ်တယ်လို့ ထင်ခဲ့တာ ။ အဲ့လိုလုပ်ပေးတဲ့သူကို ရွေးဖူးတယ် ။ သူက ကိုယ့်ကို တကယ်ချစ်တာပဲပေါ့ ။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ အသစ်ရသွားတယ်။ ကိုယ့်အသိ ကောင်မလေးဆိုရင် သူ့လူကြီးက cmt မရေးဘူး ။ ဘယ်တော့မှ သူ့ […]
တန်ဖိုးထားပုံချင်း ကွာတယ်လေ
တန်ဖိုးထားပုံချင်း ကွာတယ်လေ သူက မအားလို့ပါဆိုပြီး ဖုန်းမခေါ်တဲ့အချိန် ကိုယ်ကတော့ မအားတဲ့ကြားက ဖုန်းခေါ်ခဲ့တာလေး သွားပြီးသတိရမိတယ် တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပုံချင်းကွာတယ် သူက စိတ်ညစ်နေလို့ပါဆိုပြီး ကိုယ်နဲ့စကားမပြောတဲ့အချိန်တွေမှာ ကိုယ်က စိတ်ညစ်နေတဲ့ကြားက သူ့အသံကြားရင် ပြုံးသွားတတ်တာကို သတိရတယ် ဘယ်လောက်ပဲ အဆင်မပြေဖြစ်လာဖြစ်လာ ဘယ်အရာကြောင့်ပဲ နာကျင်ရနာကျင်ရ ကိုယ်က သူ့ဘေးနားရောက်တဲ့အခါ အရာအားလုံးကို မေ့ထားနိုင်တဲ့အထိ သူ့ကို ချစ်ခဲ့မိတာလေ သူကတော့ တစ်ခုခုအဆင်မပြေဖြစ်တာနဲ့ပဲ ကျွန်မကို ပစ်ထားဖို့ပဲတွေးတော့တယ် တစ်ယောက်တည်းနေရုံနဲ့ အဆင်ပြေသွားတယ်ထင်ပါတယ် ကိုယ့်စိတ်နဲ့သာဆို ကိုယ်အဆင်မပြေတဲ့အချိန် သူ့ကို ပိုပြီးလွမ်းဖြစ်မှာ သောကတွေအကြောင်းရင်ဖွင့်ပြတာမျိုးမဟုတ်ပဲ သူ့ငါ့အနားမှာရှိနေသေးပါလားဆိုတဲ့အသိနဲ့ ကျွန်မ အားတင်းထားချင်တာပါ … ဒါပေမယ့် ကွာတယ်လေ အဲ့ဒီနေ့နဲနဲလေးနောက်ကျတဲ့နေ့ပေါ့ … ကိုယ့်ကို မစောင့်ပဲ သူအိပ်သွားတာကို ကြည့်ပြီး သူ့ကိုစောင့်ရင်း ကိုယ်အိပ်မပျော်ခဲ့တဲ့ညတွေကို သွားပြီး […]
လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုထက် ပိုချစ်ခဲ့ဖူးတယ်
လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုထက် ပိုချစ်ခဲ့ဖူးတယ် သူအဆင်ပြေရဲ့လားလို့တွေးရင်း ကိုယ်အဆင်ပြေနေလားမေးဖို့မေ့နေတဲ့ရက်တွေမှ အများကြီးပါ သူအိပ်ပျော်ပါ့မလားတွေးရင်း ကိုယ် အိပ်မပျော်ခဲ့တာတွေလဲ အခါခါ … သူပြုံးနေတာမြင်ရရုံနဲ့ ကိုယ်မပိုင်ရလဲ ပျော်ပါတယ် တချို့ရက်တွေ အနှောင့်အယှက်တွေဖြစ်မှာစိုးလို့ တိတ်ဆိတ်ပေးလိုက်တယ် တကယ်လို့သူသာ ပျော်နေမယ်ဆိုရင် ဘယ်သူနဲ့မဆိုကြည်ဖြူပါတယ်ဆိုတဲ့အထိ ကိုယ့်မှာချစ်ခဲ့ဖူးတယ် ဒါပေမယ့် အဲ့အချစ်တွေက ဖြူပါတယ် ပိုင်ဆိုင်ရမှဆိုတဲ့ အတ္တတွေမပါခဲ့ဘူး မပိုင်ရလဲ ဖြစ်ပါတယ်ပေါ့ အဆင်မပြေဘူးဆိုတဲ့ အသံလေးကြားတဲ့အခါရောက်ရာအရပ်ပြေးတတ်လာခဲ့ဖူးတာလဲ ဒီနေ့ဒီအချိန်ထိပါပဲ ရပ်တန့်လိုက်တော့မယ်လို့ ဘယ်လောက်ပဲတွေးတွေး သူမပျော်တာမြင်ရတိုင်း ကိုယ်က ဂျိုကာဖြစ်ပါစေဆိုတဲ့ ဆုလေးတောင်းခဲ့ဖူးတယ်ထင်ပါတယ် အဲ့ဆုတောင်းတွေပြည့်တယ် မျှော်ကြည့်နေရင်းနဲ့ တစ်နေ့နေ့ကျရင် ဝေးရမယ်ဆိုတာမှန်းသိသိရဲ့လဲ တကယ်ကို အတည်ကြီးချစ်ခဲ့တာ ပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုထက်ပိုပြီးချစ်နေခဲ့မိတာ အချိန်တွေ ပိုနေမှမဟုတ်ပဲ သူလိုရင် မအားတဲ့ကြားက ပြေးလာချင်တဲ့ ခြေထောက်တွေ သူမပျော်ဘူးဆိုတာနဲ့ ကျတတ်တဲ့မျက်ရည်တွေ တစ်နေ့နေ့တော့ သိကောင်းပါရဲ့ […]
လူတစ်ယောက်ကို လိုတာထက် ပိုပြီး ချစ်မိသွားတဲ့အခါ
လူတစ်ယောက်ကို လိုတာထက် ပိုပြီး ချစ်မိသွားတဲ့အခါ သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး …။ လူတစ်ယောက်ကို လိုတာထက် ပိုပြီး သည်းခံမိတဲ့အခါ… သူတို့ မင်းကိုအလျော့ ပေးရကောင်းမှန်း မသိကြတော့ဘူး …။ လူတစ်ယောက်ကို လိုတာထက်ပိုပြီး မေတ္တာထားမိတဲ့ အခါ… သူတို့ မင်းကိုဂရုစိုက်ရ ကောင်းမှန်း မသိကြတော့ဘူး …။ လူတစ်ယောက်ကို လိုတာထက်ပိုပြီးသံယောဇဉ် ဖြစ်မိတဲ့အခါ… သူတို့ မင်းကိုအလေးထား ရကောင်းမှန်း မသိကြတော့ဘူး …။ တစ်ခါတစ်လေတော့လည်း ကိုယ်ကသာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ တစ်ချို့သောလူတွေက ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့ အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင် တုန့် ပြန်ကြတယ် …။ အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင်ခံစားရပြီး စိတ်တွေ ပူလောင်ရတယ် …။ ငါဘာတွေ မှားနေလို့လဲ […]
ယောက်ျားတစ်ယောက်ကို အရေပျော်ဝင်စေတဲ့ နည်းလမ်း (၇) ခု
ကိုယ့်လင်ယောက်ျားတွေကို ပြုစုအားပေးချင်တဲ့ မိန်းမတွေအတွက် ဒီမှာ ကျွန်တော် ကြိုက်တဲ့ အပြုအမူလေးတွေကို ရေးပြပါမယ်။ တစ်ယောက်ယောက်ကို ပြုစုအားပေးချင်ရင်တော့ အချိန်ပေးပြီး သူ့အကြောင်း လေ့လာရမှာပါ။ ကျွန်တော့်ကို ပျော်စေတဲ့ အရာ ၇ ခုကို နမူနာအနေနဲ့ ရေးပြပါမယ်။ ၁. ကိုယ့်ဘာသာ ဂရုစိုက်ပါ မိန်းမ တော်တော်များများဟာ လင်တွေ သားတွေကို ဂရုစိုက်ရလို့ ကိုယ့်ဘာသာ ဂရုစိုက်ဖို့ အချိန်မပေးနိုင်ကြပါဘူး။ ကိုယ့်ဘာသာကိုယ် အရင် ဂရုစိုက်တာဟာ တကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ လှပနေခြင်းနဲ့ သူများတွေကို လေးစားပေးတာပါ။ ၂. နင် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရင် ငါပိုချစ်တယ် လို့ ပြောခြင်း ယောက်ျားတစ်ယောက်အနေနဲ့ မလုပ်ချင်ဆုံး အရာဟာ ကျန်းမာရေးစစ်ဆေးရခြင်းပါ။ ဒါပေမယ့် ကျွန်တော့် မိန်းမက ကျွန်တော် […]
လှပတဲ့မနက်ခင်းမှာချစ်သူကောင်လေးဆီပို့နိုင်တဲ့ ကြည်နူးစရာမက်ဆေ့များ
လှပတဲ့မနက်ခင်းမှာချစ်သူကောင်လေးဆီပို့နိုင်တဲ့ ကြည်နူးစရာမက်ဆေ့များ ယောက်ျားလေးအများစုကသူတို့ကိုယ်တိုင်စာရိုက်ရတာပျင်းပေမယ့်ချစ်သူဆီကိုမက်ဆေ့တစ်နေ့တစ်စောင်အချိန်မှန်မှန်ပို့ချင်တဲ့ဆန္ဒမရှိကြပေမယ့်ချစ်သူပို့တဲ့ရင်ခုန်ကြည်နူးစရာမက်ဆေ့လေးကိုတော့သဘောကျတတ်ကြပါတယ်။ မက်ဆေ့ပို့ရတာဝါသနာပါတဲ့ ကောင်မလေးတွေရော၊ ကိုယ့်ချစ်သူကို မက်ဆေ့ပို့ချင်တဲ့ ကောင်မလေးတွေအတွက်ရောမနက်စောစော ပို့နိုင်မယ့် ကြည်နူးစရာမက်ဆေ့စာသားလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ပါစေ ချစ်သူ မနက်စောစောဒီလိုမက်ဆေ့ပို့လိုက်ခြင်းကသင့်ရဲ့တစ်နေ့တာရဲ့အစမှာသင့်စိတ်ထဲမှာသူရှိနေတယ်ဆိုတာသူသိသွားမှာပါ။ ဒီအချက်တွေကြောင့် နင့်ကိုချစ်နေရတာ လူတစ်ယောက်ကိုချစ်တဲ့အခါ အကြောင်းပြချက်မရှိဘူးဆိုတဲ့အချက်ဟာတကယ်တော့မမှန်ကန်ပါဘူး။ သူ့ကိုမြင်လိုက်တာနဲ့ မပြောပြတတ်တဲ့ခံစားမှုကြောင့်သူ့ကိုချစ်မိသွားတယ်ဆိုကတည်းကသူနဲ့ကိုယ်ကြားမှာဆက်သွယ်မှုတစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းပြချက်ရှိနေလို့ပါပဲ။ဒါကြောင့်မနက်စောစောကိုယ့်ရဲ့ချစ်သူကောင်လေးဆီကိုမက်ဆေ့ပို့မယ်ဆိုရင်နင့်ရဲ့အပြုံး၊နင့်ရဲ့ကြင်နာမှု၊နင့်ရဲ့ရယ်မောသံတွေကြောင့်နင့်ကိုချစ်နေရတာစသဖြင့်ကိုယ်သူ့အပေါ်နှစ်သက်တဲ့အချက်လေးတွေကိုထည့်ပြီး မက်ဆေ့ပို့နိုင်ပါတယ်။ ဒါဆိုရင် သေချာပေါက်သူပြုံးမိမှာပါ။သူ့ရဲ့မနက်ခင်းကို အပြုံးတွေနဲ့ စတင်စေပြီပေါ့။ ငါ့နင့်ကို သိစေချင်တယ် တခါတလေမှာ ယောက်ျားလေးတွေကချစ်သူရဲ့ ဂရုစိုက်မှုလေးတွေကိုပါးစပ်က ဖွင့်ဟမပြောပေမယ့်လည်း လိုချင်မိကြပါတယ်။ သင့်အနေနဲ့မနက်စောစောမက်ဆေ့ပို့တဲ့အခါ နင်ဘယ်လိုဝတ်ရင် နင်နဲ့ပိုလိုက်တယ်ဆိုတာမျိုး၊ နင့်ကိုဘယ်အချိန်တွေ့ရမလဲဆိုပြီးငါစောင့်နေမိတယ်ဆိုတာမျိုးစသဖြင့်သင့်အနေနဲ့သူ့ကိုလိုလိုလားလားရှိတယ်ဆိုတာသိသာစေတဲ့အချက်လေးတွေရေးပို့နိုင်ပါတယ်။ သေချာပေါက် သူ့ရဲ့မနက်ခင်းတွေလှပသွားမှာပါ။ နင်ဘယ်လိုနေရင် ငါ့ကိုပြုံးမိစေတယ် ယောက်ကျားလေးတွေက ကိုယ့်ချစ်သူပြုံးပျော်နေတာကို မြင်ချင်ကြပါတယ်။ကိုယ့်ချစ်သူပြုံးပျော်အောင် လုပ်နိုင်ရင်လည်း ဂုဏ်ယူတတ်ကြပါတယ်။ ဒါကြောင့်နင်ဘယ်လိုနေရင်ငါ့ကိုပြုံးမိစေတယ်ဆိုပြီးသူကိုယ့်ကိုယ်ပြုံးလာအောင်လုပ်တတ်တဲ့အပြုအမူလေးတွေအချက်လေးတွေထည့်ရေးပြီး ပို့နိုင်ပါတယ်။ ဥပမာ သင့်ကို ချစ်စနိုးနဲ့ ဘယ်လိုနာမည်လေးခေါ်ရင် သင်သဘောကျမိတယ်ဆိုတဲ့အကြောင်းလေးပေါ့။ နင့်ကိုအသိအမှတ်ပြုတယ် ကိုယ့်ချစ်သူရဲ့ချီးမွှမ်းတာခံချင်ကြတာကလည်း ယောက်ျားလေးတွေ မိန်းကလေးတွေဆီက […]
ထောပတ်စေ့ ရှိရင် စမ်းကြည့်နော်…
ထောပတ်စေ့ ရှိရင် စမ်းကြည့်နော် မျက်နှာမှာရှိတဲ့ ဝက်ခြံအဆီအဖုတွေ ပျောက်စေမယ့်ကိုယ်တိုင်သုံးနေတဲ့ ထောပတ်စေ့ ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်နော်။မနေ့ က ကိုယ့်အကိုတစ်ယောက်နဲ့ video callပြောရင်း ဒီပို ့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့….. ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ။ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ။ ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bellaပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း၂ကြိမ်ရယ်ပါ။ ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာအဆင်ပြေလို့ပါ။ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ် ။ သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်း ညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ် ။ လူအများစုက […]
အမျိုးသမီးများ အိမ်ထောင်ဘက်ရွေးမိပြီဆိုရင် ကြောက်စရာကောင်းပြီး ရှောင်ရှားသင့်သော ယောက်ျားများ
အမျိုးသမီးများ အိမ်ထောင်ဘက်ရွေးမိပြီ ဆိုရင် ကြောက်စရာကောင်းသော ယောက်ျားများ ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက် ဆိုတဲ့ စကားပုံ ကြားဖူးပါတယ်။ အမျိုးသမီးများ ရည်းစားတစ်ထောင်ထားရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်းကို ကောင်းကောင်းမသိသေးခင်မှာ အချစ်ကို ယုံပြီး ဘဝကို မပုံအပ်သင့်ပါဘူး။ အချစ်ဦးဆိုတာ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းထဲမှာ အလွန်လှပသလောက် တကယ်ညားသွားရင် သာယာတာက နည်းပါတယ်။ ဘယ်လိုယောက်ျားမျိုးကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်သင့်ပါသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြပါဘူး။ ဒါပေမဲ့ အောက်ပါအကျင့်များငြိစွန်းနေတဲ့ ယောက်ျားများကိုတော့ အိမ်ထောင်ဘက်ရွေးခဲ့ရင် ရှောင်ရှားသင့်ပါတယ်။ ၁။ ကပ်စေးနှဲလွန်းတဲ့ ယောက်ျား အရပ်စကားနဲ့ နှပ်ချေးလို့လည်းခေါ်တာကြားဖူးပါတယ်။ ဒီလိုယောက်ျားမျိုးနဲ့ အတူတူ ဆိုင်မှာ တစ်ခုခုစားရင် ပိုက်ဆံပေးဖို့ လက်တွန့်တတ်တာကို တွေ့ရတတ်ပါတယ်။ သူဟာဘယ်လောက်ချမ်းသာတယ်။ ဘယ်လို Brand တွေကို ဝတ်ဆင်တယ် […]









