အခ်စ္ေရး

လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်…

လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်… (၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်တယ် …။ (၂) ဖုန်း Ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် …။(သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ဝမ်းနည်းသွားတယ် ) (၃) သူနဲ့စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်ပါတယ် …။ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ နဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် …။ (၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့ အတူတူသွားခဲ့ဖူးတဲ့ […]

အခ်စ္ေရး

သစ္စာရှိတဲ့ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ ခံစားနိုင်မယ့် ကံကောင်းခြင်း (၅) ခု

သစ္စာရှိတဲ့ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ ခံစားနိုင်မယ့် ကံကောင်းခြင်း (၅) ခု အချစ်ရေးတစ်ခုမှာ အရေးကြီးဆုံးအရာတစ်ခုကိုပြောပါဆိုရင် သစ္စာရှိခြင်းကလည်း မပါမဖြစ်ပါပဲနော်။ သစ္စာရှိခြင်းဆိုတာ လုပ်ယူလို့လည်း မရသလို၊ တောင့်တတိုင်းလည်း မရနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သစ္စာရှိတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတွေဟာ တကယ်ကိုကံကောင်းတဲ့သူတွေပါ။ သစ္စာရှိတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတွေမှ ခံစားနိုင်မယ့် ကံကောင်းခြင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ ဒီလိုချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ တကယ်ကိုကံကောင်းတဲ့သူပါ။ (၁) စိတ်ချလက်ချနေလို့ရတယ် သစ္စာရှိတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဟာ ပူပင်သောကတွေ နည်းပါတယ်။ ချစ်သူကို စိတ်ပူနေရတာ၊ တခြားမိန်းကလေးတွေနဲ့ စိတ်မချတာ၊ သဝန်တိုတာတွေ သိသိသာသာလျော့နည်းသွားမှာပါ။ ကိုယ်နဲ့ဝေးနေတဲ့အချိန်တွေမှာတောင် တခြားသာ စိတ်ပူရင်ပူရမယ်၊ ဖောက်ပြန်သွားမှာ ဘယ်တော့မှ မစိုးရိမ်ရတဲ့သူပါ။ စိတ္ခ်လက္ခ်ေနၿပီး ဘယ္အရာကိုမဆို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။ (၂) […]

အလွပေရးရာ

အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး

အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက တခြားသူတွေထက် အရေပြား မှာ အဆီထုတ်လုပ်မှု ပိုများတာကြောင့် အဆီကြိတ်၊ ဆားဝက်ခြံ၊ ဝက်ခြံနဲ့ တခြား အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရေးအကြောင်းတွေ လွယ်လွယ်နဲ့မဖြစ်တတ်ဘဲ အသက်ကြီးတဲ့အထိ အသားအရေတင်းရင်းနေနိုင်တာပါ။ အဆီပြန်တာက အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု များလွန်းတာကြောင့်ဖြစ်ပြီး ချွေးပေါက်ကျယယ်တွေကိုလည်းဖြစ်စေပါတယ်။ ဒီတော့ အဆီဂလင်းက အဆီထုတ်လုပ်မှုကို လျော့နည်းအောင် အဆီပြန်တာကို ပျောက်ကင်းအောင် လုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို ပျိုမေတို့ သိချင်ကြလိမ့်မယ်လို့ထင်ပါတယ်။ အခုပဲ ဖော်ပြပေးလိုက်ပြီမို့ ဖတ်ကြည့်ပြီး အခုပဲလုပ်လိုက်တော့နော်။ (၁) ကြက်ဥအကာ ကြက်ဥအကာမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေအတွက် အထောက်အကူအများကြီးဖြစ်ပြီး အဆီဂလင်းကနေ အဆီတွေအများကြီး မထုတ်လုပ်အောင် […]

အခ်စ္နွင့္ဘဝ

ချစ်ရသူနဲ့ တစ်ဘဝလုံး လက်တွဲဖို့အတွက် ကျော်ဖြတ်ရလေ့ရှိတဲ့ အခက်အခဲများ

လူတိုင်းနီးပါမှာ Relationship နဲပတ်သက်လို့ ပြဿနာတွေရှိတတ်ကြပါတယ်။ တခါတလေ လက်လျှော့ပြီး လမ်းခွဲလိုက်ဖို့က ပြသာနာတွေကိုဖြေရှင်းပြီး နားလည်မှုယူတာထက် အများကြီး ပိုလွယ်ပါတယ်။ တကယ်လို့ သင်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ ပြဿနာတွေ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်နေရပါမယ်။ ဒီနေ့ဆောင်းပါးမှာတော့ ချစ်ရတဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့အတွက် ကျော်ဖြတ်ရလေ့ရှိတဲ့ အခက်အခဲတွေကို ဖော်ပြပေးလိုက်ပါတယ်။ romantic couple in love happy on summer beach together having fun Photo : Freepik မိမိကိုလာပြီး ဝေဖန်အပြစ်တင်တာကို မည်သူမှမကြိုက်ကြပါဘူး။ ကိုယ်ချစ်တဲ့သူက လာပြောရင်ပိုဆိုးပါသေးတယ်။သင့်ရဲ့ပါတနာကို ဝေဖန်တာက သူတို့ဆီမှာတစုံတခု မှားယွင်းမှုရှိနေတယ်လို့ ဆိုလိုတာနဲ့တူပါတယ်။ “မင်းကအမြဲတမ်းပဲ” ဆိုတဲ့ စကားနဲ့ “မင်းကဘယ်တော့မှ” ဆိုတဲ့ စကားတွေနဲ့ အစပြုတဲ့ […]

အခ်စ္ေရး

အဆင်ပြေပါတယ်လို့ပဲ ညာပါ

  ရေနစ်သူကို လက်ကူပေးတဲ့ခေတ်က ကုန်သွားပြီ ရေနစ်တဲ့သူကို ဝါးကူထိုးဖို့ စောင့်နေကြတာချည်းပါပဲ အမှားတွေ ရှိလာတဲ့အခါ အမှန်ပြင်ပေးဖို့ ဘယ်သူမှ စိတ်ကူးမရှိတော့ဘူး အဲ့ဒီအမှားအပေါ်မှာပဲ ထပ်ထပ်ပြီး အပြစ်တွေ ရှာလိမ့်မယ် မြေနှိမ့်ရာ လှံစိုက်တာထက် ပိုဆိုးတဲ့ အဖြစ်တွေပေါ့ နိမ့်ကျနေတဲ့အခါ ဆက်ပြီး ချနင်းသွားမှာပဲ ဘယ်သူကမှ လက်ကမ်းပြီး ဆွဲတင်မနေတော့ဘူး သည်းခံရင် အနိုင်ပဲ ယူချင်ကြတာ ဘယ်သူမှ ကိုယ့်ဘက်သူ့ဘက်ဆိုပြီး စာနာနားလည်ကြတာမဟုတ်ဘူး အသူခံ လည်သူစားတဲ့ ခေတ်လေ ကိုယ်က ရိုးသားချင်သလောက် ကိုယ့်အပေါ် အသုံးချမယ့်လူတွေပဲ များတယ် ကိုယ့်ထက် နဲနဲလေးသာသွားရင် မနာလို တိုက်ခိုက်မယ် အမြင့်လေးရောက်သွားတဲ့အခါ ဂဲနဲ့ပေါက်တယ် အောက်ဖဲလှန်တယ် လူတိုင်း အမှားနဲ့ မကင်းကြပါဘူး အဲ့ဒီအမှားနဲ့ မကင်းတဲ့လူတွေကပဲ ကိုယ်မှားတဲ့ တစ်ဆိတ်ကို တစ်အိတ်တွေလုပ်ပြီး […]

လကၡဏာ

မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ)

(A) # နှလုံးလမ်းကြောင်းမှ ဉာဏ်လမ်းကြောင်းဆီသို့ ဦးတည်၍ ဆင်းလာသောအရေးအကြောင်းငယ်တစ်ခုမှာ မိမိမှ တစ်ဘက်သားအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။ ၎င်းလမ်းကြောင်းရှည်လျှင်ရှည်သလောက် မိမိမှ ချစ်ခင်စွဲလမ်းမှုပိုပါတယ်။ (B) # ဉာဏလြမြးကှောငြးထကမြှ နှလုံးလမြးကှောငြးဆီသို့ ဦးတညြ၍ တကလြာသောလမြးကှောငြးငယတြစခြုမှာ တစဘြကသြားမှ မိမိအပေါကြို ခစွခြငနြှစသြကစြိတဝြငစြားမှုရှိခှငြးကြို ဖောပြှပါတယြ။ ၎င်းလမ်းေကြာင်းရွည်ၾလႇင်ရွည်သေလာက် တဈဘက်သားမွ ချစ်ခင်စွဲလမ်းမႈ ပိုပါတယ်။ (C) #ႏွလုံးလမ်းေကြာင်းမွ ဆင်းလာေသာလမ်းငယ်နဲ႔ ဉာဏ်လမ်းေကြာင်းမွ တက်လာေသာလမ်းေကြာင်းငယ်တို႔ ေပါင်းဆုံခြင်း (သို႔) ေၾကာ်လွန်လာခြင်းၿမိဳးဖြဈနေၾလႇင် ၎င်းတဈေယာက်နဲ႔ အိမ်ေထာင်ကႁခြင်း (သို႔) သာမနၾသမီးရညျစားအဆျင့ထကေႂကြာၾလႇနၾကာ ငြိစွန်းခြင်းတို႔ကို ရည်ညႇန်းပါတယ်။ ၎င်းလမ်းေကြာင်းျမားဖြစ်တည်မႈ၊ လမ်းေကြာင်းျမားပြားမႈကိုလ်ိဳက်၍ ရည်စား/အိမ်ေထာင်ဆက် ျမား,မျမားကို သိရွိနိုင်ပါတယ်။ (D) # နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်တစ်ခုရှိပြီး ဉာဏ်လမ်းကြောင်းထက်မှတက်သော လမ်းကြောင်းငယ်မှာ မကွေမကွာနှစ်ခုဖြစ်နေပါက ရည်စားနှစ်ယောက်ကို တစ်ပြိုင်နက်ထားခြင်း […]

တရားတော်

အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာတော်နှင့်ရွတ်ဆိုနည်း

သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတ အဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင်အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊ ပြိတ္တာကတော ဂါထာအစကြားတာနဲ့တစ်ချိုးတည်းလစ်ပြေးပါတယ်၊ကျောင်းထိုင်ပြတ္တာကြီးတွေအခြားဂါထာတွေပရိတ်တွေ လိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ၊ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊ သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင်နတ်တွေတိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီးစိတ်ကတောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြေစည်းပေးရပါတယ်သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်၊ သဲစုမကဘုရားတွေရှိခိုးရတာကြောင့်အရမ်းအစွမ်းထက်ကြောင်းအနည်းငယ်ဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ် သမ္ဗုဒ္ဓေဂါထာ မြန်မာပြန် (၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။ (၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။ ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။ […]

ဗေဒင်

သင့်မွေးလကပြောတဲ့ သင့်အကြောင်းက ဘာတွေလဲ…၀င်ကြည့်လိုက်

သင့်မွေးလကပြောတဲ့ သင့်အကြောင်းက ဘာတွေလဲ…၀င်ကြည့်လိုက် သင်ရဲ့မွေးလကပြောတဲ့ သင့်ကိုယ်ရည်ကိုယ်သွေးကို ဖတ်ကြည့်ကြပါဦးနော်။ ဇန်နဝါရီလ ဇန်နဝါရီလမှာ မွေးဖွားသူတွေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အရာအရာကို နားလည်လွယ်သူတွေ ဖြစ်ကြပါတယ်။ တက်တက်ကြွကြွရှိပြီး အကြောက်တရား နည်းပါးသူတွေပါ။ တာဝန်ယူတတ်သူ၊ ဦးဆောင်တတ်သူတွေ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ပျော်စရာတွေ ဖန်တီးနေရတာကို သဘောကျပြီး တိရစ္ဆာန်လေးတွေကိုလဲ ချစ်တတ်ပါတယ်။ ဖော်ရွေတဲ့ လူမှုဆက်ဆံရေးရှိပေမယ့် လျှို့ဝှက်တတ်သူတွေလဲ ဖြစ်ကြပါတယ်။ ဖေဖော်ဝါရီလ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့သူတွေဟာ အရှိကိုအရှိတိုင်းပြောတတ်၊ လုပ်တတ်သူတွေပါ။ ပွင့်လင်းရိုးသားမှုရှိပြီး အမြင်မတော်ရင် မတော်သလို ဝေဖန်အကြံပေးတတ်သူတွေ ဖြစ်ပါတယ်။ လူတိုင်းရဲ့ ယုံကြည်မှုကို ရထားသူတွေပါ။ ဇွဲလုံ့လရှိသူတွေဖြစ်ပြီး မိမိဘဝကို ချစ်မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။ စိတ်ကူးယဉ်တတ်သူတွေလဲဖြစ်ပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ လုပ်ချင်တာတွေကို စိတ်ကူးယဉ်နေတတ်ကြပါတယ်။ မတ်လ မတ်လမှာ မွေးဖွားသူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေ […]

အချစ်နှင့်ဘဝ

နာကျင်နေလဲ ပြုံးထားနိုင်ဖို့ အတိတ်မှာ မျက်ရည်တွေ ဘယ်လောက်ရင်းခဲ့ရလဲ သူတို့မသိဘူး

သူတို့မသိဘူး .. နာကျင်နေလဲ ပြုံးထားနိုင်ဖို့ အတိတ်မှာ မျက်ရည်တွေ ဘယ်လောက်ရင်းခဲ့ရလဲ သူတို့မသိဘူး ။ ဒီလောက်နာကျင်ရတာတောင် မျက်ရည်မကျတဲ့အထိ အေးစက်သွားတယ်ဆိုတဲ့ စကားလုံးတွေပဲ ထွက်လာတယ် ။ လူပါ … နှလုံးသွေးလည်ပတ်နေသရွေ့ ခံစားတတ်တဲ့ နှလုံးသားတွေ ရှိနေဦးမှာပါပဲ ။ ဒါပေမယ့် ကျွန်မ နှစ်ခါ မရှုံးချင်လို့ နာကျင်ရဲ့ ပြုံးထားတာပါ ။   သူတို့မသိဘူး … ဆုံးရှုံးသွားလဲ ခံနိုင်ရည်ရှိဖို့ ကြေကွဲမှုတွေ ဘယ်လောက်ထိ ရင်းထဲလဲ သူတို့မသိဘူး ။ သူတို့ထင်တာ လွယ်လွယ်လေး လက်လွှတ်ပေးပြီး လွယ်လွယ်ကူကူလေး ပျော်ရွှင်တတ်သူပဲလို့ မြင်တတ်ကြတာလေ။ တကယ်တမ်းကျတော့ ကျွန်မက သိပ်ကို အစွဲအလမ်းကြီးခဲ့တာ သူ မရှိလဲ ဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုးချိုးဖို့ ညတွေမှာ ခိုးငိုခဲ့ရပြီး […]

Life Style

ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ ဟန်ဆောင်တတ်လာတာပါပဲ

ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ ဟန်ဆောင်တတ်လာတာပါပဲ တစ်ခုခုကိုတမ်းတမ်းစွဲလိုချင်ပေမယ့် မျက်နှာလွဲ ဂဲပစ်ပြီး မလိုချင်ပါဘူးလို့ ခပ်တည်တည်ညာနိုင်တာမျိုးပေါ့ ကိုယ်တကယ် လိုချင်ပေမယ့် ကိုယ်မရနိုင်မှန်းသိတဲ့အခါ မလိုချင်ပါဘူးလို့ ညာရတာလဲများပြီလေ ဒါကိုပဲ ရင့်ကျက်လာလိုက်တာလို့ ခေါင်းစဉ်တွေ တပ်လာကြတာ ရင့်ကျက်ဖို့အတွက် အသက်အရွယ်နဲ့လဲ မဆိုင်ဘူး ဖိုမ သဘာဝနဲ့လဲ မဆိုင်ဘူး ရင့်ကျက်လောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပဲ လိုတာပါ ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်သွားပါတယ်ဆိုတဲ့ လူတွေရဲ့ အတိတ်ကို ကြည့်တဲ့အခါ အသက်အရွယ်နဲ့ မမျှတဲ့ လောကဓံတွေ အများကြီးရှိတယ် သူများကလေးတွေ မိဘရင်ခွင်မှာ နွေးနွေးထွေးထွေး နေနေတဲ့အချိန် သူတို့မှာ ဘဝအတွက် ကြိုးစားရုန်းကန်နေရခဲ့တာလေ သူများကလေးတွေ လိုချင်တာ တလိုက်ရုံနဲ့ ရနေတဲ့အချိန် သူတို့ လိုချင်တာတွေကို မလိုချင်ယောင်ဆောင်ပြီးနေတတ်လာတာ ပြီးတော့ ကိုယ်တကယ်မပျော်တဲ့အရပ်မှာတောင် ပြုံးပြီးနေတတ်လာတာပေါ့ ခုဆို ကျွန်မလဲ တော်တော်လေး […]