ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရေရှည်လက်တွဲခဲ့တဲ့ ချစ်သူတွေပဲဖြစ်ဖြစ်၊ အခုမှ ချစ်သူဖြစ်ကာစ စုံတွဲတွေပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိဖို့ လိုပါတယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ အချိန်တွေအများကြီးလိုအပ်ပေမယ့် ပျက်စီးသွားဖို့က စက္ကန့်ပိုင်းပဲ ကြာပါတယ်။ ပြန်လည်ရရှိဖို့ကတော့ ထာဝရအချိန်ယူရပါလိမ့်မယ်။ ယုံကြည်မှုဟာ အောင်မြင်ပျော်ရွှင်တဲ့ ချစ်လမ်းခရီးအတွက် အခြေခံအကျဆုံး စံနှုန်းလည်းဖြစ်ပါတယ်။ တစ်ကြိမ်လောက် ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုတာနဲ့ အရင်လိုဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပါဘူး။ အတိတ်က အချိန်တစ်ခုမှာ လှည်းစားခံခဲ့ရဖူးသူ၊ သစ္စာဖောက်ခံခဲ့ရဖူးသူတွေအတွက် ယုံကြည်မှုနဲ့ပတ်သက်လို့ အစွဲတွေ ရှိနေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒဏ်ရာရနှလုံးသားက နောက်ထပ်မနာကျဉ်ရဖို့ အရမ်းကို ဂရုစိုက်ပါလိမ့်မယ်။ ဒီလိုအချက်ကြောင့် လက်ရှိချစ်သူနဲ့ကြားမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ယုံကြည်နိုင်ဖို့ ခက်ခဲရာကနေ သံသယတွေဖြစ်လာပြီး မိသားစုပြိုကွဲတာ၊ ချစ်သူချင်းပြတ်ဆဲတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ သင့်ချစ်သူနဲ့ […]
Month: April 2021
၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဆာဂေးဘရင် က အချမ်းသာဆုံး နံပါတ် ၁၀ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဆာဂေးဘရင်ဟာ ရုရှားနွယ်ဖွား အမေရိကန်နိုင်ငံသား ကွန်ပျူတာပညာရှင် နဲ့ အင်တာနက် စွန့်ဦးတီထွင် တစ်ဦးဖြစ်ပြီး ဂိုဂဲကို လယ်ရီပေ့ချ် နဲ့ ပူးပေါင်းကာ တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အသက် ၆နှစ်ကတည်းက ဆိုဗီယက်ကနေ အမေရိကန်ကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အသက် ၁၉နှစ်အရွယ်မှာပဲ မေရီလန်းတက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံ နဲ့ သင်္ချာအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ကွန်ပျူတာပါရဂူဘွဲ့ယူရန်အတွက် စတန်းဖို့ဒ်တက္ကသိုလ်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူ့ပါတနာဖြစ်လာမယ့် […]
ခြင်မလာအောင်ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ် သိတာတောင်နောက်ကျနေတာ
စပါးလင်ကို ဒီလိုလေးထားလိုက်တာ ခြင်တစ်ကောင်မှ မရှိတော့ပါ သိတာတောင်နောက်ကျနေတာ မီကာဇာ (မာကျူရီ)ဟိုတယ် ရေကူးကန်ဘေးမှာ စိုက်ထားတာတွေ့လို့မေးကြည့်တာခြင်မလာအောင်လို့ပြောလို့စမ်းတာ တကယ်ဟုတ်နေတယ်… ကျွန်တော်ဆေးဆရာ တယောက် မဟုတ်ပါဘူးခင်ဗျာ ..အားလုံးကို ကျန်းမာစေချင်တဲ့ စေတနာနဲ့ တွေ့သမျှဆေးနည်းတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ -တစ်ခြား ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်းနည်းလမ်းများ နွေရာသီရောက်လာနဲ့အမျှ ညနေခင်းတွေဆို အပြင်မှာ လေညှင်းလေး ထွက်ခံရင်းနဲ့ အေးအေးဆေးဆေး အနားယူချင်ကြမှာပါ။ဒါပေမယ့် ခြင်ကိုက်တဲ့ဒဏ်ကို မခံနိုင်လို့ အိမ်ထဲမှာပဲနေနေရကြပါတယ်… ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအင်းဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ […]
မဟာမြတ်မုနိ ပရဝုဏ်အတွင်း ရခိုင့်ဘုရင်စန္ဒသူရိယမင်းဟု ယူဆရသော ရုပ်ထု တစ်ခုတွေ့
မဟာမြတ်မုနိ ပရဝုဏ်အတွင်း ရခိုင့်ဘုရင်စန္ဒသူရိယမင်းဟု ယူဆရသော ရုပ်ထု တစ်ခုတွေ့ Western News – ဧပြီ ၂၇ ရက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ၊ မဟာမြတ်မုနိဘုရားပရဝုဏ်အတွင်းတွင် ဧပြီ ၂၇ ရက်နေ့ ယမနန်နေ့ ညနေ ၄ နာရီခန့်က တတိယဓညဝတီခေတ် ရခိုင့်ဘုရင်စန္ဒသူရိယမင်းရုပ်ထု ဟုယူဆရသော ရုပ်ထုတစ်ခုကိုတွေ့ရှိကြောင်း ဘုရားဂေါပကအဖွဲ့များက ပြောသည်။ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက မဟာမုနိဘုရားပုရဝုဏ်အတွင်းရှိ မြောက်ဖက်ဆင်းလမ်းစောင်းတန်း အရှေ့ဖက်တွင် အဆိုပါရုပ်ထု၏ ဦးခေါင်းအနည်းငယ်ပေါ်နေရာကို အလုပ်သမားတစ်ချို့ တွေ့စဉ်တူးဖော်ကြည့်ရာမှ ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မဟာမြတ်မုနိဂေါပကအဖွဲ့မှ ဥက္ကဌဦးသာလှအောင်က Western News သို့ပြောသည်။ “လက်ရှိပြုပြင်ရေးတွေလုပ်နေတဲ့ အလုပ်သမားတွေကရုပ်ထုကမြေပေါ်မှာ အနည်းငယ်ပေါ်နေတာကို တွေ့လို့ ဆက်ပြီးတူးလိုက်တဲ့ အခါ ပေါ်လာတာပါ။ အဲ့ဒီရုပ်ထုကို မြောက်ဖက်ဆင်းလမ်းစောင်းတန်းရဲ့ […]
လောကဓံကိုဖြစ်သလိုဖြတ်သန်းနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း
အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲရောက်သွားရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း – ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများအားထားရာ ရန်ကုန်မြို့ကအခမဲ့ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်ကတွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင်အရွယ်အမျိုးသမီးဟာသူ့မိခင်ဖြစ်ပြီး သူ့လိုပဲပြည့်တန်ဆာအလုပ်လုပ်ကိုင်သူပါ။ မိခင်အတွက်လိုအပ်တဲ့ဆေးဝါးထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ရင်းအသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသားညိုညို၊ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ်ရှိနေတတ်တဲ့ဒီမိန်းကလေးကိုတွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူးဆိုတာကို အလွယ်တကူသတိထားမိကြပါလိမ့်မယ်။ ရန်ကုန်ရဲ့စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက် ဖောက်သည်တစ်ယောက်ယောက်နဲ့ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။ “တည်းခိုခန်းထဲဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲမေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ပြောရင်လည်းမယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့အကြိမ်လည်း မနည်းတော့ဘူး” လို့ သူကဆိုတယ်။ လမ်းပေါ်မရောက်ခင်သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။ တကယ်တမ်းကအဲဒီနေရာဟာ […]
လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)…
သိ၍ဖြစ်စေ မသိ၍ဖြစ်စေ၊ ချေးဌါးမိလိုက်သောပိုက်ဆံသည် မုချပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)ကို တင်ဆက်ပေးလိုက်ရပါတယ် မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း ထုပ်ပေးရန်မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ် လှလူရေ ဟေ့…လှလူ၊ခွေးကြည့်ပါဦး။ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။ ျအးဘုံကိုး။ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။ဒီမနက်နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင်သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကိုနှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။ မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသောသားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော် ကလေး ကောင်းသည်။တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ။မကြာမီ […]
တန်ဖိုးရှိတဲ့ အားလပ်ချိန်တွေမှာ ဒါတွေလုပ်ပါ
အားလပ်ချိန်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်ပါတယ်။ ကျွန်တော်တို့တွေက စက်ရုံလူသားတွေမဟုတ်တာကြောင့် အလုပ်လုပ်ချိန် /အားလပ်ချိန် ဆိုတာမျိုးတသီးတသန့် ခွဲထားသင့်တာပါ။ အရေးကြီးဆုံးက အားလပ်ချိန်တွေကို ကောင်းကောင်းအသုံးချတက်ဖို့ပါပဲ။ အားလပ်ချိန်ကိုကောင်းစွာအသုံးချဖို့အတွက် ဒီနေ့ဆောင်းပါးလေးကနေ နည်းလမ်းကောင်းတွေကိုပြောပြပေးမှာပါ။ ကောင်းစွာအနားယူပါ အားလပ်ချိန်မှာ ကောင်းကောင်းအနားယူဖို့လည်း လိုအပ်ပါတယ်။ ဖုန်းတွေတစ်ချိန်လုံးကြည့် TV တွေကြည့်ပြီး အနားယူတယ်ဆိုတာ တကယ်တော့ မှားပါတယ်။စိတ်နဲ့ ခန္ဓာကိုယ်ကိုတကယ်အေးချမ်းစေပြီး ကောင်းကောင်းအနားယူချင်တယ်ဆိုရင် ဖုန်းတွေ တီဗီတွေကိုပိတ်လိုက်ပါ။ စိတ်ရှုပ်စရာစိတ်ဖိစီးစရာတွေကိုမေ့ထားပြီး တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာလေးမှာ အေးအေးချမ်းချမ်းအနားယူဖို့ တိုက်တွန်းချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကိုလည်း မေ့ထားလို့မရပါဘူး။အားကစားလုပ်ခြင်းက ကိုယ်ကျန်းမာခြင်းသာမက စိတ်ကျန်းမာခြင်းအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် အားလပ်ချိန်တွေမှာ ကိုယ်ကာယလေ့ကျင့်ခန်းအတွက်လည်း အချိန်ပေးပြီးလုပ်ဆောင်ပေးသင့်ပါတယ်။ စာအုပ်ဖတ်ပါ အရင်က အလုပ်တွေကျောင်းတွေကြောင့် စာအုပ်ကောင်းကောင်းမဖတ်ခဲ့ရဘူးဆိုရင်တော့ အခုချိန်ကအကောင်းဆုံးအချိန်ပါပဲ။ စာဖတ်ခြင်းက ဗဟုသုတ တိုးစေတဲ့အပြင် အသိပညာနဲ့ ဆင်ခြင်တုန်တရားတွေကိုသိမြင်လာဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။အပျင်းလည်းပြေစေပြီး အကျိုးလည်းရှိတာကြောင့် အားလပ်ချိန်တွေမှာစာဖတ်ဖို့ […]
လိမ္မာပါးနပ်တဲ့မိန်းမတွေဆိုတာ…
လိမ္မာပါးနပ်တဲ့မိန်းမတွေဆိုတာ လိမ္မာပါးနပ်တဲ့မိန်းမတွေက အမုန်းကို အပြုံးနဲ့သာ တုံ့ပြန်တယ်။ လိမ္မာပါးနပ်တဲ့မိန်းမတွေက နာကျင်မှုကို တိတ်တဆိတ်နေခြင်းနဲ့သိမ်းတယ်။မနာလိုစိတ်နဲ့ အချိန်မဖြုန်းဘူး။ ကိုယ့်အစွမ်းအစကိုယ် ချိန်ဆနေတတ်တယ်။ကိစ္စရပ်တိုင်း မြန်ဖို့ထက် မှန်ဖို့ပဲ အာရုံစိုက်တယ်။ လိမ္မာပါးနပ်တဲ့ မိန်းမတွေက ဘယ်နေရာမှာ ဘာစကားပြောရမလဲ နားလည်ကြတယ်။ကိုယ့်အနား မရှိနိုင်တဲ့ ယောကျာ်းတစ်ဦးအတွက် တမ်းတ ပူဆွေးမနေဘူး။တစ်ဖက်သက်လိုက်ကြိုက်ပြီးအိန္ဒြေပျက်လောက်အောင် သိက္ခာတွေ မှေးမှိန်မနေတတ်ဘူး။ လိမ္မာပါးနပ်တဲ့ မိန်းမတွေကရုပ်အလှပြင်ဆိုင် သွားကြသလို စိတ်အလှပြင်ဖို့လည်း စာဖတ် မပျင်းကြဘူး။ဝမ်းနည်းစရာအတိတ်ကိုဒိုင်ယာရီထဲမှာပဲ သိမ်းထားကြတယ်။ပျော်စရာအနာဂတ်ကိုသာ နေ့တိုင်းဖန်တီး တည်ဆောက်နေတတ်တယ်။ လိမ္မာပါးနပ်တဲ့ မိန်းမတွေက မာနကို သူမဘဝရဲ့ လုံခြုံရေးအတွက် ဘောင်ခတ်ဖို့သာ ထုတ်သုံးကြတယ်။ချစ်ခြင်းမုန်းခြင်း ပူဆွေးခြင်း ပျော်မြူ းခြင်းနဲ့ မတည်မြဲခြင်းများကိုတည်ငြိမ်စွာပင် ရင်ဆိုင်နိုင်အောင် ကြိုးစားကြတယ်။ဘာသာရေး အဆုံးမတွေနဲ့ ငြိမ်းချမ်းရာ တရားစစ်ကို ရှာဖွေဆည်းပူးတတ်ကြပါတယ်။ Credit Zawgyi လိမၼာပါးနပ္တဲ့မိန္းမေတြဆိုတာ […]
မိုးကြီးရေလျှံနေတဲ့ကြားထဲမှ မင်္ဂလာပွဲကိုမရပ်ပစ်ဘဲ ဆက်လက်ကျင်းပခဲ့ကြတဲ့ စုံတွဲ (ရုပ်သံ)
လူတွေပြောပြောနေကြတဲ့ အချစ်သာစစ်ရင် အရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်ဆိုတဲ့စကားကို ဖိလစ်ပိုင်နိုင်ငံက စုံတွဲနှစ်ဦးကတော့ ဒီစကားဟာမှန်ကန်ကြောင်း သက်သေပြသွားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ Tropical Storm Yagi လို့ခေါ်တဲ့မုန်တိုင်းကျရောက်မှုကြောင့် မိုးတွေ အဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ် လို့ သိရှိရပါတယ်။ဒါပေမဲ့ မုန်တိုင်းဘယ်လောက်တိုက်တိုက် ရေတွေဘယ်လောက်ကြီးကြီး ဒီ စုံတွဲနှစ်ဦး ရဲ့ချစ်ခြင်းမေတ္တာနဲ့ချည်နှောင်ထားတဲ့ ကြိုးလေးကိုတော့ မဖြတ်နိုင်ခဲ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံက Jefferson လို့ခေါ်တဲ့အမျိုးသားနဲ့ Jobel de los Angeles လို့ခေါ်တဲ့အမျိုးသမီးတို့ စုံတွဲနှစ်ဦး ဟာ ရေတွေ၊မိုးတွေ ကြားထဲမှ သူတို့ရဲ့မင်္ဂလာပွဲ ကိုအပျက်မခံဘဲ ဆက်လက်ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ သူတို့စုံတွဲနှစ်ဦးရဲ့ သူငယ်ချင်းတွေ၊မိသားစုဝင်တွေ အများအပြားတက်ရောက်ခဲ့ပါတယ်။နောက်ပြီးသူတို့က မင်္ဂလာဆောင်အမှတ်တရဓာတ်ပုံ တွေကို ဖိနပ်မပါဘဲ ခြေဗလာတွေနဲ့ ရိုက်ကူးခဲ့ကြပါတယ်။ မင်္ဂလာဆောင် Video ကိုတော့ သူတို့ရဲ့ ဦးလေးဖြစ်သူက […]
သမီးပျိုလေး ၃ ယောက်ရှိတဲ့ မိသားစု ပြည့်တန်ဆာအိမ်က သာလိကာကို ဝယ်မွေးမိလိုက်သောအခါ
မလာ တာနော်.. ပြည့်တန်ဆာအိမ်က သာလိကာ အိမ်ထောင်စုတခုမှာ အိမ်ထောင်ဦးစီးက ကိုဖေကျင် တဲ့။ သူ့ဇနီးက မယဉ်မြ ပါ။ သူတို့မှာ သမီးပျို ၃ယောက်ရှိတယ်။ နေ့လည်နေ့ခင်းဆို အိမ်မှာ မယဉ်မြ တယောက် တည်း ပျင်းနေရတယ်။ ကိုဖေကျင်က အလုပ်ကြီး အကိုင်ကြီးသမားမို့ တနေကုန် အလုပ်သွား။ သမီးပျိုတွေကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့ ကျောင်း သွားကြတာကိုး။ ဒါနဲ့ မယဉ်မြက နေ့လည်ခင်း အပျင်းပြေအောင် ဆိုပြီး အိမ်မှာ စကားပြောတတ်တဲ့ ကြက်တူရွေး။ ဒါမှမဟုတ် သာလိကာတကောင် ဝယ်မွေးထား ရင် ကောင်းမှာပဲလို့ အကြံရတယ်။ ဒါနဲ့ ငှက်အရောင်းဆိုင်ကို သွားတာပေါ့။ ငှက်ဆိုင်ရောက်တော့ ငှက်မျိုးစုံ အလှပြထားတာ တွေ့တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေး။ သာလိကာတွေကတော့ ဈေးအကြီးဆုံးပဲ။ […]









