ၾကားသိရသမွ်
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြုလိုက်ပါပြီ…
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြု၊ မြန်မာ့ပြဿနာ ကပ်ဘေးအဆင့်နှင့်ပြည်တွင်းစစ်ဆီ ဦးတည်နေဟု သတိပေး ရန်ကုန်၊ ဇူလိုင် ၇ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletက အသိအမှတ်ပြုလိုက်ပြီး မြန်မာ့ပြဿနာသည် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးအဆင့်နှင့် ပြည်တွင်းစစ်ဆီသို့ ဦးတည်ပြီး အခြေအနေ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြပြောဆိုလိုက်သည်။ မြန်မာစစ်တပ်အနေဖြင့် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲကများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ CDM အဖွဲ့များ၊ အလုပ်သမားသမဂ္ဂ၊ သပိတ်ကော်ငစီများနှင့် တွေ့ဆုံဆွေးနွေးရန် လူ့အခွင့်အရေး မဟာမင်းကြီး က အကြံပြုတိုက်တွန်းသည် ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် Michelle Bacheletက တင်ပြရာတွင် အမျိုးသားညီညွတ်‌ရေးအစိုးရအမည်ကို ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာအနေဖြင့် […]
ၾကားသိရသမွ်
ဘယ်သူမွေးမွေးငါတို့သားတွေပါဆိုတဲ့ ..​PDF များဆီသို့
ဘယ်သူမွေးမွေးငါတို့သားတွေပါဆိုတဲ့ ..​PDF များဆီသို့ ကျနော်တို့ရဲ့ လူငယ်သစ်များအတွက် တိုင်းရင်းသားတဦးရေးတဲ့စာ ။ ခုတော်လှန်ရေးမှာ တိုင်းရင်းသားတွေ ကျေးဇူးအရမ်းကြီးပါတယ် ။ လူငယ်အချင်းချင်းရေးပြောတဲ့စာမို့လို့ ပိုကြည်နူးတယ် ။ မျိုးဆက်သစ်ကို ကျနော်ယုံကြည်တယ် ။ 🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩 🔥ကျွန်တော်တို့ KIA မှာဆယ်တန်းအောင်ပညာတတ်တွေဗိုလ်လောင်းသင်တန်းတက်ကြတယ်။မြို့ပြအုပ်ချုပ်ရေး DJA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူး သင်တန်းမှာတက်တဲ့လူငယ်တွေပိုများတယ်။Army ဘက်မှာအားနည်းလာတော့တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။မလာဘူးဆိုရင်ဖမ်းတယ်။ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့လူတွေကအင်မတန်ရှားပါးလာပါတယ်။ရဲဘော်အများစုဟာ စစ်ရှောင်သားသမီးတွေများတယ်။အမှန်အတိုင်းဝန်ခံတာပါ။ 🔥နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှအမှန်တရားကိုမြတ်နိုးသောချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းကလူငယ်တွေ၊ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေအလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက်ရည်မှန်းချက်တူညီတဲ့လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာနိမ့်ချစွာစစ်ပညာသင်ကြားဖို့ရောက်လာခဲ့ကြတယ်။ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့နယ်​မြေမှာ အာဏာရှင် တော်လှန်လိုတဲ့စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။သူတို့ကိုကြည့်လိုက်ရင် ကျွန်တော်တို့ကိုအားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့လူငယ်တွေတောခိုလာကြတယ်။သူတို့ တွေအလီလီရောက်လာကြတော့ […]
ကြားသိရသမျှ
ကိုဗစ်တတိယလှိုင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမှာဖြစ်လို့ ပြည်သူတွေအတွက် အဓိကအရေးကြီးတာတွေကို အကြံပြုပြောပြလာခဲ့တဲ့ ဒေါင်း
လတ်တလောမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်နှုန်းဟာ သိသိသာသာကို မြင့်တက်လာတာတွေ့ရပါတယ်။ ယခုတစ်ခါ တတိယလှိုင်း ကိုဗစ်ကူးစက်မှုကတော့ အရင်ဖြစ်ပွားခဲ့ ကိုဗစ်ဒုတိယလှိုင်းတွေထက်တောင် တစ်နေ့တာ ကူးစက်နှုန်းလည်း မြင့်တက်လာသလို သေဆုံးလူဦးရေးကလည်း များလာခဲ့ရပါတယ်။ ဒါ့အပြင် ဇူလိုင်လ (၆)ရက်နေ့ ည(၈)နာရီ ကိုဗစ်ရောဂါထုတ်ပြန်ချက်တွေရ ပိုးတွေ့အတည်ပြုလူနာသစ်(၃၆၀၂)ဦးဖြစ်ပြီး ထပ်မံသေဆုံး (၅၂)ဦးရှိခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်မှာ စံချိန်တင်လောက်တဲ့ ကူးစက်မှုနှုန်းနဲ့ သေဆုံးသူဦးရေ မြင့်မားခဲ့တဲ့ ဆိုးဆိုးရွားရွား နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အခါမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးကို အာဏာရှင်များက လုပ်ဆောင်ပေးနေတာကြောင့် အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ မလုံလောက်တာလည်း တွေ့နေရပါတယ်။ ယခုလို ကိုဗစ်တတိယလှိုင်းမှာ မိမိကိုယ်ကိုယ်ကိုပဲ အားကိုးရမှာဖြစ်တာကြောင့် ဂရုတစိုက်သွားလာနေထိုင်ရမှာဖြစ်ပါတယ်။ ဒီလို ရောဂါကူးစက်မှုမရှိအောင် ဂရုတစိုက်နေထိုင်သွားလာဖို့အတွက် ပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ပေးနေတဲ့ သရုပ်ဆောင်ဒေါင်းကလည်း […]
ကြားသိရသမျှ
မင်္ဂလာပွဲမှာ သတို့သမီးကို လုံးဝဂရုမစိုက်တဲ့အပြင် ဂိမ်းအဆော့မပျက်ခဲ့တဲ့ သတို့သား
ဒီအဖြစ်အပျက်လေးကတော့ အိန္နိယနိုင်ငံ ၊ Siliguri မြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ ။ သတို့သားကတော့ မင်္ဂလာပွဲအစ ကနေ အဆုံးထိ လုံးဝကို ဂိမ်းအဆော့မပျက်ခဲ့ပါဘူး ။ သတို့သမီးမှာလည်း သတို့သားကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါမင်္ဂလာပွဲဟာ မိဘတွေစီစဉ်ကျင်းပပေးခဲ့တဲ့ ပွဲဖြစ်ကြောင်းလည်း သိရပါတယ် ။ သတို့သားမှာတော့ မင်္ဂလာပွဲလာရောက်တဲ့သူတွေရဲ့ လက်ဖွဲ့ကိုတောင် လက်မခံနိုင်တော့ဘဲ ဖယ်ထုတ်ပစ်ခဲ့တဲ့အထိ ဂိမ်းအဆော့ပျက်မှာကိုသာ စိုးရိမ်နေခဲ့ကြောင်း သိရပါတယ် ။ အချို့သောသူတွေကတော့ သတို့သမီးအနေနဲ့ အဆိုပါယောင်္ကျားမျိုးကို လက်ထပ်ယူခြင်းက သူမရဲ့ ဘဝအနာဂတ်အတွက် မသေချာမရေရာနိုင်ကြောင်း ဝေဖန်ထောက်ပြခဲ့ကြတဲ့အပြင် အချို့မှာတော့လည်း အဆိုပါယောင်္ကျားမျိုးဟာ ဂိမ်းကိုသာ အာရုံစိုက်ပြီး မိန်းမတွေကို လုံးဝဂရုမစိုက်နိုင်လို့ သူမအနေနဲ့ သစ္စာမဖောက်ဖျက်တဲ့ ယောင်္ကျားမျိုးရရှိသွားခဲ့တာဖြစ်ကြောင်း မျိုးစူံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။ Jasmine […]
Life Style
လောကကြီးကို အော်ပြောလိုက်ပါငါ့ဘဝကို ငါ ကျေနပ်ပါတယ်လို့
လောကကြီးကို အော်ပြောလိုက်ပါငါ့ဘဝကို ငါ ကျေနပ်ပါတယ်လို့ (စိတ်ရှည်ရှည်ထားပြီး ပြီးအောင် ဖတ်ပါ တစ်စုံတစ်ရာ စိတ်ခွန်အား ဖြစ်စေနိုင်မှာပါ) လေပြည်တွေချည်း တိုက်ပါ့မယ်လို့ ပင်လယ်ဟာ အာမ မခံသလို အမြဲ ဖြူမနေနိုင်တဲ့ တိမ်တွေကလဲ ပြောင်းလဲတက်ကြောင်း ပြသနေလေရဲ့ အမှောင်ရှိတယ် အလင်းရှိတယ် အနိမ့် အမြင့် အတက် အကျ နောက် ပြီး ပြောင်းလဲမှုတွေလဲ ရှိတယ် ဘဝဆိုတာ ဒါပဲမဟုတ်လား နှင်း ဆီ က နှင်းဆီလောက်ပဲ လှမှာပေါ့ စံပယ်လောက်တော့ ဘယ်မွှေးပါ့မလဲ ဘာလို့ အားငယ်နေမှာလဲ လူ ဆို တာ ကိုယ့်ရနံ့နဲ့ ကိုယ်ဘဲလေ ကြယ်စင်တွေလောက် မလင်းနိုင်လို့ဆိုပြီး ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး သူများဘဝကို အားကျနေရုံနဲ့ ကိုယ့်ဘဝက တောက်ပလာမှာမှ မဟုတ်တာ […]
ၾကားသိရသမွ်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ထောင် ၇ နှစ် ကျ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်း ပုဒ်မ ၄၀၉ ဖြင့် ထောင် ၇ နှစ် ကျ နေပြည်တော်၊ ဇူလိုင် ၇ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေး ခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ဦးဇော်နိုင်ဝင်းကို ပြီးခဲ့သည့် ဇွန်လက နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ် တရာရုံးက ယုံကြည်အပ်နှံဖောက်ဖျက်သည့် ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရ သည်။ “သူက စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထွက်စာတင်တယ်။ ပြီးတော့ ဖေဖော် ဝါရီလထဲမှာပဲ Free Daw […]
က်မၼာေရး ဗဟုသုတ
နံနက်ခင်းမှာ ရေပူရေပန်းနဲ့ အကြာကြီး မချိုးပါနဲ့
ကြားသိရသမျှ
ကိုဗစ် တတိယလှိုင်းက အတော်ဆိုးပါတယ် /ကာကွယ်ဆေးထိုးပြီးသူတွေပါ သေဆုံးမှုများနေ
ကိုဗစ် တတိယလှိုင်းက အတော်ဆိုးပါတယ် ။ကာကွယ်ဆေးထိုးပြီးသူတွေပါ ဖြစ်တာကိုတွေ့ရပါတယ် ကာကွယ်ဆေးထိုးထားသူတွေမှာ အသက်အန္တရာယ် ဖြစ်ပွားမှု နည်းပါးပြီး ကာကွယ်ဆေးမထိုးထားသူ သက်ကြီးရွယ်အိုတွေ ရောဂါ အခံရှိသူတွေမှာ ဖြစ်ပွားရင် သေနှုန်းများပါတယ် “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဝေဒနာရှင်တွေ အားလုံးကို ပိန်းကြာဖက် ရေမတင်သလို ရောဂါတွေ ကင်းစင် ပပျောက်သွားစေချင်တာပါ ဒါပေမယ့် ခုလက်ရှိ အနေအထားကတော့ လူနာတိုင်း ကုတင်နဲ့နေရရေး ကြမ်းပြင်ပေါ်မှာ ချထားတာ မရှိရေး အောက်စီဂျင်လိုသူများ အောက်စီဂျင် ရစေရေး ဆေးဝါးများ ပြတ်လတ်မှုမရှိရေးကို ဦးစားပေးစီစဉ်နေပါတယ်” လို့ ပြည်နယ်ကုသရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ် ကျိုက်ခမီမှာတော့ ဘုရားဇောင်းတန်းက သစ်သားဆောင်တွေမှာမို့ ကုတင်နှင့် မသုံးပဲ သစ်သားကြမ်းပေါ်နေရာချထားတယ်လို့ ကျိုက်ခမီတိုက်နယ်ဆေးရုံက သိရပါတယ် “လူတွေကိုမသေစေချင်ဘူးဗျာ ဒါပေမယ့်ရောဂါက အတော်ဆိုးတယ် ကွယ်လွန်သွားသူတွေဟာ ကိန်းဂဏန်းအရ […]
ၾကားသိရသမွ်
မြန်မာနိုင်ငံအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ရဲ့စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး
အမှန်တရားဘက်ကနေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြတဲ့ နိုင်ငံတွေထဲ ကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံတွေလည်း ထိပ်ဆုံးကပါဝင်ကြပါတယ်။ ကိုရီးယားရောက်မြန်မာပြည်သူတွေကလည်း အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို မကြာခဏဆင်နွှဲနေကြပါတယ်။ ကိုရီးယားသတင်းဌာနတွေကလည်း မြန်မာနိုင်ငံအ​ကြောင်းစိတ်ဝင်တစားရှိကြပြီး အာဏာရှင်တွေရဲ့ မတရားလုပ်ရပ်တွေ၊ဖမ်းဆီးပြီးညှင်းပန်းနှိပ်စက်တဲ့ သတင်းအမှန်တွေကို မကြာခဏဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာတော့ ကိုရီးယားလူမျိုးတစ်ယောက်ဟာ မြန်မာနိုင်ငံအရေးအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေခဲ့ပါတယ်။ ပြည်သူတွေကတော့ အခက်အခဲတွေ၊ပြဿနာတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်အတွက် အခုလိုဆန္ဒထုတ်ဖော်ပေးနေတဲ့ ကိုရီးယားလူမျိုးကို ကျေးဇူးတင်စကားတွေ ပြောဆိုနေကြပါတယ်။ ကိုရီးယားရောက်မြန်မာပြည်သူတစ်ယောက်က ဆန္ဒထုတ်ဖော်နေကြတဲ့ အဆိုပါအမျိုးသားကို သွားမိတ်ဆက်ရင်း ကိုရီးယားလူမျိုးပြောလိုက်တဲ့ စကားလေးကြောင့် မျက်ရည်ကျခဲ့ရပါတယ်။ မြန်မာပြည်သူတစ်ဦးကတော့ ” ဒီနေ့ ဘူဆန် ဘူတာရှေ့မှာ မြန်မာနိုင်ငံအတွက်နေပူထဲမှာတစ်ကိုယ်တော် ဆန္ဒပြနေတဲ့ ကိုရီးယား လူမျိုး သူကိုဓါတ်ပုံရိုက်ပြီး ကျွန်တော်မြန်မာလူမျိုးဆိုပြီး သွားမိတ်ဆက်တယ် ပြန်မိတ်ဆက်မယ်ထင်တာ သူပြန်ပြောလိုက်တာက ဘာမှအားမငယ်နဲ့ ငါတို့နိုင်မှာတဲ့ လူမျိုးခြားဆီက ကြားလိုက်တဲ့ စကားတစ်ခွန်းက မျက်ရည်ပါကျခဲ့တယ် […]
ဗဟုသုတ
ထောပတ်သီးကြိုက်တက်ရင်တော့ ဒါလေးတွေ မဖြစ်မနေသိထားပါ
ထောပတ်သီးကြိုက်တက်ရင်တော့ ဒါလေးတွေ မဖြစ်မနေသိထားပါ ထောပတ်သီးကို… အနာကင်းစွာမှည့်ရန်နှင့် မှည့်နေသောထောပတ်သီးများအား ထားသိုနည်း ၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့ ဒါထောပတ်သီးစားသူတိုင်း သိထားရမဲ့အချက်ပါနော် ( ရလေုံးဝမထိရပါဘူး။) အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီး ပုတ်တတ်ပါတယ်။ တကယ်လို့ ဘုရားကပ်မယ်။ လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့ tissue အစိုနဲ့သုတ်ပြီး။ အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါရှင့်။ သူ့အရောင်အလိုလိုတက်လာပါမယ်။ တချို့ရောင်းတန်းတွေမှာ အသီးကိုပြောင်လက်နေအောင် သုတ်ထားတာက အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။ အသီးကြောတင်းပြီး စားမကောင်းတော့ပါ။ ၂။အမြန်မှည့်ရန် ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့ သတင်းစာနဲ့တလုံးချင်းပတ်။ နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါ ဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။ အသီးအရမ်းစိမ်းရင် ၃ ရက်။ မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ […]