မိန်းကလေးတိုင်းက အလှအပရေးရာနှင့်ပက်သက်ပြီး အထူးစိတ်ဝင်စား နှစ်သက်ကြကာ အလှပြင်သည့်အခါမှာရော ဆံပင်ညှပ်သည့်အခါမှာရော ပုံကောင်းကောင်းလေး ထွက်လာဖို့ကို မျှော်လင့်ကြသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံ Chanthanimitခရိုင်တွင် ဖွင့်လှစ်ထားသော Suthaneerak Hair Salonအမည်ရှိ အလှပြင်ဆိုင်လေးတစ်ခုသည် ထူးခြားစွာဖြင့် ဆိုင်ဝန်ထမ်းများအား အားကစားရုံရှိ ဗလတောင့်တောင့် ကြွက်သားတွေအပြည့်ရှိသော ကောင်လေးတွေကိုသာ ခန့်အပ်ထားသည်။ ဆိုင်ပိုင်ရှင်သည် ဆိုင်သို့လာရောက်သော ဖောက်သည်များအား နည်းပါးနေ၍ မြှင့်တင်ရန်အတွက် Gymကောင်လေးတွေကို ခန့်ထားပြီး အမျိုးသမီးတွေအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုမျိုးကို ပေးထားသည်။ ဆိုင်ဝန်ထမ်းကောင်လေးများသည် ဖောက်သည်များအပေါ်တွင် အလွန်ဖော်ရွေစွာ ဆက်ဆံပြီး သူတို့ကိုယ်တိုင် ဆံပင်ညှပ်ခြင်း ခေါင်းလျှော်ခြင်းများပြုလုပ်ပေးသည့်အပြင် ၁၀ရာခိုင်နှုန်းလျှော့ဈေးလည်း ရှိတာကြောင့် ဆိုင်သို့လာရောက်သော ဖောက်သည်များမှာ နေ့စဉ် စည်ကားလျက်ရှိသည်။ Rain (For Ialinks) Unicode ကြွက်သားအလှရှိတဲ့ ကောင်လေးတွေကိုမှ စိတ်ဝင်စားတတ်သော […]
Month: September 2021
အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းများ …
အသားဖြူချင်သူများအတွက် နည်းလမ်းကောင်းများ အသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှအပတခုဖြစ်ပါတယ်။ ညိုချောတွေရှိပေမယ့် ဖြူချောတွေလောက်သိပ်မျက်နှာမပွင့်ကြပါဘူး။ အသားဖြူစေတဲ့အလှကုန်တွေပေါသလို သဘာဝဖြစ် အသားဖြူနည်းတွေလဲရှိပါတယ်။ အသားဖြူချင်သူတွေအတွက် သိသလောက်အောက်မှာဖော်ပြလိုက်ပါတယ်။ သဘာဝ အသားဖြူပစ္စည်းတွေနဲ့ အသားဖြူအောင်လုပ်နည်းတွေအရင်ဖော်ပြသွားပါမယ်။ ကရိကထလဲမများ ဈေးလဲမကြီးတဲ့ပစ္စည်းတွေနဲ့ အများသူငါလက်လှမ်းမှီသုံးလို့ရတာကို ဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်။ *လိမ္မော်ခွံနဲ့ အသားဖြူနည်း လိမ္မော်သီးအခွံကို နေပူထဲလှမ်းပေးပါ။ လုံးဝခြောက်သွေ့သွားတဲ့အချိန်မှာ ကြိတ်ပီးပေါင်ဒါလိုအမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှနို့အစိမ်းနဲ့ရောပြီး ပျစ်ခဲအောင်ဖျော်ပါ။ အဲဒီအရည်ကို အရေပြားကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။ *ခရမ်းချဉ်သီးနဲ့ အလှပြင်မယ် ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက်ကို ကြိတ်ပီးအရည်ညှစ်ချပါ။ အဲဒီအရည်ထဲကို သံပုရာရည် ၁စက်/၂စက်ထည့်ပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ်၂၀လောက်အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တနေ့ကို ၂ကြိမ် လုပ်ပေးပါ။ ၁၅ရက်ကနေ ရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်။ *အမဲကွက်နဲ့ အစက်အပြောက်တွေပျောက်ဆေး အာလူးအစိမ်းတလုံးကို ယူပြီးပါးပါးလှီးပဲ လှီးထားတဲ့အစိတ်လေးတွေကို မျက်နှာပေါ်ကပ်ပေးပါ။ […]
သင့်ဘဝမှာ “လူပေါင်းမမှားပါစေနှင့်”
စေတနာနဲ့ မထိုက္တန်သူကို စေတနာ သိပ်မထားနဲ့။ကိုယ့်ရဲ့ စေတနာ တွေ စော်ကားခြင်း ခံရတတ်တယ်အလေးအနက် မထားတတ်တဲ့သူအပေါ် ချစ်ခြင်းမေတ္တာတွေ ပုံမေအာ မိစေနဲ့။ တစ်နေ့ သစ္စာဖောက်ခြင်း ခံရတတ်တယ် တန္ဖိုးမသိတဲ့ သူကို တန်ဖိုးအကြောင်း မရှင်းပြမိစေနဲ့။။တန်ဖိုးသိမှ တန်ဖိုးရှိတာမို့ပါ အရှက်သိက္ခာမဲ့သူကို ရင်းရင်းနှီးနှီးကြီး မပေါင်းသင်းမိစေနဲ့။တံငါနားနီ တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလို အကျင့်စရိုက်တွေ ကူးစက်တတ်လို့ ကျေးဇူးကန်းတတ်သူကို ကျေးဇူးမပြုမိပါစေနဲ့။ကျေးဇူးတင် မခံရတာ ပြသနာမရှိပေမယ့်ကျေးဇူးကန်းရင် ဒေါသဖြစ်ရလို့ဂတိမတည်သူနဲ့အတူ အလုပ်တွေ တွဲမလုပ်မိစေနဲ့။လူမွာ ဂတိ ၊ မင်းမှာ သစ္စာ တဲ့ကိုယ့်ကိုပါ ယုံကြည်မှု ကင်းမဲ့သွားလိမ့်မယ် ယုံကြည်မှုတွေ အလြဲသုံးစား လုပ္တတ်သူကို သိပ်ပြီး မယုံစားနဲ့။ရန်သူသတ်တာထက် လူယုံသတ်မှ သေတတ်တယ်ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး စကားပြောဆိုတတ်သူကို မိတ်ဆွေမဖွဲ့မိစေနဲ့။ ကိုယ့် […]
တအိမ်လုံး ပြန်ကောင်းလာစေခဲ့သော ဆေးနည်းလေး
တအိမ်လုံး ပြန်ကောင်းလာစေခဲ့သော ဆေးနည်းလေး သူငယ်ချင်းရဲ့ အမ တအိမ်လုံး ပျောက်ကင်းသွားစေလို့ အများသိအောင် တင်ပေးပါဆိုလို့ ပါ ဆေးဖော်စပ်ပုံ ပထမဦးစွာ ရှောက်သီးများကိုရေဆေးပါ။ မိမိလက်ကိုလည်း ရေဆေးပါ။ ပြီးသည်နှင့် ရှောက်သီးများပေါ်က ရေများကို တစ်ရှူးနှင့် ပြောင်စင်အောင် ပြန်သုတ်ပါ။ လက်မှရေများကိုလည်း ပြောင်စင်အောင်သုတ်ပါ။ ရေ လုံးဝ မကျန်ပါစေနှင့်နော်။ ပြီးသည်နှင့် ရှောက်သီးများကို အရည်ညှစ်ပါ။ (Blender ၊ ကြိတ်စက် ၊ ညှစ်စက် စသည်တို့ကို အသုံးပြု၍ အစေ့ ၊ အဖတ် အားလုံး ကြေသွားစေပြီး ရရှိလာသော အရည်မျိုး မဖြစ်ပါစေနှင့်) အသီးညှစ်သော ညှပ်အကြီးစားမျိုးကို သုံးပါ။ လက်ဖြင့် ညှစ်နိုင်လျှင်လည်း ညှစ်ပါ။ မိမိလိုချင်သည့် အရည်ပမာဏကို ရလျှင် ရေစစ်၊ ပိတ်စ […]
မှဲ့ကပြောပြတဲ့ သင့်ရဲ့အချစ်ရေးနှင့် မလိုချင်တဲ့မှဲ့ ဖယ်ရှားနည်း
မှဲ့ကပြောပြတဲ့ သင့်ရဲ့အချစ်ရေးနှင့် မလိုချင်တဲ့မှဲ့ ဖယ်ရှားနည်း ပါးပေါ်ကမှဲ့ပိုင်ရှင် ရည်းစားရဖို့ ဘယ်တော့မှအောက်ကျမခံဘူး သေလောက်အောင်ချောနေလန်ထွက်နေပါစေ သဲသဲလှုပ်ချစ်မပြတတ်ဘူး ကိုယ်ကချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့ သူနဲ့ပဲ ဖူးစာပါရော။ နဖူးပေါ်ကမှဲ့ပိုင်ရှင် သနားတတ်တဲ့စိတ်အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက်ရတတ်တယ်။ အဲ့ချစ်သူကအနိုင်ယူတာခဏခဏငိုအောင်စိတ်ညစ်အောင်လုပ်တာကြုံရတတ်တယ်။ ဒါပေမယ့်အဲ့ချစ်သူကပဲသင့်ကိုသစ္စာရှိရှိချစ်မယ့်သူဆိုတာမမေ့နဲ့။ မျက်ခုံးတစ်ဝိုက်ကမှဲ့ပိုင်ရှင် အချစ်စစ်ရဖို့အချိန်တွေမနည်းရင်းရတတ်တယ်စန်းပွင့်ပြီး လူချစ်လူခင်ပေါတယ် အသေရရအရှင်ရရချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်ကအားကျရတဲ့သူဖြစ်ချင်ဖြစ်နေလိမ့်မယ်။ တကယ်တမ်းအချစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာကိုယ်ကိုယ်တိုင်ပဲ သိတယ်။ မျက်လုံးအိမ်ထဲကမှဲ့ပိုင်ရှင် မာနကြီးတယ်ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူးချစ်ပြီဆို တစ်ဘဝလုံးစာမုန်းပြီဆိုရင်လည်းသံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်းပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး နားရွက်ပေါ်ကမှဲ့ပိုင်ရှင် ကတိတစ်ခုကိုတည်မှကြိုက်တယ်ချစ်စရာကောင်းတဲ့ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခုပိုင်ဆိုင်ထားကြတယ် ချစ်သူသက်တမ်းကြာရှည်စွာ ဖြတ်သန်းရတတ်တယ်။ ပျော်ရွှင်စရာတွေဖန်ဆင်းပေးတတ်တဲ့ချစ်သူကြောင့် ဘဝတစ်လျှောက် ရင်ခုန်သံတွေဆူညံနေရလိမ့်မယ်။ နှာခေါင်းပေါ်ကမှဲ့ပိုင်ရှင် သာယာတယ်လေသိပ်ချစ်ပြတာ ကိုယ့်ဘက်ကပြန်ရတယ်လေ နောင်တတွေအပြုံလိုက်ငိုခဲ့ရလွန်းလို့ကျလိုက်တဲ့ မျက်ရည်တွေရေအားလျှပ်စစ်ပါထုတ်လို့ရလောက်တယ် ဒါလည်းမှတ်လားမေးကြည့်လိုက်ပါဦး။ နှုတ်ခမ်းနားကမှဲ့ပိုင်ရှင် ဘယ်လိုနေနေလှနေရော။ဖျက်ခနဲရီလိုက်တာကသူတို့ရဲ့အားသာချက်လက်နက်ပဲအဲ့အပြုံးကိုမြင်လိုက်ရတဲ့သူတိုင်းသေမလိုရှင်မလိုဖြစ်ကျန်ခဲ့တဲ့အထိညှို့ချက်ကပြင်းတယ်။ လူတစ်ယောက်ကိုသိပ်ချစ်ခဲ့ဖူးပေမယ့်အဲ့လူကရက်စက်စွာဥပေက္ခာပြုခဲ့ခြင်းခံခဲ့ရဖူးတယ်။ လည်ပင်းနားကမှဲ့ပိုင်ရှင် ချစ်မယ့်သူတွေပေါတယ်။ ချောမောလှပတဲ့သူတွေဖြစ်ပေမယ့် ရည်းစားဆိုကိုယ့်ထက်ပိုချောတဲ့သူမရတတ်ကြဘူး အထူးခြားဆုံးကအသံစွဲမက်စရာဖြစ်နေတတ်တာ9+ပဲကိုယ့်ထက်အသက်ပိုကြီးတဲ့ကွီး/မွီးတွေကအသေအလဲ ကြွေခြင်းခံရတတ်တယ် မျက်ရည်အကျမလွယ်တတ်ဘူး။ […]
အရက်မူးပြီး ဝက်နဲ့ရန်ဖြစ်ရာမှ ငယ်ပါဝက်အကိုက်ခံရပြီး သေဆုံးခဲ့သူ
မက္ကဆီကို အနောက်တောင်ပိုင်း San Lucas Ojitlan မြို့မှာနေထိုင်တဲ့ လယ်သမားတစ်ယောက်ဟာ အရက်အလွန်အကျွံမူးနေစဉ် အိမ်မွေးဝက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ သူဟာ အရက်မူးပြီး ဝက်ကို မဟားဒယား တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးတော့ ဝက်ရဲ့ ပြင်းထန်လှတဲ့ ကိုက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ အရက်မူးနေတဲ့အတွက် မိမိခန္ဓာကိုယ် ဟန်ချက်ကိုပင် နိုင်အောင်မထိန်းနိုင်တဲ့ လယ်သမားဟာ လက်ချောင်းသုံးချောင်း အရင် ကိုက်ဖြတ်တာကို ခံခဲ့ရပါတယ်။ ယင်းနောက် ဝှေးစေ့များထွက်သည်အထိ ဝက်က ထပ်မံကိုက်ခဲ့လို့ ရရှိတဲ့ ဒဏ်ရာတွေနဲ့ပင် သေဆုံးသွားခဲ့ကြောင်း မက္ကဆီကိုအခြေစိုက် သတင်းစာတွေက ရေးသားခဲ့ပါတယ်။ မက္ကဆီကို အခြေစိုက် သတင်းစာ El Debate မှာ ဖော်ပြထားချက်အရ အသက် 60 အရွယ်ကိုတောင် ရောက်နေပြီဖြစ်တဲ့ လယ်သမား Miguel Anaya Pablo ဟာ […]
ငွေ(၆)သိန်းအတွက် တစ်နှစ်လုံးစာကျွန်ခံခဲ့ရတဲ့ ကလေး(၂)ယောက်ရဲ့ သနားစရာအဖြစ်
ကလေး၂ယောက် ပြင်ဦးလွင် ကြက်ခြံတစ်ခုကနေ ထွက်ပြေးလာလို့ လားရှိုးရောက်လာတယ်။ ဒါကလည်း လူမျိုးချင်းတူတဲ့ ပြင်ဦးလွင်က အသိတစ်ယောက် အချိတ်အဆက်နဲ့ ရောက်လာခြင်းဖြစ်တယ်။ ၂ယောက်လုံး အသက်က၁၂ ၁၃၀န်းကျင်လောက်ဖြစ်မယ်။ ဇာတိက တန့်ယန်းမြို့နယ်ထဲကရွာမှာ။ ဗမာစကား မတတ် ဘာမတတ်နဲ့ လားရှိုးရောက်လာတော့ သွားကြိုဖြစ်တယ်။ နောက်တစ်ရက်တော့ သူတို့ရဲ့ နေရပ်ဇာတိကို ပြန်ပို့ပေးတယ်။ပြသနာက ဘာလဲဆိုတော့ကလေးသူငယ်ခိုင်းစားခြင်းပဲ။ မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကို တရုတ်အလုပ်ခွင်ထဲပို့တယ်။ တစ်နှစ်စာလုံးး လုပ်လခစာတွေ ကြိုထုတ်ပစ်တယ်။ ဒီကလေး ၂ယောက်ဆို ၁ ယောက်ကို ၁နှစ်ပတ်လုံး ၆သိန်းရတယ်ပြောတယ်။ သူတို့လခကတော့ မိဘတွေက ထုတ်ယူသွားတယ်။ လခ ကြိုထုတ်ထားတော့ ဟိုကလည်း ကလေးတွေကို စပယ်ရှယ်ခိုင်းးတယ်။ မလုပ်နိုင်တဲ့ အဆုံး ကလေးတွေ ထွက်ပြေးလာတယ်။ဒီကိစ္စမျိုး ကျွန်တော်ဆီရောက်လာတာ ၃ခါထက်မနည်းတော့ဘူး။ အချို့ကိုတော့ အိမ်ပြန်ပို့တယ်။ အချို့ကလေးတွေကိုတော့ […]
ဒလန်သတင်းပေးမှုကြောင့် အမေနဲ့အစ်မဖြစ်သူကျန်ခဲ့တဲ့နေအိမ်ကို မီးရှို့ခံလိုက်ရတဲ့ ဗီဒီယိုကို စိတ်မကောင်းစွာပြသလာတဲ့ PDF လူငယ်လေး
တော်လှန်ရေးအရေးတော်ပုံကြီးမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူတွေအတွက် အနစ်နာခံနေကြရတဲ့ သူရဲကောင်းရဲဘော်တွေမှာ ပေးဆပ်မှုတွေတော့ တကယ်ကိုအများအပြားပါပဲ။ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ပြီး အားလုံးရဲ့အနာဂတ်တွေအတွက် ယုံကြည်ရာကို လျှောက်လှမ်းကာ အားတင်းကြိုးစားရင်း တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ နာကျင်မှုတွေထဲမှာ လွတ်မြောက်နယ်မြေမှာ ကြိုးစားတိုက်ဝင်နေတဲ့အချိန် မိခင်နဲ့ အစ်မဖြစ်သူနှစ်ယောက်တည်းကျန်ခဲ့တဲ့ နေအိမ်ကို မီးရှို့ဖျက်စီးခံလိုက်ရတာတွေလည်း ပါဝင်ပါတယ်။ ဒလန်ရဲ့သတင်းပေးမှုကြောင့် မောင်နှမနှစ်ယောက် ပြည်ပမှာအလုပ်လုပ်ပြီး ရှာဖွေထားတဲ့ ချွေးနည်းစာ လုပ်အားခလေးတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ သူတို့ရဲ့ နေအိမ်တစ်ခုလုံး ပြာကျတဲ့အထိ မီးရှို့ဖျက်စီးခံလိုက်ရတာကြောင့် PDF လူငယ်လေးက စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ နေစရာအိမ်မရှိတော့လို့ ဝမ်းနည်းနေရပေမယ့် အနစ်နာခံကြိုးစားမှုတွေနဲ့ ယုံကြည်ချက်တွေအတွက် အားတင်းရင်း လွတ်မြောက်နယ်မြေကနေ အမေနဲ့အစ်မဖြစ်သူကို အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။ ကြုံလာသမျှအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း နေအိမ်ကိုမီးရှို့ဖျက်စီးခံလိုက်ရတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း PDF […]
မြန်မာနိုင်ငံသို့ ဝင်ရောက်တော့မယ့် အားကောင်းတဲ့ Typhoon မုန်တိုင်း
မြန်မာနိုင်ငံသို့ ဝင်ရောက်တော့မယ့် အားကောင်းတဲ့ Typhoon မုန်တိုင်း “ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်ဘက် တောင်တရုတ်ပင်လယ်ပြင်တွင်(18W)CONSON အမည်ရTyphoon မုန်တိုင်းဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသို့ဦးတည်ရွေလျားနေ” ၉.၉.၂၀၂၁ နံနက် ၁၀ နာရီ ၀၉ မိနစ် အပတ်စဉ်ခန့်မှန်းချက်မှာ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းအပြောင်းအလဲမရှိ ဖိလစ်ပိုင်နိုင်ငံရဲ့အနောက်ဘက် ဗီယက်နမ်နိုင်ငံရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်တွင် (18W)CONSON အမည်ရမုန်တိုင်းဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသို့ဦးတည်ရွေလျားနေတာကိုတွေ့ရပါတယ်။ မုန်တိုင်းအန္တရယ်မရှိပါ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို လေပွေလှိုင်းများအဖြစ်နဲ့မိုးရွာသွန်းနိုင်တာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းရဲ့အခြေအနေကတော့… JTWCရဲ့ ယနေ့မြန်မာစံတော်ချိန် နံနက် ၆နာရီ၃ဝမိနစ်အချိန်တိုင်းထွာချက်များအရ Center pressureမှာ”1000hpa”ဖြစ်ပြီး အနောက်မြောက်ဘက်ကို၁နာရီ၁ဝမိုင်နှုန်းဖြင့် မြန်မာနိုင်ငံရှိရာဘက်သို့ ဦးတည်ရွေ့လျားနေပါတယ်။ အဆိုပါ Typhoon မုန်တိုင်းဟာဆက်လက်အားကောင်းလာကာ နောက်၂ရက်အတွင်း အားအလွန်ကောင်းသော Typhoon မုန်တိုင်းဖြစ်သို့ရောက်ရှိလာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်ရှိထားပါတယ်ခင်ဗျာ ။ Update သတင်းများကို […]
မိတ်ကပ် မပါဘဲအမြဲလှနေအောင် ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ်လှတာ ကိုယ့်အတွက်ပါ
မိတ်ကပ် မပါဘဲအမြဲလှနေအောင် မိတ်ကပ်မပါဘဲအမြဲလှနေချင်လား ? (1) မျက်ခုံးမွှေး မျက်တောင်မွှေးကို သံလွင်ဆီ(သို့) Vaseline အမြဲလိမ်းပါ (2)နုတ်ခမ်းကို အဆီအမြဲလိမ်းပေးပါ (3)မျက်နှာကို တစ်ရက်နှစ်ခါသစ်ပါ (4)skin care ပုံမှန်လုပ်ပါ (5)Maskတစ်ပတ်နှစ်ကြိမ်ကပ်ပါ (6)တစ်ရက်ရေ၈ခွက်သောက်ပါ (7) အချိန်မှန်မှန်အိပ်ပါ ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ်လှတာ ကိုယ့်အတွက်ပါ ရေများများသောက်ပါ မျက်နှာလေးကြည်လင်ဝင်းပနေဖို့အတွက် ရေဓာတ်ပြည့်နေဖို့ကလည်း အရင်လိုအပ်ပါတယ်။ သဘာဝအတိုင်း ကျန်းမာလှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ရေဓာတ်အပြည့်ဖြည့်ပေးဖို့ လုံးဝမေ့လို့မရပါဘူး။ မှန်မှန်ချေးချွတ်ပါ အသားအရေလေး ဝင်းလက်နေစေဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ချေးချွတ်ခြင်းဖြင့် အသားအပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းပါပဲ။ အစိုဓာတ်ထိန်းသိမ်းပါ ဒုတိယအဆင့်ဖြစ်တဲ့ ချေးချွတ်ခြင်းကို ပြုလုပ်ပြီးတိုင်းမှာ အသားအရေကြမ်းတမ်းပြီး ခြောက်သွေ့သွားခြင်းမရှိအောင် အမြဲတမ်း Moisturizer လေးတွေ လူးပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ အာဟာရတွေပြည့်ဝတဲ့၊ […]









