ဆံပင်အရှည်မြန်စေမည့် လျှို့ဝှက်ချက် (၅) မျိုး ဆံပင်ကို အံ့မခန်း အရှည်မြန်စေမည့် လူသိနည်းသည့်လျှို့ဝှက်ချက် (၅) မျိုး ဆံပင်အရှည်မြန်ချင်တာ မိန်းကလေးတိုင်းလိုလိုရဲ့ ဆန္ဒဖြစ်ပါတယ်။ ဆံပင်ဟာ အရောင်ဆိုးတာ များလို့ပဲဖြစ်ဖြစ်၊ကောက်ဆေးဖြောင့်ဆေးတွေ ထိလို့ပဲဖြစ်ဖြစ်၊အရှည်နှေးတာ၊ မရှည်တော့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ဆံပင်အရှည်မြန်စေမယ့်လျှို့ဝှက်ချက်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။ (၁) BIOTIN ဆေးပြား ဆေးပြားလေးတွေကို အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်ပြီး ဆီနှင့်ရောပေးလိုက်ပါ။သင့်ရဲ့ဦးရေပြားကို နှိပ်နယ်ပေးပြီး တစ်ညလုံးနှပ်ထားလိုက်ပါ နောက်နေ့မနက်မှာ ပုံမှန်အတိုင်း ခေါင်းလျှော်ပေးလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အံမခန်းအရှည်မြန်လာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ (၂) ပန်းသီးရှာလကာ ခေါင်းကို ပုံမှန်လျှော်နေကျအတိုင်းလျှော်ပြီး ရေသေချာဆေးလိုက်ပါ။ အဆုံးသတ်မှာ ပန်းသီးရှာလကာကိုရေနဲ့ရောပြီး ဆံပင်ကိုလောင်းကာ ရေခြောက်အောင် သုတ်လိုက်ပါ။ ဒီနည်းလမ်းဟာ ဆံပင်အရှည် မြန်ရုံသာမကပဲ ဆံပင်ကို အထူးကျန်းမာ သန်စွမ်းစေပါတယ်။ (၃) ပျားရည် ခေါင်းလျှော်တိုင်း […]
Month: September 2021
နဂါးမှန်းသိအောင် အမောက် ထောင်ပြလိုက်တဲ့ NUG ..
နဂါးမှန်းသိအောင် အမောက် ထောင်ပြခြင်း.. (Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်) NUG ကခုခံကာကွယ်စစ် တပြည်လုံး ဆင်နွဲရန် ကြေ ငြာလိုက်ပြီးနောက် အားလုံး လှုပ်လှုပ် ခါခါ ဖြစ်လာကြပါတ ယ်.. အားလုံးဆိုတဲ့အထဲ စကစတို့ တသိုက်တင်မကဘဲ ကမ္ဘာ့နိုင်ငံ အသီးသီးက သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့ အစည်းတို့ကို လည်း ဆိုလိုပါတယ်… ကြေငြာချိန်ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်ခင် Credential Committee ကြားနားမှု့မစခင် တပ တ်အလိုမှာ ဖြစ်ပါတယ်..သူတို့ဆုံးဖြတ်ရင် စဉ်းစားမယ့် အခြေခံ အချက်တွေဖြစ်တဲ့ အများဆန္ဒနဲ့ရွေးချယ်ခံရခြင်းြ ပည်သူလူထုကို အကာအကွယ်ပေးနိုင်ခြင်း စသဖြင့် အချက်တွေနဲ့ မပြည်စုံဘဲ ကျွန်တော်တို့ဘက်က အစစ အရာ […]
ငယ်စဉ်က ထားသွားခဲ့တဲ့မိဘများကို မမုန်းတီးတဲ့အပြင် ခြေထောက်ဖြင့်ပန်းချီဆွဲလို့ရတဲ့ချွေးနည်းစာဖြင့် အိမ်တစ်လုံးဆောက်ပေးခဲ့တဲ့ မသန်စွမ်းသူအမျိုးသား
ဘူတန်မှ ပါရမီရှင်တစ်ဦးဖြစ်တဲ့ Pema Tshering အမည်ရှိအမျိုးသားဟာ သူ၏ခြေဖဝါးကိုသာသုံး၍ အံ့မခန်းသစ်သားပန်းပုများနှင့်ပန်းချီကားများကို ဖန်တီးတဲ့သူတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်အရွယ်က မိဘများရဲ့ထားခဲ့ခြင်းကိုခံခဲ့ရပေမဲ့ သူဟာ ယခုအခါ ၎င်းတို့အား သူရဲ့အောင်မြင်မှုများဖြင့် ငွေကြေးထောက်ပံ့ပေးနေခဲ့ပါတယ်။ သူ့ရဲ့လှုံ့ဆော်မှုပုံပြင်ဟာ အင်တာနက်နှင့်ကျွန်တော်တို့အားလုံးကို စိတ်ခံစားမှုတစ်ခုဖြစ်ပေါ်လာစေပါတယ်။ အသက် ၆ နှစ်အရွယ်ကတည်းက မိဘများရဲ့ထားခံခြင်းကိုခံခဲ့ရတဲ့ လက်ရှိ အသက် ၃၂ အရွယ် Pema Tshering ဟာ အပေါ်ပိုင်းမှ တင်ပါးဆုံရိုးအထိ အကြောသေနေခဲ့ပါတယ်။ အဘိုးအဘွားများ၏စောင့်ရှောက်မှုအောက်တွင် Pema ဟာ လေးနှင့်မြှားများကိုဝါးဖြင့် ပြုလုပ်ကာ မြှားပစ်သင်ခဲ့ပါတယ်။ သို့ပေမဲ့ ဘုရင်မကြီး Tshering Pem Wangchuk ဟာ သူ့အသက် ၁၈ နှစ်ဝန်းကျင်လောက်မှာ သူရှိရာရွာသို့အလည်အပတ်လာရောက်ခဲ့ပြီး သူ့အား မွေးစားကာ ဘူတန် Thimphu မြို့မှာရှိတဲ့နာမည်ကြီး Zorig Chusum […]
လာမည့် ၂၀၂၂က စပြီး ဘဏ္ဍာရေးနှစ်ပြောင်းပြီဟု ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို နစကဗဟိုဘဏ်ကအကြောင်းကြား
လာမည့် ၂၀၂၂က စပြီး ဘဏ္ဍာရေးနှစ်ပြောင်းပြီဟု ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို နစကဗဟိုဘဏ်ကအကြောင်းကြား လာမည့် အောက်တိုဘာလမှ ဘဏ္ဍာရေးနှစ်ပြင်ဆင်မည့် ဧပြီလ ၁ရက်မရောက်မှီကာလကိုကြားကာလ ဘက်ဂျက်အဖြစ် သတ်မှတ်ကြောင်းနှင့်အတူ ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အား ဧပြီလ (၁) ရက်နေ့ကနေ မတ်လ (၃၁) ရက်အထိ ပြောင်းလဲပြင်ဆင်ဆောင်ရွက်မည့် အကြောင်း ဘဏ်များအားလုံးနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ မိုလ်ဘိုင်းငွေကြေးဝန်ဆောင်မှုများအားလုံးကို နစကဗဟိုဘဏ်ကအကြောင်းကြားများအသီးသီးပေးပို့ထားတယ်လို့သိရှိရပါတယ်။ ကြေငြာချက်အရ ၂၀၂၁ ခုနှစ်၊အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်မတ်လအထိသည်(၆)လအတွက်ကြားကာလဘတ်ဂျက်ဖြစ်သွားသည်ဟုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကအကြောင်းကြားစာပေါ် လက်မှတ်ထိုးကာပြောဆိုထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ပြောင်းလဲပြင်ဆင်ထားသောမြန်မာနိုင်ငံ၏ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိဘဏ္ဍာနှစ်ကို နစကမှ ဧပြီလ (၁) ရက်နေ့ကနေ မတ်လ (၃၁) ရက်အထိဘဏ္ဍာနှစ်အတိုင်း အစားထိုးပြင်ဆင်လိုက်တာဖြစ်ပါတယ်။နစကဘက်က နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ […]
ဘယ်သူ့ဆီကမှ အလှူမခံလိုတဲ့ နှလုံးလှလူမိုက်ကြီး
သူ ကျန်းမာရေးလေး ပြန်ကောင်းလာတော့ ညဘက်ဆို သီချင်းလေးတွေ ဆိုပြတယ်။ အတူရှိနေတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကို ရှေးဟောင်းနှောင်းဖြစ်ဖြစ်ရပ်မှန် ဟာသလေးတွေ ပြန်ပြန်ပြောပြတယ်။ ခန့်ညားလှတဲ့ ဇာတ်စင်မြင့်ကြီးတစ်ခုပေါ်က နှင်းဆီတစ်ပွင့်ရဲ့ဟန်ပန်အမူအရာ အပြည့်နဲ့ပေါ့။ အားလုံးကို ပွဲကျစေခဲ့တာကတော့ဦးသုမောင်ရှိခဲ့စဉ်က အလွဲတချို့နဲ့ဦးကျော်သူကြီးရဲ့လူငယ်သဘာ၀ပုံရိပ်တချို့ပါပဲ။ခဏတာ အပျော်တွေကူးစက်ပြီးအားလုံးပြုံးပျော်နေကြပြီဆိုရင်ဖြင့်ကလေးတစ်ယောက်လို ပြုံးရွှင်နေခဲ့တဲ့သူ့ပုံရိပ်တွေကို ပြန်မြင်ယောင်တိုင်းကျွန်တော် သူ့အကြောင်း ပြန်ပြန်တွေးမိတယ်။ သွားသေးသေးလေးတွေအပြည့်နဲ့နှလုံးသားလှသူကြီး၊ စိတ်ညစ်နေသူတချို့ကို သွားသေးသေးလေးတွေအများကြီးပေါ်အောင် ပြုံးဖြီးဖြီးလုပ်ပြပြီး စိတ်သက်သာစေသူကြီး။ သူဟာ စိတ်အေးလက်အေး ရှိလှတဲ့သူ။ပုံမှန် ဘုရား၀တ်ပြုပြီး တရားထိုင်လေ့ရှိတဲ့သူ။ ဖြစ်နိုင်ရင် သူ့အတွက် ဘယ်သူ့ကိုမှ အလုပ်မရှုပ်စေချင်တဲ့သူ။သူ အပြင်ခဏတဖြုတ်သွားပြီး ပြန်လာလို့ ကျွန်တော် သူ့အ၀တ်လေးတွေလျှော်ထားမိရင် ပြောမဆုံးတော့ဘူး။ “ဆရာကောင်းရယ်…ဘာလို့ အ၀တ်တွေလျှော်ရတာလဲ၊ ကျွန်တော် ကိုယ့်ဘာသာလျှော်နိုင်နေပါပြီ”လို့ ပြောတတ်တဲ့သူ။လူတိုင်းကို တလေးတစား ဆက်ဆံပြီးအချိန်ပေးကာ စကားပြန်ပြောတတ်တဲ့သူ။ လူတိုင်းကို သူ့ကြောင့် စိတ်ဆင်းရဲရတာထက် စိတ်ချမ်းသာတာပဲ […]
ဖျားနာနေတဲ့ကလေးများနှင့်အတူ ဇာတိမြို့သို့ပြန်ရန် ပိုက်ဆံမရှိတာကြောင့် ငိုကြွေးကာ အကူအညီတောင်းခံနေခဲ့တဲ့ ဖခင်တစ်ဦး
မိဘတွေရဲ့ ၎င်းတို့သားသမီးတွေအတွက် ထားရှိတဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာတွေဟာ ဘယ်သောအရာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ ထိုချစ်ခြင်းမေတ္တာဟာ မည်သည့်အရာကိုမဆိုဖြတ်ကျော်နိုင်ပြီး စိန်ခေါ်မှုများဟာ ဤဘ၀ တွင် အဖေများရဲ့သားသမီးများကိုပေးစွမ်းနိုင်တဲ့အကြီးမြတ်ဆုံးသောမေတ္တာကိုလောင်ကျွမ်းစေတဲ့ဓာတ်ကူပစ္စည်းများသာဖြစ်ပါတယ်။ အောက်ပါဇာတ်လမ်းသည်၎င်းအတွက်ပြီးပြည့်စုံသောဥပမာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက Janette Odon အမည်ရှိ netizen တစ်ဦးဟာ သူ၏ဖျားနာနေသောကလေးများနှင့်အတူ ဖခင်တစ်ဦးရဲ့ဝမ်းနည်းငိုကြွေးနေခဲ့တဲ့ဓာတ်ပုံကို ပြန်လည်မျှဝေခဲ့ပေးခဲ့ပါတယ်။ Janette က သူမဟာ အဖျားရှိသည့် သားလေးတစ်ဦး နှင့် ဦး နှောက်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ သမီးလေးတို့အား ပြုစုပေးနေတဲ့အဆိုပါဖခင်တို့နှင့်အတူကားတစ်စီးထဲတွင် ရှိနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ပူပင်သောကရောက်နေတဲ့အဖေဟာ ဆက်တိုက်ငိုကြွေးနေခဲ့ပြီး ၎င်းတို့သားအဖသုံးယောက်အား အိမ်ပြန်ပို့ပေးနိုင်မဲ့မျှော်လင့်ချက်ကြောင့် ပတ်ဝန်းကျင်ကလူတွေဆီကအကူအညီ လှမ်းတောင်းခံနေခဲ့ပါတယ်။ ကျေးဇူးတင်စွာနဲ့ ခရီးသည်အချို့ကလည်း ၎င်းတို့ရဲ့ကြင်နာမှုကိုပြခဲ့ပြီး အဆိုပါဖခင်အား ငွေအနည်းငယ်ပေးကမ်းခဲ့ကြပါတယ်။ အဆိုပါဖခင်ကမျှဝေခဲ့သည့်အတိုင်း သူဟာ မိသားစုငွေကြေးပြဿနာကိုကူညီဖြေရှင်းပေးနိုင်သောအလုပ်တစ်ခုရှိရန် အလွန်အရေးကြီးကြောင်းသိသော်လည်း သူ့ရဲ့ဇနီးသည်ဟာ ၎င်းတို့သားအဖ သုံးယောက်ကိုထားခဲ့တာကြောင့် သူက သားသမီးများကို မပစ်ထားချင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ၎င်းအဖေနဲ့သူ့ကလေးတွေရဲ့ဇာတ်လမ်းကို Facebook […]
တာဝါတိုင်တွေဖျက်ဆီးခံရလို့ ဒေါသထွက်နေတဲ့ အာဏာသိမ်းခေါင်းဆောင် ..
တာဝါတိုင်တွေကို မလုပ်နဲ့ တပ်ကိုလုပ် ဆိုတဲ့စကားက သူ့အတွက်တော့ အင်မတန် သဘာ၀ကျတဲ့စကားဖြစ်ပါတယ်။ တပ်သားတစ်ယောက်သေရင် ကျန်ရစ်တဲ့ သူ့ဇနီးမယား သားသမီးတွေ အဆင်ပြေဖို့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက အဆင်သင့်။ မပေးဘဲနေရင်တောင် ရတယ်။ ဒါပေမဲ့ အောင်မြင့်မိုရ်မင်း ကုမ္မဏီက သိက္ခာနဲ့ စည်းကမ်းနဲ့ ရပ်တည်တဲ့ ကုမ္မဏီ။ တပ်မတော်သားတွေအကျိုးအတွက် ဖွင့်ထားပေးတာ။ တပ်မတော်သားတွေဟာ ငွေတန်ဖိုးနားမလည်ဘဲ ဘုန်းဘောလအော သုံးဖြုန်းပစ်မှာစိုးလို့ လစာငွေထဲကနေ ဖြတ်ပြီး တိုးပွားအောင် စုဆောင်းပေးထားတာ။ ဘယ်နေရာမှာ ဘာကြောင့်ပဲ သေသေ။ တပ်မတော်သားတွေအတွက်ဆိုရင်လေ အပြေးကလေးရောက်လာမယ့် အောင်မြင့်မိုရ်မင်း တဲ့။ ဒါ သူတို့ဆောင်ပုဒ်။ ကျန်ရစ်သူ ဇနီးမယားက အဲဒီငွေတွေ မယူချင်ဘူးလို့ ငြင်းမရ၊ သူတို့ စုဆောင်းတိုးပွားပေးထားတဲ့ ငွေလုံးငွေရင်းကို သူ့ဆောင်ပုဒ်အရ တာ၀န်အရ မဖြစ်မနေ အပြေးလေး […]
အဆိုတော် ဇော်ဝင်းထွဋ်၏ သား အဆိုတော်အီတိုး ဖမ်းဆီးခံရ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ ခြံဝန်းတစ်ခုတွင် စစ်ကောင်စီက အဆိုတော် အီတိုးကို စက်တင်ဘာ ၈ရက် ညက ဖမ်းဆီးသွားကြောင်း သိရသည်။ ၎င်း၏ အမဖြစ်သူ Win Htut Tara က “ဒီတစ်ကွက်တော့ အားလုံး အရှိုက်ကိုထိတယ်…! အစစ အရာရာ အဆင်ပြေပြီး…အန္တရာယ်ကင်း ပါစေ! ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အဆိုတော် ဇော်ဝင်းထွဋ်၏ သား အဆိုတော်အီတိုးနှင့်အတူ အခြား လူငယ်အချို့လည်း အဖမ်းခံရပြီး ရေကြည်အိုင် စစ်ကြောရေးသို့ ဖမ်းခေါ်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ နိုင်ငံကျော် မြန်မာ့အသံ အဆိုတော် ဒေါ်ခင်စိုးဝင်းကလည်း အီတိုး စစ်ကြောရေးရောက်သွားသည့်အတွက် ဝမ်းနည်းရကြောင်း နှင့် ဘေးကင်းပါစေကြောင်း ၎င်း၏ […]
ဂျာအေးကဗျာကို သင်တာသင်ခဲ့ရတာ အခုမှပဲ အဓိပ္ပါယ်ကို သိရတော့တယ်
ဂျာအေးကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ် Unicode Version ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ဘယ်ကစပြီး ဘယ်တော့ဆုံးမယ်မှန်းမသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ငယ်စဉ်ကတည်းကအလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ်သိသူနည်းပါးဦးမှာပါ… ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ခုနှစ်နဲ့မူရင်း အဓိပ္ပါယ်ကို သေချာမသိရပါဘူး.. ဒါပေမယ့်ကံအကြောင်းတိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်.. မုန့်လုံးကိစက္ကူကပ်ပါလို့ မုန့်လုံးနဲ့တူတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာငါးပါးသက္ကာယတရားတွေကိုတဏှာဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်.. ကြာကလပ်နဲ့ ဆွမ်းတော်တင်နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။ ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေးဂျာအေး ကောင်းမှုတွေလုပ်လို့ ကောင်းရာဘုံဘဝတွေ ရောက်ပေမယ့်လည်း (မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့) အချိန်တန်လို့ကုသိုလ်အဟုန်တွေကုန်တော့အပါယ်ဘုံ (သို့)လူ့ဘုံကိုပဲ ရောက်ရတာပါပဲ.. ဂျာအေးကိုသူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို […]
“မျက်နှာသစ်ရာမှာ သတိထားဖို့ “…
ကလေးဘဝအရွယ်ကတည်းက “စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အစာစား၊ ကျောင်းသွား” ဆိုတဲ့ ကလေးငယ်တွေဆောင်ရွက်ရမယ့် ဝတ္တရားတွေကို ဆရာသမားတွေက သင်ကြားပေးခဲ့ကြတယ်။ ကလေးငယ်ဘဝကတည်း က မနက်တိုင်း မျက်နှာသစ်ခဲ့ရတာ အခုရောက်နေတဲ့ အသက်အရွယ်အထိပါပဲ။ တချို့ဆို ညဘက်အိပ်ရာဝင်ခါနီးမှာတောင် မျက်နှာသစ်၊ သွားတိုက်တဲ့ အလေ့အကျင့်လုပ်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက မျက်နှာကို အချိန်ကြာမြင့်စွာ ဆပ်ပြာ၊ သန့်စင်ဆီတွေနဲ့ သစ်နေတာကို သတိပြုမိတယ်။ တကယ်တော့ လူတစ်ယောက်အတွက် မျက်နှာအသားအရေဟာ အရေးအကြီးဆုံးပါ။ အဲဒါကြောင့် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မိမိရဲ့မျက်နှာအသားအရေကို ဂရုစိုက်ကြရပါမယ်။ တချို့မိန်းကလေးတွေက မျက်နှာသစ်ရုံမက လှချင်လွန်းလို့ ဆိုင်မှာ မျက်နှာကိုပေါင်းတင်တာ၊ မျက်နှာအကြောတွေ နှိပ်နယ်တာ၊ အကြောလျှော့တာ၊ မျက်ရိုးတွေနှိပ်နယ်အကြောလျှော့တာတွေကို ပြုလုပ်တတ်ကြပါတယ်။ အမှန်ဆိုရင် မျက်နှာအသားအရေဟာ ပါးလွှာတဲ့အတွက် […]









