Knowledge
ခဏခဏတိုးနေတဲ့ သွေးတိုးနေတာ ဒီနည်းလေးနဲ့ အဆင်ပြေခဲ့လို့ပါ
ခဏခဏတိုးနေတဲ့ သွေးတိုးရောဂါကို ယခုနည်းနှင့် အဆင်ပြေခဲ့လို့ မျှဝေပါသည်။သွေးပေါင် ချိ န်18 0 /100လောက်ပုံမှန်ရှိနေတတ်တဲ့ လူနာရှင်တယောက်အံဘြဖွယ်120/80mmHg လောက်သွေး တိုးကျဆေး မသောက်ပဲပုံမှန်ဖြစ်သွားတာ.. တွေ့ရတဲ့တိုင်းရင်းဆေးနည်းကောင်းလေးပါခင်ဗျာ။ Onlineပေါ်ကတွေ့တာကို အကုန်အကျ မများ ကိုယ်အနီးအနားမှာအလွယ် တကူရနိုင်တဲ့ပစ္စည်းလေးတွေမို့လက်တွေ့လုပ်ကာစမ်းသောက်ကြည့်လိုက်တာပါ။အတော်ထူးခြားစွ..ာဆေးအမြဲထိုး စာ းနေရတဲ့ဘဝကလွတ်သွားသူ လူနာတယောက်ရဲ့ကိုယ်တွေ့နည်းလမ်းကောင်းလေးမို့ကိုယ့်ရဲ့မိ တ် ဆွေများလဲအသုံးပြု့လိုကပြု့နိုင်အောင်ဇိဝိတဒါ န ပြန်လည်မျှဝေပေးလိုက်ပါတယ်။မနေညနေကတင်ထားပြီးသား အားမရသေးလို့ လ က်တွေ့ဖော်စပ်ပုံအ ဆင့်ဆင့်နဲ့ပြန်လည်မျှဝေပေးပါတယ်။သွေးတိုးဆိုတာသွေးအေးလူသတ်သမားပါဖွံ့ဖြိုးမှု့နိမ့်ကြတဲ့တိုင်း ပြည်တွေအစာ းအသေ ာက်ဆေးဝါးအသီးအနှံ့တွေနေထိုင်မှု့စနစ်တွေအကာ အကွယ်မဲ့ စံသတ်မှတ်ချက်တွေနဲ့မထိ မ်းချုပ်နိုင်သေးတဲ့တိုင်းပြည်မှာ လူ၁ဝဝမှာအန ည်း ၅ဝကျော်အထက် ဖြစ်နေတဲ့ရောဂါပါ။ ဝင်တွင်းရောဂါ ကလီစာတွေချို့ယွင်းမှု့အလိုက်တယောက်နဲ့တယောက်သွေးတိုးရတဲ့အကြောင်းအရ င်းအနေအထားမတူညီနိုင်တော့ကျိန်သေလူတိုင်းပျောက်မယ်လိုတော့ မဆိုလိုပါ။ ပျောက်သူတကယ်ရှိတကယ်တွေ့တဲ့လက်တွေ့နည်းလေးမို့ပါယုံကြည်ပါက ဖော်စပ်အသုံးပြုနိုင်ပါတယ်။ ဆေးဖော်စပ်ပုံ – ၁ =ဒန်သလွန်အမြစ် အခေါ က်၂ဆခန့် ၂ =ဆင်တုန်မနွယ်ပင် ၁ဆကျော် […]
Knowledge
မိန်းမဟူသမျှ ဖန်..တန်တန် ပါပဲ ပုဏ္ဏားကြီးရယ်
တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။ ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်။ ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့..နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့.. မိဖုရားကြီးက စဉ်းစားတယ် ဟိုတစ်နေ့က […]
Knowledge
နံနက်ခင်းအိပ်ယာထ မျက်နှာသစ်ချိန်မှာ အရယူနိုင်တဲ့ ကုသိုလ်(၅)မျိူး…
နံနက်ခင်းအိပ်ယာထ မျက်နှာသစ်ချိန်မှာ အရယူနိုင်တဲ့ ကုသိုလ်(၅)မျိူး.. (၁)ဒါနကုသိုလ်၊ မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကိုကိုင်ထားပါ။ ရေဖလားကိုအပေါ်တော့ မမြှောက်လိုက်ပါနဲ မတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့..။ ”မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီးကပ်လိုက်ပါ။ ဒါဆိုဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂)ဗုဒ္ဓနုသာတိကုသိုလ်၊ မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကိုအနက်(၃)ခုနဲ့ပွါးလိုက်ပါ။ အရဟံ = ကိလေသာမြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ = ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သောမြတ်စွာဘုရား။ အရဟံ = ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကိုမပြုတော်မူသောမြတ်စွာဘုရား။ ဒါဆိုဗုဒ္ဓနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။ (၃)မေတ္တာကုသိုလ်၊ ကြည်လင်နေတဲ့ရေကိုကြည့်ပြီး ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကောအေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကောအေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ […]
Knowledge
အိမ်မက်မက်တတ်ရင် သိမ်းထားပါ (က) မှ (မ) ထိ
(က) မွ (မ) ထိ [ က ] နှင့်ပက်သက်သော အိပ်မက်များ ၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့ ၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့ ၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့ ၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့ ၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့ ၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့ ၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့ […]
ဗေဒင်
(၂)ပတ်အတွင်း ထူးထူးခြားခြားအကျိုးထူးပြီး ငွေဝင်စေတဲ့ နည်းလမ်း
ဗေဒင်
8.Dec.2022 မှ 14.Dec.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
8.Dec.2022 မှ 14.Dec.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း #တနင်္ဂနွေ ဒီအပတ်အတွင်း အိမ်ပြောင်း၊နေရာပြောင်း၊ခရီးယာယီတွေကြုံရတတ်ပါတယ်။ အဝေးကအမိအဘအကြီး အကဲတွေလာလည်တာမျိုးလဲ ဒီအပတ်ထဲမှာကြုံနေရတတ်ပါတယ်။ ငွေကြေးအားကောင်းနေတတ်ပြီးတော့ အလှ အပနှင့်ဆိုင်သောလုပ်ငန်းများအထူးအကျိုးပေးပါတယ်။ဒီအပတ်ထဲ ခန္ဓာကိုယ်က ချွေးနံမထွက်ဘဲ အမြဲတမ်း အမွှေး နံ့သာလိမ်းခြယ်ထားခြင်းကလဲကံကောင်းမှုတွေပိုများစေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်စေ၊လခစားဖြစ်စေငွေကြေး ထက် အလုပ်တိုးတတ်ဖို့ကိုသာ ဦးစားပေးအာရုံစိုက်ထားသင့်ပါတယ်။ ရတနာပစ္စည်းတွေအထွက်ပြနေတာမို့ ပွဲလမ်း သဘင်က အစ မလိုအပ်ရင်ရတနာပစ္စည်းတွေမဝတ်ဆင်တာပိုကောင်းပါတယ်။ ကျန်းမာရေးအားအနည်းဆုံးကာလ ထဲရောက်နေတာမို့ ကျန်းမာရေးယုတ်လျောစေမဲ့ကိစ္စမှန်သမျှ အလွန်အကျွံမလုပ်ဖို့သတိပေးချင်ပါတယ်။ ဆီမသန့် သောဆီကြော်မုန့်များနှင့် fast food တွေစားတာမျိုးဒီအပတ် မှာရှောင်နိုင်လေ ကောင်းလေပါပဲ။ စိတ်ရောလူပါ မနားမနေ လှုပ်ရှားအလုပ်များနိုင်တယ်။ ငွေကြေးအရ စွန့်စား မှု သိပ်များပြီးတော့ လောင်းကစားဆန်တဲ့ အလုပ်တွေ ပေါ်လာတတ်တယ်။ ဝင်ငွေကောင်းသလောက် သတိထားတဲ့ကြားက ဆုံးရှုံးမှုတချို့ ဖြစ်တတ်တယ်။ အချစ်ရေးကိစ္စ […]
Knowledge
နောင်တချိန် ငါ့သမီးလေးကို ပြောပြရမယ် (သမီးရှိတဲ့ မိဘများ ဖတ်ဖြစ်အောင် ဖတ်သွားပါ)
တချိန် ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ တချိန် သမီးလေး သိဖို့”ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား.. ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို အန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုး…. သမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ ခပ်လွယ်လွယ်တွေးလိုက်တာတွေ သိပ်များနေပြီလားလို့လည်းတွေးမိပါ့…ခုခေတ် ယောက်ျားတွေ(အများစု)က အတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား? ယောက်ျားတွေက အလုပ်ရှိတဲ့မိန်းကလေး ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ်ဆိုတာ.. .ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ ပိုသဘောကျကြတယ်ဆိုတာ…အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ်ဆိုတာ.. သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပိုထားကြတယ်ဆိုတာ…ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ… ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက် […]
Knowledge
လေဖြတ်ထားသူပင် အချိန် ၂ ပတ်တွင်းလမ်းပြန်လျှောက်စေနိုင်တဲ့ မြန်မာ့ဆေးနည်း
အချိန် ၂ ပတ်ပဲလုပ်ကြည့် လေဖြတ်ထားသူပင် လမ်းပြန်လျှောက်စေနိုင်တဲ့ မြန်မာ့ဆေးနည်း အိမ်မှာ လေဖြန်းထားတဲ့ အဖေတောင် သက်သာပျောက်ကင်းခဲ့တဲ့ နည်းလေးမို့ အားလုံးကို ကုသိုလ်အဖြစ် မျှဝေလိုက်ပါတယ်။ လေဖြတ်လူနာတောင် ၂ ပတ်အတွင်း လမ်းပြန်လျှောက်နိုင်တဲ့ မြန်မာ့ဆေးနည်းလေးဖြစ်ပါတယ်။ အကြောညပ်၊ အဆစ်လွဲ၊ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအပြင်လေဖြတ်လူနာတောင် နှစ်ပတ်မကြာလမ်းပြန်လျှောက်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်..။ ညောင်းညာကိုက်ခဲလို့ပဲဖြစ်စေ ၊ အကြောညပ်လို့ပဲဖြစ်စေ ၊ အရိုးအကြောအဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းပဲဖြစ်စေခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအတွက် အထူးကောင်းမွန်တဲ့အိမ်တွင်းသုံးလိမ်းဆေးလေးပါ။ လေဖြတ်တာကိုသိတာနဲ့ အဲ့ဒီဆေးဖော်ပြီးလိမ်းပေးပါတယ်။နှစ်ပတ်မကြာဘူး။ လမ်းပြန်လျှောက်နိုင်ပါတယ်။စိတ်ရှည်လက်ရှည်နဲ့ပြုစုဖို့တော့လိုပါလိမ့်မယ်။ ထိခိုက်ပြတ်ရှဒဏ်ရာတွေ သွေးထွက်လွန်ရင်လည်းဆေးရည်အနည်းငယ်လောင်းရုံနဲ့ သွေးတိတ်နိုင်ပါတယ်။ အိမ်တွင်းသုံး ဘက်စုံဆေး ဆေးကြီးပြုလုပ်ပုံကတော့အရက်ဆီ ၊ဒီဇယ်ဆီ ၊နှမ်းဆီ ၊ရှောက်သီး.. အရည်ကိုညှစ်ယူရပါမယ်။အထက်ပါအရည်များကို ဆတူရောနှောပါ။ ရှောက်သီးမှာပါတဲ့ အခွံကအစ အစေ့အဆုံး လွှင့်မပစ်ရပါ။ထိုအရည်ထဲတွင်ရောထည့်ပါ။ ထိုအရည်များကို အဝကျယ်ဖန်ပုလင်းအတွင်းကိုထည့်ပါ။ အဝတ်ချုပ်အပ်ကလေးငါးချောင်းထည့်လိုက်ပါဦး။ထို့နောက်နေပူလှန်းပါ။ ပုလင်းထဲမှအပ်ကလေးအရည်ပျော်သွားချိန်တွင် စတင်အသုံးပြုလို့ရပါပြီ။ […]
Knowledge
Unicode အကျိတ်နှင့် ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်တဲ့ ရဲယိုသီး ရဲယိုသီး၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများ- (၁)ကိုယ်ခံစွမ်းအားကို ကောင်းစေပါတယ် ။ ရဲယိုသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ ပပ်တိုက်နဲ့ အင်ဇိုင်းတွေ ဟန်ချက်ညီ ညီ ပါဝင်တာကြော င့် သဘာဝ အားဆေးတစ်လက်လို အသုံးဝင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။ (၂)အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ရောဂါဝေဒနာ ကင်းစေပါတယ် လေ့လာမှုအရ ရဲယိုသီး ဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သဘာဝ အင်တီအောက်ဆီးဒင့်တွေ (ဥပမာ- ဗီတာမင်အီးနဲ့ ကိုအင်ဇိုင်ကျူ ၁၀) ကို အားကောင်းေ စတာကြောင့် ရောဂါဝေဒနာတွေ ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။ (၃) ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ရဲယိုသီးမှ အကိုက်အခဲပျောက်ဆေး […]
Knowledge
မြွေပွေး မြွေဟောက်ကိုက်ခံရပါက ကြောက်စရာမလို..
မြွေပွေးမြွေဟောက်ကိုက်ခံရပါက ကြောက်စရာမလို.. သက်စောင်သမားတော်ဂျာနယ် လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ်သည့်မြွေများအနက်အများဆုံးမှာ မြွေပွေးမြွေဟောက်ဖြစ်လေ့ရှိသည်။ ထိုမြွေပွေးမြွေဟောက်အကိုက်ခံရသည်မှာလည်း မြို့ရွာအတွင်းထက် တောထဲတောင်ထဲမှာ အကိုက်ခံရများလေ့ရှိသည် ။ တောတောင်အတွင်း မြွေပွေးမြွေဟောက် အကိုက်ခံရပါက ဆေးရုံဆေးခန်း ရှိရာသို့ပို့ ဆောင်ရန် ချက်ချင်းမလွယ်ကိုနိုင်သော်လည်း မြွေဆိပ်တို့မှာမူ လျင်မြန်စွာပျံ့နှံ့တတ်သဖြင့် လက်ဦးမှုယူ၍ လျင်မြန်စွာ ကုသရန်လိုပါသည်။ မြွေကိုက်ခံရသောလူနာကို ရှေးဦးသူနာပြုနည်းဖြင့် ချက်ကချင်းကာကွယ်ရန်လိုသည်။ခြေထောက်ကိုအကိုက်ခံရလျှင် ခြေသလုံးကို ကြိုးဖြင့်တင်းကာ ရစ်ပတ်ပေးခြင်း၊ လက်ကို အကိုက်ခံရလျှင် လက်ဖျံကို ကြိုးဖြင့်တင်းကာ ချည်နှောင်ရစ်ပတ်ပေးခြင်းသည် မြွေဆိပ်များတစ်ကိုယ်လုံးကို လွယ်ကူစွာမပျံ့နှံ့ရန်ဖြစ်သည်။ အချို့ဒေသများမှာ ဆေးရုံဆေးခန်းသို့ လူနာရောက်ရှိရန် နာရီများစွာကြာနိုင်၏ ။ထိုကြောင့်တောထဲတောင်ထဲရပ်ကွက်ကထဲတွင် မြွေပွေးမြွေဟောက်အကိုက်ခံရသည့်လူနာကို ချက်ချင်းအသက် ကယ်တင်နိုင်သော သဘာဝပေါက်ပင်များဖြစ်သည့် ဥန္နဲပင်နှင့်နဘဲပင်ကို ရှာဖွေမှတ်သားထားသင့်ပါသည်။ ဥန္နဲပင်နှင့်နဘဲပင်တို့သည် မိုးခေါင်ဗေရရှားအပူပိုင်ဒေသတွင် အနှံ့အပြားရှင်သန်ပေါက်ရောက်လျက်ရှိပါသည်။နဘဲပင်သည်အပင်ကြီး မျိုးဖြစ်၍ […]