တခါတုန်းက ရွာကြီးတရွာမှာ ထူးဆန်းတဲ့ အဘိုးအို တယောက် ရှိတယ်။ သူမှာ သိပ်လှတဲ့ မြေးမလေး တယောက်လည်း ရှိတယ်။ အဘိုးအိုဟာမျက်လှည့် ပညာ သိပ်ကျွမ်းတယ်။ အဲဒီ ပညာနဲ့ပဲ အသက်မွေးခဲ့တယ်။ မြေးမလေး ကိုလည်း အဲဒီပညာတွေ သင်ပေးထားတယ် တစ်နေ့မှာတော့ လူစည်ကားတဲ့ နေရာမှာ မျက်လှည့် ပြတာပေါ့။ ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ၊ ကြိုးခွေ ကနေ မြွေ ဖြစ်သွားတာတွေ၊ ပြကွက်မျိုးစုံနဲ့ ပရိသတ်ကို ဖျော်ဖြေတယ်။ အားလုံးပြပြီးရင် ပရိသတ်က စွန့်ကြဲတဲ့ငွေကိုပဲယူတယ်။အခုပြတဲ့ ပွဲမှာ အဘိုးအိုဟာ ထူးဆန်းတဲ့စကားတခွန်းပြောတယ်။ “မျက် လှည့်ပညာဆိုတာ မှော်ပညာမဟုတ်လို့ တန်ခိုးစွမ်းအားတွေမရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။ မျက် လှည့် ပညာမှာ လျို့ဝှက်ချက်တွေရှိပါတယ်။ အဲ့ဒီ လျှို့ဝှက်ချက်တွေကို သင်တို့မသိလို့သာ […]
Day: March 23, 2023
ကျောက်ငရုတ်ဆုံ သုံးနေတဲ့ အိမ်ရှင်မတိုင်း အထူးသတိပြုသင့်တဲ့ အချက်
ကျောက်ငရုတ်ဆုံ သုံးနေတဲ့ အိမ်ရှင်မတိုင်း အထူးသတိပြုသင့်တဲ့ အချက် အိမ်တိုင်း၏မီးဖိုချောင်တွင်မရှိမဖြစ်သော အထူးသတိထားသင့်တဲ့ အန္တာရာယ်ရှိသောကျောက်ငရုတ်ဆုံအကြောင်း.. မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည်။ ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာခေါ်ဝေါ် ကြခြင်းဖြစ်သည်။ ခရမ်းချည်သီးခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်ထည့်ထောင်း၍ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်။ ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်။ ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည်အန္တရာယ်များကြောင်းကိုသိသူရှားပါးမည် ဟုထင်ပါသည်။ မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံထဲတွင် ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့် ထည့်၍မထောင်းရပေကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေသည်။ ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်ထောင်းသည်ဖြစ်၍အထောင်းခံရသော ကျောက်ငရုတ်ဆုံမှကျောက်မှုန့်များ ထွက်လာပါသည်။ ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက်ထောင်းများနှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့ရောက်သွားပါတော့သည်…။ အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေတဦးတယောက်တွင်သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည်။ အမှန် တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့သံကျည်ပွေ့သုံးစွဲသူများ […]
ထူးဆနျးတဲ့ အသံ ကွားနရေလို့ ကားဘောနပျဈဖုံး ကိုဖှင့ျကွည့ျ လိုကျရာမှ
ထူးဆန်းတဲ့ အသံ ကြားနေရလို့ ကားဘောနပ်စ်ဖုံး ကိုဖွင့်ကြည့် လိုက်မှ အံ့သြထိတ်လန့် သွားတဲ့ ကားသမားရဲ့ အဖြစ် ဒီအဖြစ် အပျက် ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပျက် ခဲ့တာပါ ။ ဖြစ် စဉ်ကတော့ ကား ပိုင်ရှင်ဟာ အဆိုပါကားကြီးကို တောထူထပ်တဲ့ နေရာနဲ့ အနီး ဝန်းကျင် မှာရှိတဲ့ နေအိမ်ရဲ့ အိမ်ရှေ့က လမ်းမကြီး ဘေးမှာ အချိန် အတော် ကြာကြာ ရပ်ထား ခဲ့တာပါ။ ထို့နော က်မှာ ကားမောင်ထွက်ဖို့ လုပ်နေရင်းနဲ့ ကားရဲ့ဘောနပ်စ်ထဲမှ ထူးထူးဆန်းဆန်း အသံတွေ ကြားနေခဲ့လို့ သင်္ကာမကင်း ဖြစ်ရင်း ကား စက်တစ်ခုခု ချို့ယွင်း နေတယ် အထင်နဲ့ ဘောနပ်စ်ဖုံးကို ဖွင့်ကြည့် ခဲ့ပါတယ် ။ […]
လောပန်းကို လိမ်ရောင်းလိုက်တဲ့ ကျောက်က သိန်း ၁၂၀၀အောင်သွားတဲ့ ငတိုးရဲ့ အဖြစ်
ငတိုးတစ်ယောက် ချမ်းသာရမယ်ဆိုပြီး ဖားကန့်မှော်ထဲကို တက်လာခဲ့လိုက်တာ နှစ်တွေလည်း အတော်ကြာခဲ့ပြီ။ ကျောက်လေးတွေလည်း ရပါရဲ့။သုံးလိုက်ဖြုန်းလိုက်နဲ့ သူဌေးဖြစ်ဖို့က အိပ်မက်က ဝေးလေ ဝေးလေဖြစ်နေတယ်။ ဖားကန့်မှာ အနေကြာလာတော့ မှော်ကြာငတိုးဆိုတဲ့ ဂုဏ်တစ်ခုတော့ပိုင်လာခဲ့တယ် မှော်ကြာလည်းဖြစ်လာတော့ မကောင်းတာတွေရော ကောင်းတာတွေပါ အစုံလုပ်တတ်နေပြီ။ ကျောက်ဂျင်းထည့်ခြင်း အနုပညာပေါ့။ ဒီနေ့လည်း လောပန်းတစ်ယောက်ကို ကျောက်ပြမယ်ဆိုပြီးချိန်းထားတာ ကျောက်ကမရှိတော့ မြေစာပုံကနေ သူများတွေ မလိုချင်လို့ လွှင့်ပစ်ထားတဲ့ ကျောက်မျိုးတစ်လုံးကောက်လာခဲ့လိုက်တယ်။ လောပန်းကို ဂျင်းထည့်မယ်ပေါ့။ ဂျင်းကလည်း မထည့်လို့မရဘူး။ မနက်ဖြန်ဆို ချစ်သူများနေ့။သူပိုးပန်းနေတဲ့ကောင်မလေးကို လက်ဆောင်ပေးချင်နေတာ။ ပိုက်ဆံကမရှိတော့ လောပန်းကို ကျောက်လိမ်ရောင်းဖို့ကြံရတာပေါ့။ လောပန်းဆီရောက်တဲ့အခါမှာတော့ လမ်းဘေးမြေစာပုံက ကောက်လာတဲ့ ကျောက်ကို ထုတ်ပြလိုက်တယ်။ လောပန်းလည်း ကျောက်ကိုကြည့်ပြီး ဘယ်လောက်ထားရောင်းမှာလဲလို့ ငတိုးကို မေးလိုက်တယ်။ ငတိုးကလည်း “လောပန်း အဲ့ကျောက်က […]
မင်္ဂလာဆောင်တဲ့နေ့မှာ သတိုးသမီးဖခင်က သားမက်ကို ပြောလိုက်တဲ့စကား မှတ်သားထိုက်လို့မှတ်မိနေတယ်
မင်္ဂလာဆောင်တဲ့နေ့မှာ သတိုးသမီးဖခင်က သားမက်ကို ပြောလိုက်တဲ့စကား မှတ်သားထိုက်လို့မှတ်မိနေတယ် မင်္ဂလာဆောင်ပွဲ တစ်ခုမှာ သတိုးသမီး ဖခင်က သားမက်ကို ပြောတယ်… သူမကို ပထမဆုံး ပွေ့ဖက်သူက ငါပါ မင်းမဟုတ်ဘူး သူမကို ပထမဆုံး နမ်းရှုံ့ခဲ့သူကလဲ ငါပါ မင်းမဟုတ်ဘူး သူမကို ပထမဆုံး ချစ်ခင်ခဲ့တာလဲ ငါပါ မင်းမဟုတ်ဘူး ဒါပေမဲ့ သူမကို တစ်ဘဝလုံး လက်တွဲပေးရမယ့်သူကတော့ ငါမဟုတ်ဘူးကွာ အကယ်၍ တနေ့မှာ မင်းသာသူမကို မချစ်တော့ခဲ့ရင်သူမကို အပြစ်မဆိုပါနဲ့ မရိုက်နှက် မဆူဆဲပါန ဲ့….. မချစ်နိုင်တော့ကြောင်း သူမကိူလဲ မပြောပါနဲ့ ငါ့ကိုပဲ လာပြောပါကွာ…ငါသူမကို အိမ်ပြန်ခေါ်သွားပေးပါမယ် အကယ်၍သာ သင်ဟာယောကျ်ား တယောက်ဆိုရင် မိမိရဲ့ ဇနီးမယားကို ကောင်းမွန်စွ ာဆက်ဆံပါ…တန်ဖိုးထားပါ ဘာလို့လဲ ဆိုတော့ သင်ယူထားတဲ့ […]
“လူနှင့် မြွေယဥ်ကျေးမှု” ဒါဖတ်ပြီးရင် ကိုယ့်ကိုယ် ကိုယ်ပြန် ဆင်ခြင်နိုင်ကြပါစေ
“လူနှင့် မြွေယဥ်ကျေးမှု” ဒါဖတ်ပြီးရင် ကိုယ့်ကိုယ် ကိုယ်ပြန် ဆင်ခြင်နိုင်ကြပါစေ “လူနှင့် မြွေယဥ်ကျေးမှု” စပါးရိပ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို အခွေလိုက်ထည့်ထားတဲ့ လင်ပန်းကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းတဲ့ မိန်းကလေးတွေကို မနက်ခင်းတိုင်း တွေ့ရတတ်တယ်။ ကျွန်တော် (စာရေးသူ) တို့ ဖဒိုမြို့က စျေးထဲမှာ မြွေသည်တွေ အများကြီးရှိပါတယ်။ လင်းမြွေ ၊ ရေမြွေ ၊ မြွေပွေး အစုံပဲ.. မြွေပွေးဆိုရင်တော့ စျေးကြီးတယ်။ တစ်ကောင်ကို တစ်သောင်းဝန်းကျင် ပေးရတယ်။ လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ရောင်းတာမို့ စျေးသိပ်မကြီးဘူး..။ ဒါကြောင့် မြွေဖမ်းသမားတွေက မြွေပွေးကို ဦးစားပေးလိုက်ရှာပြီး ဖမ်းကြတယ်။ တစ်ညကို နှစ်ကောင်ပဲရ.. နှစ်သောင်း နေ့တွက်စီပြီလေ..။ ကျွန်တော့် အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့ မြွေမုဆိုး ကရင်ဖထီးကြီးတစ်ယောက်ရှိတယ်။ တစ်နေကုန် […]
ဦးပိန်တံတား မဟုတ်တဲ့ တောင်သမန်တံတား မူရင်း အမည်နာမ မပျောက်စေလို (သမိုင်းကြောင်း အမှန်)
ဦးပိန်တံတား မဟုတ်တဲ့ တောင်သမန်တံတား မူရင်း အမည်နာမ မပျောက်စေလို (သမိုင်းကြောင်း အမှန်) “တောင်သမန်တံတား အမည်နာမ မပျောက်စေလို” မြန်မာ့သမိုင်း၏ ရှေးဟောင်းမြို့ပြများအကြောင်းပြောတိုင်း အမရပူရက မပါမဖြစ် မြို့တော်ဟောင်း ဖြစ်သည်။ အမရပူရအကြောင်းပြောတိုင်းလည်း အရှည် ၃၉၆၇ ပေ ရှိပြီး ကောဇာသက္ကရာဇ် ၁၂၁၃ ခုနှစ်က တည်ဆောက်ပြီးစီးကာ ယခုတိုင်တည်ရှိနေသော သစ်သားတံတားကြီး အကြောင်းကိုလည်း အရေးတယူပြောကြရသည်။ ထိုတံတားကြီးက အမရပူရနေပြည်တော်ကို ဆီးကာထားသည့် တောင်သမန်အင်းကို ဖြတ်သန်းတည်ဆောက်ထားသောကြောင့် တောင်သမန်တံတားဟု အစဉ်အဆက်မှတ်သားကမ္ပည်းတင်ခဲ့၏။ သို့သော် တံတားတည်ဆောက်သူ၏အမည်ကို အစွဲပြုကာ မောင်ပိန်တံတားမှသည် ဦးပိန်တံတားဟုပဲ အရပ်သုံးအခေါ်အဝေါ်အဖြစ် သုံးစွဲခဲ့ကြရာမှ ယခုအခါ မူလကမ္ပည်းတင် အမည်မှန်ဖြစ်သော တောင်သမန်တံတား အခေါ်အဝေါ် ပျောက်ကွယ်နေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ “ပုဂံမင်း နှင့် အမရပူရ” […]
Facebook သုံးနေတဲ့ ညီလေး ၊ ညီမလေး ၊ သားသား၊ မီးမီးလေးတွေ့ သိဖို့…ဖတ်ဖြစ်အောင်ဖတ်ထားပါ
Facebook သုံးနေတဲ့ ညီလေး ၊ ညီမလေး ၊ သားသား၊ မီးမီးလေးတွေ့ သိဖို့…ဖတ်ဖြစ်အောင်ဖတ်ထားပါ Facebookသုံးနေတဲ့ ညီလေး ၊ ညီမလေး၊သားသား၊မီးမီးလေး တွေ့ သိဖို့“Facebook သုံးရင်ဒါတွေ သတိထားပြီး ရှောင်စေချင်ပါတယ်” (၁)ပုံတွေခဏခဏ မတင်ပါနဲ့ ပုံတွေ ခဏခဏတင်ရင်လူတစ် ချို့က ကိုယ့်ကို တစ်မျိုးမြင်လာ နိုင်ပြီး မလိုလားအပ်တဲ့လူမှုရေး ပြဿနာတွေ ကြုံလာ တတ်ပါ တယ်။ (၂)အပျော်သဘောနဲ့ အဓိပ္ပါယ်မဲ့ status တွေသိပ် မတင်ပါနဲ့ Facebook ဆိုတာ များသော အားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်မြင်ဖူးနေ တာမျိုး မဟုတ်ဘဲ ခင်မင်နေခြင်းဖြစ်၍ လူတွေရဲ့စိတ်ကို ကိုယ်တင်တဲ့ ပို့စ်တွေ ကြည့်ပြီး တ န်ဖိုး သတ်မှတ်နေကြ တာဖြစ်လို့ သတိထားစေ ချင်ပါ […]
“ဒီရာသီဖွား (၅) ခုကတော့ လိုချင်ပြီဟေ့ ဆိုရင် ဘယ်လိုမှကို တားမရတော့ဘူး”
“ဒီရာသီဖွား (၅) ခုကတော့ လိုချင်ပြီဟေ့ ဆိုရင် ဘယ်လိုမှကို တားမရတော့ဘူး” တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ့်ကိုယ်ကျိုးအတွက်ပဲ ကိုယ်ကြည့်တယ်လို့ အပြောခံလိုက်ရရင် ဘယ်သူမဆို စိတ်တိုသွားတတ်ကြပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အနည်းနဲ့အများတော့ ကိုယ့်ကိုယ်ကျိုးအတွက် ကြည့်တတ်ကြတာချည်းပါပဲ။ နည်းတာနဲ့ များတာပဲ ကွာသွားတတ်တာပါ။ ခုပြောပြမယ့် ရာသီဖွား (၅) ဦးကတော့ အခြား ရာသီဖွား တွေထက် ပိုတစ်ကိုယ်ကောင်းဆန်ကြပါတယ်။ အဲ့ဒီရာသီဖွား (၅) ဦးကတော့ Aries – မိဿရာသီဖွား (မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက်) မိဿရာသီဖွားတွေဟာ သူတို့လိုချင်တာကို ရအောင် ယူတတ်ကြပါတယ်။ ဒါဟာကောင်းတဲ့အချက်မှန်း သင်လက်ခံပြီးသားပါ။ ဒါပေမယ့် တစ်ခုရှိတာက ဒီရာသီဖွားတွေဟာ ငါ့ကိုအရင်ဆုံးဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။ ဥပမာ သင်ဟာ […]
အဆစ်မြစ် နာကျင်ကိုက်ခဲတွေ သက်သာစေပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်
အဆစ်မြစ်နာကျင်ကိုက်ခဲတွေ သက်သာစေပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည် အပြင်ပိုင်းမှာ ရောင်တာနာတာတွေကိုရော အတွင်းပိုင်းမှာ ရောင်တာ နာတာတွေကိုရော သက်သာစေပါတယ်။ ခြေဆစ် ဒူးခေါင်းရိုး စတဲ့ နေရာတွေမှာ နာကျင်ကိုက်ခဲတဲ့အခါ ဒီနည်းလမ်းလေးကို သတိရလိုက်ပါ။ အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်သည်ပါ။ ပြီးရင် ခရမ်းသီးအနေတော်တစ်လုံးကို ပါးပါးလှီးလိုက်ပြီး ရေဆူနေတဲ့ အိုးထဲထည့်လိုက်ပါ။ ပြီးရင် ဆူနေတဲ့ ရေကို အေးအောင်ထားပါ။ အဲဒီနောက် ရေကို ဆစ်ချပြီး ခရားတစ်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ပါ။ တစ်နေ့ကို ခရမ်းသီးပြုတ်ရေ မနက်တစ်ခွက် နေ့လည်တစ်ခွက် ညတစ်ခွက် စုစုပေါင်း ၃ ခွက်သောက်ပါ။ ဒါက ခန္တာကိုယ်အတွင်းပိုင်း ကုသတဲ့နည်းပါ။ ခန္တာကိုယ်အပြင်ပိုင်းဆိုရင်တော့ ခရမ်းသီးပြုတ်ရည်မှာ သံလွင်ဆီ အနည်းငယ်ရောပြီး အဲဒီနောက် အ၀တ်သန့်နဲ့ ပတ်ပြီါ် အိပ်ယာ၀င်ပါ။ နေ့တိုင်းလုပ်ပေးပြီး ရက် […]









