ကြားသိရသမျှ

ကြော်ငြာဘုရင်အမဖြစ် တစ်ကျော့ပြန်အောင်မြင်နေတဲ့ ထက်ထက်မိုးဦးအပေါ် သူ့ရဲ့အမြင်လေးတွေ ပြောပြခဲ့တဲ့ ရန်အောင်

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် နာမည်တစ်လုံးနဲ့ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တဲ့ အကယ်ဒမီများရှင် ရန်အောင်ကတော့ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲနေရာပေးထားခံရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုရန်လေးလို့အများက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ ကိုရန်အောင်ကတော့အခုဆိုရင် ကားရိုက်တွေနားထားပေမယ့် အလှူအတန်းတွေကိုတော့ ဆက်တိုက်ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။ ကိုရန်လေးကတော့ အခုကာလအတောအတွင်းမှာဆိုရင် ကုန်ပစ္စည်းလေးတွေကိုလည်း Live လွှင့်ပြီး ရောင်းချပေးနေပါတယ်။ ဒီအင်တာဗျူးလေးကတော့ ကိုရန်လေးက မိမိကဲ့သို့ ကုန်ပစ္စည်းလေးတွေကို အွန်လိုင်းမှာ Live လွှင့်ရောင်းချနေတဲ့ တစ်ချိန်က ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးရဲ့တကျော့ပြန်အောင်မြင်မှု ရရှိလာတဲ့အပေါ် သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ကိုရန်လေးအနေနဲ့ အစပိုင်းမှာတော့ ထက်ထက်တစ်ယောက် အွန်လိုင်း Live လွှင့်ပြီး ကုန်ပစ္စည်းလေးတွေကို ရောင်းချပေးနေတာကို မြင်ရတဲ့အခါ သူတော်တော်ပင်ပန်းမှာပဲဆိုပြီး ကရုဏာသက်ခဲ့မိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သူကိုယ်တိုင်လည်း လုပ်ငန်းအမျိုးမျိုးရဲ့ […]

ဗေဒင်

နာမည်မှာ “သ´´ပါတဲ့သူတွေရဲ့အကြောင်း ဘာတွေပါလဲ သိချင်လား ဖတ်ကြည့်လိုက်

နာမည်မှာ “သ´´ပါတဲ့သူတွေရဲ့အကြောင်း နာမည်မှာ “သ´´ ပါတဲ့သူတွေက စိတ်ကြီးတယ်ေ ဒါသဖြစ်လာရင် ဘယ်သူကိုမှဘယ်အရာကိုမှ ထည့်မစဉ်းစားဘူးထည့်လဲ မတွက်တတ်ဘူးဒါပေမယ့် ပြောပီး လုပ်ပီးသွားလို့သူမှားနေတဲ့ကိစ္စကိုလဲပြန်တောင်းပန်ဖို့ဝန်မလေးတတ်ကြဘူး စိတ်နာအောင်တော့ လာမလုပ်နဲ့သေတဲ့အထိ မှတ်ထားတတ်တယ်အငြိုးအတေးလဲ ကြီးတယ် အပေါ်ယံခင်မင်တာ မလိုလားဘူးသူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ်ယောင်လို့တောင်နာမည်မှာ`သ´ပါတဲ့သူကိုအရွဲ့မတိုက်မိစေနဲ့သူများတွေ ရွဲ့တာထက်အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ်သနားအောင်ပြောလာရင်အိတ်ထဲရှိတဲ့ ပိုက်ဆံကိုယ် မသုံးရရင် နေပါစေပေးပြစ်တတ်တယ်’မပေးချင်ဘူး ကြည့်မရဘူးဆိုရင်အဲ့လူဘာဖြစ်နေပါစေလှည့်ကို မကြည့်တော့ဘူး လိမ်တာ ညာတာ အရမ်းမုန်းတယ်ဒါပေမဲ့ သူငယ်ချင်းများ အပေါ်မှာတော့ ဟာသတွေ ရယ်စရာတွေပြောပြီးစနောက်တတ်ကြတယ်အနေအေးတယ်တခြားသူတွေကိုဆို ပြုံးပြဖို့ မပြောနဲ့မျက်နှာထားက ခပ်တည်တည်နဲ့တေလာကလုံးသူ့လုပ်စာ စားနေကြတဲ့အတိုင်းပဲဘာပဲလုပ်လုပ်အများအတွက်ပဲ ကြည့်တတ်တယ်တစ်ကိုယ်ကောင်း မဆန်တတ်ကြဘူးဒါပေမဲ့ မထင်ရင် မထင်သလိုလည်းပြောတတ်တဲ့ အကျင့်ကလည်း ရှိသေးပြောရမယ်ဆိုနာမည်မှာ`သ´ပါတဲ့သူတွေဟာမဟုတ်မခံ ပေါင်းရသင်းရခက်ပြီးစိတ်သဘောထားကောင်းတဲ့လူ့ဂွစာကြီးတွေပေါ့ဗျာ မှန်နေတယ်ဆိုရင် ရှယ်သွားလိုက်ကြနော် credit unicode နာမည်မှာ “သ´´ပါတဲ့သူတွေရဲ့အကြောင်း နာမည်မှာ “သ´´ ပါတဲ့သူတွေက စိတ်ကြီးတယ်ေ […]

ကျမ္မာရေး ဗဟုသုတ

အရမ်း အသုံးဝင်သော မြန်မာဆေးမြီးတို ပေါင်းချူပ် (အများ သိအောင် မျှဝေပေးပါ)

ချောင်းဆိုးလျှင် ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍ သောက်ပါ၊ ပျောက်၏။ ရင်ပြည့်ရင်ကယ် ကြက်ဟင်းခါးသက်စောင့်ဆေးကိုနှမ်းဆီ ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှသာအယာသပ်ချပါ။ နှာပိတ်သော် ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ်၊ ရှိန်းခိုနဲနဲထည့်၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ။ တက်လျှင် ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ။ အတက်ချက်ချင်းကျသွားမည်။ ရေငတ်ဝမ်းကျ ဆီးသီးအစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရော ပြီးစားပေးပါ။ ကင်းထိုးသော် ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ။ ကြို့ထိုးလျှင် ကြက်သွန်နီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား။ ခရုသင်း ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်း များစွာစားရပါသည်။ ခြေတုန် လက်တုန်ဖြစ်လျှင်ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏။ ခါးနာ ခါးကိုက် ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ။ ငှက်ဖျားထလျှင် မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ။ ခံတွင်းပျက်လျှင် ကြိတ်မှန်ရွက်ယို ထိုးစားပေးပါ။ ခေါင်းတခြမ်းကိုက်လျှင် ကျည်းသီးဆန် ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ။ […]

အထွေအထွေဗဟုသုတ

တသက်လုံး စိတ်ချမ်းသာစေဖို့ ဒီလိုလူမျိုးကိုရွေးချယ်ပါ…

လောကမှာ အချစ်နဲ့ လူတိုင်း မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ မရပြန်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် လက်တွဲတော့မယ်ဆိုရင် အချစ်တစ်ခုတည်းကို ကြည့်လို့ မရသလို၊ ရေရှည်မှာ အဆင်ပြေနိုင် မပြေနိုင်ဆိုတာကလည်း တကယ်ကို အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ သင့်ဘဝအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ယောက်ျားလေးတစ်ယောက်မှာ ရှိနေရမယ့် အကျင့်စာရိတ္တတွေပဲ ဖြစ်ပါတယ် . . .။ (၁) နားလည်မှုရှိရမယ်… လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချစ်တစ်ခုတည်းနဲ့ ရှင်သန်ရပ်တည်လို့မရပါဘူး။ ရေရှည်တည်တံ့ပြီး၊ ရှေရှည်အဆင်ပြေဖို့ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုရှိမှ ရပါမယ်။ နားလည်မှုရှိတဲ့ယောကျားဆိုတာ သင့်ရဲ့ ပင်ကိုယ်ဗီဇ၊ စိတ်နေစိတ်ထား၊ သင်ရဲ့အမူအကျင့်အားလုံးကို သေသေချာချာသိထားပြီး နားလည်ပေးတဲ့ သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ် . . .။ (၂) […]

အထွေအထွေဗဟုသုတ

ဗုဒ္ဓဘာသာ စစ်စစ် မှန်ရင် ဘုရားစေတီ တွေ ရဲ့ရှေ့မှာ ခြသေ့င်္ရုပ် ထားခြင်းရဲ့ အဓိပ္ပါယ် ကို သိ ထားသင့်ပါတယ်

ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြသေ့င်္ရုပ် တွေရှိတာ အားလုံးသိကြမှာပါ။ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့အကြောင်းကိုတော့ သိသူရှိသလို မသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော် ဘုရား လက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူလတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီး က ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြသေ့င်္ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး- “ဂေါတမမြတ်စွာဘုရား အလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင် လက်ထက်မှာ ကေသရာဇာခြသေ့င်္မင်းဖြစ်ခဲ့သည်။ တစ်နေ့သောအခါ အလောင်းတော်ခြသေ့င်္မင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမ မြတ်စွာဘုရားရှင် သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကိုဖူးတွေ့လိုက်ရသည်။ ခြသေ့င်္မင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် […]

အထွေအထွေဗဟုသုတ

ဖတ်ကြည့် လိုက်ပါ … သင် မ သိသေးတာတွေ တအံ့ တဩ သိစေ ရမယ်

( ၁ ) – သင့်လည်ချောင်းထဲမှာ ယားနေတယ် ဆိုရင် …. နားရွက် ကို ကုတ် လိုက်ပါ နားရွက်မှာ. ရှိတဲ့ အာရုံကြောတွေ ကို လူံဆော်မိတဲ့ အခါအဲဒီ အာရုံကြောတွေဟာ လည်ချောင်းထဲက အာရုံကြောတွေကို အလိုအလျှောက်တုန့်ပြန်စေပြီး ယား ယံမူ ကို ပျောက်ကင်းလိမ့်မယ်။ ( ၂ ) – လူတွေ ဆူညံ့နေတဲ့ နေရာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တယောက်ယောက်ရဲ့အသံကို မကြားနိုင် ဖြစ်နေလား..ရုတ်ချည်း ပြောလိုက်တဲ့ အသံကို ကြားဖို့ ဆိုရင်တော့ ညာ ဖက် နား ကို အသုံးပြုပါ ဂီတ သံစဉ်တွေ ကြားဖို့ ဆိုရင်တော့ ဘယ်ဘက်နား ကို အသုံးပြုပါ။ ( […]

အနုပညာ

သူ့ရဲ့အနားမှာအပီအပြင်ကနေတဲ့ကောင်မလေးတစ်ယောက်ကိုကြည့်ပြီးရုပ်မတည်နိုင်တော့ဘဲ ရယ်နေခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့Video လေး

Myanmar Idol Season (3) ပြိုင်ပွဲတွင် Winner ဆုကို ရရှိခဲ့ပြီး ဂီတလောကထဲကို ဝင်ရောက်လာသူကတော့ အဆိုတော် ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသံပါဝါကိုလည်း ပရိသတ်တွေအားလုံးက ကြိုက်နှစ်သက်ကာ တစ်ခဲနက် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ ဂီတမျိုးရိုးမရှိဘဲ ကိုယ်တိုင်အားထုတ်ကြိုးစားမှုတွေကြောင့် အခုလို အောင်မြင်လာတာလည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားပြီး ပရိသတ်တွေအတွက် သီချင်းအသစ်တွေများစွာ ထွက်ရှိနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲလေးကို Facebook တွင် Live လွှင့်ကာ သီဆိုဖျော်ဖြေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ရက်များတွင်လည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားပေးကာ တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖြိုးမြတ်အောင်ရဲ့ […]

အနုပညာ

ပန်းချီအလှူရှင်တွေထဲမှာ အသက်အငယ်ဆုံးပန်းချီဆရာအဖြစ်ပါဝင်လာတဲ့ အိန္ဒြာကျော်ဇင်ရဲ့သမီးလေး ပြေသုဒြာ

လတ်တလော မြန်မာနိုင်ငံရဲ့ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးကာလကို အဆင်ပြေပြေဖြတ်သန်းနိုင်အောင် အစိုးရကသာမက ပြည်သူတွေကပါ အားစိုက်ထုတ်နေသလို ပြည်သူချစ်အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း ကိုဗစ်အလှူအတွက် ပန်းချီကားတွေရောင်းချပြီး ရန်ပုံငွေရှာဖို့ ပြုလုပ်နေကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ပါဝင်လှူဒါန်းပေးကြတဲ့အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီပန်းချီကားရောင်းချပြီး ရန်ပုံငွေရှာဖို့အတွက် စိတ်အားထက်သန်စွာ ကိုယ်တိုင်ရေးပန်းချီကားတွေ လှူဒါန်းပေးခဲ့သူတွေကတော့ ပန်းချီဆရာကြီးဒါရိုက်တာ ဦးဝင်းဖေ၊ ဒါရိုက်တာကိုပေါက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ပန်းချီစိုးမိုး၊ တေးရေးဆရာ မြင့်မိုးအောင်၊ ဟန်ထူးလွင်၊ G Latt ၊ ဇော်ဝင်းထွဋ်၊ တေးရေး တေးဆို ပန်းချီဆရာ နေမျိုးဆေး၊ တေးရေးတေးဆို နေဒီလင်း( ဝဏ္ဏကိုလေး) ၊ ဆန်းထွဋ် ၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ ကိုအောင်မင်းသိမ်း၊ တေးရေးတေးဆို […]

အထွေအထွေဗဟုသုတ

မိသားစုထဲမှာအကြီးဆုံးသားသမီးများသာ သိတဲ့အချက် ( ၇ ) ချက် …..

မိသားစုထဲမှာအကြီးဆုံးသားသမီးများသာ သိတဲ့အချက်(၇)ချက် မိသားစု ဦးရေများတဲ့သူတွေကြားမှာ အသက်ကြီးဆုံး သားသမီးဖြစ်ရတာကို ဂုဏ်ယူတဲ့သူရှိသလို၊ တစ်ခါတလေ မပြေလည်တဲ့မိသားစုကြားမှာ ဖိအားတွေအများကြီးနဲ့ ထွက်ပြေးချင်စိတ်ပေါက်တဲ့အထိလည်း ဖြစ်တတ်ပါတယ်။ မြန်မာစကားပုံလည်း ရှိနေတာပဲ။ အစ်ကိုကြီး အဖအရာ၊အစ်မကြီးတော့ အမိအရာ-ဆိုသလို မိသားစုတာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ဖို့ အလားအလာအရှိဆုံးကလည်း သားကြီးသမီးကြီး အခေါ်ခံထိုက်သူတွေပဲ ဖြစ်ပါတယ်။ အောက်မှာတော့အကြီးဆုံးသားသမီးတွေသာ ခံစားရလေ့ရှိတဲ့ အချက် (၇)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ 1. အမြဲတမ်း စံပြပုဂ္ဂိုလ်ဖြစ်ဖို့ကြိုးစားရတယ်။ ငယ်ရွယ်တဲ့ ညီ/ညီမတွေကြားမှာ သင်ဟာ သူတို့ အနီးစပ်ဆုံး အတုယူရမယ့် စံပြပုဂ္ဂိုလ်ဖြစ်ဖို့ကြိုးစားရပါတယ်။ သင့်မိဘတွေကလည်း အငယ်တွေကို ဆုံးမတဲ့အခါတိုင်း “အကြီးကောင်တုန်းက ဘယ်လို ဖြစ်တယ် … အကြီးမတုန်းက ဘယ်လို လုပ်ခဲ့တာ ” စသည်ဖြင့် ဥပမာပေးပြီး ဆုံးမကြပါလိ့မ်မယ်။ 2. ဘာအတွက်ပဲဖြစ်ဖြစ် သင်ပဲ […]

အထွေအထွေဗဟုသုတ

သင်အကြိုက်ဆုံး ရေခဲမုန့်ကနေ သင့်အကြောင်းကိုမှန်အောင်ပြောပြမယ် …..

သင်အကြိုက်ဆုံး ရေခဲမုန့်ကနေ သင့်အကြောင်းကိုမှန်အောင်ပြောပြမယ်……. လူတိုင်းမှာ ကိုယ်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးတွေ ကိုယ်စီရှိပါတယ်။ ဒါပေမယ့် ကိုယ်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးကနေတစ်ဆင့် ကိုယ့်ရဲ့အကြောင်းကို ပြောလို့ရတယ်ဆိုတာကိုတော့ သိကြမယ်မထင်ပါဘူး။ ကဲ သင်အကြိုက်ဆုံး ရေခဲမုန့်အရသာလေးကပြောနေတဲ့ သင့်အကြောင်းကိုဖတ်ကြည့်လိုက်ပါဦး။ (၁) ဗနီလာ ဗနီလာ (သို့) နို့အရသာရေခဲမုန့်ကိုမှကြိုက်တဲ့သူတွေကတော့ စွန့်စားရတာကို နှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ နောက်ပြီး ဘက်စုံထူးချွန်သူတွေဖြစ်လို၊ တစ်နေ့တစ်မျိုးမရိုးရလေအောင် ဆန်းသစ်ရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်တဲ့ ပင်ကိုယ်ဗီဇရှိသူ တစ်ယောက်ဖြစ်ပါတယ်။ (၂) ချောကလက် တကယ်လို့သင်အကြိုက်ဆုံးရေခဲမုန့်ဟာ ချောကလက်အရသာဖြစ်နေရင်တော့ သင်ဟာဆန့်ကျင်ဖက်လိင်တွေကို ဆွဲဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချောကလက်ကြိုက်တဲ့သူတွေဟာ စိတ်ပျိုကိုယ်နုကြပါတယ်။ ချောကလက်ရေခဲမုန့်ကိုကြိုက်တဲ့သူတွေမှာ အလွမ်းအဆွေးဇာတ်လမ်းလေးတွေလည်း ရှိနေတတ်ပါတယ်။ (၃) ရိမ်းဘိုး ရောင်စုံရိမ်းဘိုးရေခဲမုန့်အရသာကိုမှ ကြိုက်တဲ့သူတွေဟာ အလွယ်လမ်းကြိုက်တဲ့သူတွေဖြစ်သလို၊ စိတ်ပိုင်းဖြတ်ဖို့လည်း ခက်ခဲတတ်သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တီထွင်ဆန်းသစ်နိုင်စွမ်းရှိပြီး ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်တဲ့အလျောက် […]