အခ်စ္နွင့္ဘဝ
ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း
ျန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတ ဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ ရော့ […]
အလွပေရးရာ
မျက်ခုံးမွှေး ထူထူလေးဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း
မျက်ခုံးမွှေး ထူထူလေးဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို ပျိုမေတိုင်း လိုချင်ကြတယ်မဟုတ်လား။အခုခောတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကို တွေ့ရပါတယ်။ဒါပေမဲ့ သဘာဝ မျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့မရပါဘူး။အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးပါးလာစေပါတယ်။မျက်ခုံးမွှေးထူထူလေးရဖို့ သဘာဝအတိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မဲ ့နည်းလမ်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်း ၁။ သံလွှွင်ဆီ ၂။ သံပုရာသီးတစ်စိပ် ပြုလုပ်နည်း ၁။ သံပုရာသီး တစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းထိ ထည့်ပါ။ ၂။ အဲဒီနောက် ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး ၅ ရက်လောက်ထားပါ။ ၃။ အဲဒီအရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ။ ၄။ တစ်ညလုံးထားရင်ပိုကောင်းပါတယ်။ […]
ၾကားသိရသမွ်
အသားဒိုင်းလေးကိုင်ပြီး ခံတပ်ကိုလာကူပိတ်ပေးတဲ့ အံ့မခမ်းသတ္တိနဲ့ GEN ALPHAကလေးငယ်လေး
သပိတ်စစ်ကြောင်းကို အကြမ်းဖက်တွေ လိုက်မဖြိုနိုင်အောင် အတားအစီးတွေ လာကူပိတ်ပေးတဲ့ g-alpha လေး သူ့ကိုယ်သူကာကွယ်ဖို့ အသားဒိုင်းနဲ့ ဓားတိုလေးနဲ့ သတ္တိကတော့ မခေဘူးဗျာ အသားဒိုင်းလေးမှာရေးထားသေးတယ် UN တဲ့ (အတားတွေပိတ်တုန်းက ဓာတ်ပုံမရိုက်လိုက်ရလို့ သူအိမ်ပြန်တဲ့အချိန်လှမ်းရိုက်လိုက်တာ )#Galpha လေးစားစရာပါ ကလေးရယ် ဘေးအန္တာရယ်ကင်းပါစေ ကလေးရေ လုလင်ငယ်‌သွေး G alphaသို့ဦးညွှတ်ခြင်း လုလင်ငယ်သွေးG Alphaလေးရန်သူကို ရှောင်ဝေးနိုင်အောင်သတိဆောင်ကြအနာဂတ်လူ့ဘောင်အတွက်မငဲ့ကွက် ကိုယ်ကျိုးစွန့်စိတ်မျိုးမို့သစ်သားဒိုင်းကိုကိုင်စွဲG Alpha လေးသို့မြတ်နိုးဇာနည်ဦးညွှတ်လိုက်ပါသည်။ ။ အရေးအရေးတော်ပုံမုချအောင်ရမည်။
အခ်စ္ေရး
အဖောက်ပြန်တတ်ဆုံး ယောက်ျားအမျိုးအစား (၄)မျိုး
သစ္စာမရှိဆုံး ယောက်ကျား (၄) မျိုး သိပ္ပံပညာအရ အဖောက်ပြန်တတ်ဆုံး ယောက်ျားအမျိုးအစား (၄)မျိုးရှိတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအမျိုးအစား ၄ မျိုးထဲမှာပါတဲ့ အမျိုးသားတွေနဲ့ ပတ်သက်ဖူးသူတွေကတော့ ဒီတွေ့ရှိမှုမှန်ကန်တာကို သိကြမှာဖြစ်ပါတယ်။ တွေ့ရှိမှုအရ လူမျိုးတွေထဲမှာ ပြင်သစ်လူမျိုးက အဖောက်ပြန်ဆုံးဖြစ်ပြီး ၇၅%သော ပြင်သစ်တွေက ဖောက်ပြန်ကြပါတယ်လို့ ဝန်ခံထားကြပါတယ်။ ကောက်ယူထားတဲ့ စစ်တမ်းအမျိုးမျိုးရဲ့ အထောက်အထားတွေအရ သစ္စာမရှိဆုံးယောက်ျားတွေကတော့ (၁) အသက်မှာ ၉ ဂဏန်းနဲ့ဆုံးတဲ့ယောက်ျား သိပ္ပံသဘာဝ အကယ်ဒမီက ပြုလုပ်တဲ့ လေ့လာမှုအရ ၉ နဲ့ဆုံးတဲ့ အသက်အရွယ်ကို ရောက်နေတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ပိုများပါတယ်တဲ့။ ဥပမာ- ၁၉ ၊ ၂၉ ၊၃၉၊ ၄၉ ။ ဖြစ်နိုင်တဲ့အကြောင်းရင်းကတော့ သူတို့က ဆယ်စုနှစ်အသစ်တစ်ခုကို ရောက်ဖို့နီးကပ်လာတဲ့ အချိန်မှာ ရွေးချယ်မှုတွေ၊ […]
ဗေဒင်
ကံတွေ ဆိုးနေတယ်၊ အနှောင့်အယှက် အဟန့်အတားတွေလည်း များနေတယ်လို့ စိတ်ကခံစားနေရလျှင် ဒီယတြာလေးကိုပြုလုပ်ပေးပါ
ကံတွေ ဆိုးနေတယ်၊ အနှောင့်အယှက် အဟန့်အတားတွေလည်း များနေတယ်လို့ စိတ်ကခံစားနေရလျှင် ဒီယတြာလေးကိုပြုလုပ်ပေးပါ အညှိများပယ် အနှောင့်များကင်း ဆား၂ဆုပ်အစီရင် ဘုန်းကံနိမ့်နေတယ် အနှောင့်အယှက် အဟန့်အတားတွေလည်းများနေလို့ စိတ်ကခံစားနေရလျှင်။ စိတ်မကြည်ဘူး မလန်းဆန်းဘူး စိတ်တွေထိုင်းမှိုင်းနေတယ် ဘာလုပ်လုပ်အဆင်ပြေမနေဘူး။ အနှောင့်အယှက် အဟန့်အတားတွေလည်း များနေတယ်။ လာဘ်ပိတ်နေတယ်…အရောင်းအဝယ်လည်းမဖြစ်ဘူး။ ယုတ်စွအဆုံး ဘုန်းကံနိမ့်နေတယ်လို့ စိတ်ကခံစားရရင် သေချာတယ် သင့်မှာ အံ့မိတာ အညှိတင်နေတာ အပ အညံ့ အခိုက်တွေ များနေတာ အဲ့လိုအခြေအနေမျိုးတွေ တွေ့ကြုံခံစားနေခဲ့ရင် အစစအရာရာ အဆင်ပြေ ချောမွေ့စေဖို့ ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့ဂမ္ဘီရအစီရင်လေးတခု ဒါနပြုပါ့မယ်…။ မိမိလက်၂ဖက်… ညာလက်မှာဆားတဆုပ် ဘယ်လက်မှာဆားတဆုပ် ဆုပ်ကိုင်ထားပြီး သက်သောင့်သက်သာစွာ ထိုင်ပါ။ ပြီးလျှင် မိမိစိတ်ထဲက လေးနက်စွာ အာရုံပြုဆန္ဒပြုရမှာက မိမိခန္ဓာကိုယ်မှာ အညှိတင်နေတဲ့ အံ့မိတာတွေမ ကောင်းတဲ့အပ […]
က်မၼာေရး ဗဟုသုတ
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများ
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာမျာ း ဆီးလမ်းကြောင်းတွင် ကျောက်တည်နေသည်ကို စနစ်တကျ မကုသဘဲထားခဲ့လျှင်ဆီးလမ်းကြောင်းအတွင်းသို့ ဘက်တီးရီးယားရောဂါပိုးများ မကြာခဏဝင်ပြီး ဖျားနာတတ်ပါသည်။ ပိုဆိုးလျှင် အဆိုပါရောဂါပိုးများ သွေးထဲသို့ ပျံ့နှံ့ရောက်ရှိပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ကျောက်မှာ တဖြည်းဖြည်းကြီးလာပြီး ကျောက်ကပ်တစ်သျှူးများကို ဖျက်ဆီးပစ်နိုင်သောကြောင့် ကြာလျှင် ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါသည်။ဆီးလမ်းကြောင်းမှ မကြာခဏဆိုသလို သွေးနည်းနည်းချင်းထွက်ပြီး ဆီးနှင့်အတူ ဆုံးရှုံးလေ့ရှိသည့်အတွက်နာတာရှည်သွေးအားနည်းရောဂါ ဖြစ်နိုင်ပါသည်။ ထို့အပြင် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများထဲမှ တစ်ခုဖြစ်သည့် သွေးနီဥများထွက်စေရန် လှုံ့ဆော်ပေးသော အီရက်သရိုပွိုင်တင် ဟိုမုန်းဓာတ်ထုတ်လုပ်မှုကိုပါ ကျဆင်းစေပြီး သွေးအားနည်းရောဂါကို ပိုမိုဆိုးရွားစေပါသည်။ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်လာခဲ့လျှင် သွေးတိုးရောဂါ ဖြစ်တတ်ပါသည်။ ကျောက်ကပ်နှစ်ခုစလုံး၌ ကျောက်တည်ပါက ကြာလျှင်နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ဖြစ်လာနိုင်ပါသည်။ Renalstone Health ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများ ဆီးလမ်းကြောင်းတွင် ကျောက်တည်နေသည်ကို […]
ဗဟုသုတ
သော့ပေါင်း(၁၃)ချောင်းကိုကျော်ဖြတ်ပြီးမှပူဇော်ကန်တော့ခွင့်ရမဲ့ရှေးဟောင်းရွှေဆင်းတုဘုရား
cele
ဝရမ်းပြေးလို့ ကြော်ငြာခံထားရတဲ့ ခင်လှိုင်ဆိုတာ အချဉ်မဟုတ်​ဘူး
ဝရမ်းပြေးလို့ ကြော်ငြာခံထားရတဲ့ ခင်လှိုင်ဆိုတာ အချဉ်မဟုတ်​ဘူး ၁၉၉၄ ခုနှစ်ကာလ ၊ ရန်ကုန် ပပဝင်းရုပ်ရှင်ရုံဘေးနား ၊ စားဖျော် ရုံးအောက် ၊ စက္ကောမ ဖြစ်လာမယ့် မျ က်လှည့်ဆရာလေး ကိုစိုးနိုင် မျ က်လှည့်ပြ နေကျ နေရာလေး ၊ စက္ကောမ ကအပေါင်းအသင်းဆန့် တော့ သူ့ လမ်းဘေးမျ က်လှည့်ဝိုင်းနားချိ န်မှာ သူငယ်ချ င်းအစုံလာကြတယ် ၊ ကိုယ်တွေလဲအပါ ၊မျ က်လှည့် သိပ်ဝါသနာပါ တဲ့ မင်္ဂလာ ရုပ်ရှင်ရုံ သူဌေး ကိုဇော်မင်း တို့  ၊ HappyWorld ကစားကွင်းပိုင်ရှင် ကိုကျော်ကျော်တို့ လိုဘောစိတွေပါ လာကြတာ ၊ […]
အချစ်နှင့်ဘဝ
“ချစ်တာတော့ ချစ်ပါ ညီမလေး ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့”
သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။ မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။ ညီမလေးရေ….ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ….. ညီမလေးရေ…ယောကျာ်းဆိုတာ ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ် နန်းကျဘုရင်ပဲဖြစ်ဖြစ် မြှောက်စားတာ ခံချင်ကြတယ်ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာ ကြောင်တစ်ကောင်လို ညှင်သာတတ်မှဖြစ်မယ် ကမ္ဘာကျော်တဲ့ စဈသူရဲတဈေယာက်တောင်အေပြာခြိုတဲ့ […]
အနုပညာ
ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာစောင့်နေချိန် ပရိသတ်လူအုပ်ထဲက အဖွားအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်လို့…
“ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာ စောင့်နေကြတဲ့အချိန် ပရိသတ်လူအုပ်ထဲကနေ အဖွားအိုတစ်ယောက်ရဲ့အသံကို ကြားလိုက်လို့….” ရုပ်ရှင်မင်းသားညွှန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာ စောင့်နေကြတယ်။ ဇက်ဆိပ်နားကရွာကလူတွေဟာ ရုပ်ရှင်မင်းသားမင်းသမီးတွေရှိနေတယ်ဆိုတော့ လာကြည့်ကြတာပေါ့ မင်းသားညွှန့်ဝင်းကတော့ ကြည့်နေတဲ့လူအုပ်ကို အရေးသိပ်မထားပဲ ခပ်အေးအေးပဲ ဟန်ပါပါနဲ့ရပ်ပြီးနေတယ်။ အဲ့ဒီအချိန်မှာ လူအုပ်ထဲကနေ အဖွားအိုတစ်ယောက်က “ဟဲ့ ဖယ်ကြစမ်းပါဟဲ့ ငါမမြင်လို့ပါ ကိုတင်မောင့်သားလေးဆို ငါကြည့်ချင်လို့ပါ”လို့အော်ပြောရင်း လူအုပ်ကိုတိုးကာ ရှေ့ကိုတွန်းတိုးလာတယ်။ ဒီအဘွားအိုရဲ့အသံကြောင့် လူအုပ်ကိုဂရုမစိုက်တဲ့ မင်းသားညွှန့်ဝင်းဟာ လူအုပ်ဘက်ကို ဆတ်ကနဲတစ်ချက်လှည့်ကြည့်ရင်း လူအုပ်ဘက်ကိုလျှောက်လာပြီး အဘွားအိုလက်ကို လက်နှစ်ဖက်နဲ့ ကြင်ကြင်နာနာအုပ်ကိုင်ကာ “အမေကြီး အမေကြီးက ဖေဖေ့ကိုသိသလားခင်ဗျ “လို့ မေးလိုက်တယ်။ အဘွားအိုက “သိတာပေါ့ကွယ်၊ ဘုရားဒကာ ကျောင်းဒကာ ဇတ်မင်းသားကြီး၊ မှန်းစမ်း ကိုတင်မောင့်သားလေးကလူချောပဲ” အဲ့ဒီအချိန်မှာလူအုပ်ထဲက လူငယ်တစ်ယောက်က “အဘွားကြီးရမ်းဖြီးနေတယ် မျက်စိလဲမကောင်းပဲနဲ့ ချောသလေး […]