အလွပေရးရာ

ကိုယ့်ဆံပင်ပုံစံအလိုက် ဆံသားကို အကောင်းဆုံး ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ

ကိုယ့်ဆံပင်ပုံစံအလိုက် ဆံသားကို အကောင်းဆုံး ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ ကိုယ့်ရဲ့ဆံပင်ပုံစံ အဖြောင့်၊ အကောင့်နဲ့ လိုင်းတွန့်ပုံစံလေးတွေကိုလိုက်ပြီး ပြုပြင်ထိန်းသိမ်းမှုလေးကို လုပ်ပေးသင့်ပါတယ်နော်လူတော်တော်များများက ဆံပင်အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲဖြစ်ဖြစ် ထိန်းသိမ်းမှုပုံစံတစ်မျိုးတည်းကိုပဲ လုပ်တတ်ကြပါတယ်နော်။ တကယ်တော့ ကိုယ့်ရဲ့ဆံပင်သားကိုလိုက်ပြီး ခုလိုမျိုး မတူညီတဲ့ ထိန်းသိမ်းမှုလေးတွေ လုပ်ပေးသင့်ပါတယ်။ အဖြောင့် ဆံပင်ဖြောင့် ထားတဲ့သူတွေနဲ့ ဆံပင်အဖြောင့်ပိုင် ရှင်တွေအနေနဲ့ ဦးရေပြားကို အားဖြည့်ပေးပြီး ဆံပင်အဖြောင့်အတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်၊ conditioner မျိုးကို အသုံးပြု သင့်ပါတယ်။ဒါက သင့်ရဲ့ဆံပင် အဖြောင့်ကို တာရှည်ဖြောင့်စင်းပြီး ဆံပင်သားကို ကောင်းမွန်နေစေမှာ ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ brush နဲ့ hair dryer လေးကိုအသုံးပြုပြီး ပုံသွင်းပေး သင့်ပါတယ်။ တကယ်လို့ ဆံပင်ဖြောင့်စက်သုံးချင် တယ်ဆိုရင်တော့ မသုံးခင်မှာ ဆီတစ်မျိုးမျိုး လိမ်းပေးသင့် […]

ၾကားသိရသမွ်

ရင်နင့်ရပါတယ် ကလေးရယ် ဆေးကျောင်းသားလေး မောင်ခန့်ငြားဟိန်း (ခ)အာကာဇော် ရဲ့ဈာပန သူမိခင်ပြောသလို ကမ္ဘာကျော်ပါပြီ

ဆေးကျောင်းသားလေး မောင်ခန့်ငြားဟိန်း (ခ)အာကာဇော် ရဲ့ဈာပနာ သူမိခင်ပြောသလို ကမ္ဘာကျော်ပါပြီ။ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရန်ကုန်ဆေးတက္ကသိုလ်(၁) ကျောင်းသား မောင်ခန့်ငြားဟိန်း(ခ)အာကာဇော် ( ဆေးတက္ကသိုလ် ပထမနှစ် အသက် (၁၈) နှစ်) ဈာပန မြင်ကွင်း) အကြောင်းကို စင်ကာပူရဲ့ ဒီနေ့ထုတ် thenewpaper သတင်းစာမှာ အကျယ်တဝင့် ဖော်ပြပေးလာပါတယ်။ သူ့သားရဲ့ သက်မဲ့ခန္ဓာကိုယ်ရုပ်အလောင်း သွားထုတ်စဉ်က အန်တီရင်ဖွင့်ခဲ့တဲ့ ရင်တွင်း စကားလေးကိုပါ သတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ အန်တီပြောခဲ့သလိုပဲ ကျွန်မသား အာဇာနည်သူရဲကောင်းကြီးကို ကမ္ဘာကျော်အောင်နိုင်ငံကျော်အောင် ပြောပေးကြပါဆိုတဲ့အတိုင်းစင်ကာပူသတင်းစာမှာ ဖော်ပြပေးချက်အရ နိုင်ငံကျော်နေပါပြီ။ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း အားလုံးကို လေးစားဦးညွတ် အလေးပြုပါတယ်။ ကောင်းမွန်စွာ ငြိမ်းချမ်းစွာ အနားယူ အိပ်စက်နိုင်ကြပါစေ။ ( […]

ဗဟုသုတ

ရာဇဝင် အဆက်ဆက် မည်သည့်မင်း လက်ထက်မှာ မှ မကြုံဖူးတဲ့ ၁၉၃၁ ခုနှစ် ရွှေတိဂုံကုန်းတော်ပေါ်မှမီးလောင်မှု

ရာဇဝင် အဆက်ဆက် မည်သည့်မင်း လက်ထက်မှာ မှ မကြုံဖူးတဲ့ ၁၉၃၁ ခုနှစ် ရွှေတိဂုံကုန်းတော်ပေါ်မှမီးလောင်မှု ဒီဖြစ်ရပ်ကြီးသည် ရာဇဝင်အဆက်ဆက် မည်သည့်မင်း လက်ထက်ကမှ မကြုံဖူးသော ဖြစ်ရပ်ပင် ဖြစ်ပါသည်။ ဒီအကြောင်းကိုမှတ်မိသေးသူ တချို့ရှိနေနိုင်သေးသော် လည်း နောက်ပိုင်း လူအများစုကတော့ သိကြတော့ရာ အနည်းငယ်သာ ရှိပါလိမ့်မယ်။ ဒါကြောင့် ဒီလိုသမိုင်း တွင်တဲ့ ရွှေတိဂုံစေတီ ကုန်းတော်ပေါ် မီးခခံခဲ့ရခြင်းကို နောက်ပိုင်းလူများ သိရှိစေဖို့အတွက် ဗဟုသုတအနေနဲ့ ပြန်လည် တင်ပြလိုက်ပါသည်။ အရင်တုန်းကတော့ ရွှေတိဂုံစေတီ စောင်းတန်းများတွင် မီးလောင်ခဲ့သည့် ပုံများကို ချိတ်ဆွဲထားခဲ့ဖူးပါသည်။ မီးစလောင်သည့်အချိန်မှာ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် (မြန်မာသက္ကရာဇ် ၁၂၉၂ခု ၊တပေါင်း လဆုတ် ၄ ရက် ) သောကြာနေ့ […]

ဗဟုသုတ

အမေရိကန်သမ္မတဟောင်း အိုဘားမားကိုယ်တိုင် ပြောပြတဲ့ သင့်ဘဝတိုးတက်ချင်ရင် ရှောင်ကြဉ်ရမည့် အချက်များ

အမေရိကန်သမ္မတဟောင်း အိုဘားမားကိုယ်တိုင် ပြောပြတဲ့ သင့်ဘဝတိုးတက်ချင်ရင် ရှောင်ကြဉ်ရမည့် အချက်များ (၁) ကိုယ့်ကိုယ်ကိုယ်မယုံကြည်မူတွေကိုရပ်တန့်လိုက်ပါ တကယ်လို့ မင်းဟာကိုယ့်ကိုယ့်ကိုယ်တောင်မယုံကြည်ရင် ဘယ်သူကမှမင်းကိုယုံကြည်နိုင်ကြတော့မှာမဟုတ်တော့ဘူး အောင်မြင်ခြင်းရဲ့ အစက မင်းဦးနှောက်အတွေးထဲကနေဆင်းသက်လာတာပါ တကယ်လို့မင်းကိုမင်းအမြဲတန်း အပျက်သဘောဖက်ကနေ မြင်နေရင် ဒါမှမဟုတ် အာနာဂတ် ရဲ့ကျရူံးမူတွေမြင်ယောင်နေမယ်ဆိုရင်မင်းဘဝကြီးဟာမင်းထင်သလိုတွေတွေးသလိုတွေဖြစ်သွားတတ်တယ် (၂) အပျက်သဘောဆောင်တဲ့ Negativeဆောင်တဲ့ မင်းရဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ မင်းကိုမင်းအထင်မသေးပါနဲ့ ပတ်ဝန်းကျင်လူတွေကိုလည်းအထင်မသေးပါနဲ့ မင်းကိုမင်းအထင်သေးမယုံကြည်မဲ့အစား ခုကြုံတွေ့ရတဲ့ပြသာနာတစ်ခုချင်းဆီကို တန်းစီစီပြီး ကောင်းကောင်းပြန်စဉ်းစားကြည့်ပါ ဒီလိုလုပ်ခြင်းအားဖြင့် နည်းလမ်းကောင်းတွေရှာဖွေနိုင်တဲ့အပြင် နင့်ကိုလည်းအောင်မြင်စေတယ် (၃)အချိန်ဆွဲတတ်တဲ့ အကျင့်ကို ရပ်တန့်လိုက်ပါ ငါအခုမလုပ်ချင်သေးဘူး နောက်မှလုပ်မယ်ဆိုရင် အကျင့်ပါသွားတတ်တယ် နင့်အချိန်ဆွဲနေတဲ့ကိစ္စက သူ့ဟာသူပြီးမသွားတတ်ပါဘူး (၄)သဘောထားသေးတိမ်တတ်တဲ့အကျင့်ဆိုးကြီးရပ်တန့်လိုက်ပါ သူတပါးကိုယ့်ပေါ်မကောင်းလို့ ကိုယ့်ကိုယ်မကောင်းတွေပြောနေလို့ သူကိုလည်းအဲ့လိုပြန်တုံ့ပြန်လိုက်မယ်လို့ မလုပ်ပါနဲ့ သူ့ဟာသူလုပ်ပါစေ ပြောပါစေ ပြန်တုံ့ပြန်လိုက်ရင် ကိုယ်လည်းသူလိုလူဖြစ်သွားမှာပါ (၅)အပြင်မှာထမင်းစားတဲ့အကျင့်ကို ရပ်တန့်လိုက်ပါ အမြဲအပြင်မှာထမင်းစားခြင်းသည် ပိုက်ဆံတွေကိုဖြုန်းတီးရာရောက်တယ် ကျန်းမာရေးနဲ့လည်း […]

အခ်စ္နွင့္ဘဝ

တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာ ရှိတတ်တဲ့ အချက် ( ရ ) ချက်

ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ကွဲချင်ကြမှာ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ခါတလေ ကိုယ့်ဘက်က အတည်ပေမယ့် သူ့ဘက်က မတည်တဲ့အခါ မကွဲချင်ပေမယ့်လည်း ကွဲသွားရတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါပဲ။ ဒါကြောင့် ယခုလက်ရှိ မိမိဘေးမှာ ရှိနေတဲ့ချစ်သူဟာ ကိုယ်နဲ့ တသက်လုံး မကွဲမကွာ ရှိသွားမလားဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချို့ရှိပါတယ်။ ကြည့်လိုက်ရအောင်။ ၁။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းအမြဲပြောခြင်း ချစ်တယ်ဆိုတဲ့စကားဟာ relationship အစမှာပဲ ပြောရမယ့်စကားမဟုတ်ပါဘူး။ နေ့တိုင်းလိုလို အမြဲလိုလို ပြောနေရမယ့် စကားပါ။ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ခင်ကြတဲ့ စုံတွဲတွေအတွက်တော့ ချစ်တယ်ဆိုတာဟာ လုပ်ယူပြီး ပြောယူနေရတာမဟုတ်ဘဲ ကိုယ့်ရဲ့ရင်ထဲကအတိုင်း သူ့အလိုလို ဖွင့်ဟမိပါတယ်။ ဒီလိုမျိုး နေ့တိုင်းလိုလို ချစ်ခြင်းမေတ္တာအကြောင်း ဖွင့်ဟတတ်တဲ့ အတွဲတွေကတော့ မြဲမှာ သေချာပါတယ်။ ၂။ အမြဲနမ်းခြင်း ဟုတ်ပါတယ်။ […]

ကျမ္မာရေး ဗဟုသုတ

လိုက်ချီးသီးနှင့်အသက်အန္တရာယ်

လိုက်ချီးသီးနှင့်အသက်အန္တရာယ် လိုက်ချီးသီး သည် မြန်မာနိုင်ငံတွင် အသီး အနေနှင့်တစ်ဖုံ ဖျော်ရည်အနေနှင့်တစ်သွယ် တာရှည်ခံထုပ်ပိုးမှုဖြင့်တစ်မျိုး စားသုံးမှုများပြီး လူကြိုက်များသော အသီး တစ်မျိုးဖြစ် သည်။ ချိုပြီး အလွန်အရသာရှိသောအသီး ဖြစ်သည်။ နှစ်ပေါင်း များစွာ ကျွနု်ပ်တို့စားသုံးခဲ့ကြပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြသည်။ ရာသီစာ အသီး အနှံဖြစ်ပြီး တာရှည်ခံပုံစံဖြင့် တစ်နှစ်ပတ်လုံး ရရှိနိုင် အောင် စီမံစားသုံးကြသည်။ နီညိုရောင်အခွံရှိပြီး အခွံအတွင်းရှိ နူးညံ့ဖြူဖွေး၍ ချိုသောအတွင်း အပိုင်းကို ကျွနု်ပ်တို့ စားသုံးရသည်။ အတွင်းဆုံးတွင်တော့ မာကျော သောအစေ့ရှိသည်။ လိုက်ချီးသီးကိုထမင်းစားပြီး အချိုပွဲအဖြစ် စားသုံးလေ့ ရှိပါသည်။ လိုက်ချီးသီးသည် ရာသီစာ ဆိုသော်လည်း ဆီးသီးလောက်စျေး မပေါ၊ သရက်သီး လိုလည်း အလွယ် တကူမရရှိနိုင်ပါ။ ထို့ကြောင့် လိုက်ချီးသီးကို အချိုပွဲအဖြစ် […]

ဗဟုသုတ

ပိန်ချင်ရင် ၁၅ ရက်ပဲ သောက်ကြည့်ပါဆိုတဲ့ ဆေးနည်း

ပိန်ချင်ရင် ၁၅ ရက်ပဲ သောက်ကြည့်ပါဆိုတဲ့ ဆေးနည်း အဆီကျ အသားကျစ် တိုင်းရင်းဆေး အထူး အဆီကျ အသားကျစ် ပိန်ဆေးကြီး ယနေ့ခေတ် လူနေမှုပုံစံပြောင်းလဲလာမှု။ အစားအသောက်နှင့် ဇိမ်ခံပစ္စည်းများ ပေါများလာခြင်းကြောင့် အဝလွန်သည့်ပြသနာသည် ခေတ်စားလာချေပြီ။ အဝလွန်လျှင် ဖြစ်ပေါ်လာတတ်သော ကျန်းမာရေးဆိုးကျိုးများကို လူတိုင်းလိုလို သိထားပြီးဖြစ်ပါသည်။ အဆီကျဆေး ပိန်ဆေးများသည်လည်း အရှေ့တိုင်းဆေး၊ အနောက်တိုင်းဆေး စုံလင်စွာဈေးကွက်ထဲတွင် မှိုလိုပေါက်လျက်ရှိပါသည်။ သို့သော် ဘေးကင်းသော စိတ်ချရသော ဆေးအများစုမှာ တိုင်းရင်းဆေးများပင် ဖြစ်ကြသည်ကများပါသည်။ အနောက်တိုင်းဆေးများတွင်လည်း အလွန်ကောင်းသော ဆေးများရှိကြပါသည်။ သို့သော် ဈေးအဆမတန်များပြားလွန်းသဖြင့် သုံးစွဲနိုင်သူက နည်းပါးလွန်းလှပါသည်။ ယခုဖေါ်ပြမည့်ဆေးသည် အလွန်အစွမ်းထက်သော လက်တွေ့ကျသော ဆေးနည်းဖြစ်ပြီး ရှားပါးသော ဆေးနည်းမူမှန်တစ်ခုဖြစ်ပါသည်။ ဤ ဆေးကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တေဇော ဝါယောဓာတ် (အပူ) […]

အခ်စ္နွင့္ဘဝ

မိန်းကလေးများအတွက်

မိန်းကလေးများအတွက် ယောက်ျားဆိုးနဲ့ တွေ့နိုင်တဲ့ လက္ခဏာ မိန်းမအပေါ် သစ္စာမရှိသူ၊ ရိုက်နှက်သူ၊ ငွေအသုံးကြမ်းသူ စသည်ဖြင့် မိန်းမဖြစ်သူကို စိတ်ဆင်းရဲအောင်လုပ်သော ယောင်္ကျားတွေရှိပါတယ်။ မိန်းကလေးတွေမှာလည်း သူ့မှာကျွန်မမှ မရှိရင် မဖြစ်ဘူး။ သူက လူတော်ပါ လို့ပတ်ဝန်းကျင်က အမြင်ကို ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ အမြင်မှန်ကို မရချိန်အထိ ပတ်ဝန်းကျင်က ဘယ်လိုပဲ နားချ နားထောင်မှာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အချစ်ကြောင့်ပါ။ ဒီတစ်ခေါက်တော့ ယောင်္ကျား ဆိုးနဲ့တွေ့နိုင်ချေရှိသော လက္ခဏာဟာ ဘယ်လိုဖြစ်မလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ ၁. လက်သန်းအောက်ကနေ လက်ညှိုးအထိရှိသောလမ်းကြောင်း ပထမဆုံး လက်ကိုဖြန့်ကြည့် လိုက်ပါ။ လက်သန်းအောက်ကနေ လက်ညှိုးအထိသွားသော လက္ခဏာ လမ်းကြောင်းရှိ ပါလိမ့်မယ်။ ဒီလမ်းကြောင်းကိုတော့ မေတ္တာလမ်းကြောင်း လို့ခေါ်ပြီး လက္ခဏာ ပိုင်ရှင်ရဲ့ စိတ်အနေအထား၊ အချစ်ရေးတို့ကို ကြည့်နိုင် ပါတယ်။ […]

အလှပရေးရာ

ကြည်လင် ရှင်းသန့်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ သခွားသီးနဲ့ ပေါင်းတင်နည်း

ကြည်လင် ရှင်းသန့်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ သခွားသီးနဲ့ ပေါင်းတင်နည်း Clear Skin က မိန်းကလေးတိုင်း လိုချင်တဲ့ အသားအရေ ပါ။ အသားအရေကို ပုံမှန် ထိန်းသိမ်းပေးပြီး အချိန်ကြာ လာတဲ့ အခါ အသားအရေ နဂိုထက် ကြည်လင် လာမှာ မလဲမသွေ ပါပဲ။ သင်က သဘာဝ Mask ကို ပြုလုပ်ချင် တယ် ဆိုရင် သခွားသီးက မပါမဖြစ် ပါပဲ။ သခွားသီး ကပ်တာ ကိုတော့ ပျိုမေ အများစု လုပ်ဖူးမှာပါ။ ဒီ Mask အတွက် အဓိက လိုအပ် တဲ့ ပစ္စည်းတွေ ကတော့- ၁။ သခွားသီး ၂။ ဒိန်ချဉ် ဒိန်ချဉ်က အစက်အပြောက်တွေကို […]

နိုင္ငံတကာသတင္း

R2P အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်သော နိုင်ငံများ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်လာ

R2P အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်သော နိုင်ငံများ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်လာ R2P အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်သော နိုင်ငံ များ စာရင်းGlobal R2P ဌာန ကြီး က ထုတ်ပြန် မြန်မာနိုင်ငံက red alert ထဲ ပါဝင်နေပါတယ် March 15,2021 မြန်မာ စံတော်ချိန် 1:32 AM မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ် #R2P Monitor Issue 56 🔴#Afghanistan, 🔴#Cameroon, 🔴#CentralSahel, 🔴#China, 🔴#DRC, 🔴#Ethiopia, 🔴#Myanmar (#Burma), 🔴#Syria, 🔴#Venezuela, 🔴#Yemen, 🟡#CARcrisis, 🟡#Mozambique, 🟡#Nigeria, 🟡#SouthSudan & 🟡#Sudan. ၂၀၁၉ ခုနှစ် နိုဝင်ဘာလ […]