အချစ်ရေးမှာ အပြောင်းအလဲတွေကတော့ စုံတွဲတိုင်း ကြုံရတတ်ကြတယ်။ အပြောင်းအလဲတွေထဲမှာမှ အချစ်ရေးကို စိတ်မဝင်စားတော့လို့ Relationship အဖြစ်ကို ရပ်နားလိုက်တော့မယ်၊ ချစ်သူနဲ့ လမ်းခွဲတော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေ အရင်ဖြေကြည့်ပါဦး။ ၁။ ဘာကြောင့် အခုမှပြတ်ချင်တာလဲ ပြီးခဲ့တဲ့လတည်းက ပြတ်ချင်နေခဲ့တာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ ၆ လလောက်တည်းက ပြတ်ချင်နေခဲ့တာလား။ အရင်တည်းက အချစ်ရေးကိုစိတ်ကုန်နေခဲ့တာဆိုရင်တော့ ခုချိန်မှာ သည်းမခံချင်တော့လောက်အောင် ဖြစ်လာလို့နေပါလိမ့်မယ်။ ရှေ့ဆက်တွဲလို့လည်း အဆင်ပြေမှာမဟုတ်ဘူး။ ဒီလိုမမဟုတ်ဘဲ မနေ့တစ်နေ့ကမှ ဖြတ်ချင်စိတ် ရုတ်တရက်ပေါ်လာရင်တော့ ပြန်စဉ်းစားပါဦးလို့ပဲ ပြောပါရစေ။ ခဏတာခံစားချက်ကြောင့် နောင်တမရစေချင်ပါဘူး။ ၂။ ပြောင်းလဲဖို့အလားအလာရှိလား RS တစ်ခု တည်ဆောက်ဖို့က မလွယ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ပေးရတာတွေ၊ ညှိနှိုင်းရတာတွေ အများကြီးရှိတယ်။ နှစ်ယောက်အတူ ရှေ့ဆက်ဖို့ ကိုယ့်ဘက်က ဘာတွေပြောင်းလဲနိုင်မလဲဆိုတာလည်း တွေးကြည့်ပါ။ […]
Day: April 22, 2021
အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ
ႏွုတ္ဆက္ဖို့အရာရာက လုံလောက်ခဲ့ပြီမို့ ပေါ့ပေါ့ပါးပါးကိုယ်ထွက်လာခဲ့တယ်။ ပေးခဲ့သမျှအမှတ်တရတိုင်းက သူ့အတွက်ခဏတာလုံလောက်ခဲ့သလို ပြန်ရလိုက်တဲ့ဥပေက္ခာတွေက နောက်ထပ်လှည့်ပြန်စရာမလိုအောင် လုံလောက်ခဲ့ပြီပါလေ။ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လည်း ကိုယ်မေးဖို့မလိုတော့သလို မင်းမသိချင်တဲ့အကြောင်းပြချက်တွေလည်း ကိုယ်မပေးဖြစ်တော့ဘူး။ ကိုယ်မပျော်တော့ဘူးပဲဆိုပါတော့ ကိုယ်ငြီးငွေ့သွားပြီပဲထားပါတော့ ကိုယ်စိတ်ကုန်သွားပြီလို့ပဲမြင်ပါတော့။ မရလိုက်တဲ့အရာတွေကတန်ဖိုးကြီးတတ်တယ်ဆိုကြပေမဲ့ကိုယ်ပေးခဲ့အရာတွေ ထက္တန္ဖိုးမပိုနိုင္တာမို့ ပြန်တမ်းတရအောင်တော့ မလိုတော့တာအမှန်ပါ။ အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ္ပါ။ #မီမို Credit Unicode နှုတ်ဆက်ဖို့အရာရာက လုံလောက်ခဲ့ပြီမို့ ပေါ့ပေါ့ပါးပါးကိုယ်ထွက်လာခဲ့တယ်။ ပေးခဲ့သမျှအမှတ်တရတိုင်းက သူ့အတွက်ခဏတာလုံလောက်ခဲ့သလို ပြန်ရလိုက်တဲ့ဥပေက္ခာတွေက နောက်ထပ်လှည့်ပြန်စရာမလိုအောင် လုံလောက်ခဲ့ပြီပါလေ။ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လည်း ကိုယ်မေးဖို့မလိုတော့သလို မင်းမသိချင်တဲ့အကြောင်းပြချက်တွေလည်း ကိုယ်မပေးဖြစ်တော့ဘူး။ ကိုယ်မပျော်တော့ဘူးပဲဆိုပါတော့ ကိုယ်ငြီးငွေ့သွားပြီပဲထားပါတော့ ကိုယ်စိတ်ကုန်သွားပြီလို့ပဲမြင်ပါတော့။ မရလိုက်တဲ့အရာတွေကတန်ဖိုးကြီးတတ်တယ်ဆိုကြပေမဲ့ကိုယ်ပေးခဲ့အရာတွေ ထက်တန်ဖိုးမပိုနိုင်တာမို့ ပြန်တမ်းတရအောင်တော့ မလိုတော့တာအမှန်ပါ။ အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရှိးသားဆုံးအဆုံးသတ်ပါ။ #မီမို Credit
ပိုတိုးလို့ချစ်ကြည့်ပါ
ပိုတိုးလို့ချစ်ကြည့်ပါ လူ့ဘဝသက်တမ်းကတိုတိုလေးမို့ချစ်ချစ် ခင်ခင်ပဲနေချင်ပါတယ် မိသားစုဆွေမျိ ုးတွေ နဲ့ပေါ့ နောင်တမရချင်လို့လေ ကျွန်တော်တို့ချစ်တဲ့သူတွေ တစ်နေ့တော့သေဆုံးရလိမ့်မယ် ။ အမေသာ သေသွားရင် အဖေသာသေသွားရင် ဇနီးသာသေသွားရင် မောင်လေးသာ သေသွားရင် ညီမလေးသာ သေသွားရင် စသည်ဖြင့် ကိုယ် ချစ်တဲ့သူတွေကွယ်လွန်သွားမှာကို ကျွန်တော်တို့ တွေးမိတိုင်း အပူကြီးပူပန်တတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့ ကံတရားကို တားဆီးလို့မရနိုင်ပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူ မှအတပ်မပြောနိုင်ပါ။ Expired Date လို့ခေါ်တဲ့ကျွန်တော်တို့ ရဲ့ သက်တမ်း ကုန်ဆုံး ရက်ဟာ နောက်ထပ် တစ်ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို အနှစ်၃၀လောက်မှ ရောက်လာတာမျိုးလဲဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ချစ်တဲ့သူတွေ အရင်သေတာဖြစ်နိုင်သလို ကိုယ်က သူတို့ထက် အရင် သေသွားတာမျိုး လည်း ဖြစ်နိုင်တာပဲလေ။ မသိနိုင်တဲ့အရာတစ်ခုကို […]
အချစ်စစ်နဲ့တွေ့တဲ့အချိန်မှာ တွေ့ရတက်တဲ့ အမျိုးသားတွေရဲ့ အမူအကျင့်များ
အမျိုးသားနဲ့အမျိုးသမီးတွေက ချစ်ခြင်းမေတ္တာကို ပုံဖော်ပြသတဲ့နေရာမှာ ကွဲပြားခြားနားကြပါတယ်။ အမျိုးသားတွေက ပိုပြီးတော့ ထိရှလွယ်ကြတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေက အမျိုးသားတွေကို သိပ်ပြီးနားမလည်ကြတာပါ။ အမျိုးသားနဲ့အမျိုးသမီးတွေက တွေးခေါ်စဉ်းစားပုံခြင်းမတူညီတာကြောင့်လည်း အပြုအမူတွေက ကွဲပြားနေတက်ကြပါတယ်။ ဒီနေ့ One Daily ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ အချစ်စစ်နဲ့တွေ့တဲ့အချိန်မှာ တွေ့ရလေ့ရှိတဲ့ အမျိုးသားတွေရဲ့ အမူအကျင့်တွေ အကြောင်းပါပဲ။ နားထောင်ပေးလာမယ် အထူးသဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် နားထောင်ပေးနိုင်စွမ်းပိုရှိကြပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေက သူတို့စိတ်ဝင်စားတဲ့အရာတွေအကြောင်းကိုပဲ နားထောင်ချင်ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ပြောနေတာကို ဂရုတစိုက်နားထောင်ပေးပြီး တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်နေပြီဆိုရင် အဲ့ဒီအမျိုးသားဟာ ချစ်ကျွမ်းဝင်နေပြီဆိုတာ သိနိုင်ပါပြီ။ စွန့်လွှတ်အနစ်နာခံဖို့ မကြောက်တော့ဘူး ချစ်ရသူတွေအတွက် ကိုယ်ကျိုးစွန့်ရတာက ခတ်ခဲတဲ့အလုပ်မဟုတ်တော့ပါဘူး။ အမျိုးသားတွေဟာ သူချစ်ရတဲ့ မိန်းကလေးတစ်ယောက် မပျော်မရွှင်ဖြစ်နေရင် နေမထိထိုင်မသာဖြစ်တက်ပါတယ်။ မင်းရဲ့ပျော်ရွှင်မှုအတွက် စွန့်လွှတ်အနစ်နာခံပေးခဲ့တယ် ဆိုတာက […]
လူချစ်လူခင်် ပေါစေမည့့် သနပ််ခါးမန်း မန္တာန်တော်
ကျွန်ု်ပ်၏အသက် ရှစ်နှစ်ကိုးနှှစ်အရွယ်ခန့်က ကျွန်ုပ်၏အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန်အတွက် ကျွန်ုပ်ကိုသနပ်ခါး သွေးခိုင်းတတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာ ညက်၍ လိမ်းကောင်းသည် ဆို၏။ထိုသို့ သနပ်ခါးသွေးရာ၌်လဲ ရိုးရိုးသွေးရသည် မဟုတ်။ ကျွန်ုပ်အား ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီးလျှင် သနပ်ခါး သွေးနေစဉ် အတွင်း ရွတ်ခိုင်း၏။ထို့ကြောင့်ကျွန်ုပ်သည် အဘွားရေချိုးသည်နှင့်တပြိုင်တည်း ကျောက်ပြင်နှင့်သနပ်ခါးကို ထုပ်ကာမန္တာန် ကိုရွတ်ရလေတော့၏။ထို့နောက် ကျွန်ုပ်သည် မန္တာန်ရွတ်ရင်း သနပ်ခါးသွေးရ၏။ ကြာသောအခါ ကျွန်ုပ်သည် အချောင်ခို၍ သနပ်ခါးကို သာသွေးပြီးမန္တာန်ကို မရွတ်ဘဲ နေ၏။ထိုအခါ၌ အဘွားသည်-“ဟဲ့ကောင်လေး မန္တာန်ရွတ်လေ”“ဟာ အဘွားရယ်သနပ်ခါးရရင်ပြီးတာပဲ။မန္တာန်က ဘာလို့ ရွတ်ရတာလဲ” ဟု စောဒကတက်ခဲ့ဘူးလေ၏။ ထိုအခါ၌ အဘွားက-“ဒီမန္တာန်က သိပ်ပြီး စွမ်းတာငါ့မြေးရဲ့။နတ်ချစ်တယ်၊မင်းချစ်တယ်၊သူတစ်ပါးရဲ့ ဒေါသတွေကိုယ်ဆီကိုမကျရောက်ဘူး။ မြင်တဲ့သူတိုင်းက ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့သားသမီးကို ချစ်သလို ချစ်တယ်။ အဲဒါ သိကြားမင်း […]
သူမခေါ်ရင် ကိုယ်လဲ မခေါ်ပဲ နေနိုင်တဲ့ မာနလေးထားကြည့်ပါ
သူမခေါ်ရင် ကိုယ်လဲ မခေါ်ပဲ နေနိုင်တဲ့ မာနလေးထားကြည့်ပါ ကျွန်မ ပြောတဲ့အခါ ပထမဆုံးတွေးကြတာက . . . ဝေးသွားမှာပေါ့ တဲ့ ။ အဲ့ဒီအတွေးတွေကြောင့်ပဲ နာကျင်ခံစားနေရတာလေ ။ ဝေးသွားမှာစိုးလို့ မချစ်တော့မှာ ဆိုးလို့ ပစ်သွားမှာစိုးလို့ ဆိုတဲ့ သောကတွေနဲ့ မာနတွေ ဘယ်လောက် ခဝါချခဲ့ပြီးပြီလဲ တွေးကြည့်ပါ ။ နောက်ဆုံး ကိုယ်ပဲ ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တာပဲ ရှိတယ် တကယ် မချစ်ခဲ့တဲ့သူအတွက်တော့ လမ်းခွဲဖို့ အကြောင်းပြချက် မျိုးစုံရှိနေနိုင်တာပဲလေ ။ အတွေးတွေ အများကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ပစ်လိုက်နဲ့လေ အတွေးတွေများရင် အိပ်ရေးပျက်မယ် အလုပ်ပျက်မယ် သဘာဝတရားကြီးကတော့ ဒီအတိုင်းလည်ပတ်နေတာပါပဲ ကိုယ့်ကမ္ဘာနဲ့ ကိုယ့်ရင်ထဲမှာပဲ ဒဏ်ရာတွေ ပြည့်နှက်နေမှာလေ ။ ဘဝမှာ ပျော်အောင် […]
ငယ်ငယ်တုန်းက ဘာမှန်းမသိဆိုခဲ့တဲ့ ကဗျာလေးရဲ့ လေးနက်သော အနက်အဓိပ္ပါယ်
ဂျာအေး ကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ် ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို သေချာ မသိရပါဘူး.. ဒါပေမယ့် ကံအကြောင်း တိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်.. မုန့်လုံးကို စက္ကူကပ်ပါလို့ – မုန့်လုံးနဲ့ တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်.. ကြာကလပ်နဲ့ ဆွမ်းတော်တင် – နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး […]
၁၃၈၃ခုနှစ်အတွင်း သတိထားစရာနာမည်အတွဲများ
၁၃၈၃ခုအတွင်း သတိထားစရာနာမည်အတွဲများ မြန်မာနှစ်ကူးကနေစလို့ တစ်နှစ်အတွင်း အဘက်ဘက်က သတိထားသင့်တဲ့နာမည်အတွဲတွေရှိပါတယ်။ ဒီ နာမည်အတွဲပေးထားသူတွေအနေနဲ့..စိတ်လိုက်မာန်ပါလုပ်တာတွေ၊ဆင်ခြင်တုံတရားနည်းပါးစွာနဲ့ဆောင်ရွက်တာမျိုးတွေ မလုပ်မိပါစေနဲ့။ အရာရာသတိနဲ့ယှဉ်ပြီးနေထိုင်သင့်တဲ့ နာမည်ရှင်တွေဖြစ်ပါတယ်။ တတ်နိုင်သမျှ အမှား နည်းအောင်နေနိုင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါအပြင် ဒီနာမည်အတွဲတွေကို ဒီနှစ်မွေးတဲ့ ရင်သွေးငယ်တွေကိုမှည့် ခေါ်တာမျိုးရှောင်စေချင်ပါတယ်။ပက္ခတ်မိတဲ့နာမည်တွေဟာ ကောင်းအားထက် ဆိုးအားကိုပိုမိုဖြစ်ပေါ်စေနိုင်ပါ တယ်။ ဖွားဇာတာကောင်းနေတဲ့သူကို ပက္ခတ်နာမည်တွေပေးလိုက်ရင် ကံကောင်းမှုတွေမှာ အမြဲတမ်း အဖျက်လေး တွေ၊အဆင်မပြေမှုလေးတွေ ရောပါသွားတတ်ပါတယ်။ ဒီနှစ်၁၃၈၃ခုအတွင်းအောက်ပါနာမည်အတွဲမျိုး မှည့်ထားတဲ့ ကြီး၊ငယ်၊လတ် မည်သူမဆိုသတိလေးနဲ့သာနေပါ။ ဒါဆို အဆိုးအားလျော့ပြီး ကောင်းအားပိုပါလိမ့်မယ်။ ဦးစားပေး..၁ အနေနဲ့သတိထားရမည့် နာမည်အတွဲများ စနေအစ….တနင်္ဂနွေအဆုံးနှင့် တနင်္ဂနွေအစ..စနေအဆုံးနာမည်အတွဲများ ဥပမာ….အောင်ထက်၊ နိုင်လင်းအောင်၊ အောင်မြင်ထွန်း၊ အေးသီတာ၊ ထက်ရတီအောင်၊ဓနဦး စတဲ့နာမည်တွဲများ ဦးစားပေး….၂ အနေနဲ့သတိထားရမည့် နာမည်အတွဲများ ဗုဒ္ဓဟူးအစ ဗုဒ္ဓဟူးအဆုံးနာမည်များ ဥပမာ….လွန်းမြတ်ဝေ၊ ရတီဝင်း၊ […]
ကိုယ်အရမ်း ချစ်ရတဲ့သူကိုဆုံးရှုံးရမှာကြောက်နေလား မကြောက်ပါနဲ့
ထိုက်တန်ရင် ရောက်လာမှာပါ ခင်များသာ အကောင်းဆုံးထိုက်တန်သူဖြစ်ပါစေ ခင်များဆီ ရောက်လာမှာပါ။ အခ်စ္ဆိုတာ … ဘာဘဲဖြစ်ဖြစ် ဘယ်အရာဘဲနေနေ ခင်များဘယ်လောက်ဘဲ ပေးဆပ်ပေးဆပ် ဘယ်လောက်ဘဲ နားလည်ပေးပေး ဘယ်လောက်ဘဲ ဘဝတစ်ခုလုံးကြီး စုတ်ပြတ်သတ်အောင် ချစ်ခဲ့ချစ်ခဲ့ ကိုယ့်ရဲ့ချစ်ခြင်းနဲ့ ထိုက်တန်မှသာ ကိုယ့်ရဲ့အနားမှာ အချစ်ဆိုတဲ့အရာက ထာဝရရှိနေမှာပါ။ ‘ကိုယ်အရမ်းတန်ဖိုးထားရတဲ့သူက’ ကိုယ့်ရဲ့အနားကနေ ရှင်ကွဲ ကွဲထားခဲ့မှာကို ကြောက်နေလား … မကြောက်ပါနဲ့ … ၊ အရမ်းကြီးမျှော်လင့်ထားရင် အများကြီး နာကျင်ခံစားရတတ်ပြီး … ၊ ခင်များနဲ့ ထိုက်တန်တဲ့သူဆိုရင် ခင်များက မောင်းထုတ်ရင်တောင် ခင်များရဲ့အနားက ထွက်သွားမှာ မဟုတ်ဘူးလေ၊ တစ်ချို့သော အရာတွေရဲ့အပေါ်မှာ မျှော်လင့်ချက် သိပ်မထားပါနဲ့ … ။ ဘာလို့လည်းဆိုတော့ ကိုယ် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာရှိတတ်သလို တစ်ကယ်ထိုက်တန်ပြီ […]